Sharing By Ah Nwe

Welcome to Sharing by Ahnwe
မိုးလေဝသ သတင်းတွေနဲ့ နိုင်ငံတကာ သတင်းအပါအဝင် ဗဟုသုတ ရဖွယ်အကြောင်းအရာများကို ပြန်လည်မျှဝေပေးသွားမှာပါ။

Your trusted source for accurate and timely updates on weather conditions and international news.

Every video you see here is personally researched, scripted, narrated, and edited by me to ensure you receive clear, reliable, and insightful information.

Whether it’s daily weather forecasts or breaking global events, my goal is to keep you informed and help you understand the world better.

Thank you for joining this journey of knowledge and awareness. Don’t forget to subscribe and hit the notification bell to stay updated!





Sharing By Ah Nwe

အားလုံးပဲ မင်္ဂလာပါရှင်။ မနက်ဖြန် နိုဝင်ဘာလ ၁၂ ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို တင်ဆက်ပေးပါတော့မယ်။


မနက်ဖြန် နိုဝင်ဘာလ ၁၂ ရက်နေ့ နေလည်အထိ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်မှာ နေရာစိပ်စိပ်၊ မွန်ပြည်နယ်မှာ နေရာကျဲကျဲနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။



တနင်္သာရီတိုင်းမှာ မိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီး အဆိုပါမိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသဖြစ်စဥ်များဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။



မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီးလှိုင်းအမြင့်က ၅ ပေကနေ ၇ ပေခန့်ရှိနိုင်ပါတယ်။


နောက် ၂ ရက်အတွင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါတယ်။

ပုံ - မိုးဇလ

6 days ago | [YT] | 169

Sharing By Ah Nwe

မိုးအကုန် ဆောင်းဝင်ပါတော့မယ်

အားလုံးပဲ မင်္ဂလာပါရှင်။ မနက်ဖြန် နိုဝင်ဘာလ ၁၁ ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို တင်ဆက်ပေးပါတော့မယ်။



လက်ရှိ တောင်တရုတ်ပင်လယ်ထဲမှာ တိုင်ဖွန်းမုန်တိုင်းတစ်ခုရှိနေပေမယ့် အဲဒီမုန်တိုင်းက မြောက်- အရှေ့မြောက်ဘက်ကိုသာ ရွေ့လျားနေတာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံဘက်ကို သက်ရောက်မှု မရှိနိုင်ပါဘူး။


အဲဒါအပြင် ဘင်္ဂလားပင်လယ်အော်ဘက်မှာလည်း ထူးခြားတဲ့ မိုးလေဝသအခြေအနေတွေဖြစ်ပေါ်ဖို့ မရှိတဲ့အတွက် မြန်မာနိုင်ငံဘက်မှာ နိုဝင်ဘာလ ၁၆ ရက်နေ့ကစပြီး မိုးရွာသွန်းမှု ရပ်တန့်ကာ ဖျက်မိုးနဲ့ အခါလွန်မိုးတွေ ရွာသွန်းဖို့မရှိတော့ဘူးလို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။



မိုးအကုန် ဆောင်းအကူးကာလဖြစ်တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ အနောက်ပိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ ၇ ရက်အတွင်း ၁ လက်မအထက်ကနေ ၃ လက်မအထက်အထိ ရွာသွန်းနိုင်ပါသေးတယ်။


မနက်ဖြန် နိုဝင်ဘာလ ၁၁ ရက်နေ့နေ့လည်အထိ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းမှာ နေရာကွက်ကြား၊ နေပြည်တော်နဲ့ ကရင်နီ ကယားပြည်နယ်မှာ နေရာကျဲကျဲ၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းမှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။


ကရင်ပြည်နယ်မှာတော့ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။


နောက် ၂ ရက်အတွင်း ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်ပါတယ်ရှင်။

ပုံ - မိုးဇလ၊ ဦးဝင်းနိုင်

1 week ago | [YT] | 184

Sharing By Ah Nwe

မကြာခင် မိုးကုန်ပြီး ဆောင်းဝင်တော့မယ်


အားလုံးပဲမင်္ဂလာပါရှင်။ မနက်ဖြန် နိုဝင်ဘာလ ၁၀ ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို တင်ဆက်ပေးပါတော့မယ်။



မနက်ဖြန်မွန်းတည့်ချိန်အထိ ကချင်ပြည်နယ်၊ ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်းတို့မှာ နေရာကွက်ကျား၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မ‌ကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ နေရာကျဲကျဲ၊ ကရင်နီ ကယားပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။



ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။



ကရင်နီ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနဲ့ နေပြည်တော်တို့မှာ မိုးတိမ်တောင်တွေဖြစ်ထွန်းမှုအားကောင်းနေပြီး အဆိုပါမိုးတိမ်တောင်တွေ ရွေ့လျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသဖြစ်စဥ်တွေ ဖြစ်ပေါ် နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက သတိပေးထားပါတယ်။



မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်က ၆ ပေကနေ ၈ ပေခန့်ရှိနိုင်ပါတယ်။



နောက် ၂ ရက်အတွက် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာ ည အပူချိန်တွေ အနည်းငယ်လျော့နည်းနိုင်ပါတယ်။



၁၀ ရက်နေ့နောက်ပိုင်းမှာ တနင်္သာရီတိုင်းကလွဲပြီး ကျန်နေရာတွေမှာ မိုးများနိုင်တော့မှာမဟုတ်ကြောင်း မကြာမှီအချိန်မှာ မိုးကာလ ကုန်ဆုံးတော့မှာဖြစ်ကြောင်း သတင်းပါးလိုက်ရပါတယ်ရှင်။


ပုံ - မိုးဇလ

1 week ago (edited) | [YT] | 155

Sharing By Ah Nwe

နိုဝင်ဘာ ၁၁ ရက်နေ့နောက်ပိုင်းမှာ တနင်္သာရီတိုင်းကလွဲပြီး ကျန်ဒေသတွေမှာ မိုးဖွဲဖွဲသာကျတောမယ်

တိုင်ဖွန်းမုန်တိုင်းရဲ့ အကြွင်းအကျန်တွေကြောင့် နိုဝင်ဘာ၈ ရက်နေ့ နေ့လည် ၁၂ နာရီကနေ ၁၁ ရက်နေ့ နေ့လည် ၁၂ နာရီအထိ ကရင်ပြည်နယ်၊ မွန်ပြည်နယ် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း(အရှေ့+အနောက်)၊ တနင်္သာရီတိုင်းတို့မှာ မိုးတသင့်အတင့်ကနေ နေရာကွက်ပြီး မိုးများနိုင်ပါတယ်။



နေပြည်တော်၊ ကရင်နီ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်းနဲ့ မန္တလေးတိုင်းတို့မှာ မိုးအနည်းငယ်ကနေ အသင့်အတင့်ရွာသွန်းနိုင်ပြီး နေရာကွက်ပြီး မိုးများနိုင်ပါတယ်။



မကွေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ မိုးအနည်းငယ်ရွာနိုင်ပါတယ်။


နိုဝင်ဘာလ ၁၁ ရက်နေ့နောက်ပိုင်းမှာတော့ တနင်္သာရီတိုင်းက ဒေသအချို့ကလွဲပြီး ကျန်ဒေသတွေမှာ မိုးဖွဲဖွဲလောက်သာ ကျနိုင်တော့မယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်က အသိပေးထားပါတယ်။


ပုံ - ဦးဝင်းနိုင်

1 week ago | [YT] | 194

Sharing By Ah Nwe

အားလုံးပဲ မင်္ဂလာပါရှင်။ မနက်ဖြန် နိုဝင်ဘာလ ၆ ရက်နေ့အတွက် မိုးလေဝသအခြေအနေတွေကို တင်ဆက်ပေးပါတော့မယ်။


ဘင်္ဂလားပင်လယ်အော်ဘက်က မြန်မာနိုင်ငံအနီးမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းက ဒီကနေ့ နိုဝင်ဘာလ ၅ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ဝင်ရောက်သွားပြီပဲဖြစ်ပါတယ်။


ဒီကနေ့မှာပဲ ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်ကာ တောင်တရုတ်ပင်လယ်ကို ဝင်ရောက်လာတဲ့ တိုင်ဖွန်းမုန်တိုင်းက အားအလွန်ကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းဖြစ်လာပြီး အနောက်ဘက်- ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကို ဆက်ဘက်ရွေ့လျားနိုင်ပြီး နိုဝင်ဘာလ ၆ ရက်နေ့နဲ့ ၇ ရက်နေ့မှာတော့ ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။


အဆိုပါ တိုင်ဖွန်းမုန်တိုင်းရဲ့ မုန်တိုင်းအကြွင်းအကျန်တွေက လာအိုနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကနေတစ်ဆင့် မြန်မာနိုင်ငံနယ်စပ်ကို မြဝတီမြို့အနီးကနေ နိုဝင်ဘာလ ၉ ရက်နေ့မှာ ဖြတ်ကျော်ဝင်ရောက်လာနိုင်ပါတယ်။

ဒါကြောင့် နိုဝင်ဘာလ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်နီ ကယားပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းနဲ့ နေပြည်တော်တို့မှာ မိုးအသင့်အတင့် ရွာသွန်းနိုင်ပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာတော့ နေရာကွက်ပြီး မိုးသည်းထန်နိုင်ပါတယ်။



မနက်ဖြန် နိုဝင်ဘာလ ၆ ရက်နေ့ နေ့လည်အထိ ကရင်နီ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ နေရာကျဲကျဲ၊ ရခိုင်ပြည်နယ်နဲ့ မန္တလေး‌တိုင်းတို့မှာ














နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။



တနင်္သာရီတိုင်းမှာ မိုးတိမ်တောင်တွေဖြစ်ထွန်းမှုအားကောင်းနေပြီး အဲဒီ မိုးတိမ်တောင်တွေရွေ့လျားရာ နေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဥ်တွေ ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက သတိပေးထားပါတယ်။





မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးပါမယ်။ မိုးသက်လေပြင်းကျစဥ် ရေပြင်၊ မြေပြင်လေဟာ တစ်နာရီကို ၂၅ မိုင်ကနေ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်က ၇ပေကနေ ၉ ပေခန့်အထိရှိနိုင်ပါတယ်။

နောက်နှစ်ရက်အတွင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးထစ်ချုန်းကာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်ရှင်။




























ပုံ - မိုးဇလ၊ ဦးဝင်းနိုင်

1 week ago | [YT] | 119

Sharing By Ah Nwe

အားလုံးပဲ မင်္ဂလာပါရှင်။ ဒီကနေ့ နိုဝင်ဘာလ ၅ ရက်နေ့အတွက် မိုးလေဝသအခြေအနေတွေကို တင်ဆက်ပေးပါတော့မယ်။



ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက နိုဝင်ဘာလ ၄ ရက်နေ့မှာ အားပိုကောင်းလာပြီး အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအဆင့်အထိ ရောက်ရှိလာပါတယ်။ အဆိုပါ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းက လက်ရှိ ရခိုင်ကမ်းရိုးတန်းကနေတစ်ဆင့် မြောက်- အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားကာ နောက် ၂၄ နာရီအတွင်းမှာ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းဒေသတွေကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။



အဆိုပါ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်‌သက်ရောက်မှုကြောင့် နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၆ နာရီကနေ နိုဝင်ဘာလ ၆ ရက်နေ့ညနေ ၆ နာရီ ၃၀ မိနစ်အချိန် အထိ ရခိုင်ပြည်နယ်မှာ မိုးရေချိန် ၇ လက်မကနေ ၈ လက်မအထိ ရွာသွန်းရရှိနိုင်ပါတယ်။ ဧရာဝတီတိုင်းမှာတော့ ၅ လက်မအထက်၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ ၄ လက်မအထက်ကနေ ၅ လက်မအထိ၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်မှာ ၃ လက်မအထက်၊ ကရင်နီကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၂ လက်မအထက်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ နေပြည်တော်တို့မှာ ၁ လက်မအထက်ကနေ ၂ လက်မခန့်အထိ၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ ၁ လက်မအောက်စီ အသီးသီးရွာသွန်းနိုင်ပါတယ်။





လက်ရှိမှာ ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်တိုက်ခတ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း ခန့်မေဂီက နိုဝင်ဘာလ ၅ ရက်နေ့မနက်ပိုင်းမှာ တောင်တရုတ်ပင်လယ်အတွင်းကို စတင်ဝင်ရောက်နိုင်ပြီး နေ့လည်ပိုင်းမှာတော့ အားပိုကောင်းလာကာ အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းအဆင့်ကို ရောက်ရှိနိုင်ပါတယ်။ အဆိုပါ အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းက နိုဝင်ဘာလ ၁၀ ရက်နေ့မှာတော့ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းအဆင့်နဲ့ မုန်တိုင်းလမ်းကြောင်းအဆုံးသတ်သွားမှာဖြစ်ပါတယ်။


မြန်မာနိုင်ငံအတွင်းကို မုန်တိုင်းအကြွင်းအကျန်တွေက ၈ ရက်နေ့ကစလို့ ဝင်‌ရောက်လာနိုင်ပါတယ်။ ဒါကြောင့် အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ၆ ရက်နေ့အထိ မိုးအားကောင်းပြီး ၇ ရက်နေ့မှာ မိုးအားယာယီ လျော့နည်းနိုင်ပေမယ့် မုန်တိုင်းအကြွင်းအကျန်တွေကြောင့် ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ မိုးအားပြန်ကောင်းလာနိုင်ပါတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့ကျော်ရင်တော့ မြန်မာတစ်နိုင်ငံလုံးမှာ မိုးအားလျော့နည်းသွားနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။




ဒီကနေ့ နိုဝင်ဘာလ ၅ ရက်နေ့ မွန်းတည့်ချိန်အထိ ကရင်နီ ကယားပြည်နယ်မှာ နေရာကျဲကျဲ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။


ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။


ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ
မိုးတိမ်တောင်တွေဖြစ်ထွန်းမှုအားကောင်းနေပြီး အဲဒီ မိုးတိမ်တောင်တွေရွေ့လျားရာ နေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဥ်တွေ ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက သတိပေးထားပါတယ်။




မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးပါမယ်။ မိုးသက်လေပြင်းကျစဥ် ရေပြင်၊ မြေပြင်လေဟာ တစ်နာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်က ၉ ပေကနေ ၁၁ပေခန့်အထိရှိနိုင်ပါတယ်။

နောက်နှစ်ရက်အတွင်း ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ မိုးထစ်ချုန်းကာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်ရှင်။

ပုံ - ဦးဝင်းနိုင်၊ မိုးဇလ

1 week ago | [YT] | 142

Sharing By Ah Nwe

ပင်လယ်ပြင်က ထူးခြားမိုးလေဝသအခြေအနေတွေနဲ့ မိုးရွာသွန်းနိုင်ချေ



ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း ဧရာဝတီတိုင်းအနောက်ဘက်ကမ်းရိုးတန်းနဲ့ ထိစပ်နေ့တဲ့ အပေါ်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရအပ်ဝန်းက နောက် ၂၄ နာရီအတွင်းမှာ မြောက်ဘက်က မြန်မာ - ဘင်္ဂလား‌ဒေ့ရှ် ကမ်းရိုးတန်းဘက်ကို ဦးတည်ရွေ့လျားနိုင်ပါတယ်။ အဆိုပါလေဖိအားနည်းရပ်ဝန်းက မုန်တိုင်းအဆင့်ထိတော့ မရောက်နိုင်တော့ဘူးလို့ သိရပါတယ်။



• ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းကို ဦးတည်ရွေ့လျားနေတဲ့ တိုင်ဖွန်းမုန်တိုင်းက နိုဝင်ဘာလ ၃ ရက်နေ့ညမှာ ပိုမိုအားကောင်းလာပြီး ဖိလစ်ပိုင်နိုင်ငံကို အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းအဆင့်နဲ့ ဖြတ်ကျော်တိုက်ခတ်ပြီး နိုဝင်ဘာလ ၄ ရက်နေ့ညမှာတော့ တောင်တရုတ်ပင်လယ်အတွင်းကို စတင်ဝင်ရောက်လာနိုင်ပါတယ်။



• တောင်တရုတ်ပင်လယ်အတွင်းအနောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး နိုဝင်ဘာ ၆ ရက်နေ့မှာ ဗီယက်နမ်ကမ်းခြေကို “အားအလွန်ကောင်းသော တိုင်ဖွန်းမုန်တိုင်းနဲ့ ဖြတ်ကျော် ဝင်ရောက်နိုင်ပြီး နိုဝင်ဘာလ ၈ ရက်နေ့ကနေ ၉ ရက်နေ့အတွင်း တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်တွေက ထိုင်းနိုင်ငံမြောက်ပိုင်းကနေတစ်ဆင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းမြောက်ပိုင်းနဲ့ ဧရာဝတီတိုင်းအလယ်ပိုင်းတွေကိုဆက်လက်ဖြတ်ကျော်ကာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း ပင်လယ်ပြင်အထိ ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။




ဒီအခြေအနေတွေကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ ကရင်နီ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့မှာ နိုဝင်ဘာ ၇ ရက်နေ့ တရက် မိုးလေကင်းစင်နိုင်ပြီး နိုဝင်ဘာ ၈ ရက်နေ့မှာ တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်များဝင်ရောက်မှုကြောင့် မိုးပြန်ရွာနိုင်ပါမယ်။




မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေဆီကိုတော့ အားအလွန်ကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန် ဝင်ရောက်နိုင်ချေ အလွန်နည်းပါးပြီး မိုးရွာသွန်းနိုင်ချေလည်း နည်းနိုင်တယ်လို့ ဦးဝင်းနိုင်က အသိပေးထားပါတယ်။



မနက်ဖြန် နိုဝင်ဘာလ ၄ ရက်နေ့အတွက် မိုးရွာသွန်းနိုင်ချေကို ပုံ (၁) တွင်ကြည့်ပါ။



ပုံ - ဦးဝင်းနိုင်

2 weeks ago | [YT] | 105

Sharing By Ah Nwe

ဒီကနေ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ရွာသွန်းရရှိနိုင်တဲ့ မိုးရေချိန် ပမာဏများ


ပုံ - ဦးဝင်းနိုင်

2 weeks ago | [YT] | 47

Sharing By Ah Nwe

အားလုံးပဲ မင်္ဂလာပါရှင်။ မနက်ဖြန် နိုဝင်ဘာလ ၃ ရက်နေ့အတွက် မိုးလေဝသအခြေအနေတွေကို တင်ဆက်ပေးပါတော့မယ်။


ဘင်္ဂလားပင်လယ်အော် - အရှေ့အလယ်ပိုင်း၊ ဧရာဝတီတိုင်း အနောက်ဘက်ကမ်းရိုးတန်းအနီးမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး နိုဝင်ဘာလ ၅ ရက်နေ့ညမှာ ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းကို အများဆုံး မုန်တိုင်းငယ်အဆင့်နဲ့ ဖြတ်ကျော်ဝင်ရောက်သွားနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။



ဖိလစ်ပိုင်အရှေ့ဘက်က အပူပိုင်းမုန်တိုင်းကလည်း မနက်ဖြန် နိုဝင်ဘာလ ၃ ရက်နေ့မှာ တိုင်ဖွန်းမုန်တိုင်းဖြစ်လာပြီး နိုဝင်ဘာလ ၄ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက် နိုဝင်ဘာလ ၅ ရက်နေ့မှာ တောင်တရုတ်ပင်လယ်အတွင်းကို ဝင်ရောက်လာနိုင်ပါတယ်။ အဲဒီတိုင်ဖွန်းမုန်တိုင်းက အနောက်ဘက် ဗီယက်နမ်ကမ်းခြေဘက်ကို ဆက်လက်ရွေ့လျားပြီး ဗီယက်နမ်ကမ်းခြေကို အားအလွန်ကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းအဖြစ်နဲ့ ချဥ်းကပ်နိုင်တယ်လို့ သိရပါတယ်။



ဘင်္ဂလားပင်လယ်အော်ဘက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နိုဝင်ဘာလ ၉ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေရာကျဲကျဲကနေ နေရာစိပ်စိပ်မိုးရွာနိုင်ပြီး တောင်တရုတ်ပင်လယ်ဘက်က တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်တွေ ဝင်ရောက်နိုင်တာကြောင့် နိုဝင်ဘာလ ၇ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ရှမ်းပြည်နယ်၊ ကရင်နီ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတိုင်းတို့မှာ မိုးအသင့်အတင့်ကနေ နေရာကွက်ပြီး မိုးများနိုင်ပါတယ်။


အဆိုပါ လေဖိအားနည်းရပ်ဝန်းနဲ့ တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်တွေကြောင့် တစ်နိုင်ငံလုံးမှာ မိုးအနည်းငယ်ကနေ မိုးအသင့်အတင့် ရွာနိုင်ပြီး အချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးများနိုင်ပါတယ်။
မနက်ဖြန် နိုဝင်ဘာလ ၃ ရက်နေ့ကနေ ၉ ရက်နေ့အထိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ ၇ ရက်အတွင်း မိုးရေချိန် ၅ လက်မအထက် ကနေ ၇ လက်မအထက်အထိ ရွာသွန်းရရှိနိုင်ပါတယ်။
အစွန်းရောက်ရာသီဥတုဖြစ်စဥ်တွေဖြစ်တဲ့ အာပျော့တဲ့ လာနီညာနဲ့ အိန္ဒိယနီညို ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် နိုဝင်ဘာလ ၃၀ ရက်နေ့ မိုးလွန်ကာလ ကုန်ဆုံးတဲ့အထိ မိုးအနည်းငယ်ဆက်လက်ရွာသွန်းနိုင်တဲ့အတွက် အခါလွန်မိုးနဲ့ ဖျက်မိုးအန္တရာယ်ကို ဂရုတစိုက်စောင့်ကြည့်ဖို့ ဦးဝင်းနိုင်က အသိပေးထားပါတယ်။







မနက်ဖြန် နိုဝင်ဘာလ ၃ ရက်နေ့ နေ့လည်အထိ ကရင်နီ ကယားပြည်နယ်မှာ နေရာကျဲကျဲ၊ ချင်းပြည်နယ်၊ မန္တ‌လေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ ‌ဒေသအလိုက်နဲ့ ပဲခူးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။



စစ်ကိုင်းတိုင်းကလွဲပြီး ကျန်တိုင်းအားလုံးနဲ့ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ မိုးတိမ်တောင်တွေဖြစ်ထွန်းမှုအားကောင်းနေပြီး အဲဒီ မိုးတိမ်တောင်တွေရွေ့လျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဥ်တွေ ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက သတိပေးထားပါတယ်။




မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဥ် ရေပြင်၊ မြေပြင်လေဟာ တစ်နာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်က ၈ ပေကနေ ၁၀ ပေခန့်အထိရှိနိုင်ပါတယ်။




နောက်နှစ်ရက်အတွင်း မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ မိုးထစ်ချုန်းကာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်ရှင်။

ပုံ - မိုးဇလ၊ ဦးဝင်းနိုင်

2 weeks ago | [YT] | 142

Sharing By Ah Nwe

အားလုံးပဲ မင်္ဂလာပါရှင်။ မနက်ဖြန် နိုဝင်ဘာလ ၂ ရက်နေ့အတွက် မိုးလေဝသအခြေအနေတွေကို တင်ဆက်ပေးပါတော့မယ်။


ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ နိုဝင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ နောက်ထပက်ထပ်ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀ ရာခိုင်နှုန်းရှိနေပြီး နိုဝင်ဘာလ ၅ ရက်နေ့မှာတော့ မုန်တိုင်းဖြစ်နိုင်ချေက ၉၀ ရာခိုင်နှုန်းကို လျော့ကျသွားတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ ၃ ရက်အတွင်း ရွာသွန်းရရှိနိုင်တဲ့ မိုးရေချိန်တွေကတော့ ဧရာဝတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတို့မှာ ၄ လက်မနဲ့ အထက်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ ၃ လက်မနဲ့ အထက် ရွာနိုင်ပါတယ်။

ကရင်နီ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်း၊ မကွေးတိုင်းတို့မှာ ၂ လက်မ အထက်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ စစ်ကိုင်းနဲ့ ချင်းပြည်နယ်တို့မှာ ၁ လက်မအထက်နဲ့ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ၁ လက်မအောက်စီ အသီးသီး ရွာသွန်းရရှိနိုင်ပါတယ်။


လက်ရှိဖြစ်ပေါ်နေတဲ့ အစွန်းရောက်ရာသီဥတု လာနီညာက ၂၀၂၆ ဖေဖော်ဝါရီလလောက်အထိ ဆက်ရှိအုန်းမှာဖြစ်ပြီး နေ့အပူချိန်မြင့်တက်လာတာတွေ၊ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတက်လာတာတွေ၊ ခံစားရတဲ့အပူချိန်မြင့်တက်လာတာနဲ့အမျှ မီးလောင်နိုင်မယ့် အခြေအနေတွေမြင့်တက်လာမှာဖြစ်ပြီး လေထုညစ်ညစ်မှုတွေလည်း ပိုမိုမြင့်တက်လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကအသိပေးထားပါတယ်။


မနက်ဖြန် နိုဝင်ဘာလ ၂ ရက်နေ့ နေ့လည်အထိ ကရင်နီ ကယားပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာ နေရာကွက်ကျား၊ ကချင်ပြည်နယ်မှာ နေရာကျဲကျဲ၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။
ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနဲ့ နေပြည်တော်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။




စစ်ကိုင်းတိုင်းကလွဲပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေဖြစ်ထွန်းမှုအားကောင်းနေပြီး အဲဒီ မိုးတိမ်တောင်တွေရွေ့လျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဥ်တွေ ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက သတိပေးထားပါတယ်။




မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဥ် ရေပြင်၊ မြေပြင်လေဟာ တစ်နာရီကို မိုင် ၃၀ ကနေ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်က ၈ ပေကနေ ၁၀ ပေခန့်အထိရှိနိုင်ပါတယ်။



နောက်နှစ်ရက်အတွင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ မိုးထစ်ချုန်းကာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်ရှင်။





ပုံ - ဦးဝင်းနိုင်

2 weeks ago (edited) | [YT] | 218