ဓမ္မသာရ
ကိုယ့်ကိုယ်ကိုယ် ပျက်စီးနေသလား ဆင်ခြင်သုံးသပ်ခြင်း-------------------အေး၊ အချိန်အခါအားလျော်စွာ မိမိရဲ့ ပျက်စီးဆုံးရှုံးမှုကိုလည်း လေ့လာသုံးသပ်ကြည့်သင့်တယ်။ ငါဟာ ပျက်စီးနေသလား။ ငါ့စိတ်အခြေအနေတွေ ဘယ်လိုရှိလဲ။ ငါ့ကို ဘာတွေက လွှမ်းမိုးနေသလဲ။ နေ့စဉ်နဲ့အမျှ ငါ့စိတ်အခြေအနေတွေဟာ ဘယ်လိုရှိသလဲ။ မကောင်းတဲ့စိတ်တွေ ဘယ်လောက်များစွာ ဖြစ်နေသလဲ။ အတ္တဝိပတ္တိ၊ ကိုယ့်ရဲ့ ပျက်စီးနေပုံကို မှတ်တမဲ့ မနေရဘူး။ ကိုယ့်ကိုယ်ကိုယ် ကောင်းနေတယ်လို့ မထင်နဲ့။ ကိုယ့်ကိုယ်ကိုယ် ပျက်စီးနေတာလားဆိုတာကို ဆင်ခြင်သုံးသပ်ကြည့်ရမယ်။ ဥပမာမယ် နေ့စဉ်ဘဝမှာ နေတဲ့အချိန်မှာ ဘုရားရှိခိုးရမှာလည်း ပျင်းတယ်။ ဘုရားလည်း တစ်နေ့မှ မရှိခိုးမိဘူး။ နော်။ ဥပုသ်သီလဆိုဝေး၊ ငါးပါးသီလလည်း ချိုးဖောက်တယ်ဆိုရင် ဒါ ကိုယ့်ကိုယ်ကိုယ် ပျက်စီးနေပြီလို့ မှတ်သားဖို့လိုတယ်။ ကုသိုလ်ကောင်းမှု တစ်နေသာကုန်သွားရော ကုသိုလ်ကောင်းမှုထဲမှာ စိတ်ကို လုံးဝ မရောက်ဘဲနဲ့ ကာမဂုဏ်အာရုံစိတ်တွေ၊ စားဝတ်နေရေး နေ့စဉ်ဘဝ ရုန်းကန်နေရတဲ့အထဲမှာပဲ အချိန်ဖြုန်းပြီးတော့ နေတယ်ဆိုလို့ရှိရင် အော် ငါ့မှာ ကောင်းတဲ့စိတ်တွေ ပျက်စီးနေပါလားဆိုတာကို ဆင်ခြင်သုံးသပ် တွေးတောရမယ်။ မြတ်စွာဘုရားက သတိပေးတာ။ ကိုယ့်ကိုယ်ကိုယ်ရဲ့ ပျက်စီးဆုံးရှုံးနေမှုကိုလည်းပဲ ဆင်ခြင်သုံးသပ်ပေးရမယ်။https://youtu.be/rYoxfcpp8fo?si=sFV8o...
1 day ago | [YT] | 602
ဓမ္မသာရ
ကိုယ့်ကိုယ်ကိုယ် ပျက်စီးနေသလား ဆင်ခြင်သုံးသပ်ခြင်း
-------------------
အေး၊ အချိန်အခါအားလျော်စွာ မိမိရဲ့ ပျက်စီးဆုံးရှုံးမှုကိုလည်း လေ့လာသုံးသပ်ကြည့်သင့်တယ်။ ငါဟာ ပျက်စီးနေသလား။ ငါ့စိတ်အခြေအနေတွေ ဘယ်လိုရှိလဲ။ ငါ့ကို ဘာတွေက လွှမ်းမိုးနေသလဲ။ နေ့စဉ်နဲ့အမျှ ငါ့စိတ်အခြေအနေတွေဟာ ဘယ်လိုရှိသလဲ။ မကောင်းတဲ့စိတ်တွေ ဘယ်လောက်များစွာ ဖြစ်နေသလဲ။ အတ္တဝိပတ္တိ၊ ကိုယ့်ရဲ့ ပျက်စီးနေပုံကို မှတ်တမဲ့ မနေရဘူး။ ကိုယ့်ကိုယ်ကိုယ် ကောင်းနေတယ်လို့ မထင်နဲ့။ ကိုယ့်ကိုယ်ကိုယ် ပျက်စီးနေတာလားဆိုတာကို ဆင်ခြင်သုံးသပ်ကြည့်ရမယ်။ ဥပမာမယ် နေ့စဉ်ဘဝမှာ နေတဲ့အချိန်မှာ ဘုရားရှိခိုးရမှာလည်း ပျင်းတယ်။ ဘုရားလည်း တစ်နေ့မှ မရှိခိုးမိဘူး။ နော်။ ဥပုသ်သီလဆိုဝေး၊ ငါးပါးသီလလည်း ချိုးဖောက်တယ်ဆိုရင် ဒါ ကိုယ့်ကိုယ်ကိုယ် ပျက်စီးနေပြီလို့ မှတ်သားဖို့လိုတယ်။ ကုသိုလ်ကောင်းမှု တစ်နေသာကုန်သွားရော ကုသိုလ်ကောင်းမှုထဲမှာ စိတ်ကို လုံးဝ မရောက်ဘဲနဲ့ ကာမဂုဏ်အာရုံစိတ်တွေ၊ စားဝတ်နေရေး နေ့စဉ်ဘဝ ရုန်းကန်နေရတဲ့အထဲမှာပဲ အချိန်ဖြုန်းပြီးတော့ နေတယ်ဆိုလို့ရှိရင် အော် ငါ့မှာ ကောင်းတဲ့စိတ်တွေ ပျက်စီးနေပါလားဆိုတာကို ဆင်ခြင်သုံးသပ် တွေးတောရမယ်။ မြတ်စွာဘုရားက သတိပေးတာ။ ကိုယ့်ကိုယ်ကိုယ်ရဲ့ ပျက်စီးဆုံးရှုံးနေမှုကိုလည်းပဲ ဆင်ခြင်သုံးသပ်ပေးရမယ်။
https://youtu.be/rYoxfcpp8fo?si=sFV8o...
1 day ago | [YT] | 602