Sharing By Ah Nwe
အားလုံးပဲ မင်္ဂလာပါရှင်။ မနက်ဖြန် နိုဝင်ဘာလ ၃ ရက်နေ့အတွက် မိုးလေဝသအခြေအနေတွေကို တင်ဆက်ပေးပါတော့မယ်။ ဘင်္ဂလားပင်လယ်အော် - အရှေ့အလယ်ပိုင်း၊ ဧရာဝတီတိုင်း အနောက်ဘက်ကမ်းရိုးတန်းအနီးမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး နိုဝင်ဘာလ ၅ ရက်နေ့ညမှာ ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းကို အများဆုံး မုန်တိုင်းငယ်အဆင့်နဲ့ ဖြတ်ကျော်ဝင်ရောက်သွားနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။ ဖိလစ်ပိုင်အရှေ့ဘက်က အပူပိုင်းမုန်တိုင်းကလည်း မနက်ဖြန် နိုဝင်ဘာလ ၃ ရက်နေ့မှာ တိုင်ဖွန်းမုန်တိုင်းဖြစ်လာပြီး နိုဝင်ဘာလ ၄ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက် နိုဝင်ဘာလ ၅ ရက်နေ့မှာ တောင်တရုတ်ပင်လယ်အတွင်းကို ဝင်ရောက်လာနိုင်ပါတယ်။ အဲဒီတိုင်ဖွန်းမုန်တိုင်းက အနောက်ဘက် ဗီယက်နမ်ကမ်းခြေဘက်ကို ဆက်လက်ရွေ့လျားပြီး ဗီယက်နမ်ကမ်းခြေကို အားအလွန်ကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းအဖြစ်နဲ့ ချဥ်းကပ်နိုင်တယ်လို့ သိရပါတယ်။ ဘင်္ဂလားပင်လယ်အော်ဘက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နိုဝင်ဘာလ ၉ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေရာကျဲကျဲကနေ နေရာစိပ်စိပ်မိုးရွာနိုင်ပြီး တောင်တရုတ်ပင်လယ်ဘက်က တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်တွေ ဝင်ရောက်နိုင်တာကြောင့် နိုဝင်ဘာလ ၇ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ရှမ်းပြည်နယ်၊ ကရင်နီ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတိုင်းတို့မှာ မိုးအသင့်အတင့်ကနေ နေရာကွက်ပြီး မိုးများနိုင်ပါတယ်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းနဲ့ တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်တွေကြောင့် တစ်နိုင်ငံလုံးမှာ မိုးအနည်းငယ်ကနေ မိုးအသင့်အတင့် ရွာနိုင်ပြီး အချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးများနိုင်ပါတယ်။ မနက်ဖြန် နိုဝင်ဘာလ ၃ ရက်နေ့ကနေ ၉ ရက်နေ့အထိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ ၇ ရက်အတွင်း မိုးရေချိန် ၅ လက်မအထက် ကနေ ၇ လက်မအထက်အထိ ရွာသွန်းရရှိနိုင်ပါတယ်။ အစွန်းရောက်ရာသီဥတုဖြစ်စဥ်တွေဖြစ်တဲ့ အာပျော့တဲ့ လာနီညာနဲ့ အိန္ဒိယနီညို ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် နိုဝင်ဘာလ ၃၀ ရက်နေ့ မိုးလွန်ကာလ ကုန်ဆုံးတဲ့အထိ မိုးအနည်းငယ်ဆက်လက်ရွာသွန်းနိုင်တဲ့အတွက် အခါလွန်မိုးနဲ့ ဖျက်မိုးအန္တရာယ်ကို ဂရုတစိုက်စောင့်ကြည့်ဖို့ ဦးဝင်းနိုင်က အသိပေးထားပါတယ်။ မနက်ဖြန် နိုဝင်ဘာလ ၃ ရက်နေ့ နေ့လည်အထိ ကရင်နီ ကယားပြည်နယ်မှာ နေရာကျဲကျဲ၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ ဒေသအလိုက်နဲ့ ပဲခူးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ စစ်ကိုင်းတိုင်းကလွဲပြီး ကျန်တိုင်းအားလုံးနဲ့ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ မိုးတိမ်တောင်တွေဖြစ်ထွန်းမှုအားကောင်းနေပြီး အဲဒီ မိုးတိမ်တောင်တွေရွေ့လျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဥ်တွေ ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက သတိပေးထားပါတယ်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဥ် ရေပြင်၊ မြေပြင်လေဟာ တစ်နာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်က ၈ ပေကနေ ၁၀ ပေခန့်အထိရှိနိုင်ပါတယ်။ နောက်နှစ်ရက်အတွင်း မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ မိုးထစ်ချုန်းကာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်ရှင်။ ပုံ - မိုးဇလ၊ ဦးဝင်းနိုင်
2 weeks ago | [YT] | 142
Sharing By Ah Nwe
အားလုံးပဲ မင်္ဂလာပါရှင်။ မနက်ဖြန် နိုဝင်ဘာလ ၃ ရက်နေ့အတွက် မိုးလေဝသအခြေအနေတွေကို တင်ဆက်ပေးပါတော့မယ်။
ဘင်္ဂလားပင်လယ်အော် - အရှေ့အလယ်ပိုင်း၊ ဧရာဝတီတိုင်း အနောက်ဘက်ကမ်းရိုးတန်းအနီးမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး နိုဝင်ဘာလ ၅ ရက်နေ့ညမှာ ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းကို အများဆုံး မုန်တိုင်းငယ်အဆင့်နဲ့ ဖြတ်ကျော်ဝင်ရောက်သွားနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။
ဖိလစ်ပိုင်အရှေ့ဘက်က အပူပိုင်းမုန်တိုင်းကလည်း မနက်ဖြန် နိုဝင်ဘာလ ၃ ရက်နေ့မှာ တိုင်ဖွန်းမုန်တိုင်းဖြစ်လာပြီး နိုဝင်ဘာလ ၄ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက် နိုဝင်ဘာလ ၅ ရက်နေ့မှာ တောင်တရုတ်ပင်လယ်အတွင်းကို ဝင်ရောက်လာနိုင်ပါတယ်။ အဲဒီတိုင်ဖွန်းမုန်တိုင်းက အနောက်ဘက် ဗီယက်နမ်ကမ်းခြေဘက်ကို ဆက်လက်ရွေ့လျားပြီး ဗီယက်နမ်ကမ်းခြေကို အားအလွန်ကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းအဖြစ်နဲ့ ချဥ်းကပ်နိုင်တယ်လို့ သိရပါတယ်။
ဘင်္ဂလားပင်လယ်အော်ဘက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နိုဝင်ဘာလ ၉ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေရာကျဲကျဲကနေ နေရာစိပ်စိပ်မိုးရွာနိုင်ပြီး တောင်တရုတ်ပင်လယ်ဘက်က တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်တွေ ဝင်ရောက်နိုင်တာကြောင့် နိုဝင်ဘာလ ၇ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ရှမ်းပြည်နယ်၊ ကရင်နီ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတိုင်းတို့မှာ မိုးအသင့်အတင့်ကနေ နေရာကွက်ပြီး မိုးများနိုင်ပါတယ်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းနဲ့ တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်တွေကြောင့် တစ်နိုင်ငံလုံးမှာ မိုးအနည်းငယ်ကနေ မိုးအသင့်အတင့် ရွာနိုင်ပြီး အချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးများနိုင်ပါတယ်။
မနက်ဖြန် နိုဝင်ဘာလ ၃ ရက်နေ့ကနေ ၉ ရက်နေ့အထိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ ၇ ရက်အတွင်း မိုးရေချိန် ၅ လက်မအထက် ကနေ ၇ လက်မအထက်အထိ ရွာသွန်းရရှိနိုင်ပါတယ်။
အစွန်းရောက်ရာသီဥတုဖြစ်စဥ်တွေဖြစ်တဲ့ အာပျော့တဲ့ လာနီညာနဲ့ အိန္ဒိယနီညို ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် နိုဝင်ဘာလ ၃၀ ရက်နေ့ မိုးလွန်ကာလ ကုန်ဆုံးတဲ့အထိ မိုးအနည်းငယ်ဆက်လက်ရွာသွန်းနိုင်တဲ့အတွက် အခါလွန်မိုးနဲ့ ဖျက်မိုးအန္တရာယ်ကို ဂရုတစိုက်စောင့်ကြည့်ဖို့ ဦးဝင်းနိုင်က အသိပေးထားပါတယ်။
မနက်ဖြန် နိုဝင်ဘာလ ၃ ရက်နေ့ နေ့လည်အထိ ကရင်နီ ကယားပြည်နယ်မှာ နေရာကျဲကျဲ၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ ဒေသအလိုက်နဲ့ ပဲခူးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။
စစ်ကိုင်းတိုင်းကလွဲပြီး ကျန်တိုင်းအားလုံးနဲ့ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ မိုးတိမ်တောင်တွေဖြစ်ထွန်းမှုအားကောင်းနေပြီး အဲဒီ မိုးတိမ်တောင်တွေရွေ့လျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဥ်တွေ ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက သတိပေးထားပါတယ်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဥ် ရေပြင်၊ မြေပြင်လေဟာ တစ်နာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်က ၈ ပေကနေ ၁၀ ပေခန့်အထိရှိနိုင်ပါတယ်။
နောက်နှစ်ရက်အတွင်း မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ မိုးထစ်ချုန်းကာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်ရှင်။
ပုံ - မိုးဇလ၊ ဦးဝင်းနိုင်
2 weeks ago | [YT] | 142