Knowledge & News
📰 ၂၂-၈-၂၀၂၅ ရက်နေ့ ထူးခြားသတင်းနှင့် ဗဟုသုတ၁။ ရွေးကောက်ပွဲ အပိုင်း (၁)တွင် မြို့နယ်ပေါင်း ၁၀၂ မြို့နယ် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် မြို့နယ်အများဆုံး ပြုလုပ်သွားမည်၂။ ပြည်ပရောက်မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် အချက်အလက်ဖြည့်သွင်းပြီးသည့် ပုံစံ(၁၅) များကို သက်ဆိုင်ရာသံရုံးများသို့ ဩဂုတ်လ ၂၁ မှ စတင်၍ စက်တင်ဘာလ ၈ ရက်အထိ ပေးပို့နိုင်၊ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေး ပုံစံ (၁၅) ကို သက်ဆိုင်ရာသံရုံးများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် Website၊ နိုင်ငံခြားရေးဝန်ကြီးဌာန Website နှင့် သက်ဆိုင်ရာသံရုံး Website များမှလည်း Download ရယူနိုင်၃။ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် မသန်စွမ်းသူများကိုယ်တိုင် အခြားသူတစ်ဦးဦး၏ အကူအညီမပါဘဲ လျှို့ဝှက်ဆန္ဒမဲပေးနိုင်မည်ဖြစ်၄။ ဩဂုတ်လ (၂၃) ရက်နေ့၏ နေ့ထူးနေ့မြတ် နှင့် ထူးခြားဖြစ်စဉ်များ- ကျွန်ကုန်ကူးမှုနှင့် ကျွန်စနစ်ပပျောက်ရေး အထိမ်းအမှတ် နိုင်ငံတကာနေ့ (International Day for the Remembrance of the Slave Trade and its Abolition) - အင်တာနက်သုံးစွဲသူများနေ့ (Internaut Day)- မျက်မမြင်ခွေးများနေ့- ၁၉၆၆ ခုနှစ် - နာဆာ၏ Lunar Orbiter 1 အာကာသယာဉ်မှ လ၏ ပတ်လမ်းအတွင်းမှ ကမ္ဘာမြေ၏ ပထမဆုံးဓာတ်ပုံကို ရိုက်ကူး နိုင်ခဲ့- ၁၉၉၀ ခုနှစ် - အာမေးနီးယားနိုင်ငံသည် ဆိုဗီယက်ယူနီယံထံမှ လွတ်လပ်ရေး ကြေညာခဲ့- ၂၀၂၃ ခုနှစ်။ အိန္ဒိယနိုင်ငံ၏ ချန်ဒရာယန်-၃ (Chandrayaan-3) အာကာသယာဉ်သည် လ၏ တောင်ဝင်ရိုးစွန်းပေါ်သို့ အောင်မြင် စွာ ဆင်းသက်နိုင်ခဲ့သည့် ပထမဆုံးနိုင်ငံဖြစ်- ပြင်သစ်ဘုရင် Louis XVI (လူဝီ-၁၆ )၏ မွေးနေ့ (ပြင်သစ်တော်လှန်ရေးမတိုင်မီက ပြင်သစ်နိုင်ငံ၏ နောက်ဆုံးဘုရင်ဖြစ်)၅။ ဩဂုတ်လ တတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်ကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်၆။ တာချီလိတ်မြို့ရှိ မီးပွိုင့်များ၊ ကားဂိတ်များနှင့် ရပ်ကွက်များအတွင်း လိုက်လံတောင်းရမ်း စားသောက်နေသူများကို နေရပ်သို့ ပြန်ပို့ရန် စီစဉ်၇။ ဗန်ကောက်တွင် သြဂုတ် ၁၈ မှ ၂၁ အထိကျင်းပခဲ့သည့် ၁၉ ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာအားကစားသမားများအနေဖြင့် ဆုဖလားနှင့် ရွှေလေးခု၊ ငွေနှစ်ခု၊ ကြေးသုံးခုဆွတ်ခူး ရရှိထား၈။ ပြည်တွင်းအခွန်များဦးစီးဌာန၏ အမည်နှင့် Logo ကို အသုံးပြု၍ Online ငွေကြေးလိမ် လည်မှုများဖြစ်ပွားလျက်ရှိ၍ အခွန်ထမ်းပြည်သူများ အထူးသတိပြုကြရန်နှင့် မိမိတို့၏ ကိုယ်ရေးအချက်အလက်များအား ဆက်သွယ်တောင်းခံခြင်း စသည့် ထူးခြားဖြစ်စဉ်များ ကြုံတွေ့ပါက ပြည်တွင်းအခွန် ပြန်ကြားရေးအဖွဲ့ တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃_ဝ၅၃၃၊ ၀၆၇-၃၄၃၊ ဝဝ၁၊၄ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင် ၉။ ဗန်ကောက်မြို့တရားရုံးသည် ထိုင်းစည်း မျဉ်းခံဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်မှုဖြင့် စွဲချက်တင်ခံထားရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာကို သက်ဆင်အပေါ် စွဲဆိုထားသည့် အမှုနဲ့ပတ်သက်၍ သက်သေခိုင်မာလုံလောက်မှုမရှိဘူးဟုဆိုကာ တရားသေလွှတ်ပေး၊ သက်ဆင်သည် အင်တာဗျူးတစ်ခုတွင် ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက် ခိုက်ခဲ့ကြောင်း စွပ်စွဲမှုများရင်ဆိုင်ခဲ့ရခြင်းဖြစ်
2 weeks ago | [YT] | 0
Knowledge & News
📰 ၂၂-၈-၂၀၂၅ ရက်နေ့
ထူးခြားသတင်းနှင့် ဗဟုသုတ
၁။ ရွေးကောက်ပွဲ အပိုင်း (၁)တွင် မြို့နယ်ပေါင်း ၁၀၂ မြို့နယ် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် မြို့နယ်အများဆုံး ပြုလုပ်သွားမည်
၂။ ပြည်ပရောက်မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် အချက်အလက်ဖြည့်သွင်းပြီးသည့် ပုံစံ(၁၅) များကို သက်ဆိုင်ရာသံရုံးများသို့ ဩဂုတ်လ ၂၁ မှ စတင်၍ စက်တင်ဘာလ ၈ ရက်အထိ
ပေးပို့နိုင်၊ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေး ပုံစံ (၁၅) ကို သက်ဆိုင်ရာသံရုံးများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် Website၊ နိုင်ငံခြားရေးဝန်ကြီးဌာန Website နှင့် သက်ဆိုင်ရာသံရုံး Website များမှလည်း Download ရယူနိုင်
၃။ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့်
မသန်စွမ်းသူများကိုယ်တိုင် အခြားသူတစ်ဦးဦး၏ အကူအညီမပါဘဲ လျှို့ဝှက်ဆန္ဒမဲ
ပေးနိုင်မည်ဖြစ်
၄။ ဩဂုတ်လ (၂၃) ရက်နေ့၏ နေ့ထူးနေ့မြတ်
နှင့် ထူးခြားဖြစ်စဉ်များ
- ကျွန်ကုန်ကူးမှုနှင့် ကျွန်စနစ်ပပျောက်ရေး
အထိမ်းအမှတ် နိုင်ငံတကာနေ့
(International Day for the
Remembrance of the Slave Trade and
its Abolition)
- အင်တာနက်သုံးစွဲသူများနေ့
(Internaut Day)
- မျက်မမြင်ခွေးများနေ့
- ၁၉၆၆ ခုနှစ် - နာဆာ၏ Lunar Orbiter 1
အာကာသယာဉ်မှ လ၏ ပတ်လမ်းအတွင်းမှ
ကမ္ဘာမြေ၏ ပထမဆုံးဓာတ်ပုံကို ရိုက်ကူး
နိုင်ခဲ့
- ၁၉၉၀ ခုနှစ် - အာမေးနီးယားနိုင်ငံသည်
ဆိုဗီယက်ယူနီယံထံမှ လွတ်လပ်ရေး
ကြေညာခဲ့
- ၂၀၂၃ ခုနှစ်။ အိန္ဒိယနိုင်ငံ၏ ချန်ဒရာယန်-၃
(Chandrayaan-3) အာကာသယာဉ်သည်
လ၏ တောင်ဝင်ရိုးစွန်းပေါ်သို့ အောင်မြင်
စွာ ဆင်းသက်နိုင်ခဲ့သည့် ပထမဆုံးနိုင်ငံဖြစ်
- ပြင်သစ်ဘုရင် Louis XVI (လူဝီ-၁၆ )၏
မွေးနေ့ (ပြင်သစ်တော်လှန်ရေးမတိုင်မီက
ပြင်သစ်နိုင်ငံ၏ နောက်ဆုံးဘုရင်ဖြစ်)
၅။ ဩဂုတ်လ တတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်ကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်
၆။ တာချီလိတ်မြို့ရှိ မီးပွိုင့်များ၊ ကားဂိတ်များနှင့် ရပ်ကွက်များအတွင်း လိုက်လံတောင်းရမ်း စားသောက်နေသူများကို နေရပ်သို့ ပြန်ပို့ရန် စီစဉ်
၇။ ဗန်ကောက်တွင် သြဂုတ် ၁၈ မှ ၂၁ အထိကျင်းပခဲ့သည့် ၁၉ ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာအားကစားသမားများအနေဖြင့် ဆုဖလားနှင့် ရွှေလေးခု၊ ငွေနှစ်ခု၊ ကြေးသုံးခုဆွတ်ခူး ရရှိထား
၈။ ပြည်တွင်းအခွန်များဦးစီးဌာန၏ အမည်နှင့် Logo ကို အသုံးပြု၍ Online ငွေကြေးလိမ် လည်မှုများဖြစ်ပွားလျက်ရှိ၍ အခွန်ထမ်းပြည်သူများ အထူးသတိပြုကြရန်နှင့် မိမိတို့၏ ကိုယ်ရေးအချက်အလက်များအား ဆက်သွယ်တောင်းခံခြင်း စသည့် ထူးခြားဖြစ်စဉ်များ ကြုံတွေ့ပါက ပြည်တွင်းအခွန် ပြန်ကြားရေးအဖွဲ့ တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃_ဝ၅၃၃၊ ၀၆၇-၃၄၃၊ ဝဝ၁၊၄ သို့ ရုံးချိန်အတွင်း
ဆက်သွယ်စုံစမ်းနိုင်
၉။ ဗန်ကောက်မြို့တရားရုံးသည် ထိုင်းစည်း မျဉ်းခံဘုရင်စနစ်ကို ဝေဖန်တိုက်ခိုက်မှုဖြင့် စွဲချက်တင်ခံထားရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာကို သက်ဆင်အပေါ် စွဲဆိုထားသည့် အမှုနဲ့ပတ်သက်၍ သက်သေ
ခိုင်မာလုံလောက်မှုမရှိဘူးဟုဆိုကာ တရားသေလွှတ်ပေး၊ သက်ဆင်သည် အင်တာဗျူးတစ်ခုတွင် ထိုင်းဘုရင်စနစ်ကို ဝေဖန်တိုက် ခိုက်ခဲ့ကြောင်း စွပ်စွဲမှုများရင်ဆိုင်ခဲ့ရခြင်းဖြစ်
2 weeks ago | [YT] | 0