ဓမ္မသာရ

အဖော်ပြုထားရမယ့် ဓမ္မ

-------------------

လောကမှာ ဓမ္မမရှိတဲ့ အဖော်မပြုနိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ ဝမ်းနည်းခြင်း၊ ကြေကွဲခြင်းနဲ့ပဲ အဆုံးသတ်သွားတယ်ပေါ့။ လူဆိုတာ မျှော်လင့်ချက်ကလေးတွေ ရှိတယ်။ ကိုယ့်ကိုယ်ကို အသက်ရှင်မယ်လို့ မျှော်လင့်ပေမယ့်လို့ ရှင်ချင်မှရှင်တာလေ။ အဲတော့ နောက်ဆုံးအကြိမ် မရောက်ခင် ဘုန်းကြီးတို့တတွေဟာ နောက်ဆုံး ထွက်သက်ကလေး ဝင်သက်ကလေးနဲ့ ထွက်သက်ကလေး မရောက်ခင် ကိုယ်လုပ်ရမယ့် ဓမ္မကို အခုကတည်းက အဖော်ပြုထားဖို့ဆိုတာက ဘယ်သူမှ အသက်ရှင်နေသေးတယ်ဆိုရင် နောက်ကျမယ်လို့ ပြောလို့မရဘူးပေါ့။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကို ကြည့်ဦးမလား။ စံနမူနာတစ်ခုအနေနဲ့ ကြည့်မယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ဟာ သက်တော် ၈၀ ပရိနိဗ္ဗာန်စံဖို့အတွက် ၁၀ လလောက်ပဲ ကျန်တော့တဲ့အချိန်မှာ ရောဂါဝေဒနာ အကြီးအကျယ်ဖြစ်လာတယ်။ အင်မတန်မှ ပြင်းထန်တဲ့ရောဂါပဲ။ သေဆုံးခြင်းဆိုတဲ့ အနေအထားမျိုးကို ကပ်သွားတဲ့ရောဂါမျိုးလို့ ဒီလိုဆိုလို့ရတယ်။ အဲဒီလိုရောဂါဖြစ်တဲ့အခါကျတော့ မြတ်စွာဘုရားက ဘာစဉ်းစားတုန်းဆိုတော့ အခုအချိန် ငါ ပရိနိဗ္ဗာန်စံလိုက်လို့ရှိရင် နောက် ၁၀ လကြာမှ တရားထူးတရားမြတ် ရနိုင်တဲ့ မက်ကျူရ ဖြစ်မယ့် သုဘဒ္ဒါရှိတယ်။ ငါ ပရိနိဗ္ဗာန်စံသွားရင် သူ တရားထူးတရားမြတ်ရဖို့ ခက်သွားမယ်။ အဲဒီတော့ အခုဖြစ်ပေါ်လာတဲ့ ရောဂါဝေဒနာကို ငါ ဟန့်တားထားမယ်ဆိုပြီးတော့ အာယုသင်္ခါရ ဖလသမာပတ်လို့ ခေါ်တယ်။ အာယုသင်္ခါရ ဖလသမာပတ်ဆိုတာ အသေးစိတ် ဝိပဿနာရှုပြီးတော့ တကယ့်ကို စနစ်တကျ ဝိပဿနာကို အလွန်ကို ထက်ထက်မြက်မြက် ဝိပဿနာတွေရှုပြီးတော့ သမာပတ်ဝင်စားလိုက်တာ ရောဂါဝေဒနာတွေဟာ လုံးဝပျောက်သွားတယ်။ နလံထသွားတယ် မြန်မြန်ကြီး။ အဲဒါကို အာယုသင်္ခါရ ဖလသမာပတ်လို့ ခေါ်တယ်။ အဲဒီအသက်ကို ပြန်ပြီးတော့ ထိန်းကျောင်းထားတဲ့ ဖလသမာပတ် ဘာဖြစ်လို့ အသက်ကို ထိန်းထားရသလဲဆိုရင် သုဘဒ္ဒါအတွက်ငဲ့တာ။ အခုအချိန် ပရိနိဗ္ဗာန်စံလိုက်လို့ရှိရင် သုဘဒ္ဒါနဲ့ လွဲသွားမယ်။ သုဘဒ္ဒါကို အခုအချိန်သွား တရားဟောလို့လည်း ကျွတ်တရားရမှာမဟုတ်ဘူး။ လူဆိုတာ အချိန်တန်မှရတာလေ။ အေး၊ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟာ ဣဒ္ဓိပါဒ်လေးပါးလို့ဆိုတဲ့ ဆန္ဒ၊ ဝီရိယ၊ ဝိမံသ၊ စိတ္တလို့ဆိုတဲ့ စိတ်စွမ်းအားတွေ တိုးမြှင့်ထားပြီးတော့ ရောဂါဝေဒနာကို သက်သာအောင်လုပ်ထားပြီးတော့ ၁၀ လတိတိ နောက်ထပ်နေသွားတာတဲ့။ အဲဒီလိုဟာမျိုး ဘုန်းကြီးတို့တတွေ ဘာလုပ်ရမလဲ။ ခုနက ရောဂါဝေဒနာနဲ့ ကြုံလာတဲ့အခါမှာ သုပ္ပဝါသာမင်းသမီးကြီးရဲ့ နှလုံးသွင်းနည်းမျိုးလို နှလုံးသွင်းမလား။ သို့မဟုတ် ထွက်လေဝင်လေလေး မှတ်ပြီးတော့ ထွက်လေဝင်လေလေးပေါ်မှာ သတိကပ်ပြီး သမာဓိစွမ်းအားတွေ ရအောင် ကြိုးစားပြီးတော့ နေမလား။ တစ်ခုခုတော့ ဘုန်းကြီးတို့တတွေ ရှာထားကြရမယ်နော်။

https://youtu.be/PMu4xgdYF18?si=54mRe...

1 week ago | [YT] | 446