Knowledge & News

📰 ၂၃-၈-၂၀၂၅ ရက်‌နေ့
ထူးခြားသတင်းနှင့် ဗဟုသုတ

၁။ တရုတ်နိုင်ငံ Qinghai (ချင်းဟိုင်)ပြည်နယ် မြစ်ဝါမြစ်ပေါ်က ဆောက်လုပ်နေဆဲတံတားတစ်ခုမှာ ဆက်သွယ်ထားတဲ့ကြိုးတစ်ချောင်း ပြတ်ကျသွားခဲ့ပြီးနောက် အနည်းဆုံးလူ(၁၂)ဦးသေဆုံးခဲ့ပြီး လူ(၄)ဦးပျောက်ဆုံးနေ

၂။ ပြည်ပရောက်မြန်မာအလုပ်သမားတွေရဲ့
အခြေခံလစာ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ထားတဲ့ ဘဏ်ကတစ်ဆင့် မိသားစုထံ ပြန်လည်လွှဲပို့ဖို့ ထုတ်ပြန်ထားပါတယ်။ လွှဲပို့ထားတဲ့ အထောက်အထားတွေကို သြဂုတ်လ (၂၅)ရက်ကစပြီး အေဂျင်စီတွေကို တစ်ရက်လျှင် (၁၀)ခုနှုန်းနှင့် နေပြည်တော်အလုပ်သမားရုံးချုပ်မှာခေါ်ယူ စစ်ဆေးမှာဖြစ်

၃။ Labubu အရုပ်ထုတ်လုပ်ရောင်းချတဲ့ကုမ္ပဏီက ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်မှာတင် အမြတ်ငွေ ၄၀၀ ရာခိုင်နှုန်းနီးပါး ရရှိခဲ့၊ နာမည်ကြီးအရုပ် Hello Kitty ကုမ္ပဏီတို့ထက်အမြတ်ငွေကျော်လွန်ရရှိခဲ့ခြင်းဖြစ်

၄။ ဩဂုတ်လ ၂၄ ရက်နေ့၏ နေ့ထူးနေ့မြတ်
နှင့် ထူးခြားဖြစ်စဉ်များ
- ယူကရိန်းနိုင်ငံသည် ဆိုဗီယက်ယူနီယံထံမှ
လွတ်လပ်ရေး ကြေညာခဲ့သည့် နေ့ဖြစ်
သောကြောင့် ယူကရိန်နိုင်ငံရဲ့ အမျိုးသား
နေ့အဖြစ် သတ်မှတ်ခဲ့
- ခရစ်ယာန်ဘာသာဝင်များအတွက်
အရေးပါသော ဘာသာရေးဆိုင်ရာ
ပွဲတော်နေ့တစ်နေ့ဖြစ်
- ၁၉၉၅ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင်
Microsoft ကုမ္ပဏီမှ Windows 95
ကွန်ပျူတာစက်လည်ပတ်ရေးစနစ်
(Operating System) ကို စတင်ဖြန့်ချိခဲ့
- ပလူတိုဂြိုလ်ကို ဂြိုလ်အဖြစ်မှ လျှော့ချခံခဲ့
သည်ကို အမှတ်တရ သတ်မှတ်ထားသည့်
ပလူတို ဂြိုလ်အဆင့်နှိမ့်ချခံရသာနေ့
(Pluto Demoted Day)
- ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင်
မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြု၍ ပြင်း
အား ၆.၈ အဆင့်ရှိ ငလျင်ကြီးတစ်ခု လှုပ်
ခတ်ခဲ့၊ အဆိုပါ ငလျင်ကြောင့် ရှေးဟောင်း
ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာ ပုဂံ
ဒေသရှိ စေတီပုထိုးများစွာ ပျ-က်စီးဆုံးရှုံးခဲ့
ပြီး ထိခိုက်‌ေဆုံးမှုများရှိခဲ့။

၅။ တီနီဘရီယိုမိုလီတာ အမည်ရှိ အဝါရောင် ပိုးကောင်တွေဟာ အစားအသောက်တွေ ထုပ်ပိုးရာမှာ အသုံးပြုတဲ့ ပိုလီဆရင်း (polystyrene) အပါအဝင် ပလတ်စတစ်အမျိုးမျိုးကို ချေဖျက်နိုင်တယ်လို့ ဆာဘီးယားသိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့၊
အဲဒီအဝါရောင် ပိုးကောင်တွေကို သူတို့စားနေကျ ပုံမှန်အစားအစာတွေထဲ ပိုလီဆရင်း ထည့်သွင်းကျွေးကြည့်ပြီး လေ့ကျင့်ပေးခဲ့ပါတယ်။ လေ့လာမှုမှတစ်ဆင့် အဲဒီ ပိုးကောင်တွေဟာ ပလတ်စတစ်တွေကို ဇီဝအပျက် အစီးဖြစ်အောင် ထိထိရောက်ရောက်ပြုပြင်နိုင်တာကို တွေ့ရှိခဲ့ခြင်းဖြစ်

၆။ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ‌တွေ
တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ဖို့အတွက် အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ်
ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမယ့်ပုံစံစာအိတ်တွေကို စာမေးပွဲဖြေဆိုခဲ့သည့် စာစစ်ဌာနကြီးကြပ်ရေးမှူးတွေထံမှာစက်တင်ဘာ(၂)ရက်ကစပြီးထုတ်ယူနိုင်ပြီးဖြစ်
တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာအိတ်ကို စက်တင်ဘာ (၂) ရက်မှ စက်တင်ဘာ (၁၉) ရက်အထိ (ပိတ်ရက်မရှိ) တက္ကသိုလ်တွေက
လက်ခံပေးမှာဖြစ်ပြီး သတ်မှတ်ရက်ထက်နောက်ကျပါက အဆင့်မြင့်ပညာဦးစီးဌာန
(ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြိုနယ်၊ ရန်ကုန်မြို့သို့ ပေးပို့လျှောက်ထားရမည်ဖြစ်

၇။ သားသမီးမရသည့် ဇနီးမောင်နှံများအတွက် သားသမီးရရှိစေရေး ခေတ်မီနည်းပညာများအသုံးပြုကာ စစ်ဆေးဆောင်ရွက်ပေးနေသည့် Fertility Centre ကို ဗဟိုအမျိုးသမီးဆေးရုံကြီး ရန်ကုန်မှာဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးနေ

၈။ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ပွဲစဉ်ဇယားအတွက် မဲနှိုက်ခြင်းကို ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဝါရှင်တန်မှာ ကျင်းပမှာဖြစ်၊ အမေရိက၊
ကနေဒါနှင့် မက္ကဆီကိုတို့က အိမ်ရှင်အဖြစ် ပူးတွဲလက်ခံကျင်းပမှာဖြစ်ပြီး ၄၈ သင်းပါဝင်ယှဥ်ပြိုင်၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲကို ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျင်းပမည်၊ ရက်ပေါင်း ၃၉ ရက်ကြာမြင့်မှာဖြစ်ပြီး စုစုပေါင်း ပွဲစဉ် ၁၀၄ ပွဲ
ယှဉ်ပြိုင်ရမှာဖြစ်

၉။ အငိဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် ASEAN U-16 Women's Championship 2025 ပြိုင်ပွဲ၌ မြန်မာ့လက်‌ရွေးစင်ယူ-၁၆ အမျိုးသမီးအသင်းမှာ အုပ်စုအဖွင့်ပွဲစဉ်မှာကမ္ဘောဒီးယားအသင်းကို ၄ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့

2 weeks ago | [YT] | 0