Sharing By Ah Nwe

ပင်လယ်ပြင်က ထူးခြားမိုးလေဝသအခြေအနေတွေနဲ့ မိုးရွာသွန်းနိုင်ချေ



ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း ဧရာဝတီတိုင်းအနောက်ဘက်ကမ်းရိုးတန်းနဲ့ ထိစပ်နေ့တဲ့ အပေါ်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရအပ်ဝန်းက နောက် ၂၄ နာရီအတွင်းမှာ မြောက်ဘက်က မြန်မာ - ဘင်္ဂလား‌ဒေ့ရှ် ကမ်းရိုးတန်းဘက်ကို ဦးတည်ရွေ့လျားနိုင်ပါတယ်။ အဆိုပါလေဖိအားနည်းရပ်ဝန်းက မုန်တိုင်းအဆင့်ထိတော့ မရောက်နိုင်တော့ဘူးလို့ သိရပါတယ်။



• ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းကို ဦးတည်ရွေ့လျားနေတဲ့ တိုင်ဖွန်းမုန်တိုင်းက နိုဝင်ဘာလ ၃ ရက်နေ့ညမှာ ပိုမိုအားကောင်းလာပြီး ဖိလစ်ပိုင်နိုင်ငံကို အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းအဆင့်နဲ့ ဖြတ်ကျော်တိုက်ခတ်ပြီး နိုဝင်ဘာလ ၄ ရက်နေ့ညမှာတော့ တောင်တရုတ်ပင်လယ်အတွင်းကို စတင်ဝင်ရောက်လာနိုင်ပါတယ်။



• တောင်တရုတ်ပင်လယ်အတွင်းအနောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး နိုဝင်ဘာ ၆ ရက်နေ့မှာ ဗီယက်နမ်ကမ်းခြေကို “အားအလွန်ကောင်းသော တိုင်ဖွန်းမုန်တိုင်းနဲ့ ဖြတ်ကျော် ဝင်ရောက်နိုင်ပြီး နိုဝင်ဘာလ ၈ ရက်နေ့ကနေ ၉ ရက်နေ့အတွင်း တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်တွေက ထိုင်းနိုင်ငံမြောက်ပိုင်းကနေတစ်ဆင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းမြောက်ပိုင်းနဲ့ ဧရာဝတီတိုင်းအလယ်ပိုင်းတွေကိုဆက်လက်ဖြတ်ကျော်ကာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း ပင်လယ်ပြင်အထိ ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။




ဒီအခြေအနေတွေကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ ကရင်နီ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့မှာ နိုဝင်ဘာ ၇ ရက်နေ့ တရက် မိုးလေကင်းစင်နိုင်ပြီး နိုဝင်ဘာ ၈ ရက်နေ့မှာ တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်များဝင်ရောက်မှုကြောင့် မိုးပြန်ရွာနိုင်ပါမယ်။




မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေဆီကိုတော့ အားအလွန်ကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန် ဝင်ရောက်နိုင်ချေ အလွန်နည်းပါးပြီး မိုးရွာသွန်းနိုင်ချေလည်း နည်းနိုင်တယ်လို့ ဦးဝင်းနိုင်က အသိပေးထားပါတယ်။



မနက်ဖြန် နိုဝင်ဘာလ ၄ ရက်နေ့အတွက် မိုးရွာသွန်းနိုင်ချေကို ပုံ (၁) တွင်ကြည့်ပါ။



ပုံ - ဦးဝင်းနိုင်

2 weeks ago | [YT] | 105