Sharing By Ah Nwe
အားလုံးပဲ မင်္ဂလာပါရှင်။ မနက်ဖြန် နိုဝင်ဘာလ ၁၂ ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို တင်ဆက်ပေးပါတော့မယ်။ မနက်ဖြန် နိုဝင်ဘာလ ၁၂ ရက်နေ့ နေလည်အထိ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်မှာ နေရာစိပ်စိပ်၊ မွန်ပြည်နယ်မှာ နေရာကျဲကျဲနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။ တနင်္သာရီတိုင်းမှာ မိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီး အဆိုပါမိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသဖြစ်စဥ်များဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီးလှိုင်းအမြင့်က ၅ ပေကနေ ၇ ပေခန့်ရှိနိုင်ပါတယ်။ နောက် ၂ ရက်အတွင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ ပုံ - မိုးဇလ
1 week ago | [YT] | 172
Sharing By Ah Nwe
အားလုံးပဲ မင်္ဂလာပါရှင်။ မနက်ဖြန် နိုဝင်ဘာလ ၁၂ ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို တင်ဆက်ပေးပါတော့မယ်။
မနက်ဖြန် နိုဝင်ဘာလ ၁၂ ရက်နေ့ နေလည်အထိ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်မှာ နေရာစိပ်စိပ်၊ မွန်ပြည်နယ်မှာ နေရာကျဲကျဲနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။
တနင်္သာရီတိုင်းမှာ မိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီး အဆိုပါမိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသဖြစ်စဥ်များဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။
မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီးလှိုင်းအမြင့်က ၅ ပေကနေ ၇ ပေခန့်ရှိနိုင်ပါတယ်။
နောက် ၂ ရက်အတွင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါတယ်။
ပုံ - မိုးဇလ
1 week ago | [YT] | 172