ဓမ္မသာရ
အဲ့ဒီလိုပဲ၊ အပျင်းစံချိန်ချိုးတဲ့ ပုဂ္ဂိုလ်မျိုးဟာ လုံ့လဝီရိယ လုံးဝ မထုတ်ပါဘူး။ လုံ့လဝီရိယ မထုတ်တဲ့ ပုဂ္ဂိုလ်ဟာ ပျော့ညံ့တဲ့ ပုဂ္ဂိုလ်မျိုးပဲ ဖြစ်ပါတယ်။လူ့ဘဝမှာ အထက်တန်းကို ရောက်မလာပါဘူး။ စီးပွားရေးဘက်မှာလည်း အထက်တန်းမရောက်ပါဘူး။ ပညာရေးမှာလည်း အထက်တန်းမရောက်ပါဘူး။ လူမှုရေးမှာလည်း အထက်တန်းမရောက်ပါဘူး။ နိုင်ငံရေးမှာလည်း အထက်တန်းမရောက်ပါဘူး။ ဘယ်နေရာမှ အထက်တန်းမရောက်လာပါဘူး။ ပျော့ညံ့သွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ ဒီလိုဆိုတာပါပဲ။ဒါဖြင့် စိတ်ဓာတ် ကြံ့ခိုင်တဲ့ ပုဂ္ဂိုလ်ကျတော့ ဘာကြောင့် စိတ်ဓာတ် ကြံ့ခိုင်မှု ရသလဲဆိုရင် သူ့ကျတော့ “သဒ္ဓါ အာရတ္တ ဝီရိယံ” တဲ့။ ဝီရိယကို လုံးဝ မြှင့်တင်ထားပါတယ်။ ဘယ်တော့ဖြစ်ဖြစ် သူက Active ဖြစ်ပါတယ်။ မနေမနား ကြိုးစားအားထုတ်ပါတယ်။ သူများနဲ့ မတူပါဘူး။လုပ်ငန်းကိုင်တာတွေနဲ့ ပတ်သက်ပြီး လုံ့လရှိပါတယ်။ ဇွဲရှိပါတယ်။ ဇွဲဆိုတာ စွဲစွဲမြဲမြဲ တစိုက်မတ်မတ် လုပ်တာကို ပြောပါတယ်။ ဇွဲရှိပါတယ်။ အလုပ်လုပ်လို့ နောက်မဆုတ်ပါဘူး။ အောင်မြင်သည်အထိ ကြိုးပမ်းပါတယ်။ ကမ္ဘာမှာ ထင်ရှားကျော်ကြားသွားတဲ့ ပုဂ္ဂိုလ်တွေဟာ ဇွဲလုံ့လ ကောင်းတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်ပါတယ်။မြတ်စွာဘုရားကိုယ်တိုင် ဘုရားဖြစ်တော်မူဖို့ ရောက်သွားတာဟာ ဇွဲလုံ့လကြောင့် ရောက်သွားတာပဲ။ ဒါကြောင့်မို့ မြန်မာစကားမှာ ရှိတယ်လေ။ ဒီ ဝီရိယရှိရင် ဘုရားတောင် ဖြစ်တယ်လို့ ဆိုတာပဲ။ ကြိုးစားမှ ဘုရားဖြစ်တာပါ။ ကြိုးစားနိုင်ရင် ဘုရားဖြစ်တာပဲ။အဲ့ဒါကြောင့်မို့လို့ လုံ့လဝီရိယရှိပြီး လုံ့လဝီရိယ ထက်သန်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သူက စိတ်ဓာတ် ကြံ့ခိုင်မှုကို ရရှိစေတတ်တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါတယ်။အားလုံး ခြုံငုံပြီးတော့ မြတ်စွာဘုရားက နှိုင်းယှဉ်ပြီးတော့ တစ်ခုစီ တစ်ခုစီ ဟောသွားလိုက်တာ။ ကောင်းပြီ၊ စိတ်ဓာတ် ပျော့ညံ့တဲ့ ပုဂ္ဂိုလ်ရဲ့ အဆုံးသတ်က ဘာဖြစ်မလဲ။ စိတ်ဓာတ် ကြံ့ခိုင်တဲ့ ပုဂ္ဂိုလ်ရဲ့ အဆုံးသတ်က ဘာဖြစ်မလဲ။ အဆုံးသတ်ချင်း မတူပါဘူးလေ။စိတ်ဓာတ် ပျော့ညံ့တဲ့ ပုဂ္ဂိုလ်ဟာ ဘာနဲ့ တူသလဲဆိုရင် "တံ ဝေပဿဟတိ မာရော၊ ဝါတော ရုက္ခံဝ ဒုဗ္ဗလံ။" မြစ်ကမ်းပါးမှာ ပေါက်တဲ့ သစ်ပင်ဟာ ရေတိုက်စားလို့ အမြစ်တွေကလည်း ပေါ်နေပြီ။ ရေကမ်းပါးမှာ ရေကလည်း တိုက်စားတယ်။ ကမ်းပါးကလည်း ပြိုနေတယ်။ လေလေး နည်းနည်း မတိုက်လိုက်နဲ့၊ ဝုန်းဆို ပြိုကျသွားမှာပဲလေ။စိတ်ဓာတ် ပျော့ညံ့တဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ လောကဓံ မုန်တိုင်းလေး နည်းနည်းလေးနဲ့ မတိုက်လိုက်နဲ့ ပြိုလဲသွားမှာပဲ။https://youtu.be/PYkjYpaijgE
2 weeks ago | [YT] | 351
ဓမ္မသာရ
အဲ့ဒီလိုပဲ၊ အပျင်းစံချိန်ချိုးတဲ့ ပုဂ္ဂိုလ်မျိုးဟာ လုံ့လဝီရိယ လုံးဝ မထုတ်ပါဘူး။ လုံ့လဝီရိယ မထုတ်တဲ့ ပုဂ္ဂိုလ်ဟာ ပျော့ညံ့တဲ့ ပုဂ္ဂိုလ်မျိုးပဲ ဖြစ်ပါတယ်။
လူ့ဘဝမှာ အထက်တန်းကို ရောက်မလာပါဘူး။ စီးပွားရေးဘက်မှာလည်း အထက်တန်းမရောက်ပါဘူး။ ပညာရေးမှာလည်း အထက်တန်းမရောက်ပါဘူး။ လူမှုရေးမှာလည်း အထက်တန်းမရောက်ပါဘူး။ နိုင်ငံရေးမှာလည်း အထက်တန်းမရောက်ပါဘူး။ ဘယ်နေရာမှ အထက်တန်းမရောက်လာပါဘူး။ ပျော့ညံ့သွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ ဒီလိုဆိုတာပါပဲ။
ဒါဖြင့် စိတ်ဓာတ် ကြံ့ခိုင်တဲ့ ပုဂ္ဂိုလ်ကျတော့ ဘာကြောင့် စိတ်ဓာတ် ကြံ့ခိုင်မှု ရသလဲဆိုရင် သူ့ကျတော့ “သဒ္ဓါ အာရတ္တ ဝီရိယံ” တဲ့။ ဝီရိယကို လုံးဝ မြှင့်တင်ထားပါတယ်။ ဘယ်တော့ဖြစ်ဖြစ် သူက Active ဖြစ်ပါတယ်။ မနေမနား ကြိုးစားအားထုတ်ပါတယ်။ သူများနဲ့ မတူပါဘူး။
လုပ်ငန်းကိုင်တာတွေနဲ့ ပတ်သက်ပြီး လုံ့လရှိပါတယ်။ ဇွဲရှိပါတယ်။ ဇွဲဆိုတာ စွဲစွဲမြဲမြဲ တစိုက်မတ်မတ် လုပ်တာကို ပြောပါတယ်။ ဇွဲရှိပါတယ်။ အလုပ်လုပ်လို့ နောက်မဆုတ်ပါဘူး။ အောင်မြင်သည်အထိ ကြိုးပမ်းပါတယ်။ ကမ္ဘာမှာ ထင်ရှားကျော်ကြားသွားတဲ့ ပုဂ္ဂိုလ်တွေဟာ ဇွဲလုံ့လ ကောင်းတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်ပါတယ်။
မြတ်စွာဘုရားကိုယ်တိုင် ဘုရားဖြစ်တော်မူဖို့ ရောက်သွားတာဟာ ဇွဲလုံ့လကြောင့် ရောက်သွားတာပဲ။ ဒါကြောင့်မို့ မြန်မာစကားမှာ ရှိတယ်လေ။ ဒီ ဝီရိယရှိရင် ဘုရားတောင် ဖြစ်တယ်လို့ ဆိုတာပဲ။ ကြိုးစားမှ ဘုရားဖြစ်တာပါ။ ကြိုးစားနိုင်ရင် ဘုရားဖြစ်တာပဲ။
အဲ့ဒါကြောင့်မို့လို့ လုံ့လဝီရိယရှိပြီး လုံ့လဝီရိယ ထက်သန်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သူက စိတ်ဓာတ် ကြံ့ခိုင်မှုကို ရရှိစေတတ်တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါတယ်။
အားလုံး ခြုံငုံပြီးတော့ မြတ်စွာဘုရားက နှိုင်းယှဉ်ပြီးတော့ တစ်ခုစီ တစ်ခုစီ ဟောသွားလိုက်တာ။ ကောင်းပြီ၊ စိတ်ဓာတ် ပျော့ညံ့တဲ့ ပုဂ္ဂိုလ်ရဲ့ အဆုံးသတ်က ဘာဖြစ်မလဲ။ စိတ်ဓာတ် ကြံ့ခိုင်တဲ့ ပုဂ္ဂိုလ်ရဲ့ အဆုံးသတ်က ဘာဖြစ်မလဲ။ အဆုံးသတ်ချင်း မတူပါဘူးလေ။
စိတ်ဓာတ် ပျော့ညံ့တဲ့ ပုဂ္ဂိုလ်ဟာ ဘာနဲ့ တူသလဲဆိုရင် "တံ ဝေပဿဟတိ မာရော၊ ဝါတော ရုက္ခံဝ ဒုဗ္ဗလံ။" မြစ်ကမ်းပါးမှာ ပေါက်တဲ့ သစ်ပင်ဟာ ရေတိုက်စားလို့ အမြစ်တွေကလည်း ပေါ်နေပြီ။ ရေကမ်းပါးမှာ ရေကလည်း တိုက်စားတယ်။ ကမ်းပါးကလည်း ပြိုနေတယ်။ လေလေး နည်းနည်း မတိုက်လိုက်နဲ့၊ ဝုန်းဆို ပြိုကျသွားမှာပဲလေ။
စိတ်ဓာတ် ပျော့ညံ့တဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ လောကဓံ မုန်တိုင်းလေး နည်းနည်းလေးနဲ့ မတိုက်လိုက်နဲ့ ပြိုလဲသွားမှာပဲ။
https://youtu.be/PYkjYpaijgE
2 weeks ago | [YT] | 351