ဓမ္မသာရ
ပညာကြီးရင် မစိုးရိမ်ဘူး။ အဲ့ဒီ ပညာကြီးရင် နဂိုတုန်းက ကိုယ်က စိုးရိမ်စရာလို့ ထင်တဲ့ ကိစ္စတွေ စိုးရိမ်စရာလို့ မထင်တော့ဘူး။ အင်း ဘာမှမဟုတ်တဲ့ အဲ့ဒါက ကိုယ့်စိတ်ကို မတုန်လှုပ်စေနိုင်ဘူး။ ဆိုကြပါစို့ဗျာ။ ကလေးတစ်ယောက်ကို စမယ်ဆိုရင်တော့ ဒီကလေးက ငိုမှာပေါ့နော်။ လူကြီးကို အဲ့ဒီ ကလေးတွေ စသလိုမျိုး လူကြီးကို သွားစရင် လူကြီးက ငိုမလား။ စတာကတော့ အတူတူ ပဲ။ ဒါပေမဲ့ ကလေးကတော့ အဲ့ဒါကို ငိုစရာလို့ပဲ သူကတော့ နားလည်တဲ့အတွက်ကြောင့် ငိုချလိုက်တယ်။ လူကြီးကတော့ ဘာဖြစ်သွားပြီတုန်း။ ဒါငိုစရာမဟုတ်ဘူး။ စနေတာလို့ သိတယ်။ အဲ့ဒါ ကလေးသူငယ်လို စရင် ငိုချင်ဖို့ နေနေသာသာ ရယ်တောင် ရယ်ချင်တာ ရှိတယ်။ ဘာ့ဖူးလို့တုန်း။ ကလေးမှာ မဟုတ်တာပဲ လူကြီး ဖြစ်နေပြီ။ အဲ့လိုပဲ အသိဉာဏ်ပညာ ကလေးအဆင့်ပဲ ရှိတယ်ဆိုရင်တော့ လောကဓံက ကြည်စယ်ပြီး အတွေ့အကြုံတွေက စပြီဆိုတော့ ကျုပ်တို့ ငိုကြရမှာပဲ။ ဟုတ်လား။ အသိဉာဏ်ပညာ level က လူကြီးအဆင့် ရောက်နေပြီဆိုရင် လောကဓံ က ဘယ်လောက်ပဲ ကြည်စယ် ကြည်စယ် အတွေ့အကြုံတွေက ဘယ်လောက်ပဲ ငိုစရာ ဖြစ်နေနေ သူ့ရဲ့ ဉာဏ်က မြင့်နေတဲ့အတွက်ကြောင့် အဲ့ဒီ အတွေ့အကြုံမှာ သူ့စိတ်ကို မဆင်းရဲစေဘူး။ အဲ့တော့ ကျုပ်တို့က ဘေးက အရာတွေ ဘယ်လိုဖြစ်ပါ၊ ဟိုလိုဖြစ်ပါ၊ ဒီလိုဖြစ်ပါလို့ ကိုယ့်စိတ်တိုင်းကျ တွေ့ရဖို့ ကြုံရဖို့ ကျုပ်တို့ လုပ်နိုင်တဲ့ စွမ်းအားက မရှိပါဘူး။ သူ့ဟာသူ အခြေအနေအရ အတွေ့အကြုံနေတဲ့ အနေအထားတွေ အပေါ်မှာပဲ ကျုပ်တို့ရဲ့ စိတ်ကို မြင့်မားအောင် ရင့်ကျက်အောင် ဘုန်းကြီးတို့ ဘာလုပ်ရမတုန်း။ ကြိုးစားရမှာ။ အဲ့ဒါ စိတ်ကို အရင့်ကျက်စေနိုင်ဆုံး အရာ က ပညာပဲ။ ဒါကြောင့် ပညာကြီးရင် ကြီးသလောက် မစိုးရိမ်ဘူး။ စိတ်မဆင်းရဲဘူး။ စိတ်မဆင်းရဲဖို့ အတွက် နည်းလမ်းပေးမယ်ဆိုတာ အဲ့ဒါပဲ။ ကိုယ့်ခန္ဓာ ရဲ့ အပေါ်မှာ သတိအားကောင်းရင် အားကောင်းသလောက် ပညာကြီးမယ်။ ပညာကြီးရင် ကြီးသလောက် မစိုးရိမ်ဘူး။ အဲ့တော့ ကျုပ်တို့က ဘဝမှာ သတိမရှိဘဲ နဲ့ ပမာဒ လွတ် ပြီးတော့ပဲ နေကြတာ များတယ်။ အဲ့ဒီ နေထိုင်မှု ပုံစံ ကို ဘုန်းဘုန်းတို့က အပ္ပမာဒ ဆိုတဲ့ သတိနဲ့ နေတဲ့ ကောင်းမွန်တဲ့ နေထိုင်မှု ပုံစံလေး ကို ပြောင်းလဲနိုင်မယ် ဆိုလို့ရှိရင် ပညာဟာ မြင့်လာတယ်။တရားတော်နာယူရန်https://youtu.be/VwG4pQdVaSk?si=A2FY3...
1 week ago | [YT] | 75
ဓမ္မသာရ
ပညာကြီးရင် မစိုးရိမ်ဘူး။ အဲ့ဒီ ပညာကြီးရင် နဂိုတုန်းက ကိုယ်က စိုးရိမ်စရာလို့ ထင်တဲ့ ကိစ္စတွေ စိုးရိမ်စရာလို့ မထင်တော့ဘူး။ အင်း ဘာမှမဟုတ်တဲ့ အဲ့ဒါက ကိုယ့်စိတ်ကို မတုန်လှုပ်စေနိုင်ဘူး။ ဆိုကြပါစို့ဗျာ။ ကလေးတစ်ယောက်ကို စမယ်ဆိုရင်တော့ ဒီကလေးက ငိုမှာပေါ့နော်။ လူကြီးကို အဲ့ဒီ ကလေးတွေ စသလိုမျိုး လူကြီးကို သွားစရင် လူကြီးက ငိုမလား။ စတာကတော့ အတူတူ ပဲ။ ဒါပေမဲ့ ကလေးကတော့ အဲ့ဒါကို ငိုစရာလို့ပဲ သူကတော့ နားလည်တဲ့အတွက်ကြောင့် ငိုချလိုက်တယ်။ လူကြီးကတော့ ဘာဖြစ်သွားပြီတုန်း။ ဒါငိုစရာမဟုတ်ဘူး။ စနေတာလို့ သိတယ်။ အဲ့ဒါ ကလေးသူငယ်လို စရင် ငိုချင်ဖို့ နေနေသာသာ ရယ်တောင် ရယ်ချင်တာ ရှိတယ်။ ဘာ့ဖူးလို့တုန်း။ ကလေးမှာ မဟုတ်တာပဲ လူကြီး ဖြစ်နေပြီ။ အဲ့လိုပဲ အသိဉာဏ်ပညာ ကလေးအဆင့်ပဲ ရှိတယ်ဆိုရင်တော့ လောကဓံက ကြည်စယ်ပြီး အတွေ့အကြုံတွေက စပြီဆိုတော့ ကျုပ်တို့ ငိုကြရမှာပဲ။ ဟုတ်လား။ အသိဉာဏ်ပညာ level က လူကြီးအဆင့် ရောက်နေပြီဆိုရင် လောကဓံ က ဘယ်လောက်ပဲ ကြည်စယ် ကြည်စယ် အတွေ့အကြုံတွေက ဘယ်လောက်ပဲ ငိုစရာ ဖြစ်နေနေ သူ့ရဲ့ ဉာဏ်က မြင့်နေတဲ့အတွက်ကြောင့် အဲ့ဒီ အတွေ့အကြုံမှာ သူ့စိတ်ကို မဆင်းရဲစေဘူး။ အဲ့တော့ ကျုပ်တို့က ဘေးက အရာတွေ ဘယ်လိုဖြစ်ပါ၊ ဟိုလိုဖြစ်ပါ၊ ဒီလိုဖြစ်ပါလို့ ကိုယ့်စိတ်တိုင်းကျ တွေ့ရဖို့ ကြုံရဖို့ ကျုပ်တို့ လုပ်နိုင်တဲ့ စွမ်းအားက မရှိပါဘူး။ သူ့ဟာသူ အခြေအနေအရ အတွေ့အကြုံနေတဲ့ အနေအထားတွေ အပေါ်မှာပဲ ကျုပ်တို့ရဲ့ စိတ်ကို မြင့်မားအောင် ရင့်ကျက်အောင် ဘုန်းကြီးတို့ ဘာလုပ်ရမတုန်း။ ကြိုးစားရမှာ။ အဲ့ဒါ စိတ်ကို အရင့်ကျက်စေနိုင်ဆုံး အရာ က ပညာပဲ။ ဒါကြောင့် ပညာကြီးရင် ကြီးသလောက် မစိုးရိမ်ဘူး။ စိတ်မဆင်းရဲဘူး။ စိတ်မဆင်းရဲဖို့ အတွက် နည်းလမ်းပေးမယ်ဆိုတာ အဲ့ဒါပဲ။ ကိုယ့်ခန္ဓာ ရဲ့ အပေါ်မှာ သတိအားကောင်းရင် အားကောင်းသလောက် ပညာကြီးမယ်။ ပညာကြီးရင် ကြီးသလောက် မစိုးရိမ်ဘူး။ အဲ့တော့ ကျုပ်တို့က ဘဝမှာ သတိမရှိဘဲ နဲ့ ပမာဒ လွတ် ပြီးတော့ပဲ နေကြတာ များတယ်။ အဲ့ဒီ နေထိုင်မှု ပုံစံ ကို ဘုန်းဘုန်းတို့က အပ္ပမာဒ ဆိုတဲ့ သတိနဲ့ နေတဲ့ ကောင်းမွန်တဲ့ နေထိုင်မှု ပုံစံလေး ကို ပြောင်းလဲနိုင်မယ် ဆိုလို့ရှိရင် ပညာဟာ မြင့်လာတယ်။
တရားတော်နာယူရန်
https://youtu.be/VwG4pQdVaSk?si=A2FY3...
1 week ago | [YT] | 75