ဓမ္မသာရ

တရားနာယူကြတဲ့ သူတော်​ကောင်းအပေါင်းတို့သည် တရားတော်ရဲ့ အကျိုးကြောင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေ။
တရားတော်များက ပေးတဲ့ ငြိမ်းချမ်းမှုနဲ့ ပညာအလင်းရောင်တွေဟာ ဘဝခရီးလမ်းကို အစဉ်အမြဲ ထွန်းလင်းတောက်ပစေပြီး အေးချမ်းမှု၊ ကြည်လင်မှုတွေနဲ့ ပြည့်စုံကြပါစေ။

ဘေးရန်အပေါင်းမှ ကင်းဝေးကြပြီး မကောင်းမှုမှန်သမျှကို ရှောင်ရှားနိုင်တဲ့ ဉာဏ်ပညာတွေ တိုးပွားပါစေ။
ကောင်းမွန်တဲ့ အပြုအမူတွေနဲ့ စကားတွေကနေ ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝတစ်ခုကို ဖန်တီးနိုင်ပါစေ။

သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ဖို့အတွက် အထောက်အပံ့ဖြစ်စေမယ့် တရားတော်များကို နာယူနိုင်ပြီး နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။


ဓမ္မသာရ

ကိုယ့်ကိုယ်ကိုယ် ပျက်စီးနေသလား ဆင်ခြင်သုံးသပ်ခြင်း
-------------------
အေး၊ အချိန်အခါအားလျော်စွာ မိမိရဲ့ ပျက်စီးဆုံးရှုံးမှုကိုလည်း လေ့လာသုံးသပ်ကြည့်သင့်တယ်။ ငါဟာ ပျက်စီးနေသလား။ ငါ့စိတ်အခြေအနေတွေ ဘယ်လိုရှိလဲ။ ငါ့ကို ဘာတွေက လွှမ်းမိုးနေသလဲ။ နေ့စဉ်နဲ့အမျှ ငါ့စိတ်အခြေအနေတွေဟာ ဘယ်လိုရှိသလဲ။ မကောင်းတဲ့စိတ်တွေ ဘယ်လောက်များစွာ ဖြစ်နေသလဲ။ အတ္တဝိပတ္တိ၊ ကိုယ့်ရဲ့ ပျက်စီးနေပုံကို မှတ်တမဲ့ မနေရဘူး။ ကိုယ့်ကိုယ်ကိုယ် ကောင်းနေတယ်လို့ မထင်နဲ့။ ကိုယ့်ကိုယ်ကိုယ် ပျက်စီးနေတာလားဆိုတာကို ဆင်ခြင်သုံးသပ်ကြည့်ရမယ်။ ဥပမာမယ် နေ့စဉ်ဘဝမှာ နေတဲ့အချိန်မှာ ဘုရားရှိခိုးရမှာလည်း ပျင်းတယ်။ ဘုရားလည်း တစ်နေ့မှ မရှိခိုးမိဘူး။ နော်။ ဥပုသ်သီလဆိုဝေး၊ ငါးပါးသီလလည်း ချိုးဖောက်တယ်ဆိုရင် ဒါ ကိုယ့်ကိုယ်ကိုယ် ပျက်စီးနေပြီလို့ မှတ်သားဖို့လိုတယ်။ ကုသိုလ်ကောင်းမှု တစ်နေသာကုန်သွားရော ကုသိုလ်ကောင်းမှုထဲမှာ စိတ်ကို လုံးဝ မရောက်ဘဲနဲ့ ကာမဂုဏ်အာရုံစိတ်တွေ၊ စားဝတ်နေရေး နေ့စဉ်ဘဝ ရုန်းကန်နေရတဲ့အထဲမှာပဲ အချိန်ဖြုန်းပြီးတော့ နေတယ်ဆိုလို့ရှိရင် အော် ငါ့မှာ ကောင်းတဲ့စိတ်တွေ ပျက်စီးနေပါလားဆိုတာကို ဆင်ခြင်သုံးသပ် တွေးတောရမယ်။ မြတ်စွာဘုရားက သတိပေးတာ။ ကိုယ့်ကိုယ်ကိုယ်ရဲ့ ပျက်စီးဆုံးရှုံးနေမှုကိုလည်းပဲ ဆင်ခြင်သုံးသပ်ပေးရမယ်။

https://youtu.be/rYoxfcpp8fo?si=sFV8o...

1 day ago | [YT] | 503

ဓမ္မသာရ

ငါ ဒီနှစ်အတွင်းမှာ ဘာပညာတွေတိုးလိုက်သလဲ

-------------------

ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ သုံးသပ်ဆင်ခြင်သင့်တယ်။ ငါ ဒီနှစ်အတွင်းမှာ ဘာပညာတွေတိုးလိုက်သလဲ။ ဒါဆင်ခြင်သုံးသပ်ရမှာဖြစ်တယ်။ အဲ့ဒီလို ဆင်ခြင်သုံးသပ်ကြည့်လို့ အသိပညာ မတိုးဘူးဆိုလို့ရှိရင် ဒါဟာ ကိုယ့်အတွက် တန်ဖိုးနည်းသွားပြီ။ ဒီတစ်နှစ်က ပြန်ယူလို့လည်း မရတော့ဘူး။ ပြန်ယူလို့မရဘူး။ တစ်နှစ် ကုန်ဆုံးသွားပြီ။ တစ်နေ့ တစ်လုံးပဲ မှတ်ဦး တစ်နှစ်ပြည့်လာလို့ရှိရင် ၃၆၅ ရက်ဆိုတော့ ပုဒ်ပေါင်း ၃၆၅ ရနိုင်တယ်။ စကားလုံးပေါင်း ၃၆၅ ရနိုင်တယ်။ အဲ့တော့ တန်ဖိုးရှိတဲ့အရာတွေကို ဂရုတစိုက်နဲ့ မှတ်သွားမယ်ဆိုလို့ရှိရင် အသိပညာတွေဟာ တိုးတက်နေမှာပဲဖြစ်တယ်။ ဥပမာမယ် တစ်နေ့ကို စာအုပ်တစ်အုပ် ကုန်အောင် ဖတ်လို့ရှိရင် တစ်နှစ်ဆိုလို့ရှိရင် ၃၆၅ အုပ်ကုန်သွားပြီ။ ၃၆၅ အုပ်က ရလိုက်တဲ့ ပညာတွေဟာ နည်းတာမှမဟုတ်တာ။ နည်းတာမှမဟုတ်ဘူး။ ဒါ အသိပညာတွေရတယ်။ တရားစာအုပ်ပဲဖတ်ဖတ် တခြားပညာရပ်တွေပဲဖတ်ဖတ်။ librely တစ်ခုမှ သွားပြီး တစ်နှစ်ဆိုလို့ရှိရင် ဥပမာ မယ် တစ်လကို တစ်အုပ်ကုန်အောင်ဖတ်တယ်ဆိုရင် ဟော ၁၂ လဆိုရင် ၁၂ အုပ်ကုန်သွားပြီ။ အဲ့ဒီ ၁၂ အုပ်ထဲက ကိုယ့်အတွက် တန်ဖိုးရှိတဲ့ ပညာရပ်တွေရလိုက်တာပဲ။ အဲ့ဒီလိုမဟုတ်ဘူးဆိုလို့ရှိရင် အသားပဲတိုးပြီး ဘာပညာမှရမှာမဟုတ်ဘူး။ အဲ ကိုယ့်ကိုယ်ကိုယ် ဘဝသင်္ကန်းစာယူဖို့အတွက် မြတ်စွာဘုရား ဒါဟောတာ။ အပ္ပသုတာယံ ပုရိသော ဘာမှမသင်တဲ့ပုဂ္ဂိုလ် ဘာမှ စာလည်းမဖတ်တဲ့ပုဂ္ဂိုလ် အသိပညာ နည်းပါးတဲ့ပုဂ္ဂိုလ်ဟာ နွားအိုကြီးဟာ တာဝန်မထမ်းနိုင်ဘဲနဲ့ ကြိုးဖြေပြီးတော့ လွှတ်လိုက်တဲ့ ဘေးမဲ့နွားကြီးသည် အသားအသာတိုးပြီးတော့ ဘာလုပ်ငန်းမှ ဘာလုပ်ငန်းနဲ့မှ အကျိုးမပြုသလို လောကမှာ ဘာမှမသင်တဲ့ပုဂ္ဂိုလ်ဟာ အသားပဲတိုးပြီးတော့ အသိပညာမတိုးဘူး လို့ ဒါကြောင့် အသိပညာတိုးအောင်ကြိုးစားအားထုတ်ရမယ်ဆိုတဲ့ ဘဝသင်္ကန်းစာ လမ်းညွှန်မှုကိုပေးတာပဲဖြစ်တယ်။ ဓမ္မအသိတွေနဲ့ပတ်သက်လာလို့ရှိရင်လည်း ကိုယ့်အသိဟာ တဖြည်းနဲ့တဖြည်း တိုးမြှင့်လာတဲ့အသိမျိုးဖြစ်ရမယ်။ အဲ့ဒီအသိမျိုးဖြစ်အောင် သတိထားပြီးတော့ကြိုးစားအားထုတ်ကြရမယ်။ ဓမ္မအသိပဲဖြစ်စေ ဘဝအသိပဲဖြစ်စေ အသိပညာတွေရရှိအောင် အမှတ်တမဲ့မနေဘဲနဲ့ကြိုးစားအားထုတ်သင့်တယ်။

ပါမောက္ခချုပ်ဆရာတော်

https://youtu.be/UgTamcJypvU?si=t_SPk...

ဓမ္မသာရ

2 days ago | [YT] | 436

ဓမ္မသာရ

မြတ်စွာဘုရား၏ ဝိတ်ချနည်း
-------------------
ဝတုတ်တို့ မှတ်သားဖို့ပေါ့နော်။ မြတ်စွာဘုရားက ဝိတ်ချတဲ့နည်း ပေးထားတာ။ ကျန်းမာရေးအတွက် ဝိတ်ချတဲ့နည်းလေး မှတ်သားထားချင်ရင်တော့ ကောသလမင်းကြီး ဝိတ်ချတဲ့နည်းဟာ မြတ်စွာဘုရား သွန်သင်ပြသခဲ့တာဖြစ်တယ်။ ဆေးတွေ သောက်ပြီးတော့ ဝိတ်မချနဲ့ ဒုက္ခရောက်သွားမယ်။ အဲ့တော့ ဝတုတ်တို့ မှတ်သားဖို့ပေါ့နော်။ လူသားတစ်ယောက်ဟာ သတိရှိရှိနဲ့ အစားအသောက်ကို ဆင်ခြင်တုံတရားနဲ့ စားမယ်ဆိုလို့ရှိရင် ရောဂါဝေဒနာတွေ နည်းပါးမယ်တဲ့။ အိုခြင်းတရားကလည်းပဲ အသက်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး ဖြည်းဖြည်းမှပဲ အိုတယ်၊ ရုတ်ချင်းမအိုဘူး။ ဆိုလိုတာ ကျန်းမာတယ်လို့ ပြောတာနော်။ အစားအစာကို သတိနဲ့စားလို့ရှိရင်၊ အတိုင်းအတာတစ်ခုနဲ့ စားမယ်ဆိုလို့ရှိရင် ကျန်းမာတယ်လို့ မြတ်စွာဘုရားက မိန့်တော်မူတယ်။ အဲ့ဒီ အဓိပ္ပာယ်ရှိတဲ့ ဂါထာလေးကို ကောသလမင်းကြီးရဲ့ တူကို သင်ပေးထားပြီးတော့ ကောသလမင်းကြီး ပွဲတော် တည်တဲ့အခါမှာ၊ ထမင်းစားတဲ့အခါမှာ အဲ့ဒီ ဂါထာကို ရွတ်ခိုင်းတယ်။ အဲ့တော့ ဘယ်အချိန် ရွတ်ရတာလဲဆိုရင် နောက်ဆုံး ပြီးခါနီး တစ်လုတ်လောက် ကျန်ပြီဆိုတဲ့ အချိန်လေးမှာ ရွတ်ခိုင်းခဲ့တယ်။ ဆိုလိုတာကတော့ ကောသလမင်းကြီးဟာ တဝါးတပြဲကြီး စားတတ်တယ်။ စားတဲ့အခါမှာ နောက်ဆုံးတစ်လုတ် စားတော့မယ်ဆိုတဲ့ အချိန်လေးမှာ သတိပေးလိုက်တာပေါ့လေ။ ဒီအဓိပ္ပာယ်ရှိတဲ့ ဂါထာလေး ရွတ်လိုက်တဲ့အခါ ကောသလမင်းကြီးက နောက်ဆုံး ထမင်းလုတ်ကို မစားတော့ဘူး ဖယ်လိုက်တယ်။ စားချင်နေတုန်းပဲ၊ ဒါပေမဲ့ သူဖယ်လိုက်တယ်။ အဲ့ဒီ ထမင်းလုတ်တွေကို ထမင်းစေ့တွေ ဘယ်နှစေ့တုန်းဆိုတာ ရေတွက်ခိုင်းတယ် ဘုရား။ ရေတွက်ခိုင်းပြီးတော့ နောက်တစ်ရက်ကျတော့ အဲ့ဒီလောက် လျှော့ချစားခိုင်းတယ်။ အဲ့ဒီလို နေ့စဉ်နေ့စဉ် နောက်ဆုံး ထမင်းလုတ် တစ်လုတ် တစ်လုတ် လျှော့သွားပြီးတော့ ဆန်ကို လျှော့လျှော့ လျှော့စားသွားတာ။ အဲ့တော့ နှစ်ထပ်ကွမ်း လျှော့တာပေါ့နော်။ အဲ့ဒီလို လျှော့လျှော့စားသွားတာ နောက်ဆုံး ယောက်ျားတစ်ယောက် စားလို့ရတဲ့ အတိုင်းအတာ ကန့်သတ်တဲ့ အထိ ရောက်သွားတယ်။ အဲ့ဒီ အတိုင်းအတာ ရောက်တဲ့အခါကျတော့ မြတ်စွာဘုရားက အဲ ဒီနောက် အဲ့ဒီ ဂါထာကို မရွတ်တော့နဲ့။ အဲ့ဒီလောက်တော့ စားပါစေတော့။ အဲ့ဒါ လိုအပ်တဲ့ ဝိတ်ချတာပေါ့။ ကောသလမင်းကြီးက လှဲလျောင်း ထိုင်ထ အဆင်ပြေလို့ ဘုရားအပေါ်မှာ ကျေးဇူးတင်တယ်။ သူဟာ သွားလို့လာလို့ ပေါ့ပေါ့ပါးပါး၊ ထိုင်လို့ထလို့ ပေါ့ပေါ့ပါးပါး ဖြစ်လာတယ်။ အရင်တုန်းကဆိုရင် ထမင်းစားပြီးရင် သူဒုက္ခတွေ ရောက်ခဲ့ရတယ်။ အဲ့ဒီလို မြတ်စွာဘုရားရဲ့ ဝိတ်ချနည်းက အဲ့ဒီလို ချတာ။ အဲ့တော့ မသိမသာ ဝိတ်ကျပြီးတော့ ကျန်းမာသွားတယ်လို့ ဆိုတယ်။


https://youtu.be/UgTamcJypvU?si=1Gjht...

3 days ago | [YT] | 384

ဓမ္မသာရ

စတုက္ကနိပါတ်ပါဠိတော် ​နာဂသုတ္တံ တွင်တန်ဖိုးရှိသော ဘဝတစ်ခုတည်ဆောက်ရန် လိုအပ်သည့်အင်္ဂါရပ်များကို​​ ဟောကြားဆုံးမခဲ့၏။ ထို့ကြောင့် မိမိကိုယ်တိုင် တန်ဖိုးရှိသောပုဂ္ဂိုလ်အဖြစ် မြှင့်တင်လိုပါက ဤအင်္ဂါရပ်လေးချက်ကို နေ့စဉ်ဘဝတွင် လိုက်နာကျင့်ကြံနိုင်ရန်လိုအပ်ပါသည်။
မြတ်စွာဘုရား၏တရားတော်များကို လေးလေးနက်နက်နာယူခြင်း၊
အကုသိုလ်စိတ်ရန်သူများကို ဖယ်ရှားခြင်း
မည်သည့်အခက်အခဲမျိုးစုံကိုမဆို သည်းခံခြင်း၊ နှင့် မရောက်ဖူးသေးသည့် နိဗ္ဗာန်ဘုံသို့ရောက်အောင် သတိပဋ္ဌာန်တရားကိုပွားများခြင်းတို့သည် မိမိတို့၏ဘဝကို ငြိမ်းချမ်းသာယာစေပြီး အမှန်တကယ်သော ချမ်းသာကိုရရှိစေမည်ဖြစ်သည်။

တရားတော်အနှစ်ချုပ်
1. မြတ်စွာဘုရား၏တရားတော်များကို လေးနက်စွာ အာရုံစိုက်နာယူပါ။ (ဥပမာ- ရောဂါပျောက်ကင်းဆေးနည်းကို နားထောင်သကဲ့သို့)
2. ကာမဝိတက် (ကာမဂုဏ်နှင့်ပတ်သက်သောအတွေး)၊ ဗျာပါဒဝိတက် (ဒေါသနှင့်ပတ်သက်သောအတွေး)၊ ဝိဟိံသာဝိတက် (ညှဉ်းပန်းနှိပ်စက်လိုသောအတွေး) နှင့် အခြားယုတ်ညံ့သော အကုသိုလ်တရားများ ဖြစ်ပေါ်လာပါက လက်ခံမထားဘဲ စွန့်ပစ်ဖယ်ရှားပါ။
3. အပူ၊ အအေး၊ ဆာလောင်မှု၊ အင်းဆက်ပိုးမွှားကိုက်ခြင်း၊ လေ၊ နေပူ၊ မြွေ၊ ကင်း စသည်တို့ကို သည်းခံနိုင်စွမ်းမွေးမြူပါ။
4. မိမိကို မကောင်းပြောသောစကားများ ကြားရသောအခါ ဒေါသနှင့်မတုံ့ပြန်ဘဲ သည်းခံဖယ်ရှားနိုင်ရန် ကြိုးစားပါ။ (စကားသံသည် အရေးမပါကြောင်း၊ မိမိအပေါ်အကျိုးသက်ရောက်မှုမရှိကြောင်း တွေးတောပါ)
5. ခန္ဓာကိုယ်၌ ရောဂါဝေဒနာဆိုးများ ခံစားရသောအခါ သည်းခံနိုင်စွမ်းမွေးမြူပါ။
6. သတိပဋ္ဌာန်တရား (ဥပမာ- ဝင်လေထွက်လေကို အာရုံစိုက်ခြင်း) ကို ပွားများအားထုတ်၍ မိမိခန္ဓာကိုယ်၌ ဖြစ်ပျက်နေသော သဘာဝတရားများကို အမြဲသတိထားပါ။
7. မိမိ၏အသိပညာကို မြင့်မားအောင် ကြိုးစားပြီး လောကဓံနှင့်ကြုံတွေ့ရသောအခါ မှန်ကန်စွာ တုံ့ပြန်နိုင်ရန် လေ့ကျင့်ပါ။
8. တစ်ဖက်သား၏ မကောင်းသောစိတ်အမှိုက်များကို လက်မခံဘဲ မိမိစိတ်ကို ကာကွယ်ပါ။

တရားတော်နာယူရန်
https://youtu.be/5m-o5X94OQc

5 days ago | [YT] | 183

ဓမ္မသာရ

ပညာကြီးရင် မစိုးရိမ်ဘူး။ အဲ့ဒီ ပညာကြီးရင် နဂိုတုန်းက ကိုယ်က စိုးရိမ်စရာလို့ ထင်တဲ့ ကိစ္စတွေ စိုးရိမ်စရာလို့ မထင်တော့ဘူး။ အင်း ဘာမှမဟုတ်တဲ့ အဲ့ဒါက ကိုယ့်စိတ်ကို မတုန်လှုပ်စေနိုင်ဘူး။ ဆိုကြပါစို့ဗျာ။ ကလေးတစ်ယောက်ကို စမယ်ဆိုရင်တော့ ဒီကလေးက ငိုမှာပေါ့နော်။ လူကြီးကို အဲ့ဒီ ကလေးတွေ စသလိုမျိုး လူကြီးကို သွားစရင် လူကြီးက ငိုမလား။ စတာကတော့ အတူတူ ပဲ။ ဒါပေမဲ့ ကလေးကတော့ အဲ့ဒါကို ငိုစရာလို့ပဲ သူကတော့ နားလည်တဲ့အတွက်ကြောင့် ငိုချလိုက်တယ်။ လူကြီးကတော့ ဘာဖြစ်သွားပြီတုန်း။ ဒါငိုစရာမဟုတ်ဘူး။ စနေတာလို့ သိတယ်။ အဲ့ဒါ ကလေးသူငယ်လို စရင် ငိုချင်ဖို့ နေနေသာသာ ရယ်တောင် ရယ်ချင်တာ ရှိတယ်။ ဘာ့ဖူးလို့တုန်း။ ကလေးမှာ မဟုတ်တာပဲ လူကြီး ဖြစ်နေပြီ။ အဲ့လိုပဲ အသိဉာဏ်ပညာ ကလေးအဆင့်ပဲ ရှိတယ်ဆိုရင်တော့ လောကဓံက ကြည်စယ်ပြီး အတွေ့အကြုံတွေက စပြီဆိုတော့ ကျုပ်တို့ ငိုကြရမှာပဲ။ ဟုတ်လား။ အသိဉာဏ်ပညာ level က လူကြီးအဆင့် ရောက်နေပြီဆိုရင် လောကဓံ က ဘယ်လောက်ပဲ ကြည်စယ် ကြည်စယ် အတွေ့အကြုံတွေက ဘယ်လောက်ပဲ ငိုစရာ ဖြစ်နေနေ သူ့ရဲ့ ဉာဏ်က မြင့်နေတဲ့အတွက်ကြောင့် အဲ့ဒီ အတွေ့အကြုံမှာ သူ့စိတ်ကို မဆင်းရဲစေဘူး။ အဲ့တော့ ကျုပ်တို့က ဘေးက အရာတွေ ဘယ်လိုဖြစ်ပါ၊ ဟိုလိုဖြစ်ပါ၊ ဒီလိုဖြစ်ပါလို့ ကိုယ့်စိတ်တိုင်းကျ တွေ့ရဖို့ ကြုံရဖို့ ကျုပ်တို့ လုပ်နိုင်တဲ့ စွမ်းအားက မရှိပါဘူး။ သူ့ဟာသူ အခြေအနေအရ အတွေ့အကြုံနေတဲ့ အနေအထားတွေ အပေါ်မှာပဲ ကျုပ်တို့ရဲ့ စိတ်ကို မြင့်မားအောင် ရင့်ကျက်အောင် ဘုန်းကြီးတို့ ဘာလုပ်ရမတုန်း။ ကြိုးစားရမှာ။ အဲ့ဒါ စိတ်ကို အရင့်ကျက်စေနိုင်ဆုံး အရာ က ပညာပဲ။ ဒါကြောင့် ပညာကြီးရင် ကြီးသလောက် မစိုးရိမ်ဘူး။ စိတ်မဆင်းရဲဘူး။ စိတ်မဆင်းရဲဖို့ အတွက် နည်းလမ်းပေးမယ်ဆိုတာ အဲ့ဒါပဲ။ ကိုယ့်ခန္ဓာ ရဲ့ အပေါ်မှာ သတိအားကောင်းရင် အားကောင်းသလောက် ပညာကြီးမယ်။ ပညာကြီးရင် ကြီးသလောက် မစိုးရိမ်ဘူး။ အဲ့တော့ ကျုပ်တို့က ဘဝမှာ သတိမရှိဘဲ နဲ့ ပမာဒ လွတ် ပြီးတော့ပဲ နေကြတာ များတယ်။ အဲ့ဒီ နေထိုင်မှု ပုံစံ ကို ဘုန်းဘုန်းတို့က အပ္ပမာဒ ဆိုတဲ့ သတိနဲ့ နေတဲ့ ကောင်းမွန်တဲ့ နေထိုင်မှု ပုံစံလေး ကို ပြောင်းလဲနိုင်မယ် ဆိုလို့ရှိရင် ပညာဟာ မြင့်လာတယ်။

တရားတော်နာယူရန်

https://youtu.be/VwG4pQdVaSk?si=A2FY3...

1 week ago | [YT] | 75

ဓမ္မသာရ

အဖော်ပြုထားရမယ့် ဓမ္မ

-------------------

လောကမှာ ဓမ္မမရှိတဲ့ အဖော်မပြုနိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ ဝမ်းနည်းခြင်း၊ ကြေကွဲခြင်းနဲ့ပဲ အဆုံးသတ်သွားတယ်ပေါ့။ လူဆိုတာ မျှော်လင့်ချက်ကလေးတွေ ရှိတယ်။ ကိုယ့်ကိုယ်ကို အသက်ရှင်မယ်လို့ မျှော်လင့်ပေမယ့်လို့ ရှင်ချင်မှရှင်တာလေ။ အဲတော့ နောက်ဆုံးအကြိမ် မရောက်ခင် ဘုန်းကြီးတို့တတွေဟာ နောက်ဆုံး ထွက်သက်ကလေး ဝင်သက်ကလေးနဲ့ ထွက်သက်ကလေး မရောက်ခင် ကိုယ်လုပ်ရမယ့် ဓမ္မကို အခုကတည်းက အဖော်ပြုထားဖို့ဆိုတာက ဘယ်သူမှ အသက်ရှင်နေသေးတယ်ဆိုရင် နောက်ကျမယ်လို့ ပြောလို့မရဘူးပေါ့။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကို ကြည့်ဦးမလား။ စံနမူနာတစ်ခုအနေနဲ့ ကြည့်မယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ဟာ သက်တော် ၈၀ ပရိနိဗ္ဗာန်စံဖို့အတွက် ၁၀ လလောက်ပဲ ကျန်တော့တဲ့အချိန်မှာ ရောဂါဝေဒနာ အကြီးအကျယ်ဖြစ်လာတယ်။ အင်မတန်မှ ပြင်းထန်တဲ့ရောဂါပဲ။ သေဆုံးခြင်းဆိုတဲ့ အနေအထားမျိုးကို ကပ်သွားတဲ့ရောဂါမျိုးလို့ ဒီလိုဆိုလို့ရတယ်။ အဲဒီလိုရောဂါဖြစ်တဲ့အခါကျတော့ မြတ်စွာဘုရားက ဘာစဉ်းစားတုန်းဆိုတော့ အခုအချိန် ငါ ပရိနိဗ္ဗာန်စံလိုက်လို့ရှိရင် နောက် ၁၀ လကြာမှ တရားထူးတရားမြတ် ရနိုင်တဲ့ မက်ကျူရ ဖြစ်မယ့် သုဘဒ္ဒါရှိတယ်။ ငါ ပရိနိဗ္ဗာန်စံသွားရင် သူ တရားထူးတရားမြတ်ရဖို့ ခက်သွားမယ်။ အဲဒီတော့ အခုဖြစ်ပေါ်လာတဲ့ ရောဂါဝေဒနာကို ငါ ဟန့်တားထားမယ်ဆိုပြီးတော့ အာယုသင်္ခါရ ဖလသမာပတ်လို့ ခေါ်တယ်။ အာယုသင်္ခါရ ဖလသမာပတ်ဆိုတာ အသေးစိတ် ဝိပဿနာရှုပြီးတော့ တကယ့်ကို စနစ်တကျ ဝိပဿနာကို အလွန်ကို ထက်ထက်မြက်မြက် ဝိပဿနာတွေရှုပြီးတော့ သမာပတ်ဝင်စားလိုက်တာ ရောဂါဝေဒနာတွေဟာ လုံးဝပျောက်သွားတယ်။ နလံထသွားတယ် မြန်မြန်ကြီး။ အဲဒါကို အာယုသင်္ခါရ ဖလသမာပတ်လို့ ခေါ်တယ်။ အဲဒီအသက်ကို ပြန်ပြီးတော့ ထိန်းကျောင်းထားတဲ့ ဖလသမာပတ် ဘာဖြစ်လို့ အသက်ကို ထိန်းထားရသလဲဆိုရင် သုဘဒ္ဒါအတွက်ငဲ့တာ။ အခုအချိန် ပရိနိဗ္ဗာန်စံလိုက်လို့ရှိရင် သုဘဒ္ဒါနဲ့ လွဲသွားမယ်။ သုဘဒ္ဒါကို အခုအချိန်သွား တရားဟောလို့လည်း ကျွတ်တရားရမှာမဟုတ်ဘူး။ လူဆိုတာ အချိန်တန်မှရတာလေ။ အေး၊ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟာ ဣဒ္ဓိပါဒ်လေးပါးလို့ဆိုတဲ့ ဆန္ဒ၊ ဝီရိယ၊ ဝိမံသ၊ စိတ္တလို့ဆိုတဲ့ စိတ်စွမ်းအားတွေ တိုးမြှင့်ထားပြီးတော့ ရောဂါဝေဒနာကို သက်သာအောင်လုပ်ထားပြီးတော့ ၁၀ လတိတိ နောက်ထပ်နေသွားတာတဲ့။ အဲဒီလိုဟာမျိုး ဘုန်းကြီးတို့တတွေ ဘာလုပ်ရမလဲ။ ခုနက ရောဂါဝေဒနာနဲ့ ကြုံလာတဲ့အခါမှာ သုပ္ပဝါသာမင်းသမီးကြီးရဲ့ နှလုံးသွင်းနည်းမျိုးလို နှလုံးသွင်းမလား။ သို့မဟုတ် ထွက်လေဝင်လေလေး မှတ်ပြီးတော့ ထွက်လေဝင်လေလေးပေါ်မှာ သတိကပ်ပြီး သမာဓိစွမ်းအားတွေ ရအောင် ကြိုးစားပြီးတော့ နေမလား။ တစ်ခုခုတော့ ဘုန်းကြီးတို့တတွေ ရှာထားကြရမယ်နော်။

https://youtu.be/PMu4xgdYF18?si=54mRe...

1 week ago | [YT] | 446

ဓမ္မသာရ

အတ္တသမံ ပေမံ နတ္ထိ

-------------------

မိဘတွေက သားသမီးကို ချစ်တယ်လို့ ပြောတယ်။ လူလည်း တစ်ဦးနဲ့ တစ်ဦး ချစ်ခင်တယ်လို့ ပြောကြတယ်။ တကယ်ကတော့ မိဘက သားသမီးချစ်တယ်ဆိုတာ မဟုတ်ဘူးနော်။ သူချစ်နေတာက တစ်ခြား။ လူအချင်းချင်း ချစ်တယ်ဆိုတာလည်း မဟုတ်ဘူး။ သူချစ်နေတာက တစ်ခြား။ ဒါဖြင့် ဘာကို ချစ်နေတာတုန်းဆို သူ့စိတ်ထဲမှာ ဒီမိဘတွေရဲ့စိတ်ထဲမှာ ဒီသားသမီးလေးကို မြင်နေရလို့ရှိရင် သူက ကျေနပ်နေတယ်။ စိတ်လေးချမ်းသာနေတယ်။ အဲ့ဒီချမ်းသာမှုလေးကို ချစ်တာလေ။ တကယ်စဉ်းစားကြည့်ရင် ကိုယ်ချစ်တာ အဲ့ဒါ။ မိဘတွေက သားသမီးချစ်တယ်ဆိုတာ ဒီသားသမီးလေး မြင်နေရရင် ကိုယ့်စိတ်ထဲမှာ ကျေနပ်နေတယ်။ သူရှိတာနဲ့ ဘဝလေးဟာ လုံခြုံနေသလို ထင်ရတယ်။ ကိုယ်ချစ်ခင်တဲ့ ပုဂ္ဂိုလ်ကို မြင်ရရင်လည်း ကျေနပ်နေတယ်။ ဟောဒါ။ အဲ့တော့ လူကိုချစ်တယ်လို့ လူက အထင် လွယ်သွားတာ။ စဉ်းစားကြည့်လေ။ လူကိုချစ်တယ်ဆိုရင် ဒီလူဟာ ဘာလုပ်လို့ လက်ခံရမှာတုန်း။ သားသမီးက ကိုယ်ပြောတဲ့စကားတွေ နားမထောင်ဘူး။ ကိုယ့်ကို ဒုက္ခတွေ ပေးလာတော့အခါကျတော့ ဘာလုပ်လဲ။ ချစ်သေးလား။ မချစ်တော့ဘူး အဲ့ကျတော့။ နော်။ ငါ့ကို ဒုက္ခပေးတယ်။ ဆိုးသွမ်းတယ်။ အမွေပြတ်တွေတောင် ကြေညာပစ်လိုက်တယ်။ ချစ်ပါတယ်ဆိုတဲ့ သားသမီး။ ဘာကြောင့်တုန်းဆိုရင် သူချစ်မြတ်နိုးတဲ့ စိတ်ချမ်းသာမှုလေးကို ပျက်စီးအောင်လုပ်လို့ အဓိပ္ပာယ်က သူရဲ့ happiness ကို ဖျက်ဆီးပစ်လိုက်တာ။ သူချစ်တာက happiness ကို ချစ်တာ။ အမှန်က လောကမှာ သေသေချာချာ စဉ်းစားကြည့်ရင် လူတွေချစ်နေကြတာ ကိုယ့်ရဲ့ happiness ကိုပဲ ချစ်တယ်။ နော်။ ကိုယ့်ရဲ့ happiness ပျော်ရွှင်ချမ်းမြေ့မှုကို ချစ်တာ။ ဒီပျော်ရွှင်ချမ်းမြေ့မှုကို ဘယ်သူက ပေးသလဲဆိုရင် ပေးတဲ့လူကို သွားချစ်တာ။ ပေးလို့ ချစ်တာသူက။ ကိုယ့်ရဲ့ ပျော်ရွှင်ချမ်းမြေ့မှုကို ပျက်စီးသွားအောင် လုပ်ပြီဆိုရင် ဒီလူသွားတော့။ အမွေပြတ်တွေဘာတွေ ကြေညာပစ်လိုက်ပြီ။ မလာခဲ့နဲ့ getout မောင်းထုတ်ပစ်။ ဒီလိုတွေဖြစ်တာနော်။ အဲ့တော့ တကယ်က လူကိုချစ်တယ်ဆိုရင် လူဟာ လူပဲလေ။ ထာဝရချစ်ပေါ့။ ဘာဖြစ်လို့ မချစ်နိုင်တာတုန်း။ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို မပေးနိုင်တော့ဘူးဆိုရင် divorce တွေလုပ်ကြတာလည်း ဒါပဲ။ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို အရင်တုန်းကတော့ မျှော်လင့်ချက်ကြီးနဲ့ ရလိမ့်မယ်ထင်တယ်။ ပြီးတော့ မရဘူး။ ကိုယ့်ပျော်ရွှင်မှုတွေ အဆင်မပြေတော့ဘူးဆိုရင် သွားကြပြန်ရော အဲ့ဒါ ဓမ္မစစ်ချစ်ဆိုတာက happiness ကို ချစ်တာနော်။ happiness။ ဒါကြောင့်မို့ happiness က ဘယ်သူ့ happiness တုန်းဆိုရင် ကိုယ့်ရဲ့ happiness။ သူ့ရဲ့ happiness မဟုတ်ဘူး။ ကိုယ့်ရဲ့ happiness။ မြတ်စွာဘုရားက ဒါကြောင့်မို့ ဟောတာ “အတ္တသမံ ပေမံ နတ္ထိ” တဲ့။ လူတွေဟာ ကိုယ့်ကိုယ်ကို အချစ်ဆုံးပဲ။ ကိုယ့်ကိုယ်ကို အချစ်ဆုံးမို့ ကိုယ့်ကိုယ်ကို ချစ်လို့ ကိုယ့်သဘောကျတဲ့ဟာကို ကိုယ်က ရွေးချယ်ပြီးတော့ ကိုယ့်ကို ပံ့ပိုးမလာလို့ လူတွေက တွဲကြတာကိုး။ မပံ့ပိုးတဲ့အခါကျတော့ ခွဲကြပြန်ရော ဒီလိုပဲဖြစ်တယ်။

1 week ago (edited) | [YT] | 362

ဓမ္မသာရ

တရားတော် အနှစ်ချုပ် ✍✍✍

"ကောင်းမြတ်သော အနာဂတ်ဘဝကို ဖန်တီးနိုင်ရန်အတွက် ယခုလက်ရှိဘဝတွင် ကျန်းမာရေး၊ ကိုယ်ကျင့်သီလ၊ ဗဟုသုတ၊ ဓမ္မလမ်းစဉ်နှင့် လုံ့လဝီရိယတို့ကို လက်ကိုင်ထား၍ ပြုစုပျိုးထောင်သွားပါ။ လုပ်ငန်းခွင်တွင် ထူးချွန်ထက်မြက်စွာ လုပ်ဆောင်ပြီး အများအကျိုးကို မျှဝေခံစားတတ်ပါစေ။ အောင်မြင်မှု ရရှိလာသောအခါ မာန်မာန ကင်းမဲ့ပြီး ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရသောအခါ စိတ်ဓာတ်မကျဘဲ ကြံ့ခိုင်သော စိတ်ဓာတ်ဖြင့် ရင်ဆိုင်နိုင်ပါစေ။ ဤသို့ ကျင့်ကြံအားထုတ်ခြင်းဖြင့် မိမိ၏ဘဝနှင့် အနာဂတ်သည် အမြဲတမ်းတောက်ပနေမည်ဖြစ်သည်။"

၁။ မိမိ၏ ကျန်းမာရေးကို အလေးထားပါ။ အစားအသောက်၊ အနေအထိုင်၊ ရာသီဥတုနှင့်ပတ်သက်သော ကျန်းမာရေးဗဟုသုတများကို ရှာဖွေလေ့လာပြီး လိုက်နာကျင့်သုံးပါ။

၂။ ကိုယ်ကျင့်သီလကို စောင့်ထိန်းပါ။ မကောင်းမှုပြုလုပ်မိမည်ကို ရှက်ရွံ့ခြင်း (ဟိရီ) နှင့် မကောင်းမှု၏ အကျိုးဆက်များကို ကြောက်ရွံ့ခြင်း (ဩတ္တပ္ပ) တို့ကို မွေးမြူပါ။

၃။ လူကြီးသူမ၊ ဆရာသမားများနှင့် မိမိထက် အသိပညာ၊ အသက်အရွယ်ကြီးသူတို့၏ အဆုံးအမ၊ အကြံဉာဏ်များကို နာခံမှတ်သားပါ။

၄။ ဗဟုသုတကို စဉ်ဆက်မပြတ် ရှာမှီးပါ။ စာဖတ်ခြင်း၊ လေ့လာခြင်း၊ နားထောင်ခြင်းဖြင့် အသိပညာ ကြွယ်ဝအောင် လုပ်ဆောင်ပါ။

၅။ ဒုစရိုက်လမ်းမှ ရှောင်ကြဉ်ပြီး သုစရိုက် (ကောင်းသော) လမ်းစဉ်အတိုင်း လိုက်နာကျင့်သုံးပါ။

၆။ မည်သည့်အလုပ်ကိုမဆို ပျင်းရိခြင်းမရှိဘဲ လုံ့လဝီရိယဖြင့် ထက်ထက်မြက်မြက် ကြိုးစားလုပ်ဆောင်ပါ။

ကောင်းမြတ်တဲ့ဘဝအနေအထားတစ်ခုရောက်ရင်
လိုက်နာကျင့်သုံးစရာ အချက် ၄ ချက်

၁။ မိမိလုပ်ဆောင်သော အလုပ်တိုင်းတွင် အကောင်းဆုံးဖြစ်အောင် လိမ္မာကျွမ်းကျင်စွာ လုပ်ဆောင်ပါ။
၂။ အများနှင့် မျှဝေခံစားတတ်သော စိတ်ဓာတ်ကို မွေးမြူပါ။ မိမိတစ်ဦးတည်းအတွက်သာမက အများအကျိုးကိုပါ ကြည့်မြင်လုပ်ဆောင်ပါ။

၃။ အောင်မြင်မှု ရရှိလာသောအခါ မာန်မာန မထားဘဲ ယဉ်ကျေးသိမ်မွေ့စွာ နေထိုင်ပါ။

၄။ ဆုံးရှုံးမှု သို့မဟုတ် အခက်အခဲများနှင့် ကြုံတွေ့ရသောအခါ စိတ်ဓာတ်မကျဘဲ ကြံ့ခိုင်သော စိတ်ဓာတ်ဖြင့် ရင်ဆိုင်ပါ။

ဓမ္မတရားတော်တွင် ကောင်းမြတ်သော အနာဂတ်ဘဝကို တည်ဆောက်ရန်အတွက် မဖြစ်မနေလိုအပ်သော အချက်ခြောက်ချက်နှင့် လက်တွေ့ဘဝတွင် အောင်မြင်ပျော်ရွှင်စွာ နေထိုင်နိုင်ရန်အတွက် အချက်လေးချက်တို့ကို ဆရာတော်က ရှင်းလင်းဟောကြားထားတာဖြစ်ပါတယ်။ ကျန်းမာရေး၏ အရေးပါပုံ၊ ကိုယ်ကျင့်သီလ ထိန်းသိမ်းပုံ၊ လူကြီးသူမတို့၏ ဆုံးမစကားကို နာယူမှတ်သားပုံ၊ ဗဟုသုတ ရှာမှီးပုံ၊ ဓမ္မလမ်းစဉ်အတိုင်း လိုက်နာကျင့်သုံးပုံနှင့် လုံ့လဝီရိယရှိရှိ ကြိုးစားအားထုတ်ပုံတို့ကို ဥပမာများစွာဖြင့် ရှင်းလင်းပြသထားပါသည်။ ထို့အပြင် လုပ်ငန်းခွင်တွင် ထူးချွန်ထက်မြက်အောင် လုပ်ဆောင်ခြင်း၊ အများအကျိုးကို မျှဝေခံစားတတ်ခြင်း၊ အောင်မြင်လာသောအခါ မာန်မာန မထားခြင်း၊ ဆုံးရှုံးမှုနှင့် ကြုံတွေ့ရသောအခါ စိတ်ဓာတ်မကျခြင်းစသည့် လက်တွေ့ကျင့်သုံးနိုင်သော နည်းလမ်းများကိုပါ အသေးစိတ် ထည့်သွင်းဟောကြားထာသောကြောင့် နာယူမှတ်သားလိုက်နာကျင့်သုံးရန်အလို့ငှာ

တရားတော်နာယူရန်
https://youtu.be/9hxV_fWkQY8

ဓမ္မသာရ
ဗုဒ္ဓဟောကြား မြတ်တရားအများသိပါစေ။

1 week ago | [YT] | 149

ဓမ္မသာရ

တရားတော်အနှစ်ချုပ် ✍✍
၁။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဟူသော ဣန္ဒြေခြောက်ပါး (ဒွါရခြောက်ပါး) ကို ကောင်းစွာစောင့်စည်းပါ။ မြင်ခြင်း၊ ကြားခြင်း၊ နံခြင်း၊ စားခြင်း၊ တွေ့ထိခြင်း၊ တွေးကြံခြင်းတို့ကြောင့် လောဘ၊ ဒေါသ၊ မောဟ စသော အကုသိုလ်စိတ်များ မဖြစ်အောင် ကြိုးပမ်းအားထုတ်ပါ။

၂။ အစားအသောက်၌ အတိုင်းအရှည်ကို သိပါ။
မသေရန်အတွက် စားသုံးခြင်းဖြစ်ကြောင်း၊ လှပရန်၊ အဆင်းလှပရန်၊ ရွှင်လန်းပျော်ရွှင်ရန် စားသုံးခြင်းမဟုတ်ကြောင်း အမြဲဆင်ခြင်ပါ။ ခန္ဓာကိုယ်ကျန်းမာရေး၊ အသက်ရှည်ရေးနှင့် တရားကျင့်ကြံနိုင်ရေးအတွက်သာ စားသုံးကြောင်း မှတ်ပါ။

၃။ မြင်ခြင်းကြောင့်ဖြစ်ပေါ်လာသော နှစ်သက်ခြင်း၊ မနှစ်သက်ခြင်း (လောဘ၊ ဒေါသ) တို့သည် အကြောင်းတရားတို့က ပြုပြင်ဖန်တီးထားခြင်းဖြစ်ပြီး၊ ကြမ်းတမ်းသောတရားများဖြစ်၍ (ဩဠာရိကံ)၊ အကြောင်းတရားကိုစွဲ၍ ဖြစ်ပေါ်လာကြောင်း (ပဋိစ္စသမုပ္ပန္နံ) ဆင်ခြင်ပါ။

၄။ ထို့အတူ ချစ်ခြင်း၊ မုန်းခြင်းကင်းသော ဥပေက္ခာတရား (ဒါလေးက ငြိမ်သက်တယ်၊ မွန်မြတ်တယ်) ကိုလည်း ရှုမှတ်ဆင်ခြင်ပါ။ ဤသို့လောဘ၊ ဒေါသ၊ မောဟကင်းသော ဥပေက္ခာတရားကို ရှုမှတ်ဆင်ခြင်ခြင်းဖြင့် နှစ်သက်ခြင်း၊ မနှစ်သက်ခြင်းတို့သည် မျက်တောင်တစ်ခတ်၊ လက်ဖျစ်တစ်တွတ်၊ ရေစက်ကျသကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားပါလိမ့်မည်။ ကြားခြင်း၊ နံခြင်း၊ စားခြင်း၊ ထိတွေ့ခြင်း၊ တွေးကြံခြင်းတို့၌လည်း အလားတူကျင့်ကြံပါ။

တရားတော်နာယူရန်
https://youtu.be/ErtyRnICF5E

1 week ago | [YT] | 337

ဓမ္မသာရ

အဲ့ဒီလိုပဲ၊ အပျင်းစံချိန်ချိုးတဲ့ ပုဂ္ဂိုလ်မျိုးဟာ လုံ့လဝီရိယ လုံးဝ မထုတ်ပါဘူး။ လုံ့လဝီရိယ မထုတ်တဲ့ ပုဂ္ဂိုလ်ဟာ ပျော့ညံ့တဲ့ ပုဂ္ဂိုလ်မျိုးပဲ ဖြစ်ပါတယ်။

လူ့ဘဝမှာ အထက်တန်းကို ရောက်မလာပါဘူး။ စီးပွားရေးဘက်မှာလည်း အထက်တန်းမရောက်ပါဘူး။ ပညာရေးမှာလည်း အထက်တန်းမရောက်ပါဘူး။ လူမှုရေးမှာလည်း အထက်တန်းမရောက်ပါဘူး။ နိုင်ငံရေးမှာလည်း အထက်တန်းမရောက်ပါဘူး။ ဘယ်နေရာမှ အထက်တန်းမရောက်လာပါဘူး။ ပျော့ညံ့သွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ ဒီလိုဆိုတာပါပဲ။

ဒါဖြင့် စိတ်ဓာတ် ကြံ့ခိုင်တဲ့ ပုဂ္ဂိုလ်ကျတော့ ဘာကြောင့် စိတ်ဓာတ် ကြံ့ခိုင်မှု ရသလဲဆိုရင် သူ့ကျတော့ “သဒ္ဓါ အာရတ္တ ဝီရိယံ” တဲ့။ ဝီရိယကို လုံးဝ မြှင့်တင်ထားပါတယ်။ ဘယ်တော့ဖြစ်ဖြစ် သူက Active ဖြစ်ပါတယ်။ မနေမနား ကြိုးစားအားထုတ်ပါတယ်။ သူများနဲ့ မတူပါဘူး။

လုပ်ငန်းကိုင်တာတွေနဲ့ ပတ်သက်ပြီး လုံ့လရှိပါတယ်။ ဇွဲရှိပါတယ်။ ဇွဲဆိုတာ စွဲစွဲမြဲမြဲ တစိုက်မတ်မတ် လုပ်တာကို ပြောပါတယ်။ ဇွဲရှိပါတယ်။ အလုပ်လုပ်လို့ နောက်မဆုတ်ပါဘူး။ အောင်မြင်သည်အထိ ကြိုးပမ်းပါတယ်။ ကမ္ဘာမှာ ထင်ရှားကျော်ကြားသွားတဲ့ ပုဂ္ဂိုလ်တွေဟာ ဇွဲလုံ့လ ကောင်းတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်ပါတယ်။

မြတ်စွာဘုရားကိုယ်တိုင် ဘုရားဖြစ်တော်မူဖို့ ရောက်သွားတာဟာ ဇွဲလုံ့လကြောင့် ရောက်သွားတာပဲ။ ဒါကြောင့်မို့ မြန်မာစကားမှာ ရှိတယ်လေ။ ဒီ ဝီရိယရှိရင် ဘုရားတောင် ဖြစ်တယ်လို့ ဆိုတာပဲ။ ကြိုးစားမှ ဘုရားဖြစ်တာပါ။ ကြိုးစားနိုင်ရင် ဘုရားဖြစ်တာပဲ။

အဲ့ဒါကြောင့်မို့လို့ လုံ့လဝီရိယရှိပြီး လုံ့လဝီရိယ ထက်သန်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သူက စိတ်ဓာတ် ကြံ့ခိုင်မှုကို ရရှိစေတတ်တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါတယ်။

အားလုံး ခြုံငုံပြီးတော့ မြတ်စွာဘုရားက နှိုင်းယှဉ်ပြီးတော့ တစ်ခုစီ တစ်ခုစီ ဟောသွားလိုက်တာ။ ကောင်းပြီ၊ စိတ်ဓာတ် ပျော့ညံ့တဲ့ ပုဂ္ဂိုလ်ရဲ့ အဆုံးသတ်က ဘာဖြစ်မလဲ။ စိတ်ဓာတ် ကြံ့ခိုင်တဲ့ ပုဂ္ဂိုလ်ရဲ့ အဆုံးသတ်က ဘာဖြစ်မလဲ။ အဆုံးသတ်ချင်း မတူပါဘူးလေ။

စိတ်ဓာတ် ပျော့ညံ့တဲ့ ပုဂ္ဂိုလ်ဟာ ဘာနဲ့ တူသလဲဆိုရင် "တံ ဝေပဿဟတိ မာရော၊ ဝါတော ရုက္ခံဝ ဒုဗ္ဗလံ။" မြစ်ကမ်းပါးမှာ ပေါက်တဲ့ သစ်ပင်ဟာ ရေတိုက်စားလို့ အမြစ်တွေကလည်း ပေါ်နေပြီ။ ရေကမ်းပါးမှာ ရေကလည်း တိုက်စားတယ်။ ကမ်းပါးကလည်း ပြိုနေတယ်။ လေလေး နည်းနည်း မတိုက်လိုက်နဲ့၊ ဝုန်းဆို ပြိုကျသွားမှာပဲလေ။

စိတ်ဓာတ် ပျော့ညံ့တဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ လောကဓံ မုန်တိုင်းလေး နည်းနည်းလေးနဲ့ မတိုက်လိုက်နဲ့ ပြိုလဲသွားမှာပဲ။

https://youtu.be/PYkjYpaijgE

1 week ago | [YT] | 351