-နိုင်ငံတကာ ပျောက်ဆုံးသူများနေ့ (International Day of the Disappeared) နိုင်ငံရေး၊ ပဋိပက္ခ သို့မဟုတ် အခြားအကြောင်းများကြောင့် ပျောက်ဆုံးသွားသူများကို အောက်မေ့ဖွယ် ကျင်းပသောနေ့ဖြစ်
၉။ ဂျပန်နဲ့စင်ကာပူနှစ်နိုင်ငံဆက်ဆံရေးအတွက် အဓိကကူညီပံ့ပိုးပေးမှုအတွက် စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီရှန်လွန်းကို ဂျပန်နိုင်ငံရဲ့ဂုဏ်သိက္ခာရှိသော ဂုဏ်ထူး ဆောင် Grand Cordon of the Order of the Rising Sun ကို အပ်နှင်းခဲ့
Knowledge & News
📰 ၃၀-၈-၂၀၂၅ ရက်နေ့
ထူးခြားသတင်းနှင့် ဗဟုသုတ
၁။ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ယနေ့ ညနေပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့
၂။ သရုပ်ဆောင် ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်တို့ လက်ထပ်တော့မယ်အကြောင်း မကြီးစိုးမှ
"ကိုင်း သူတို့ ဟန်းနီးမွန်းထွက်မှဘဲ
လိုက်နှောက်ယှက်တော့မယ် 😍😍
အသွင်တူတဲ့ လိုက်ဖက်တဲ့ အတွဲလေး
ဒီအမကြီးစိတ်မှာ အထူးကျေနပ် ပီတိ ဖြစ်ရ
ပါတယ်" ဟု FB page တွင် ပိုစ့်တင်ထား
၃။ တိုင်း၊ ပြည်နယ် ၁၅ ခုရှိ လူမှုရေးပင်စင်အစီအစဉ်မှာ အကျိုးခံစားခွင့်ရှိတဲ့ အသက် ၈၅ နှင့်အထက် သက်ကြီးပုဂ္ဂိုလ်တွေကို သက်ဆိုင် ရာမြန်မာ့စီးပွားရေးဘဏ်ခွဲတွေမှာ စက်တင် ဘာလ ၁ ရက်ကနေ နိုဝင်ဘာလ ၂၈ ရက်အထိ ထောက်ပံ့ငွေများ ထုတ်ပေးမည်
အလားတူ ချင်း၊ ကရင်၊ ကယား၊ စစ်ကိုင်း၊ ရှမ်းနှင့် ဧရာဝတီရှိ ငွေကြေးထောက်ပံ့တဲ့ အစီ အစဉ်မှာပါဝင်တဲ့ ကိုယ်ဝန်ဆောင်မိခင်နှင့်အသက် ၂ နှစ် အောက်ကလေးငယ်များအတွက် သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်ခွဲတွေမှာ စက်တင်ဘာ ၂၂ ကနေ ဒီဇင်ဘာလ ၂၂ ထိ ထောက်ပံ့ငွေများ ထုတ်ပေးသွားမှမည်
ထုတ်ယူရာတွင် ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်တွေအနေနဲ့ နိုင်ငံသားအသိအမှတ်ပြုကတ်ပြား(မူရင်း) ယူဆောင်ကာ ထောက်ပံ့ငွေထုတ်ယူရမှာဖြစ်ပြီး ထောက်ပံ့ငွေနဲ့ပတ်သက်လို့ လူမှုဝန်ထမ်းဦးစီးဌာနကို စုံစမ်းမေးမြန်း နိုင်ကြောင်း
အသိပေးထုတ်ပြန်ထား
၄။ ဩဂုတ်လ ၃၁ ရက်နေ့၏ နေ့ထူးနေ့မြတ်
နှင့် ထူးခြားဖြစ်စဉ်များ
-၁၉၆၂ ခုနှစ်: ထရီနီဒက်နှင့် တိုဘာဂို (Trinidad and Tobago) သည် ဗြိတိသျှအင်ပါယာမှ လွတ်လပ်ရေး ရရှိခဲ့
-၁၉၉၁ ခုနှစ်: ကာဂျစ္စတန် (Kyrgyzstan) သည် ဆိုဗီယက်ယူနီယံမှ လွတ်လပ်ရေး ကြေညာခဲ့
-၁၉၉၇ ခုနှစ်: ဝေလမင်းသမီး ဒိုင်ယာနာ (Princess Diana) သည် ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကားမတော်တဆမှုဖြင့် ကွယ်လွန်ခဲ့
၅။ တောင်ငူမြို့ရှိ မြစ်ကြီးပေါက်စစ်တောင်းလမ်း၊ အလယ်ကျွန်း ရွှေရှိုင်းလမ်းစသည့် မြေအနိမ့်ပိုင်းနှင့် ချောင်းကမ်း၊ မြစ်ကမ်းပါးများသို့ ရေများဝင်ရောက်နေ
၆။ အပူပိုင်းမုန်တိုင်း ' နောင်ဖ 'အရှိန်ကြောင့်မိုးကြီးလေထန်ပြီး နေရာကွက်၍ရေကြီး၊မြေပြိုနိုင်တာကြောင့် မြစ်ချောင်းကမ်းနားအနီးနေထိုင်သူတွေအပြင် ပြည်တွင်းရေကြောင်းနဲ့လေကြောင်းလိုင်းတွေ ၊ဆည်မြောင်းတာတမံတွေကိုပါ လိုအပ်တာတွေ ပြင်ဆင်ကြဖို့ မိုးဇလသတိပေးထား
၇။ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) ၏ Safe Food from Safe Farm (စနေ၊ တနင်္ဂနွေဈေး) ကို ရန်ကုန်မြို့ရှိ မြေပဒေသာကျွန်း၊ ကန်တော်ကြီးတွင် စက်တင်ဘာလ(၁၃)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်၍ ဆိုင်ခန်းနေရာများအတွက် စတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်၊ လတ်လတ်ဆတ်ဆတ် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ပန်းတွေရောင်းချသွားမှာဖြစ်ပြီး သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် တန်ဖိုးမြှင့်ထုတ်ကုန်တွေလည်း ပါဝင်မှာဖြစ်၊
ဒါအပြင် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် တွေ ပျိုးပင်နဲ့ စိုက်ပျိုးရေးသုံး မြေဩဇာတွေများလည်းပါဝင်မည်ဖြစ်ပြီး ပြည်တွင်းထုတ်ကုန်များကိုသာ ရောင်းချမည်ဖြစ်
1 week ago | [YT] | 0
View 0 replies
Knowledge & News
📰 ၂၉-၈-၂၀၂၅ ရက်နေ့
ထူးခြားသတင်းနှင့် ဗဟုသုတ
၁။ ရုရှားနဲ့ ယူကရိန်းတို့ လက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခနဲ့ပတ်သက်ပြီး တိုးတက်မှုမလုပ် ဆောင်နိုင်ပါက နှစ်နိုင်ငံစလုံးအပေါ် ပိတ်ဆို့အရေးယူမှုနဲ့ အခွန်စည်းကြပ်မှုတွေ ချမှတ်သွားမည်ဟု သမ္မထရမ့်ပြောကြား
၂။ တရုတ်နိုင်ငံတွင်ကျင်းပမည့် စစ်ရေးပြပွဲအခမ်းအနားကို မြောက်ကိုရီးယားခေါင်း ဆောင်ကင်ဂျုံအန်း တက်ရောက်မည်
၃။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း
ဟွန်ဆန်နှင့် ပြောဆိုသော အသံဖိုင်ပေါက်ကြားမှုသည့်ကိစ္စတွင် ကျင့်ဝတ်ဖောက်ပြန်မှုဖြင့် အပြစ်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ပြီးနောက် ထိုင်းဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာအား ရာထူးမှဖယ်ရှား
၄။ ဩဂုတ်လ ၃၀ ရက်နေ့၏ နေ့ထူးနေ့မြတ်
နှင့် ထူးခြားဖြစ်စဉ်များ
- ၁၉၉၁ ခုနှစ်: ဩဂုတ်လ ၃၀ ရက်နေ့သည်ဆိုဗီယက်ယူနီယံမှ ခွဲထွက်ပြီးနောက်
အာဇာဘိုင်ဂျန်နိုင်ငံသည် လွတ်လပ်ရေးကြေညာခဲ့
-နိုင်ငံတကာ ပျောက်ဆုံးသူများနေ့ (International Day of the Disappeared) နိုင်ငံရေး၊ ပဋိပက္ခ သို့မဟုတ် အခြားအကြောင်းများကြောင့် ပျောက်ဆုံးသွားသူများကို အောက်မေ့ဖွယ် ကျင်းပသောနေ့ဖြစ်
၅။ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်တွင် ဦးခေါင်း(၂) လုံး၊ လက်(၃)ချောင်း ဖြစ်နေသည့် ကလေးငယ်မွေးဖွားခဲ့ပြီး လက်ရှိတွင် ရန်ကုန်မြို့ရှိ ဟယ်လ်ပင်ကလေးဆေးရုံကြီး၌ ကုသမှုခံယူနေ
၆။ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို စက်တင်ဘာ ၁ ရက်တွင် စတင်ဝယ်ယူနိုင်ပြီး စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထား တင်သွင်းရမည်
1 week ago | [YT] | 0
View 0 replies
Knowledge & News
📰 ၂၈-၈-၂၀၂၅ ရက်နေ့
ထူးခြားသတင်းနှင့် ဗဟုသုတ
၁။ တေလာဆွစ်ဖ်နှင့် ထရက်ဗစ်ကယ်လ်စ်တို့ စေ့စပ်ပြီး၊
"မင်းရဲ့ အင်္ဂလိပ်စာဆရာနဲ့ မင်းရဲ့ ဂျင်မ်ဆရာ တို့က အိမ်ထောင်ပြုတော့မယ်" ဆိုတဲ့ စာတန်းဖြင့် အင်စတာဂရမ်မှာ တစ်ပြိုင်တည်းပို့စ်တင်ပြီး စေ့စပ်ကြကြောင်းအင်္ဂါနေ့က ကြေညာခဲ့
၂။ တရုတ်ကျောင်းများတွင် ဉာဏ်ရည်တု ဘာသာရပ်ကိုမသင်မနေရ ပြဋ္ဌာန်း၊
သင်ခန်းစာများ၌ ဉာဏ်ရည်တုအကြောင်းအရာများကို သတင်းအချက်အလက်နည်းပညာနှင့် သိပ္ပံကဲ့သို့သော ဘာသာရပ်များတွင် ပေါင်းစပ်သင်ကြား
ခြင်းဖြစ်
၃။ နိုင်ငံကူးလက်မှတ်ပြုလုပ်ရန်အတွက် စာအုပ်ဖိုးငွေကို ယခင် ၄၀၀၀၀ မှ ၄၅၀၀၀ ကျပ်သို့ စက်တင်ဘာလ ၁ရက်နေ့မှ စတင်သတ်မှတ်မည်
၄။ ဩဂုတ်လ ၂၉ ရက်နေ့၏ နေ့ထူးနေ့မြတ်
နှင့် ထူးခြားဖြစ်စဉ်များ
- ၁၉၆၅ ခုနှစ်: ဩဂုတ်လ ၂၉ ရက်တွင်
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက နိုင်ငံပိုင် စက်မှုလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းတဲ့ ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဥပဒေကြောင့် နိုင်ငံပိုင်စီးပွားရေးစနစ်ကို ပိုမိုခိုင်မာစေခဲ့
ပါတယ်။
- ၁၉၉၇ ခုနှစ်: ဩဂုတ်လ ၂၉ ရက်တွင်မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင်လက်ခံခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ မြန်မာနိုင်ငံရဲ့ ဒေသတွင်း ဆက်ဆံရေးအတွက် အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။
၅။ ပူတင်နဲ့ ဇလန်းစကီးတို့ အစ္စတန်ဘူလ်မြို့မှာ တွေ့ဆုံနိုင်ဟု တူရကီဒုသမ္မတပြောကြား
၆။ မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကို
လာမည့် အောက်တိုဘာလ (၄)ရက်တွင် နိုင်ငံတော်အဆင့်ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်
1 week ago | [YT] | 0
View 0 replies
Knowledge & News
📰 ၂၇-၈-၂၀၂၅ ရက်နေ့
ထူးခြားသတင်းနှင့် ဗဟုသုတ
၁။ ယမန်နေ့ ဩဂုတ်လ(၂၆)ရက် ၊ မွန်းလွဲ (၂)နာရီကျော်အချိန်က ညောင်ရွှေမြို့နယ်အတွင်းရှိ အင်လေးဒေသ ကြေးပေါခုံအုပ်စုကန်ခေါင်းရွာတွင် လေပြင်းတို-က်ခတ်ခဲ့မှုကြောင့် လူနေအိမ် ၆၀ ကျော် ပျ-က်စီးဆုံးရှုံးခဲ့
၂။ တိုင်ဖွန်းမုန်တိုင်း ကဂျိကိ ၏ အကြွင်း အကျန်များ မြန်မာနိုင်ငံအတွင်းသို့ဖြတ်ကျော် ဝင်ရောက်နေ၍ ယနေ့ သြဂုတ် ၂၇ မှ စက်တင် ဘာ ၁ အတွင်း မြန်မာတစ်ပြည်လုံးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်း၊ မိုးသည်းထန်ခြင်းနှင့် မိုးသက်လေပြင်းတို-က်ခတ်ခြင်းများဖြစ်ပေါ်နိုင်၊ ၎င်း၏ အကြွင်းအကျန်လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၂၄ နာရီအတွင်း အနောက်ဘက်သို့ ရွေ့လျားကာ ရှမ်း(တောင်)၊ ကယား၊ ကရင် (အထက်)နှင့် နေပြည်တော်တို့ပေါ်တွင် လေဖိ အားနည်းဆဲလ်အဖြစ်အားပျော့ပြီးဖြတ်ကျော်နိုင်၊ လက်ရှိ၌ ထိုင်းနိုင်ငံမြောက်ပိုင်းပေါ်တွင် အကြွင်းအကျန်လေဖိအားနည်းရပ်ဝန်းအဖြစ်အားလျော့သွားပြီဖြစ်
၃။ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် နေထိုင်သည့် အမျိုးသားတစ်ဦးကို ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လူမှုကွန်ရက်တွင်အပြုသဘောမဟုတ်သည့် ရေးသားမှုကြောင့် စံပြနမူနာအဖြစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၂၃(က) အရ အမှုဖွင့် အရေးယူထား၊ ယင်းပုဒ်မကို ဖောက်ဖျက်ကျူးလွန်မိပါက အနည်းဆုံးထောင် (၃) နှစ်မှ အများဆုံး (၇) နှစ်ထိ ချမှတ်နိုင်သည့်အပြင် ငွေဒ ဏ် လည်း ချမှတ်နိုင်
၄။ ဩဂုတ်လ ၂၈ ရက်နေ့၏ နေ့ထူးနေ့မြတ်
နှင့် ထူးခြားဖြစ်စဉ်များ
- ၁၉၆၃ ခုနှစ်: အမေရိကန်ပြည်ထောင်စုတွင်
လူ့အခွင့်အရေးလှုပ်ရှားသူ မာတင်လူသာ
ကင်း ဂျူနီယာ (Martin Luther King Jr.)
က ဝါရှင်တန်မြို့တွင် “I Have a Dream”
ဟူသော နာမည်ကျော် မိန့်ခွန်းကို ပြော
ကြားခဲ့။ ဤမိန့်ခွန်းသည် လူမျိုးရေးခွဲခြားမှု
ကန့်ကွက်ရေးလှုပ်ရှားမှုအတွက် အရေးပါ
သော မှတ်တိုင်တစ်ခု ဖြစ်ခဲ့
၅။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရုတ်သည် မြေရှားသံလိုက်များကို အမေရိကန်ကို ရောင်းမည်လော၊ သို့မဟုတ် အခွန် ၂၀၀ ရာခိုင်နှုန်းဆောင်မည်လော၊ ကျွန်တော်တို့မှာ အံ့ဩလောက်စရာဝှက်ဖ-ဲတွေ ရှိတယ်၊ ဒါပေမယ့် အဲဒီ ဝှက်ဖ-ဲတွေကို ကျွန်တော်တို့ကထုတ်ပြီး မကစားချင်ဘူး။ အဲဒီ ဖ-ဲတွေကို ကျွန်တော် ကစားရင် တရုတ်က ပျ-က်စီးသွားလိမ့်မယ်ဟုပြောကြားခဲ့
၆။ နောင်လာမည့် ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်လောင်းများသည် အစိုးရအသိအမှတ်ပြု တက္ကသိုလ်၊ ကောလိပ်တစ်ခုခုမှ ဘွဲ့ရသူများဖြစ်ရမည်ဖြစ်၍ နိုင်ငံရေးပါတီများအနေဖြင့် ယခုကပင်စ၍ စီစဉ်ထားရန်လိုအပ်မည်
၇။ ရန်ကုန်တိုင်းဒေသကြီးသည် ဓာတ်အားထုတ်လုပ်ရရှိမှု၏ တစ်ဝက်ကျော်ကို ရရှိသုံးစွဲလျက်ရှိ
၈။ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် နေပြည်တော်ရှိ ဇေယျာသီရိမြို့နယ်နှင့်
ပျဉ်းမနားမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေ
၈။ ပြည်တွင်း၌ ပို့ဆောင်နေသည့် ဒယ်လီဗာရီ လုပ်ငန်းများသည် ကုန်ပစ္စည်းများကို ကန့်သတ်မှုများရှိလာ၊ မဖြစ်မနေဆိုပါကထောက်ခံ စာနှင့်အနည်းငယ်မျှသော အရေအတွက်ကို
ပို့ခွင့်ပေး၊ ကန့်သတ်မှုစာရင်းအရ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီ၊ စစ်ကိုင်း၊ မကွေး၊ နေပြည် တော်၊ ပြင်ဦးလွင်တို့ပါဝင်၊ ကန့်သတ် ပစ္စည်းများမှာ ဆိုလာ ၊ လျှပ်စစ်ပစ္စည်း ၊ အလှကုန် ၊ ဆေးဝါး၊ မီးစက်၊ ခြေညှပ်ဖိနပ်၊ အုန်းနို့၊ ဘတ္ထရီ၊ ဆိုဒီယမ်ဆိုင်ယာနိုက်၊ ဆေး၊ အမွှေးတိုင်၊ ဖျာ၊ လက်ကိုင်ဖုန်း၊ ခေါက်ဆွဲ၊ ကြာဇံ၊ ကားတာယာ၊ ချိုချဥ်၊ ဘီစကစ်၊ ပဲငံပြာရည် ၊ ကော်ဖီစေ့၊
အမှုန့်၊ လက်ဖက်ခြောက်၊ လူကြီးဒိုက်ဘာ၊ သစ်သီးမျိုးစုံ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာ၊ ငှက်သိုက်၊ တစ်ရှူး၊ အင်ဂျင်ဝိုင်၊ ကြက်အူချောင်း ၊ မီးလုံး၊ လျှပ်စစ်စက်ဘီး၊ မယ်လမင်း၊ အသင့်သောက်နို့၊ ဒိန်ချဥ်၊ ဓာတ်ခဲ၊ တာယာ၊ ကျွတ်၊ပရုတ်လုံး ၊ ပလပ်စတစ်ခြင်း/ပုံးခွက် ၊ ပါဝါဘန့်တို့ပါဝင်
1 week ago | [YT] | 0
View 0 replies
Knowledge & News
📰 ၂၆-၈-၂၀၂၅ ရက်နေ့
ထူးခြားသတင်းနှင့် ဗဟုသုတ
၁။ တိုင်ဖွန်းမုန်တိုင်း ကာဂျီက(KAJIKI) သည် အင်္ဂါနေ့နံနက်ပိုင်းတွင် လာအိုနိုင်ငံကို ဝင်ရောက်ခဲ့၊ လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ် အားပျော့ကာ ထိုင်းနိုင်ငံ နန်ပြည်နယ်ကို ယနေ့ ညနေပိုင်းတွင် ရောက်ရှိမည်ဖြစ်သည်။
၂။ စာရေးဆရာ ချစ်စံဝင်းသည် အသက် ၈၆ နှစ်အရွယ် ယနေ့ ဩဂုတ် ၂၅ ရက် နံနက် ၁၂ နာရီခွဲက လူကြီးရောဂါဖြင့် ကွယ်လွန်
၃။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ဈေးတစ်ခုရဲ့ အသီးအရွက်တန်းမှာ မြန်မာအမျိုးသမီးအချင်းချင်း နှစ်ရက်ဆက်တိုက် ခိုက်ရန်ဖြစ်ပွားခဲ့လို့ ထိုင်းအာပိုင်တွေ ထိန်းသိမ်းခဲ့ရ
၄။ ဩဂုတ်လ ၂၇ ရက်နေ့၏ နေ့ထူးနေ့မြတ်
နှင့် ထူးခြားဖြစ်စဉ်များ
- မော်လ်ဒိုဗာနိုင်ငံ လွတ်လပ်ရေးနေ့
- ကမ္ဘာ့ကျောက်၊ စက္ကူ၊ ကတ်ကြေးနေ့
(World Rock Paper Scissors Day)
- အပြည်ပြည်ဆိုင်ရာ ထီနေ့
(International Lottery Day)
- အမျိုးသား ရေနံနေ့ (National Petroleum
Day)
၅။ Sky Villa အဆောက်အအုံ A အဆောင်အား ရှင်းလင်းရာမှ ရုပ်အလောင်း ၇လောင်း ယနေ့ ထပ်မံတွေ့ရှိ
၆။ ဩဂုတ်လ ၂၅ ရက်မှ ၃၁ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၆,၃၀ဝ ဖြစ်
၇။ မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာ
ဟင်မ်က မလေးရှားပါလီမန်သို့ရေတပ် တို-က်ခို-က်ရေးဒုံးကျည် ၄၈ ခုကို ၂၀၂၅ ခုနှစ်ကုန်ပိုင်းတွင် ပေးအပ်နိုင်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့
၈။ ဂုတ်ထိပ်တံတားအား မိုင်းထောင်ဖောက်
ခွဲမှုအပေါ် အဖွဲ့အစည်းပေါင်း(၂၀)ကျော်က ကန့်ကွက်ရှုတ်ချ
1 week ago | [YT] | 0
View 0 replies
Knowledge & News
📰 ၂၅-၈-၂၀၂၅ ရက်နေ့
ထူးခြားသတင်းနှင့် ဗဟုသုတ
၁။ အသက် ၇၆ နှစ်အရွယ် သီရိလင်္ကာသမ္မတဟောင်း ရာနီးလ်ဝစ်ခ်ရီမီဆင်းသည် တာဝန်ထမ်းဆောင်စဉ်အချိန်က ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရပြီးနောက် ရေဓာတ်ခန်းခြောက်ခြင်း၊ ဆီးချိုနှင့် သွေးတိုးရောဂါတို့ကြောင့်
ကိုလံဘိုအမျိုးသားဆေးရုံ အရေးပေါ်ကုသရေးဌာနတွင် ဆေးကုသမှုခံယူနေရ
၂။ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲမှာငွေတံဆိပ်ဆုရရှိခဲ့တဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုပွဲ အခမ်းအနားကို ဩဂုတ်လ (၂၄) ရက်နေ့က ရန်ကုန်မြို့ ၊ Novotel Yangon Max မှာကျင်းပပြုလုပ်ခဲ့၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌမှ
မြန်မာအမျိုးသမီးဘောလုံးအသင်းကို
အမေရိကန်ဒေါ်လာ(၈၀,၀၀၀)ချီးမြှင့်ခဲ့
၃။ တိုင်ဖွန်းမုန်တိုင်း KAJIKI အကြွင်းအကျန်များ ဖြတ်ကျော်ဝင်ရောက်နိုင်သဖြင့် တာချီလိတ်မြို့နေ ပြည်သူများ သတိပြုရန်နှင့် ကြိုတင်ပြင်ဆင်ကြရန် ဒေသတွင်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက အသိပေးနှိုးဆော်
၄။ ဩဂုတ်လ ၂၆ ရက်နေ့၏ နေ့ထူးနေ့မြတ်
နှင့် ထူးခြားဖြစ်စဉ်များ
- ၁၉၇၃။ အမျိုးသမီးများ တန်းတူညီမျှခွင့်
ရရှိရေးနေ့ (Women's Equality Day)
အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်
- နမီးဘီးယားနိုင်ငံ၏ သူရဲကောင်းများနေ့
(Heroes' Day)
၅။ နေပြည်တော် ဇေယျာသီရီမြို့ ပင်လောင်းလမ်းဆုံ ကားလမ်းမပေါ်တွင် ယနေ့မနက်ပိုင်းက မိုးများပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်၊ အိုင်စောက်ကျေးရွာအတွင်း ရေဝင်ရောက်နေ
၆။ ပြည်ပဝယ်လိုအားကြောင့် မန္တလေးဈေးကွက်တွင် သဘာဝအလျောက် အလေ့ကျပေါက်လေ့ရှိသော ကြောင်ပန်းပင်မှထွက်ရှိသည့် ကြောင်ပန်းစေ့များ အရောင်းအ၀ယ်သွက် ကြောင်ပန်းစေ့များကို တရုတ်တွင် ဆေးဝါးထုတ်လုပ်ရာ၌ အရေးပါသော ပါ၀င်ပစ္စည်းတစ်မျိုးအဖြစ် သတ်မှတ်သုံးစွဲလာကြခြင်းကြောင့် ဈေးကွက်ခိုင်မာစွာရရှိထားခြင်းဖြစ်
၇။ မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ပြိုကျပျ-က်စီးခဲ့သည့် မန္တလေးရှိ Sky Villa အဆောက်အအံုအတွင်းမှ ရုပ်အလေ-ာင်း (၄)ခုကို ယနေ့ ထပ်မံတွေ့ရှိခဲ့
၈။ ၂၀၂၅ ခုနှစ် အာဆီယံရုပ်ရှင်ပွဲတော်မှာ မြန်မာနိုင်ငံက “ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်” အကယ်ဒမီရ ဇာတ်ကားကြီးကို ပါဝင်ပြသခဲ့၊ ပွဲတော်ကိုဟောင်ကောင်-အာဆီယံဖောင်ဒေးရှင်းက ဩဂုတ်လ ၈ ရက်ကနေ ၃၁ ရက်အထိ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသမှာ ကျင်းပနေ
၉။ ဂျပန်နဲ့စင်ကာပူနှစ်နိုင်ငံဆက်ဆံရေးအတွက် အဓိကကူညီပံ့ပိုးပေးမှုအတွက်
စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီရှန်လွန်းကို ဂျပန်နိုင်ငံရဲ့ဂုဏ်သိက္ခာရှိသော ဂုဏ်ထူး ဆောင် Grand Cordon of the Order of the Rising Sun ကို အပ်နှင်းခဲ့
၁၀။ တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ တိုင်ဖုန်းမုန်တိုင်း ကာဂျီကီ ကြောင့် ဗီယက်နမ် အလယ်ပိုင်းပြည်နယ်တွေက
လူပေါင်း ၅၈၆,၀၀၀ ကျော်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့
၁၁။ အင်ဒိုနီးရှားနိုင်ငံက ကျေးရွာတစ်ရွာမှာပြုလုပ်တဲ့ ပွဲလမ်းသဘင်တစ်ခုမှာ ထရပ်ကားတစ်စီးပေါ်က ဆောင်းဘောက်တစ်ခုရဲ့ပြင်းထန်တဲ့အသံကြောင့် နေအိမ်တစ်ချို့ရဲ့ပြတင်းပေါက်တွေကွဲထွက်ခဲ့ရတဲ့ဖြစ်စဉ်တစ်ခုအပြီးမှာ အင်ဒိုနီးရှားအစိုးရဟာ အရှေ့ဂျာဗားမှာရှိတဲ့ အာဏာပိုင်တွေကတစ်ဆင့် ဆူညံသံအဆင့်ကန့်သတ်ဖို့ ဆောင်းဘောက်တွေကို အသုံးပြုနိုင်တဲ့ အချိန်နဲ့တည်နေရာတွေကိုသတ်မှတ်ဖို့ အမိန့်ထုတ်ပြန်ထား
၁၂။ တိုင်ဖွန်းမုန်တိုင်း “ကဂျိဂိ”အရှိန်ကြောင့် မြန်မာတစ်နိုင်ငံလုံး ယနေ့ မှစ၍ လာမည့် ဩဂုတ်လ (၂၉)ရက်နေ့အတွင်း မိုးထစ်ချုန်းရွာသွန်းနိုင်
1 week ago | [YT] | 0
View 0 replies
Knowledge & News
📰 ၂၃-၈-၂၀၂၅ ရက်နေ့
ထူးခြားသတင်းနှင့် ဗဟုသုတ
၁။ တရုတ်နိုင်ငံ Qinghai (ချင်းဟိုင်)ပြည်နယ် မြစ်ဝါမြစ်ပေါ်က ဆောက်လုပ်နေဆဲတံတားတစ်ခုမှာ ဆက်သွယ်ထားတဲ့ကြိုးတစ်ချောင်း ပြတ်ကျသွားခဲ့ပြီးနောက် အနည်းဆုံးလူ(၁၂)ဦးသေဆုံးခဲ့ပြီး လူ(၄)ဦးပျောက်ဆုံးနေ
၂။ ပြည်ပရောက်မြန်မာအလုပ်သမားတွေရဲ့
အခြေခံလစာ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ထားတဲ့ ဘဏ်ကတစ်ဆင့် မိသားစုထံ ပြန်လည်လွှဲပို့ဖို့ ထုတ်ပြန်ထားပါတယ်။ လွှဲပို့ထားတဲ့ အထောက်အထားတွေကို သြဂုတ်လ (၂၅)ရက်ကစပြီး အေဂျင်စီတွေကို တစ်ရက်လျှင် (၁၀)ခုနှုန်းနှင့် နေပြည်တော်အလုပ်သမားရုံးချုပ်မှာခေါ်ယူ စစ်ဆေးမှာဖြစ်
၃။ Labubu အရုပ်ထုတ်လုပ်ရောင်းချတဲ့ကုမ္ပဏီက ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်မှာတင် အမြတ်ငွေ ၄၀၀ ရာခိုင်နှုန်းနီးပါး ရရှိခဲ့၊ နာမည်ကြီးအရုပ် Hello Kitty ကုမ္ပဏီတို့ထက်အမြတ်ငွေကျော်လွန်ရရှိခဲ့ခြင်းဖြစ်
၄။ ဩဂုတ်လ ၂၄ ရက်နေ့၏ နေ့ထူးနေ့မြတ်
နှင့် ထူးခြားဖြစ်စဉ်များ
- ယူကရိန်းနိုင်ငံသည် ဆိုဗီယက်ယူနီယံထံမှ
လွတ်လပ်ရေး ကြေညာခဲ့သည့် နေ့ဖြစ်
သောကြောင့် ယူကရိန်နိုင်ငံရဲ့ အမျိုးသား
နေ့အဖြစ် သတ်မှတ်ခဲ့
- ခရစ်ယာန်ဘာသာဝင်များအတွက်
အရေးပါသော ဘာသာရေးဆိုင်ရာ
ပွဲတော်နေ့တစ်နေ့ဖြစ်
- ၁၉၉၅ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင်
Microsoft ကုမ္ပဏီမှ Windows 95
ကွန်ပျူတာစက်လည်ပတ်ရေးစနစ်
(Operating System) ကို စတင်ဖြန့်ချိခဲ့
- ပလူတိုဂြိုလ်ကို ဂြိုလ်အဖြစ်မှ လျှော့ချခံခဲ့
သည်ကို အမှတ်တရ သတ်မှတ်ထားသည့်
ပလူတို ဂြိုလ်အဆင့်နှိမ့်ချခံရသာနေ့
(Pluto Demoted Day)
- ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင်
မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြု၍ ပြင်း
အား ၆.၈ အဆင့်ရှိ ငလျင်ကြီးတစ်ခု လှုပ်
ခတ်ခဲ့၊ အဆိုပါ ငလျင်ကြောင့် ရှေးဟောင်း
ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာ ပုဂံ
ဒေသရှိ စေတီပုထိုးများစွာ ပျ-က်စီးဆုံးရှုံးခဲ့
ပြီး ထိခိုက်ေဆုံးမှုများရှိခဲ့။
၅။ တီနီဘရီယိုမိုလီတာ အမည်ရှိ အဝါရောင် ပိုးကောင်တွေဟာ အစားအသောက်တွေ ထုပ်ပိုးရာမှာ အသုံးပြုတဲ့ ပိုလီဆရင်း (polystyrene) အပါအဝင် ပလတ်စတစ်အမျိုးမျိုးကို ချေဖျက်နိုင်တယ်လို့ ဆာဘီးယားသိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့၊
အဲဒီအဝါရောင် ပိုးကောင်တွေကို သူတို့စားနေကျ ပုံမှန်အစားအစာတွေထဲ ပိုလီဆရင်း ထည့်သွင်းကျွေးကြည့်ပြီး လေ့ကျင့်ပေးခဲ့ပါတယ်။ လေ့လာမှုမှတစ်ဆင့် အဲဒီ ပိုးကောင်တွေဟာ ပလတ်စတစ်တွေကို ဇီဝအပျက် အစီးဖြစ်အောင် ထိထိရောက်ရောက်ပြုပြင်နိုင်တာကို တွေ့ရှိခဲ့ခြင်းဖြစ်
၆။ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူတွေ
တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ဖို့အတွက် အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ်
ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမယ့်ပုံစံစာအိတ်တွေကို စာမေးပွဲဖြေဆိုခဲ့သည့် စာစစ်ဌာနကြီးကြပ်ရေးမှူးတွေထံမှာစက်တင်ဘာ(၂)ရက်ကစပြီးထုတ်ယူနိုင်ပြီးဖြစ်
တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာအိတ်ကို စက်တင်ဘာ (၂) ရက်မှ စက်တင်ဘာ (၁၉) ရက်အထိ (ပိတ်ရက်မရှိ) တက္ကသိုလ်တွေက
လက်ခံပေးမှာဖြစ်ပြီး သတ်မှတ်ရက်ထက်နောက်ကျပါက အဆင့်မြင့်ပညာဦးစီးဌာန
(ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြိုနယ်၊ ရန်ကုန်မြို့သို့ ပေးပို့လျှောက်ထားရမည်ဖြစ်
၇။ သားသမီးမရသည့် ဇနီးမောင်နှံများအတွက် သားသမီးရရှိစေရေး ခေတ်မီနည်းပညာများအသုံးပြုကာ စစ်ဆေးဆောင်ရွက်ပေးနေသည့် Fertility Centre ကို ဗဟိုအမျိုးသမီးဆေးရုံကြီး ရန်ကုန်မှာဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးနေ
၈။ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ပွဲစဉ်ဇယားအတွက် မဲနှိုက်ခြင်းကို ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဝါရှင်တန်မှာ ကျင်းပမှာဖြစ်၊ အမေရိက၊
ကနေဒါနှင့် မက္ကဆီကိုတို့က အိမ်ရှင်အဖြစ် ပူးတွဲလက်ခံကျင်းပမှာဖြစ်ပြီး ၄၈ သင်းပါဝင်ယှဥ်ပြိုင်၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲကို ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျင်းပမည်၊ ရက်ပေါင်း ၃၉ ရက်ကြာမြင့်မှာဖြစ်ပြီး စုစုပေါင်း ပွဲစဉ် ၁၀၄ ပွဲ
ယှဉ်ပြိုင်ရမှာဖြစ်
၉။ အငိဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် ASEAN U-16 Women's Championship 2025 ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ယူ-၁၆ အမျိုးသမီးအသင်းမှာ အုပ်စုအဖွင့်ပွဲစဉ်မှာကမ္ဘောဒီးယားအသင်းကို ၄ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့
2 weeks ago | [YT] | 0
View 0 replies
Knowledge & News
📰 ၂၂-၈-၂၀၂၅ ရက်နေ့
ထူးခြားသတင်းနှင့် ဗဟုသုတ
၁။ ရွေးကောက်ပွဲ အပိုင်း (၁)တွင် မြို့နယ်ပေါင်း ၁၀၂ မြို့နယ် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် မြို့နယ်အများဆုံး ပြုလုပ်သွားမည်
၂။ ပြည်ပရောက်မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် အချက်အလက်ဖြည့်သွင်းပြီးသည့် ပုံစံ(၁၅) များကို သက်ဆိုင်ရာသံရုံးများသို့ ဩဂုတ်လ ၂၁ မှ စတင်၍ စက်တင်ဘာလ ၈ ရက်အထိ
ပေးပို့နိုင်၊ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေး ပုံစံ (၁၅) ကို သက်ဆိုင်ရာသံရုံးများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် Website၊ နိုင်ငံခြားရေးဝန်ကြီးဌာန Website နှင့် သက်ဆိုင်ရာသံရုံး Website များမှလည်း Download ရယူနိုင်
၃။ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့်
မသန်စွမ်းသူများကိုယ်တိုင် အခြားသူတစ်ဦးဦး၏ အကူအညီမပါဘဲ လျှို့ဝှက်ဆန္ဒမဲ
ပေးနိုင်မည်ဖြစ်
၄။ ဩဂုတ်လ (၂၃) ရက်နေ့၏ နေ့ထူးနေ့မြတ်
နှင့် ထူးခြားဖြစ်စဉ်များ
- ကျွန်ကုန်ကူးမှုနှင့် ကျွန်စနစ်ပပျောက်ရေး
အထိမ်းအမှတ် နိုင်ငံတကာနေ့
(International Day for the
Remembrance of the Slave Trade and
its Abolition)
- အင်တာနက်သုံးစွဲသူများနေ့
(Internaut Day)
- မျက်မမြင်ခွေးများနေ့
- ၁၉၆၆ ခုနှစ် - နာဆာ၏ Lunar Orbiter 1
အာကာသယာဉ်မှ လ၏ ပတ်လမ်းအတွင်းမှ
ကမ္ဘာမြေ၏ ပထမဆုံးဓာတ်ပုံကို ရိုက်ကူး
နိုင်ခဲ့
- ၁၉၉၀ ခုနှစ် - အာမေးနီးယားနိုင်ငံသည်
ဆိုဗီယက်ယူနီယံထံမှ လွတ်လပ်ရေး
ကြေညာခဲ့
- ၂၀၂၃ ခုနှစ်။ အိန္ဒိယနိုင်ငံ၏ ချန်ဒရာယန်-၃
(Chandrayaan-3) အာကာသယာဉ်သည်
လ၏ တောင်ဝင်ရိုးစွန်းပေါ်သို့ အောင်မြင်
စွာ ဆင်းသက်နိုင်ခဲ့သည့် ပထမဆုံးနိုင်ငံဖြစ်
- ပြင်သစ်ဘုရင် Louis XVI (လူဝီ-၁၆ )၏
မွေးနေ့ (ပြင်သစ်တော်လှန်ရေးမတိုင်မီက
ပြင်သစ်နိုင်ငံ၏ နောက်ဆုံးဘုရင်ဖြစ်)
၅။ ဩဂုတ်လ တတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်ကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်
၆။ တာချီလိတ်မြို့ရှိ မီးပွိုင့်များ၊ ကားဂိတ်များနှင့် ရပ်ကွက်များအတွင်း လိုက်လံတောင်းရမ်း စားသောက်နေသူများကို နေရပ်သို့ ပြန်ပို့ရန် စီစဉ်
၇။ ဗန်ကောက်တွင် သြဂုတ် ၁၈ မှ ၂၁ အထိကျင်းပခဲ့သည့် ၁၉ ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာအားကစားသမားများအနေဖြင့် ဆုဖလားနှင့် ရွှေလေးခု၊ ငွေနှစ်ခု၊ ကြေးသုံးခုဆွတ်ခူး ရရှိထား
၈။ ပြည်တွင်းအခွန်များဦးစီးဌာန၏ အမည်နှင့် Logo ကို အသုံးပြု၍ Online ငွေကြေးလိမ် လည်မှုများဖြစ်ပွားလျက်ရှိ၍ အခွန်ထမ်းပြည်သူများ အထူးသတိပြုကြရန်နှင့် မိမိတို့၏ ကိုယ်ရေးအချက်အလက်များအား ဆက်သွယ်တောင်းခံခြင်း စသည့် ထူးခြားဖြစ်စဉ်များ ကြုံတွေ့ပါက ပြည်တွင်းအခွန် ပြန်ကြားရေးအဖွဲ့ တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃_ဝ၅၃၃၊ ၀၆၇-၃၄၃၊ ဝဝ၁၊၄ သို့ ရုံးချိန်အတွင်း
ဆက်သွယ်စုံစမ်းနိုင်
၉။ ဗန်ကောက်မြို့တရားရုံးသည် ထိုင်းစည်း မျဉ်းခံဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်မှုဖြင့် စွဲချက်တင်ခံထားရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာကို သက်ဆင်အပေါ် စွဲဆိုထားသည့် အမှုနဲ့ပတ်သက်၍ သက်သေ
ခိုင်မာလုံလောက်မှုမရှိဘူးဟုဆိုကာ တရားသေလွှတ်ပေး၊ သက်ဆင်သည် အင်တာဗျူးတစ်ခုတွင် ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက် ခိုက်ခဲ့ကြောင်း စွပ်စွဲမှုများရင်ဆိုင်ခဲ့ရခြင်းဖြစ်
2 weeks ago | [YT] | 0
View 0 replies
Knowledge & News
၂၁-၈-၂၀၂၅ ရက်နေ့
ထူးခြားသတင်းနှင့် အထွေအထွေဗဟုသုတ
၁။ အမေရိကန်ပြည်ထောင်စု၏ အစိုးရအဖွဲ့ရုံးဖြစ်သော အိမ်ဖြူတော်က The White House အမည်ဖြင့် TikTok အကောင့်ကို ဩဂုတ် ၁၉ ရက်၌ တရားဝင်ဖွင့်လှစ်ကာ စတင်အသုံးပြု
၂။ နော်ဝေနိုင်ငံ အိမ်ရှေ့မင်းသမီး၏ ၂၈ နှစ်အရွယ် သားတော် Marius Borg Hoiby ဟာ အမျိုးသမီးလေးဦးကို အဓမ္မပြုကျင့်မှု၊ အိမ်တွင်းအကြမ်းဖက်မှုအပြင် ပြစ်မှု ၃၂ မှုနှင့်
စွဲချက်တင်ခံထားရ
၃။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံဆွေးနွေးမှုသည် ၎င်းတို့လုပ်ဆောင်ဖူးသမျှထဲတွင် အကောင်းဆုံးတွေ့ဆုံမှု တစ်ခုဖြစ်ခဲ့သည်ဟု ယူကရိန်းသမ္မတဇီလန်စကီးက
ချီးကျူး
၄။ ဩဂုတ်လ (၂၁) ရက်နေ့၏ နေ့ထူးနေ့မြတ်
- ကမ္ဘာ့သက်ကြီးရွယ်အိုများနေ့
(World Senior Citizen's Day)
- ကမ္ဘာ့ဆိတ်များနေ့ (World Goat Day)
၅။။ အစ္စရေးနှင့်စစ်ပွဲသည် ယာယီရပ်ဆိုင်းခြင်းမျိုးသာဖြစ်၊ မည့်သည့်အချိန်တွင်မဆို ပြန် လည်ပေါ်ပေါက်လာနိုင်ဟု အီရန်အစိုးရက သတိပေးပြောဆို
၆။ ထိုင်းကုန်စည်များ မြန်မာဘက်သို့
ဝင်ရောက်ခွင့်ပိတ်ထားခြင်းကြောင့် ထိုင်း
ဘက် နယ်စပ်ကုန်သွယ်ရေးတွင် ဘတ်ငွေ ၁၃၀ ဘီလီယံအထိ ဆုံးရှုံးနိုင်
၇။ အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းမှာ
အီရန်ကပြန်လာသည့် ရွှေ့ပြောင်းနေထိုင်သူမများကိုတင်ဆောင်လာသည့် ခရီးသည်တင်ဘတ်စ်ကားတစ်စီးသည် ထရပ်ကားတစ်စီး၊မော်တော်ဆိုင်ကယ်တစ်စီးတို့နဲ့ ဝင်တို-က်မိခဲ့ပြီးနောက် အနည်းဆုံးလူ(၇၈)ဦး ေဆုံ
#သတင်း #ထူးခြား #သတင်း #tiktok #foryou
2 weeks ago | [YT] | 0
View 0 replies
Knowledge & News
📰 ၁၉-၈-၂၀၂၅ ရက်နေ့
ထူးခြားသတင်းနှင့် အထွေအထွေဗဟုသုတ
၁။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ တနင်္ဂနွေနေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများအား စတင်ကျင်းပပြုလုပ်မည်။
၂။ လူ ၅ သိန်းခန့်ရှိ ဆန္ဒပြသူတွေဟာ အစ္စရေးနိုင်ငံ Tel Aviv မြို့မှာ စုဝေးခဲ့ကြပြီး ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန်နှင့် ဖမ်းဆီးခံထားရသည့်
ဓားစာခံအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန်တောင်းဆိုခဲ့ကြ
၃။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ ယူကရိန်းသမ္မတ
ဗိုလိုဒိုမာဇာလန်းစကီးတို့နှင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို လာမည့်သီတင်းပတ်တွင် လုပ်ဆောင်လိုကြောင်း ပြောကြား
၄။ ဩဂုတ်လ (၁၉) ရက်နေ့၏ နေ့ထူးနေ့မြတ်
- ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနေ့ (World Humanitarian Day)
- အပြည်ပြည်ဆိုင်ရာ Orangutan မျောက်ဝံနေ့ (International Orangutan Day)
ဩဂုတ်လ (၁၉) ရက်နေ့၏ ထူးခြားဖြစ်စဉ်
- ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် စာရေးဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခဲ့
၅။ ဩဂုတ်လ (၁၉) ရက်နေ့၏ နေ့ထူးနေ့မြတ်
- ဆီနီဂေါနိုင်ငံ လွတ်လပ်ရေးနေ့ (၁၉၆၀)
- ကမ္ဘာ့ခြင်များနေ့ (World Mosquito Day)
၆။ ယူ-၂၃ အမျိုးသား အာရှဖလားခြေစစ်ပွဲ အုပ်စု(B)ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်၊ စက်တင်ဘာ ၃ ရက်မှ စက်တင်ဘာ ၉ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတွင် တစ်ရက်လျှင် ၂ ပွဲနှုန်းကျင်းပမည်၊ မြန်မာယူ -၂၃ အသင်းက အာရှအင်အားကြီးအသင်း ဂျပန်၊ ကူဝိတ်၊ အာဖဂန်
နစ္စတန်အသင်းတို့နဲ့ ထိပ်တိုက်တွေ့ရမည်
၇။ မြန်မာနိုင်ငံတွင် အရပ်အရှည်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ကိုကောင်းညွန့်ဝေကို
ဂျာမန်ဖိနပ်ထုတ်လုပ်သူ Georg Wessels က ၎င်းအတွက် စိတ်ကြိုက်ပြုလုပ်ပေးထားသော ဖိနပ်အသစ်တစ်ရံကို ဩဂုတ်လ ၁၈ ရက်က ဂျာမန်သံရုံးမှ တစခဆင့် လက်ဆောင်ပေးခဲ့
၈။ ရွှေတိဂုံစေတီတော်သို့ ဇူလိုင်လတွငခပြည်တွင်း ပြည်ပဘုရားဖူးဧည့်သည် (၆)သိန်းဝန်းကျင် လာရောက်ဖူးမြော်ခဲ့၊ သံဃာတော် (၁၁၈၈၇)ပါး၊ သာသနာ့နွယ်ဝင် သီလရှင် (၅၃၂၃) ပါး၊ အမျိုးသား (၂၆၉၆၅၄)ဦး၊ အမျိုးသမီး (၃၀၆၄၈၆) ဦး၊ နိုင်ငံခြားသား (၂၉၁၆) ဦး၊ နိုင်ငံခြားသူ (၃၀၃၅) ဦး စုစု
ပေါ င်း (၅၉၉၃၀၁) ဦး ဖြစ်
၉။ မန္တလေးတွင် အပတ်စဉ် တနင်္လာနေ့တိုင်း ပလက်စတစ်၊ ကြွပ်ကြွပ်အိတ် ကင်းစင်ရေးနေ့ ပြုလုပ်မည်
၁၀။ မေမြို့ အနီးစခန်းက ဓာတ်တော်ချိုင့်ရေတံခွန်သို့ ခရီးသွားစိတ်ဝင်စားမှုမြင့်တက်နေ
၁၁။ ဩဂုတ် (၁၉) ရက် ညနေ (၃)နာရီအချိန်၌ ၂၀၂၅ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ တတိယနေရာအတွက် အိမ်ရှင်ဗီယက်နမ်နှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ရာတွင် ဗီယက်နမ်အသင်းက (၃)ဂိုး (၁)ဂိုးဖြင့် တတိယနေရာ
ရရှိခဲ့
၁၂။ ၂၀၂၅ အာဆီယံအမျိုးသမီး ယူ-၁၆ ပြိုင်ပွဲဝင်ရန် မြန်မာအမျိုးသမီးအသင်း အင်ဒိုနီရှားနိုင်ငံသို့ ထွက်ခွာ၊ ဩဂုတ် (၂၀)ရက်မှ(၂၉)ရက် အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာကာတာမြို့တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုး သမီး ယူ-၁၆ အသင်းသည် အုပ်စု(ခ)တွင် ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့နှင့် တွေ့မည်
2 weeks ago | [YT] | 0
View 0 replies
Load more