ဓမ္မသာရ

မြတ်စွာဘုရား၏ ဝိတ်ချနည်း
-------------------
ဝတုတ်တို့ မှတ်သားဖို့ပေါ့နော်။ မြတ်စွာဘုရားက ဝိတ်ချတဲ့နည်း ပေးထားတာ။ ကျန်းမာရေးအတွက် ဝိတ်ချတဲ့နည်းလေး မှတ်သားထားချင်ရင်တော့ ကောသလမင်းကြီး ဝိတ်ချတဲ့နည်းဟာ မြတ်စွာဘုရား သွန်သင်ပြသခဲ့တာဖြစ်တယ်။ ဆေးတွေ သောက်ပြီးတော့ ဝိတ်မချနဲ့ ဒုက္ခရောက်သွားမယ်။ အဲ့တော့ ဝတုတ်တို့ မှတ်သားဖို့ပေါ့နော်။ လူသားတစ်ယောက်ဟာ သတိရှိရှိနဲ့ အစားအသောက်ကို ဆင်ခြင်တုံတရားနဲ့ စားမယ်ဆိုလို့ရှိရင် ရောဂါဝေဒနာတွေ နည်းပါးမယ်တဲ့။ အိုခြင်းတရားကလည်းပဲ အသက်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး ဖြည်းဖြည်းမှပဲ အိုတယ်၊ ရုတ်ချင်းမအိုဘူး။ ဆိုလိုတာ ကျန်းမာတယ်လို့ ပြောတာနော်။ အစားအစာကို သတိနဲ့စားလို့ရှိရင်၊ အတိုင်းအတာတစ်ခုနဲ့ စားမယ်ဆိုလို့ရှိရင် ကျန်းမာတယ်လို့ မြတ်စွာဘုရားက မိန့်တော်မူတယ်။ အဲ့ဒီ အဓိပ္ပာယ်ရှိတဲ့ ဂါထာလေးကို ကောသလမင်းကြီးရဲ့ တူကို သင်ပေးထားပြီးတော့ ကောသလမင်းကြီး ပွဲတော် တည်တဲ့အခါမှာ၊ ထမင်းစားတဲ့အခါမှာ အဲ့ဒီ ဂါထာကို ရွတ်ခိုင်းတယ်။ အဲ့တော့ ဘယ်အချိန် ရွတ်ရတာလဲဆိုရင် နောက်ဆုံး ပြီးခါနီး တစ်လုတ်လောက် ကျန်ပြီဆိုတဲ့ အချိန်လေးမှာ ရွတ်ခိုင်းခဲ့တယ်။ ဆိုလိုတာကတော့ ကောသလမင်းကြီးဟာ တဝါးတပြဲကြီး စားတတ်တယ်။ စားတဲ့အခါမှာ နောက်ဆုံးတစ်လုတ် စားတော့မယ်ဆိုတဲ့ အချိန်လေးမှာ သတိပေးလိုက်တာပေါ့လေ။ ဒီအဓိပ္ပာယ်ရှိတဲ့ ဂါထာလေး ရွတ်လိုက်တဲ့အခါ ကောသလမင်းကြီးက နောက်ဆုံး ထမင်းလုတ်ကို မစားတော့ဘူး ဖယ်လိုက်တယ်။ စားချင်နေတုန်းပဲ၊ ဒါပေမဲ့ သူဖယ်လိုက်တယ်။ အဲ့ဒီ ထမင်းလုတ်တွေကို ထမင်းစေ့တွေ ဘယ်နှစေ့တုန်းဆိုတာ ရေတွက်ခိုင်းတယ် ဘုရား။ ရေတွက်ခိုင်းပြီးတော့ နောက်တစ်ရက်ကျတော့ အဲ့ဒီလောက် လျှော့ချစားခိုင်းတယ်။ အဲ့ဒီလို နေ့စဉ်နေ့စဉ် နောက်ဆုံး ထမင်းလုတ် တစ်လုတ် တစ်လုတ် လျှော့သွားပြီးတော့ ဆန်ကို လျှော့လျှော့ လျှော့စားသွားတာ။ အဲ့တော့ နှစ်ထပ်ကွမ်း လျှော့တာပေါ့နော်။ အဲ့ဒီလို လျှော့လျှော့စားသွားတာ နောက်ဆုံး ယောက်ျားတစ်ယောက် စားလို့ရတဲ့ အတိုင်းအတာ ကန့်သတ်တဲ့ အထိ ရောက်သွားတယ်။ အဲ့ဒီ အတိုင်းအတာ ရောက်တဲ့အခါကျတော့ မြတ်စွာဘုရားက အဲ ဒီနောက် အဲ့ဒီ ဂါထာကို မရွတ်တော့နဲ့။ အဲ့ဒီလောက်တော့ စားပါစေတော့။ အဲ့ဒါ လိုအပ်တဲ့ ဝိတ်ချတာပေါ့။ ကောသလမင်းကြီးက လှဲလျောင်း ထိုင်ထ အဆင်ပြေလို့ ဘုရားအပေါ်မှာ ကျေးဇူးတင်တယ်။ သူဟာ သွားလို့လာလို့ ပေါ့ပေါ့ပါးပါး၊ ထိုင်လို့ထလို့ ပေါ့ပေါ့ပါးပါး ဖြစ်လာတယ်။ အရင်တုန်းကဆိုရင် ထမင်းစားပြီးရင် သူဒုက္ခတွေ ရောက်ခဲ့ရတယ်။ အဲ့ဒီလို မြတ်စွာဘုရားရဲ့ ဝိတ်ချနည်းက အဲ့ဒီလို ချတာ။ အဲ့တော့ မသိမသာ ဝိတ်ကျပြီးတော့ ကျန်းမာသွားတယ်လို့ ဆိုတယ်။


https://youtu.be/UgTamcJypvU?si=1Gjht...

3 days ago | [YT] | 384