Sharing By Ah Nwe
အားလုံးပဲ မင်္ဂလာပါရှင်။ မနက်ဖြန် နိုဝင်ဘာလ ၆ ရက်နေ့အတွက် မိုးလေဝသအခြေအနေတွေကို တင်ဆက်ပေးပါတော့မယ်။ ဘင်္ဂလားပင်လယ်အော်ဘက်က မြန်မာနိုင်ငံအနီးမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းက ဒီကနေ့ နိုဝင်ဘာလ ၅ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ဝင်ရောက်သွားပြီပဲဖြစ်ပါတယ်။ ဒီကနေ့မှာပဲ ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်ကာ တောင်တရုတ်ပင်လယ်ကို ဝင်ရောက်လာတဲ့ တိုင်ဖွန်းမုန်တိုင်းက အားအလွန်ကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းဖြစ်လာပြီး အနောက်ဘက်- ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကို ဆက်ဘက်ရွေ့လျားနိုင်ပြီး နိုဝင်ဘာလ ၆ ရက်နေ့နဲ့ ၇ ရက်နေ့မှာတော့ ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။ အဆိုပါ တိုင်ဖွန်းမုန်တိုင်းရဲ့ မုန်တိုင်းအကြွင်းအကျန်တွေက လာအိုနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကနေတစ်ဆင့် မြန်မာနိုင်ငံနယ်စပ်ကို မြဝတီမြို့အနီးကနေ နိုဝင်ဘာလ ၉ ရက်နေ့မှာ ဖြတ်ကျော်ဝင်ရောက်လာနိုင်ပါတယ်။ ဒါကြောင့် နိုဝင်ဘာလ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်နီ ကယားပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းနဲ့ နေပြည်တော်တို့မှာ မိုးအသင့်အတင့် ရွာသွန်းနိုင်ပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာတော့ နေရာကွက်ပြီး မိုးသည်းထန်နိုင်ပါတယ်။ မနက်ဖြန် နိုဝင်ဘာလ ၆ ရက်နေ့ နေ့လည်အထိ ကရင်နီ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ နေရာကျဲကျဲ၊ ရခိုင်ပြည်နယ်နဲ့ မန္တလေးတိုင်းတို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ တနင်္သာရီတိုင်းမှာ မိုးတိမ်တောင်တွေဖြစ်ထွန်းမှုအားကောင်းနေပြီး အဲဒီ မိုးတိမ်တောင်တွေရွေ့လျားရာ နေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဥ်တွေ ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက သတိပေးထားပါတယ်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးပါမယ်။ မိုးသက်လေပြင်းကျစဥ် ရေပြင်၊ မြေပြင်လေဟာ တစ်နာရီကို ၂၅ မိုင်ကနေ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်က ၇ပေကနေ ၉ ပေခန့်အထိရှိနိုင်ပါတယ်။ နောက်နှစ်ရက်အတွင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးထစ်ချုန်းကာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်ရှင်။ ပုံ - မိုးဇလ၊ ဦးဝင်းနိုင်
2 weeks ago | [YT] | 119
Sharing By Ah Nwe
အားလုံးပဲ မင်္ဂလာပါရှင်။ မနက်ဖြန် နိုဝင်ဘာလ ၆ ရက်နေ့အတွက် မိုးလေဝသအခြေအနေတွေကို တင်ဆက်ပေးပါတော့မယ်။
ဘင်္ဂလားပင်လယ်အော်ဘက်က မြန်မာနိုင်ငံအနီးမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းက ဒီကနေ့ နိုဝင်ဘာလ ၅ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ဝင်ရောက်သွားပြီပဲဖြစ်ပါတယ်။
ဒီကနေ့မှာပဲ ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်ကာ တောင်တရုတ်ပင်လယ်ကို ဝင်ရောက်လာတဲ့ တိုင်ဖွန်းမုန်တိုင်းက အားအလွန်ကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းဖြစ်လာပြီး အနောက်ဘက်- ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကို ဆက်ဘက်ရွေ့လျားနိုင်ပြီး နိုဝင်ဘာလ ၆ ရက်နေ့နဲ့ ၇ ရက်နေ့မှာတော့ ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။
အဆိုပါ တိုင်ဖွန်းမုန်တိုင်းရဲ့ မုန်တိုင်းအကြွင်းအကျန်တွေက လာအိုနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကနေတစ်ဆင့် မြန်မာနိုင်ငံနယ်စပ်ကို မြဝတီမြို့အနီးကနေ နိုဝင်ဘာလ ၉ ရက်နေ့မှာ ဖြတ်ကျော်ဝင်ရောက်လာနိုင်ပါတယ်။
ဒါကြောင့် နိုဝင်ဘာလ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်နီ ကယားပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းနဲ့ နေပြည်တော်တို့မှာ မိုးအသင့်အတင့် ရွာသွန်းနိုင်ပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာတော့ နေရာကွက်ပြီး မိုးသည်းထန်နိုင်ပါတယ်။
မနက်ဖြန် နိုဝင်ဘာလ ၆ ရက်နေ့ နေ့လည်အထိ ကရင်နီ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ နေရာကျဲကျဲ၊ ရခိုင်ပြည်နယ်နဲ့ မန္တလေးတိုင်းတို့မှာ
နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။
တနင်္သာရီတိုင်းမှာ မိုးတိမ်တောင်တွေဖြစ်ထွန်းမှုအားကောင်းနေပြီး အဲဒီ မိုးတိမ်တောင်တွေရွေ့လျားရာ နေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဥ်တွေ ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက သတိပေးထားပါတယ်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးပါမယ်။ မိုးသက်လေပြင်းကျစဥ် ရေပြင်၊ မြေပြင်လေဟာ တစ်နာရီကို ၂၅ မိုင်ကနေ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်က ၇ပေကနေ ၉ ပေခန့်အထိရှိနိုင်ပါတယ်။
နောက်နှစ်ရက်အတွင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးထစ်ချုန်းကာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်ရှင်။
ပုံ - မိုးဇလ၊ ဦးဝင်းနိုင်
2 weeks ago | [YT] | 119