Knowledge & News

📰 ၂၆-၈-၂၀၂၅ ရက်‌နေ့
ထူးခြားသတင်းနှင့် ဗဟုသုတ

၁။ တိုင်ဖွန်းမုန်တိုင်း ကာဂျီက(KAJIKI) သည် အင်္ဂါနေ့နံနက်ပိုင်းတွင် လာအိုနိုင်ငံကို ဝင်ရောက်ခဲ့၊ လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ် အားပျော့ကာ ထိုင်းနိုင်ငံ နန်ပြည်နယ်ကို ယနေ့ ညနေပိုင်းတွင် ရောက်ရှိမည်ဖြစ်သည်။

၂။ စာရေးဆရာ ချစ်စံဝင်းသည် အသက် ၈၆ နှစ်အရွယ် ယနေ့ ဩဂုတ် ၂၅ ရက် နံနက် ၁၂ နာရီခွဲက လူကြီးရောဂါဖြင့် ကွယ်လွန်

၃။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ဈေးတစ်ခုရဲ့ အသီးအရွက်တန်းမှာ မြန်မာအမျိုးသမီးအချင်းချင်း နှစ်ရက်ဆက်တိုက် ခိုက်ရန်ဖြစ်ပွားခဲ့လို့ ထိုင်းအာပိုင်တွေ ထိန်းသိမ်းခဲ့ရ

၄။ ဩဂုတ်လ ၂၇ ရက်နေ့၏ နေ့ထူးနေ့မြတ်
နှင့် ထူးခြားဖြစ်စဉ်များ
- မော်လ်ဒိုဗာနိုင်ငံ လွတ်လပ်ရေးနေ့
- ကမ္ဘာ့ကျောက်၊ စက္ကူ၊ ကတ်ကြေးနေ့
(World Rock Paper Scissors Day)
- အပြည်ပြည်ဆိုင်ရာ ထီနေ့
(International Lottery Day)
- အမျိုးသား ရေနံနေ့ (National Petroleum
Day)

၅။ Sky Villa အဆောက်အအုံ A အဆောင်အား ရှင်းလင်းရာမှ ရုပ်အလောင်း ၇လောင်း ယနေ့ ထပ်မံတွေ့ရှိ

၆။ ဩဂုတ်လ ၂၅ ရက်မှ ၃၁ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၆,၃၀ဝ ဖြစ်

၇။ မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာ
ဟင်မ်က မလေးရှားပါလီမန်သို့ရေတပ် တို-က်ခို-က်ရေးဒုံးကျည် ၄၈ ခုကို ၂၀၂၅ ခုနှစ်ကုန်ပိုင်းတွင် ပေးအပ်နိုင်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့

၈။ ဂုတ်ထိပ်တံတားအား မိုင်းထောင်ဖောက်
ခွဲမှုအပေါ် အဖွဲ့အစည်းပေါင်း(၂၀)ကျော်က ကန့်ကွက်ရှုတ်ချ

1 week ago | [YT] | 0