Knowledge & News

📰 ၃၀-၈-၂၀၂၅ ရက်‌နေ့
ထူးခြားသတင်းနှင့် ဗဟုသုတ

၁။ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ယနေ့ ညနေပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့

၂။ သရုပ်ဆောင် ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်တို့ လက်ထပ်တော့မယ်အကြောင်း မကြီးစိုးမှ
"ကိုင်း သူတို့ ဟန်းနီးမွန်းထွက်မှဘဲ
လိုက်နှောက်ယှက်တော့မယ် 😍😍
အသွင်တူတဲ့ လိုက်ဖက်တဲ့ အတွဲလေး
ဒီအမကြီးစိတ်မှာ အထူးကျေနပ် ပီတိ ဖြစ်ရ
ပါတယ်" ဟု FB page တွင် ပိုစ့်တင်ထား

၃။ တိုင်း၊ ပြည်နယ် ၁၅ ခုရှိ လူမှုရေးပင်စင်အစီအစဉ်မှာ အကျိုးခံစားခွင့်ရှိတဲ့ အသက် ၈၅ နှင့်အထက် သက်ကြီးပုဂ္ဂိုလ်တွေကို သက်ဆိုင် ရာမြန်မာ့စီးပွားရေးဘဏ်ခွဲတွေမှာ စက်တင် ဘာလ ၁ ရက်ကနေ နိုဝင်ဘာလ ၂၈ ရက်အထိ ထောက်ပံ့ငွေများ ထုတ်ပေးမည်

အလားတူ ချင်း၊ ကရင်၊ ကယား၊ စစ်ကိုင်း၊ ရှမ်းနှင့် ဧရာဝတီရှိ ငွေကြေးထောက်ပံ့တဲ့ အစီ အစဉ်မှာပါဝင်တဲ့ ကိုယ်ဝန်ဆောင်မိခင်နှင့်အသက် ၂ နှစ် အောက်ကလေးငယ်များအတွက် သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်ခွဲတွေမှာ စက်တင်ဘာ ၂၂ ကနေ ဒီဇင်ဘာလ ၂၂ ထိ ထောက်ပံ့ငွေများ ထုတ်ပေးသွားမှမည်

ထုတ်ယူရာတွင် ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်တွေအနေနဲ့ နိုင်ငံသားအသိအမှတ်ပြုကတ်ပြား(မူရင်း) ယူဆောင်ကာ ထောက်ပံ့ငွေထုတ်ယူရမှာဖြစ်ပြီး ထောက်ပံ့ငွေနဲ့ပတ်သက်လို့ လူမှုဝန်ထမ်းဦးစီးဌာနကို စုံစမ်းမေးမြန်း နိုင်‌ကြောင်း
အသိပေးထုတ်ပြန်ထား

၄။ ဩဂုတ်လ ၃၁ ရက်နေ့၏ နေ့ထူးနေ့မြတ်
နှင့် ထူးခြားဖြစ်စဉ်များ
-၁၉၆၂ ခုနှစ်: ထရီနီဒက်နှင့် တိုဘာဂို (Trinidad and Tobago) သည် ဗြိတိသျှအင်ပါယာမှ လွတ်လပ်ရေး ရရှိခဲ့
-၁၉၉၁ ခုနှစ်: ကာဂျစ္စတန် (Kyrgyzstan) သည် ဆိုဗီယက်ယူနီယံမှ လွတ်လပ်ရေး ကြေညာခဲ့
-၁၉၉၇ ခုနှစ်: ဝေလမင်းသမီး ဒိုင်ယာနာ (Princess Diana) သည် ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကားမတော်တဆမှုဖြင့် ကွယ်လွန်ခဲ့

၅။ တောင်ငူမြို့ရှိ မြစ်ကြီးပေါက်စစ်တောင်းလမ်း၊ အလယ်ကျွန်း ရွှေရှိုင်းလမ်းစသည့် မြေအနိမ့်ပိုင်းနှင့် ချောင်းကမ်း၊ မြစ်ကမ်းပါးများသို့ ရေများဝင်ရောက်နေ

၆။ အပူပိုင်းမုန်တိုင်း ' နောင်ဖ 'အရှိန်ကြောင့်မိုးကြီးလေထန်ပြီး နေရာကွက်၍ရေကြီး၊မြေပြိုနိုင်‌တာကြောင့် မြစ်ချောင်းကမ်းနားအနီးနေထိုင်သူတွေအပြင် ပြည်တွင်းရေကြောင်းနဲ့လေကြောင်းလိုင်းတွေ ၊ဆည်မြောင်းတာတမံတွေကိုပါ လိုအပ်တာတွေ ပြင်ဆင်ကြဖို့ မိုးဇလသတိပေးထား

၇။ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) ၏ Safe Food from Safe Farm (စနေ၊ တနင်္ဂနွေဈေး) ကို ရန်ကုန်မြို့ရှိ မြေပဒေသာကျွန်း၊ ကန်တော်ကြီးတွင် စက်တင်ဘာလ(၁၃)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်‌၍ ဆိုင်ခန်းနေရာများအတွက် စတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်၊ လတ်လတ်ဆတ်ဆတ် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ပန်း‌တွေရောင်းချသွားမှာဖြစ်ပြီး သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် တန်ဖိုးမြှင့်ထုတ်ကုန်တွေလည်း ပါဝင်မှာဖြစ်၊
ဒါအပြင် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် တွေ ပျိုးပင်နဲ့ စိုက်ပျိုးရေးသုံး မြေဩဇာတွေများလည်းပါဝင်မည်ဖြစ်ပြီး ပြည်တွင်းထုတ်ကုန်များကိုသာ ရောင်းချမည်ဖြစ်

1 week ago | [YT] | 0