DHAMMA KARMA CHANNEL

ဓမ္မကုသိုလ်များရရှိကြပါစေခင်ဗျ🙏🙏🙏


DHAMMA KARMA CHANNEL

ဝေဖန်ခြင်းနှင့် ပုတ်ခတ်ခြင်း
🌲🌲🌲🌲🌲🌲🌲🌲🌲🌲

ဝေဖန်ခြင်းနှင့် ပုတ်ခတ်ခြင်းမတူဘူး။

#ဝေဖန်ခြင်းဆိုတာ သူ့အမှားသူ ပြန်စဉ်းစားနိုင်အောင် ယဉ်ယဉ်ကျေးကျေး အေးအေးဆေးဆေးသုံးသပ်ပြတာ၊ မေတ္တာ ပညာ အကြင်နာနဲ့ ပြောတာ။

#ပုတ်ခတ်ခြင်းဆိုတာ သူ့အမှားကို ချက်ကောင်းယူပြီး စော် ကားတာ၊ အမုန်းတွေ ဒေါသတွေနဲ့ ချေဖျက်ပစ်တာ၊ သူတစ်ချက်မှား တာကို ဆယ်ချက်လောက်အပြစ်ပြောတာ။

ဝေဖန်ခြင်းဟာ #သူရောကိုယ်ပါ ချမ်းသာစေတယ်။

ပုတ်ခတ်ခြင်းဟာ #သူကိုယ်မခွဲ ဆင်းရဲစေပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

၁၉၉၇ ခုနှစ်၊ နတ်တလူတောရ သြဝါဒများမှ

8 months ago | [YT] | 26

DHAMMA KARMA CHANNEL

🙏🙏🙏🙏🙏🙏🙏🙏🙏🙏

🪷အကျင့်ကောင်း တစ်ခုဖြစ်ဖို့🪷

မိမိရဲ့သဏ္ဍန်မှာ
အကျင့်ကောင်းတစ်ခု ဖြစ်ဖို့ဆိုရင်ကောင်းတဲ့ အကျင့်ကို
ထပ်တလဲလဲ အကြိမ်ပေါင်းများစွာလေ့ကျင့်ပေးဖို့ လိုပါတယ် •••

ကောင်းတဲ့အကျင့်ဆိုတာက ကောင်းပေမယ့် ပုထုဇဉ်တွေက မကြိုက်တာ များပါတယ် •••

ကြိုက်လို့ ကောင်းနေတဲ့
ကြိုက်ကောင်း ဆိုတာကတော့ အကုသိုလ်တွေပဲ ဖြစ်ဖို့များပါတယ် •••

ပုထုဇဉ်ဆိုတာ အကုသိုလ်မှာပဲပျော်မွေ့တတ်တာ မဟုတ်လား ? •••

ဒါတွေကို ထပ်ခါတလဲလဲ ပြုလုပ်တော့ ဒု - မကောင်းမှု့ကို စရိတ - ပြုကျင့်တာဖြစ်သောကြောင့် မိမိသဏ္ဍန်မှာ ဒုစရိုက်ကိန်းတယ်လို့ ခေါ်ပါတယ် •••

ကိုယ်မကြိုက်ပေမယ့်
အမှန်တကယ် ကောင်းတဲ့
တကယ့် အကောင်းကတော့ -
❝ ကုသိုလ် ❞ ဖြစ်တာများပါတယ် •••

သူတော်ကောင်းတွေကတော့
ကုသိုလ်တရားနဲ့သာ ပျော်မွေ့တတ်ပါတယ် •••

ဒါကို
ထပ်ခါတလဲလဲပြုလုပ်တော့ -
ငါ - ကောင်းမှု့ကို
စရိတ - ပြုကျင့်တာ ဖြစ်သောကြောင့်
မိမိသဏ္ဍန်မှာ
သုစရိုက်ကိန်းတယ်လို့ ခေါ်ပါတယ် •••

🙏မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး🙏

8 months ago | [YT] | 19

DHAMMA KARMA CHANNEL

#မဂ်တစ်ပြိုင်တည်းပေါ်တယ်
====================

ဒါလေးသေသေချာချာမှတ်လိုက်စမ်းပါ ••• ဒီဒုက္ခဆုံးတဲ့အချိန်နဲ့ ဒီက သမုဒယချုပ်တဲ့အချိန်နဲ့ မဂ်ပေါ်တဲ့အချိန် တစ်ပြိုင်တည်းပဲ ••• { မှန်ပါ့ } ။

ဒါဖြင့် ဒုက္ခရယ် ၊ ဒုက္ခအဆုံးရယ် ၊ ကိလေသာသေတာရယ် ၊ မဂ်ပေါ်တာရယ် တစ်ပြိုင်တည်းနော် ၊ ရိပ်မိပလား ••• { ရိပ်မိပါပြီဘုရား } ။

ခင်ဗျားတို့အားထုတ်ကြည့်ပါ ၊ အားထုတ်ကြည့်လိုက်တဲ့အခါကျတော့ •••
ဝိပရိဏာမ ရအောင်သာအားထုတ်လို့ရှိရင်ဖြင့် ••• ခင်ဗျားတို့ ဒုက္ခအဆုံးတွေ့လိမ့်မယ် ၊ ဒုက္ခလဲတွေ့မယ် ၊ ဒုက္ခအဆုံးလဲတွေ့မယ် ၊ ••• { မှန်ပါ } ။

ဒုက္ခက ••• ဒုက္ခသစ္စာ ၊ အဆုံးက ••• နိရောဓသစ္စာ ၊ မြင်တာက ••• မဂ္ဂသစ္စာ ၊
ငြိမ်းတာက ••• သမုဒယသေတာ ။ သမုဒယသေတဲ့အခါ ••• အပူဓာတ်ငြိမ်းသွားတယ် ။ ရိပ်မိပလား ••• { ရိပ်မိပါပြီဘုရား } ။

ဒါကြောင့် ရေအိုးတစ်ထောင်နဲ့ လောင်းဘိသကဲ့သို့ ခန္ဓာကိုယ်ထဲမှာ အေးရမယ် ၊ ခန္ဓာကိုယ်ထဲမှာအေးအောင် ရေအိုးတစ်ထောင်နဲ့ လောင်းဘိသကဲ့သို့ ခန္ဓာကိုယ်အေးရမယ်လို့ " ပဏ္ဏာသအဋ္ဌကထာ " ဖွင့်လိုက်တယ် { မှန်ပါ } ။

အဲဒါကြောင့် ဝိပဿနာမဂ္ဂင်ဖြစ်တုန်းကတော့ ••• ဖြစ်ပျက်ကို အာရုံပြုတယ် ၊
ဝိပရိဏာမဒုက္ခမြင်နေတယ် ၊ တကယ့်မဂ်စစ်လာတဲ့အခါ ••• ဝိပရိဏာမဒုက္ခ မမြင်ဘဲနဲ့ ၊ ဝိပရိဏာမအဆုံးသွားမြင်တယ် ၊ ရိပ်မိပလား { ရိပ်မိပါပြီဘုရား } ။

ဝိပရိဏာမအဆုံးသွားမြင်တယ်ဆိုတော့ ••• ဒကာ ဒကာမတွေ ဥာဏ်အဆုံးသွားမြင်တယ် ၊ ဒါဖြင့် ••• ဒုက္ခအဆုံးဆိုတာ ••• နိရောဓသစ္စာ ၊ ဒုက္ခအဆုံးမြင်တာက ••• မဂ္ဂသစ္စာ ••• { မှန်ပါ့ } ။

▪️#မဂ်စစ်လက္ခဏာ
▪️မဂ္ဂသစ္စာလဲဝင်ပါရော ••• ဒကာ ဒကာမတို့ လူသောတာပန်ဖြစ်ရင် ထောင့်ငါးရာကိလေသာတွေဟာ ••• လေးပိုင်းတစ်ပိုင်းငြိမ်းတယ် ၊ ရဟန္တာဖြစ်ရင် ••• အကုန်ငြိမ်းတယ်ဆိုတော့ ••• အေးမလား , မအေးဘူးလား { အေးပါတယ်ဘုရား } ၊ အပူဓာတ်ငြိမ်းတော့ ဘာဖြစ်မယ်ထင်သလဲ ••• { အေးပါတယ် } ။

နှလုံးကိုငြိမ်းအေးခြင်းလက္ခဏာရှိတယ် ၊ မဂ်က ••• မဂ္ဂသစ္စာလာရင် နှလုံးအေးရမယ် ၊ အဲဒီအေးတာလေးသည် ••• ကိလေသာအပူငြိမ်း၍အေးသည် •••
{ မှန်ပါ } ၊

ကိလေသာအပူငြိမ်း၍အေးသည် ၊ ဒါကြောင့် မသာကိစ္စ လှချင်လို့ရှိရင် ခင်ဗျားတို့ ဒီအလုပ်ကိုလုပ်ပါ ၊ ဒီထက်ပိုပြီးကြိုးစားလိုက်လို့ ရဟန္တာအဖြစ်ကို ရောက်မယ်ဆိုရင် ••• မသာမဟုတ်တော့ဘူး ၊ သူများကိုးကွယ်ရာ ဖြစ်မယ် ၊ ဓာတ်တော်တွေကျလာလိမ့်မယ် ၊ ••• { တင်ပါ့ဘုရား } ။

သူများတံတွေးထွေးတဲ့ အဆင့်ရောက်သေးရဲ့လား { မရောက်ပါဘူး } ၊ ဓာတ်တော်တွေဖြစ်လာတဲ့အခါကျတော့ ••• ဟိုအိမ်ကပူဇော်ချင် ၊ ဒီအိမ်ကပူဇော်ချင်နဲ့ ခင်ဗျားတို့အဖိုးမတန်ဘူးလား { တန်ပါတယ်ဘုရား } ။

ဒီအတိုင်းသေကြမယ်ဆိုရင် ••• ဓာတ်တော်မကျနိုင်လို့ , တော်ကြာဖောင်းကြွလာလို့ ••• ခွေးတွေ ဘာတွေရောက်လာလို့ရှိရင် အင်မတန်အကျည်းတန်အရုပ်ဆိုးတဲ့ အဓိပ္ပါယ်ရောက်သွားလိမ့်မယ် ။ အဲဒီတော့ ••• ခင်ဗျားတို့ဟာ " အသေလဲမလှ ၊ အနေလဲမလှ " ••• ဒီလိုဖြစ်မှာ မစိုးရိမ်ရဘူးလား ••• { စိုးရိမ်ရပါတယ်ဘုရား } ။

အဲဒါဖြင့် ••• သမာဓိမဂ္ဂင်လုပ်စမ်းပါ ၊ ဒါ တိုက်တွန်းတာနော် ••• { မှန်ပါ့ } ။

သမာဓိမဂ္ဂင်ဖိလုပ်သွားလို့ရှိရင်ဖြင့် ••• ခုန မသာဖိတ်စာလဲလှ ၊ ခန္ဓာကိုယ်ကြီးလဲဓာတ်တော်ကျလို့ အများပူဇော်ကြမယ် { မှန်ပါ့ဘုရား } ။

{ #ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး } ။

8 months ago | [YT] | 17

DHAMMA KARMA CHANNEL

🙏🙏🙏🙏🙏🙏🙏🙏🙏🙏

🪷" နိဗ္ဗိန္ဒဉာဏ် "🪷

လောကမှာ သက်ရှိ သက်မဲ့ အရာအားလုံးဟာ
"သင်္ခါရ" တရားတွေပဲ ။

မိမိတို့သန္တာန်မှာ ရှိတဲ့
သဘောတရား လေးတွေကလည်း"သင်္ခါရ" တရားတွေပါပဲ ။

ဘာကြောင့်သင်္ခါရလို့ ပြောရတာလဲ ဆိုတော့
"အကြောင်းကြောင့် ဖြစ်လာတဲ့ အကျိုးတွေ" မို့
သင်္ခါရ တရားလို့ ခေါ်ပါတယ်။

ရုပ်ဓမ္မကိုပဲ ကြည့်ကြည့်၊
နာမ်ဓမ္မကိုပဲ ကြည့်ကြည့်၊
အားလုံးဟာ အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးတရားတွေ ချည်းပါပဲ။
အကြောင်း မပါပဲ ဖြစ်လာတာ
တစ်ခုမှ မရှိပါဘူး။

အဲဒီ သင်္ခါရ တရားတွေဟာ
အနိစ္စ မမြဲပါဘူး၊
ပျက်စီးတတ် ပါတယ်တဲ့။

ဘုန်းကြီးတို့ ပရိတ်သတ်တွေဟာ ဝိပဿနာတရားအားထုတ်တဲ့ နေရာမှာ

ပထမဆုံး, သင်္ခါရ တရားကို
မြင်အောင် ကြည့်ရပါမယ်၊
ဒုတိယ, အနိစ္စ မမြဲတဲ့ သဘောကို မြင်အောင် ကြည့်ရပါမယ်။

ထွက်လေလေး ဖြစ်လာခြင်းသည် ဝင်လေ ပျက်သွားလို့သာ ဖြစ်တယ်၊
ဝင်လေ မပျက်ရင် ထွက်လေ မဖြစ်နိုင်ပါဘူး။
ဒါကြောင့် ဝင်လေ ပျက်ခြင်းက အကြောင်းတရား၊
ထွက်လေ ဖြစ်ခြင်းက အကျိုးတရားပါပဲ။

ထိုနည်းအတိုင်းပါပဲ၊
ထွက်လေ ပျက်သွားခြင်းက အကြောင်းတရား၊
ဝင်လေ ဖြစ်လာခြင်းက အကျိုးတရားပါ။

ဝင်လေကလည်း ဖြစ်ပြီး ပျက်တယ်၊ထွက်လေကလည်း ဖြစ်ပြီးတော့ ပျက်တယ်၊
ဒီသဘောလေးကို စိတ်ထဲ မြင်အောင် ကြည့်ပေးရင်
ရုပ်ရဲ့ ဖြစ်ပျက် သဘောကို မြင်ပါလိမ့်မယ်၊

ဝင်လေ ထွက်လေရဲ့ သဘောကို သိ,သိ, ပေးနေတာက နာမ်ရဲ့သဘောပါ၊

သိမှုဆိုတဲ့ နာမ်တရား လေးကလည်း တစ်ခု သိလိုက် ပျက်သွားလိုက်နဲ့ အမြဲတမ်းဖောက်ပြန် ပျက်စီး နေပါတယ်။

ဪ..ဒါလေးက ရုပ်တရား၊ ဖြစ်ပြီး ပျက်တယ်၊
ဒါလေးကလည်း နာမ်တရား၊ ဖြစ်ပြီး ပျက်တယ်၊
အဲဒီလို သိလိုက်မယ် ဆိုရင်

ရုပ်တရား နာမ်တရားကို သိတာက သင်္ခါရကို သိတယ်လို့ ခေါ်ပါတယ်၊ပျက်တဲ့ သဘောလေးကို သိတာက
အနိစ္စကို သိတယ်လို့ ခေါ်ပါတယ်၊

ဒီလို သိလိုက်ပြီဆိုရင်
“သဗ္ဗေ သင်္ခါရာ အနိစ္စာ” တဲ့၊
“ အလုံးစုံသော သင်္ခါရ တရားတွေဟာ မမြဲတဲ့ အနိစ္စ သဘောတွေပါလား “ လို့ သိလာတယ်။

အဲဒီလို သဘော ပေါက်လာတာကို ဉာဏ်လို့ ခေါ်တယ်၊ ပညာလို့ ခေါ်ပါတယ်၊
ဒီလို သိတာဟာ ပညာက သိတာပါ၊

ရုပ်နာမ်တို့ရဲ့ ဖြစ်ပျက်က "ဒုက္ခသစ္စာ"၊သိတဲ့ ဉာဏ်လေးက "မဂ္ဂသစ္စာ" လေးပဲ၊
အဲဒါ မဂ္ဂင်ဉာဏ်လေး ပေါ်နေတာပါပဲ။

ရုပ်တရားက ဖြစ်ပြီး ပျက်လို့ ဒုက္ခသစ္စာ၊နာမ်တရားကလည်း ဖြစ်ပြီး ပျက်လို့ ဒုက္ခသစ္စာ၊
ရုပ်နာမ် တရားတွေဟာ ဒုက္ခတရားတွေ ပါပဲလို့
ဉာဏ်နဲ့ ကြည့်ရင်း ကြည့်ရင်း ကနေပဲ အမြဲတမ်း ပျက်နေတဲ့ သဘောတရားတွေပါပဲလို့
သဘော ပေါက်သွားတဲ့ အတွက်

ရုပ်နာမ်တွေကို ကြည့်ရတာ
ငြီးငွေ့တဲ့ သဘောတွေ ဖြစ်လာတယ်၊
ရုပ်နာမ် အဖြစ်အပျက် တွေကို
ဉာဏ်နဲ့ ငြီးငွေ့လာတာ ဖြစ်တဲ့အတွက်
"နိဗ္ဗိန္ဒဉာဏ်" လို့ ခေါ်ပါတယ်။

အဲဒီအချိန်မှာ
ဉာဏ်ဟာ နိဗ္ဗာန်ကို ဦးတည်နေတဲ့ လမ်းကြောင်းပေါ်ကို ရောက်နေပါပြီ။

အဲဒီ လမ်းကြောင်းဟာ
မဂ္ဂင်ဆိုတဲ့ လမ်းကြောင်းပဲ ဖြစ်ပါတယ်၊

အဲဒီလမ်း အတိုင်း တသွေမတိမ်းဆက် လျှောက်ကြမယ် ဆိုရင်
ဒုက္ခငြိမ်းရာ နိဗ္ဗာန်ကို မုချ ရောက်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ယောဂီတို့ တတွေဟာ မိမိတို့ သန္တာန်မှာ ရှိတဲ့
ရုပ်နာမ် သင်္ခါရသဘော၊
ပျက်ခြင်းဆိုတဲ့ အနိစ္စသဘောကို
မြင်အောင် ကြည့်ကြပါ။

အဲဒီလို ကြည့်ရင်းနဲ့
ဒါတွေဟာ ဒုက္ခသစ္စာ ပါပဲလို့
ဉာဏ်နဲ့ ပိုင်းခြားပြီး သိလိုက်တဲ့ အချိန်မှာ
ရုပ်ဓမ္မ နာမ်ဓမ္မ သင်္ခါရတရားတွေ အပေါ်မှာ
ငြီးငွေ့တဲ့ နိဗ္မိန္ဒဉာဏ်တွေ ပေါ်လာပါလိမ့်မယ်။

နိဗ္ဗိန္ဒဉာဏ် ပေါ်လာပြီ ဆိုရင်
ကိလေသာဆိုတဲ့ အကြောင်း သမုဒယသစ္စာ
သိမ်းတဲ့အတွက် အနာဂတ် ဒုက္ခသစ္စာတွေ ငြိမ်းပြီး
နိဗ္ဗာန်ဆိုတဲ့ ချမ်းသာစစ် ချမ်းသာမှန်ကို ရဖို့
သေချာ နေပါပြီလို့ သဘောပေါက်ပြီး
သာဓု ခေါ်လိုက်ကြပါ..။
🙏သာဓု🙏သာဓု🙏သာဓုပါဘုရား

🙏ကျိုက္ကလော့ဆရာတော်ဒေါက်တာဘဒ္ဒန္တစန္ဒာဝရာဘိဝံသ🙏
ထေရဝါဒ မိုးကုတ် ဓမ္မရိပ်သာ။

8 months ago | [YT] | 17

DHAMMA KARMA CHANNEL

ဟင်းရွက်ကြော်ရင်း သောတပန်တည်ပုံ

ရှေးက ဒကာမလေး တစ်ယောက်ရှိတယ်၊ ဒီလိုပဲ သူ ဟင်းချက်ရင်း ဉာဏ်သက်ဝင်တယ်၊ ဟင်းရွက်စိမ်းတွေ ကြော်တယ်၊ ဟင်းရွက်စိမ်းတွေ ဆီသတ်လုပ်ပြီး ကြော်တယ်၊ သူ ဒါကြည့်ပြီး သကာလ ၊ ဪ ခုနကနဲ့မတူဘူး၊ ခုနကနဲ့ မတူဘူး၊ ခုနကနဲ့မတူဘူးဆိုပြီး သူ ကြည့်ပါတယ်တဲ့၊ ဒီလို ဟင်းရွက်ကြည့်လိုက်လို့ ခုနကနဲ့မတူတာတွေ၊ ဖောက်ပြန် ပျက်စီးနေတာတွေမြင်တာနဲ့ အတွင်းပြန်ကြည့်တာပဲ၊ အတွင်းပြန်ကြည့်တော့ ကြော်ရင်း လှော်ရင်းနဲ့ပဲ သူ သောတာပန် တည်ပါတယ်၊ ဒါ ဘာဖြစ်လို့တုန်းလို့ မေးလို့ရှိရင်ဖြင့် ပြင်ဘက်နဲ့အတွင်းဟာ တစ်ထပ်တည်းဆိုတာ သိသွားလို့၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အပြင်ဘက်နဲ့ အတွင်းနဲ့ဟာ (တစ်ထပ်တည်းပါ ဘုရား)၊ အဲ့ဒါမှ “သဗ္ဗေသင်္ခါရာအနိစ္စ” ဆိုတာ ပြင်ဘက်ကလဲ အနိစ္စပဲ၊ အတွင်းကလဲအနိစ္စပဲ၊ အနိစ္စ အနိစ္စချင်း ထပ်သွားတဲ့အခါကျတော့၊ အပြင်ကြည့်တဲ့ဉာဏ်ကနေပြီး အတွင်း ကြည့်တဲ့ဉာဏ်ကို ကိုယ်က ပြန်လှည့်လိုက်၊ ထိုကဲ့သို့ ပြန်လှည့်လိုက်တဲ့ အခါကျတော့ အတွင်းသားမှာလဲ ပြင်ပစ်သလိုပဲ၊ ပိုမိုပြီး သကာလ မြန်တဲ့အပျက်တွေကို မြင်လာလို့ရှိရင် အပျက်မြင် အပျက်မုန်း အပျက်ဆုံးသွားတာပဲ၊ ဆုံးသွားရင် သောတာပန်တည်တာပဲ။
အဲ့ဒီ “ထေရိကာ” ဆိုတဲ့ ဒကာမလေး တစ်ယောက်ဟာ ဟင်းချက်ရင်းမတ်တပ်နဲ့ သောတာပန်တည်တယ်၊ ဘာဖြစ်လို့ တည်သတုန်းလို့မေးတဲ့ အခါကျတော့၊ အပြင်နဲ့ အတွင်းကို တစ်ထပ်တည်းဖြစ်အောင် ကြည့်နိုင်လို့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ရှေးဦးစွာတော့ အပြင်ကိုကြည့်ပေါ့၊ အပြင်ကြည့်ပြီး သကာလ နောက် ကိုယ့်ခန္ဓာအတွင်းကို ပြန်ကြည့်၊ အတွင်း ဆိုတာ ဝမ်းထဲကြည့်ဖို့မလိုပါဘူး၊ ဒီအပေါ်ယံကဟာတွေကလဲ အကုန်ပျက်နေတာပဲ၊ အဲ့ဒီလိုပျက်စီးနေတာတွေကို အတွင်းနဲ့အပြင်နဲ့ တစ်ထပ်တည်းဖြစ်သွားပြီဆိုလို့ရှိရင်ဖြင့် အတွင်းလဲ ခင်တွယ်တဲ့တဏှာ သေ၊ အပြင်ဘက်လဲ ခင်တွယ်တဲ့တဏှာသေ၊ ဘယ်တဏှာကျန်သေးတုန်း (မကျန်ပါ ဘုရား)၊ ရှိတာက အတွင်းအပြင်ရှိတာကိုး။
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “အတီတာ နာဂတ ပစ္စုပ္ပန္နံ အဇ္ဈတ္တံဝါ ဗဟိဒ္ဓါဝါ” အဲ့ဒါတွေဟာ အဇ္ဈတ္တ၊ ဗဟိဒ္ဓ ပေါင်း - ပေါင်း - ပေါင်းပြီး သကာလ အပြင်ဘက်ကြည့်လိုက် - အတွင်းကြည့်လိုက်၊ အပြင်ဘက် ကြည့်လိုက် - အတွင်းကြည့်လိုက်၊ ဪ - ဒါအတွင်းမှာချည်းပဲ အပျက်တွေ မြင်နေပြီဆိုရင် အပြင်ဘက် လွှတ်ပစ် လိုက်တာပေါ့ အရေးမကြီးပါဘူး၊ သို့သော် မမြင်သေးရင် အပြင်ဘက်ကနေပြီး သကာလ အပြင်ဘက် ဖောက်ပြန် ပျက်စီးနေတာတွေကို ကြည့်ပေးရမယ် (မှန်လှပါ ဘုရား)။
အဲ့ဒီ ထေရိကာ ဆိုတဲ့ ကလေးမလေးဟာ ဟင်းချက်ရင်း ပြင်ဘက်ကြည့်ပြီး အတွင်းပြန်ကြည့်လိုက်တာ ဟင်းအိုးလဲကြော်လို့ လှော်လို့လဲပြီးရော၊ သူ သောတာပန်တည်တာပဲ၊ အဲ့ဒီတင်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ထေရိကာ ဟင်းချက်နေတာနဲ့ အဝေးကြီးမှာနေတာပဲ၊
ဘုရားက သူ့ကျောင်းသူနေတာ “သုခံ သုပါဟိ ထေရိကေ၊ ကတွာ စောဠေန ပါရုတာ” (ထေရီဂါထာ ၃၇၇) လို့ ဘုရားက ကျောင်းတော်ကနေ တရားဟောတယ်၊ တစ်ယောက်တည်းကို လှမ်းဟော နေတာ (မှန်ပါ)၊ ဘုရားက တစ်ယောက်တည်း ကြားစေချင်ရင် တစ်ယောက်တည်း ဟောလို့ရတယ် (မှန်လှပါ ဘုရား)။
”ဥပသန္တောဟိ တေ ရာဂေါ၊ သုက္ခဋာကံဝ ကုမ္ဘိယံ” လို့ ဘုရားက ကျောင်းတော်ကနေ ဟောလိုက်တယ်၊ မင်း ဟင်းအိုးထဲမှာ ချက်တဲ့ဟင်းရွက်တွေ ခြောက်ပြီး သကာလ သွားတာကို ကြည့်လိုက်သလို၊ မင်းရဲ့ခန္ဓာကို တစ်ခါပြန်လှည့်ပြီး ကြည့်ပါတော့လားဆိုပြီး၊ ဘုရားက ဟိုကနေ ဟောလိုက်တော့၊ သူက ခန္ဓာကိုပြန်ကြည့်တာပေါ့၊ အခု ဒီနေ့ည အဲ့ဒီ တရားသင်နေတယ်လို့မှတ်ရမယ်နော် (မှန်လှပါ ဘုရား)။
အပြင်ဘက်က ပျက်စီးနေတာမြင်သဖြင့် အတွင်းကိုလဲကြည့်လိုက်လို့ရှိရင် ဒီအတိုင်းတစ်ထပ်တည်း မြင်လာလိမ့် မယ်လို့ ဘုရားကဟောတယ်၊ “ဥပန္တောဟိ ထေရာဂေါ” တဲ့၊ မင်း အပြင်ဘက်ပျက်စီးတာ အတွင်းကြည့်လိုက်တာနဲ့ပဲ၊ မင်း အကြည့်မှန်သွားပြီတဲ့၊ အကြည့်မှန်သွားတဲ့အတွက်၊ မင်းသန္တာန်မှာ ကိုယ့်ခန္ဓာ ခင်တွယ်တဲ့ တဏှာ၊ ဥပါဒါန် ကံတွေ ချုပ်သွားပြီ၊ မင်းဟာ ဘိက္ခုနီမအဝတ်ကို ဝတ်နေဖို့ အချိန်တောင်ရောက်နေပြီလို့ ကျောင်းတော်ကနေ ဟောနေ တာနော် (မှန်လှပါ ဘုရား)။
ကဲ ဒါဖြင့် ဒီတရားမှာ ဘာအသားယူပြီး မှတ်ရမှာတုန်းလို့မေးလို့ရှိရင် အပြင်ဘက်ကပျက်တာမြင်တိုင်း - မြင်တိုင်း အတွင်းကိုလှည့်ရမယ် (မှန်ပါ)၊ အပြင်ဘက်က ပျက်တာမြင်တိုင်း - မြင်တိုင်း (အတွင်းကိုလှည့်ရမှာပါ ဘုရား)၊ အတွင်းလှည့်ကြည့်တဲ့အခါကျတော့ အတွင်းမှာ ဒီအတိုင်းတွေ့လိမ့်မယ်၊ ဖျတ် - ဖျတ် - ဖျတ်နဲ့ ဟိုနေရာကယား၊ ဒီနေရာကယံ၊ ဟိုနေရာကနာ၊ ဒီနေရာကအောင့်၊ ဒါလေးတွေကလဲ အခုမှပေါ်ပြီး အခုမှပျက်တာလို့ ဒါကို နင်တို့က ဉာဏ်လှည့်ပေးကြရမယ်နော် (မှန်လှပါ ဘုရား)။
အဲ့ဒီကဲ့သို့ အတွင်းဉာဏ်လှည့်ပြီး သကာလ ပေးလိုက်တဲ့အခါကျလို့ရှိရင် ကြာလာတော့ အပ်သွားချစရာ မရှိဘူး၊ အပျက်တွေချည်းစုနေတာကို ဉာဏ်ထဲမှာ ရင့်လာတော့ မြင်လာလိမ့်မယ် (မှန်ပါ)၊ ထိုကဲ့သို့ မြင်ပြီးလာလို့ရှိရင်ဖြင့်၊ ဪ ဉာဏ်ဆိုတာက ချက်ချင်းထက်သွားတာပဲ ဒီလို မှတ်ပါ။
မြင်လိုက် - မုန်းလိုက်၊ အင်း ဒီဟာကြီးနဲ့ မနေချင်ဘူး၊ ဒုက္ခသစ္စာကြီး ဆိုတာ ကိုယ်တိုင်သိလာတာပဲ၊ အဲ့ဒီကဲ့သို့ ကိုယ်တိုင် ဒုက္ခသစ္စာမှန်းသိရင် ဒုက္ခသစ္စာချုပ်ပြီး သကာလ နိဗ္ဗာန်မြင်တော့ တာပဲ၊ ဒုက္ခမချုပ်သေးရင် နိဗ္ဗာန်မမြင်သေးဘူး၊ ဒုက္ခချုပ်လို့ရှိရင် (နိဗ္ဗာန်မြင်ပါတယ် ဘုရား)၊
ဒုက္ခဆိုတာ ဖြစ်-ပျက် ကို ဆိုတာ၊ အဲ့ဒီ ဖြစ် - ပျက် ချုပ်သွားလို့ရှိရင်တော့ ဒါနိဗ္ဗာန် မမြင်ပါနဲ့ ဆိုလို့မရဘူး၊ သူဖုံးကွယ်နေတာပဲ ဆိုတာကို သဘောကျပြီလား (ကျပါပြီ ဘုရား)။

13.12.60/တွင် ဟောကြားသည့်
"အလယ်လမ်းမှ ကြိုးစားရမည်" တရားတော်
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး

8 months ago | [YT] | 22

DHAMMA KARMA CHANNEL

စာက 🙏' ဘူတံ ဘူတတော ပဿတိ '
ဖြစ်တာကို ဖြစ်တဲ့အတိုင်း သိနေပါတဲ့...၊

သတိလွတ်သွားရင်လည်း
လွတ်သွားမှန်းသိ။

တွေးရင် ကြံရင်လည်း တွေးကြံမှန်းသိ၊

ထိုင်းမှိုင်း လေးလံရင်
ထိုင်းမှိုင်းလေးလံတဲ့ စိတ်ကလေးကို
သိပေးကြည့်ပေးရတယ်။

ထိုင်းမှိုင်းလေးလံတာ ရှိတာပဲ။

ထိနမိဒ္ဓဆိုရင်
ရှုမကောင်း ဖြစ်ကြတော့တာပဲ၊
သတိအားကောင်းရင် ကြည်လင်တယ်၊ ထိုင်းမှိုင်းတာတွေ လျှော့ပြီး
အေးချမ်းသွားတယ်။

" #ဆင်းရဲဘာ့ကြောင်ဖြစ် "

အမှားသိမှုကြောင့်
အမှားကြံစည်မှုတွေ ဖြစ်တယ်၊
အမှား ကြံစည်မှုကြောင့်
အမှားပြုလုပ်မှု၊
အမှား ပြောဆိုမှုတွေဖြစ်တယ်၊
အမှား ပြုလုပ်မှု၊
အမှား ပြောဆိုမှုတွေကြောင့်
ဆင်းရဲဒုက္ခတွေ အမျိုးမျိုး
ဖြစ်ကြရတယ်၊
ဆင်းရဲဟူသမျှဟာ
အမှားသိမှု အကြောင်းခံပဲ။

အဲဒီ အမှားသိမှုတွေ
လွတ်မြောက်ဖို့ရာ
အမှန်သိမှု အစားထိုးရမယ်။

အမှန်သိမှုဖြစ်ဖို့ရာ
အမြဲ သတိသမ္ပဇဉ်
ဉာဏ်ယှဉ် နေရမယ်။

သတိပဋ္ဌာန်ဆိုတဲ့အတိုင်း
သတိဦးဆောင်နေရင်
မကောင်းတဲ့စိတ်တွေ ဖြစ်တိုင်း
ဖြစ်တိုင်း သိသိသွားမယ်။

အဲဒီ သိသိသွားတော့
မကောင်းတဲ့စိတ်တွေ
ဖြစ်ခွင့်မရတော့ဘူး။

စိတ်ကို ဒီအတိုင်းသာ
မပြုမပြင် ပင်ကိုယ်အတိုင်း
လွှတ်ထား မယ်ဆိုရင်

အသိမှန်၊ အမြင်မှန်ရဖို့
အကျင့်တွေကို
မကျင့်သုံးဘူးဆိုရင်တော့

ဒီစိတ်ဟာ အမှားတွေ
ပရမ်းပတာနဲ့ ဖြစ်နေတဲ့အတွက်
မစင်ကြယ်တော့ဘူး။

အမှားသိရင်
အမှား ကြံစည်မှုတွေ ဖြစ်မယ်။

အမှားကြံတဲ့ ပုဂ္ဂိုလ်ဟာ
အမှားပဲ ပြောတော့မှာပေါ့။

အကြံမှား အပြောမှားတဲ့
ပုဂ္ဂိုလ်ဟာ သူ့လုပ်ရပ်တွေ
ဘယ်မှာ မှန်တော့မလဲ။

အမှားလုပ်ရပ်တွေကြောင့်
ဆင်းရဲဒုက္ခ
ဝိုင်းဝိုင်းလည်နေတော့တယ်။

" #စိတ်မိုက်နွားဆိုး "

"စိတ်မိုက် နွားဆိုး၊
"သတိကြိုးဖြင့်၊
"အာရုံချည်တိုင်၊
"ခိုင်ခိုင်ချည်ပါ 'ဆိုတဲ့အတိုင်း
ယောဂီများ သတိထားကြပါ။

အလွတ်ထားတဲ့ စိတ်ဟာ
နွားဆိုးနဲ့တူတယ်။

တိုင်မှာ ခိုင်ခိုင်ချည်မထားရင် ပေါက်လွှတ်ပဲစား သွားချင်ရာသွား၊
လာချင်ရာလာ၊
ဖြစ်ချင်တိုင်းဖြစ်နေတယ်။

နွားဆိုး နွားမိုက်နဲ့တူတဲ့
စိတ်မိုက် စိတ်ရိုင်းကို
သတိတည်း ဟူသောကြိုးနဲ့
တိုင်မှာ ခိုင်ခိုင်ချည်ထားရင်
ပရမ်းပတာ သွားလာခွင့် မရတော့ဘူး။

ဘယ်မှာ ချည်ရမလဲ။
ရှုမှတ်စရာ အာရုံဟာ ချည်တိုင်ပဲ။

နှာသီးဖျား မှတ်သူမှာ
နှာသီးဖျားဟာ ချည်တိုင်ပဲ။
( #ခန္ဓာတစ်ခုလုံးဟာချည်တိုင်ပဲ။ )

ချည်တိုင်မှာ ဘယ်သူ့ကို ချည်ရမှာလဲ
စိတ်ကလေးကို စွဲမြဲအောင်
အတွက်လုပ်ရတာ။

ခိုင်ခိုင်ချည်ဆိုတာက
ဝီရိယ စူးစိုက်ပေးရတယ်။

စူးစူး စိုက် စိုက်ကလေး
ရှုမှတ်လိုက်ရင် စိတ်ဟာ အာရုံတစ်ပါး ပရမ်းပတာ လွင့်မသွားတော့ဘူး။

စိတ်ဟိုရောက်ဒီရောက်
မလွင့်ပါးတော့ဘူး။

အဝေးရောက်စိတ်တွေ
လျော့နည်းသွားတယ်။

စိတ်က အဝေးရောက်
လွင့်ပါးနေရင် ဖြစ်ခိုက်
ရုပ်နာမ်တွေ ပေါ်မှာ
အမှန်သိခွင့် မရတော့ဘူး။

အမှန်မသိရင်
အမှားစွဲလမ်းမှုတွေ
ဝင်လာတော့တာပဲ။

" #အမှားစွဲလမ်းမှုများ "

ရုပ်နဲ့နာမ် အမှန်ရှိလျက်သားနဲ၊
ငါ တရားအားထုတ်နေတယ်၊
ငါ ရှုနေတယ်၊ ငါသိနေတယ်၊
ငါ့ အသိတွေ ထူးခြားနေတယ်၊
ငါ့ သမာဓိတွေ ကောင်းနေတယ်။

ဒီလို တငါငါနဲ့ စွဲလမ်းမှုတွေ
ဖြစ်တာဟာ ရှုမှတ်မှု သတိကင်းလို့ပဲ။

ရှုမှတ်မှု သတိမကင်းလို့
အသိမှန်၊ အမြင်မှန်ရနေတဲ့
ပုဂ္ဂိုလ်ဟာ အမှန်အတိုင်း သိနေတဲ့အတွက် အစွဲတွေဖြစ်ခွင့် မရဘူး။

{ ရွှေဥမင်ဆရာတော်ဘုရားကြီး }

8 months ago | [YT] | 36

DHAMMA KARMA CHANNEL

(၁)ဝိဟိံသာ-ညှဉ်းဆဲခြင်း။
(၂)ပါဏာတိပါတ-သတ္တဝါကိုသတ်ခြင်း။
(၃)အဒိန္နာဒါန-သူ့ဥစ္စာကို လုယက်ခိုးယူခြင်း။
(၄)အဗြဟ္မစရိယ-မေထုန်မှုကိုပြုခြင်း။
(၅)မုသာဝါဒ-လိမ်လည်ပြောဆိုခြင်း။
(၆)ပိသုဏဝါစာ-ဂုံးတိုက်ခြင်း။
(၇)ဖရုသဝါစာ-ဆဲဆိုခြင်း။
(၈)သမ္ဖပ္ပလာပ-အနှစ်မဲ့စကားပြောခြင်း။
(၉)အဘိဇ္ဈာ-သူ့ဥစ္စာကိုရရန်ကြံခြင်း။
(၁၀)ဗျာပါဒ-သူတစ်ပါးကို သေပျက်စေရန်ကြံခြင်း။
(၁၁)မိစ္ဆာဒိဋ္ဌိ-မှားစွာယူခြင်း။
(၁၂)မိစ္ဆာသင်္ကပ္ပ-မှားစွာကြံခြင်း။
(၁၃)မိစ္ဆာဝါစာ-မှားစွာပြောခြင်း။
(၁၄)မိစ္ဆာကမ္မန္တ-မှားစွာပြုခြင်း။
(၁၅)မိစ္ဆာအာဇီဝ-မှားစွာအသက်မွေးခြင်း။
(၁၆)မိစ္ဆာဝါယာမ-မှားစွာအားထုတ်ခြင်း။
(၁၇)မိစ္ဆာသတိ-မှားစွာအမှတ်ရခြင်း။
(၁၈)မိစ္ဆာသမာဓိ-မှားစွာစိတ်တည်ခြင်း။
(၁၉)မိစ္ဆာဉာဏ-မှားစွာဆင်ခြင်ခြင်း။
(၂၀)မိစ္ဆာဝိမုတ္တိ-မှားစွာလွတ်ခြင်း။
(၂၁)ထိနမိဒ္ဓ-စိတ်ထိုင်းမှိုင်းခြင်း။
(၂၂)ဥဒ္ဓစ္စ-စိတ်ပျံ့လွင့်ခြင်း။
(၂၃)ဝိစိကိစ္ဆာ-ယုံမှားခြင်း။
(၂၄)ကောဓ-အမျက်ထွက်ခြင်း။
(၂၅)ဥပနာဟ-ရန်ငြိုးဖွဲ့ခြင်း။
(၂၆)မက္ခ-သူ့ကျေးဇူးကို ချေဖျက်ခြင်း။
(၂၇)ပဠာသ-ဂုဏ်ကြီးသူနှင့် ဖက်ပြိုင်ခြင်း။
(၂၈)ဣဿာ-မနာလိုခြင်း။
(၂၉)မစ္ဆရိယ-ဝန်တိုခြင်း။
(၃၀)သာဌေယျ-ဟန်ဆောင်၍ ပလွှားခြင်း။
(၃၁)မာယာ-မိမိအပြစ်ကို ဖုံးကွယ်လှည့်ပတ်ခြင်း။
(၃၂)ထမ ္ဘ- အရိုအသေမပြုနိုင်ခြင်း။
(၃၃)အတိမာန-အလွန်အထင်ကြီးခြင်း။
(၃၄)ဒုဗ္ဗစတာ ဒေါဝစဿတာ-ဆိုဆုံးမခက်ခြင်း။
(၃၅)ပါပမိတ္တတာ-မိတ်ဆွေညံ့နှင့်ပေါင်းခြင်း။
(၃၆)ပမာဒ-ကုသိုလ်ရေး၌မေ့ခြင်း။
(၃၇)အသဒ္ဓတာ-သဒ္ဓါတရားမရှိခြင်း။
(၃၈)အဟိရိက-အကုသိုလ်မှ မရှက်ခြင်း။
(၃၉)အနောတ္တပ္ပ-အကုသိုလ်မှ မကြောက်ခြင်း။
(၄၀)အပ္ပသုတတာ-အကြားအမြင်နည်းခြင်း။
(၄၁)ကောသဇ္ဇ-ပျင်းရိခြင်း။
(၄၂)မုဋ္ဌဿစ္စ-သတိလွတ်ခြင်း သတိမေ့ခြင်း။
(၄၃)ဒုပ္ပညတာ-ဝိပဿနာပညာမဲ့ခြင်း။
(၄၄)သန္ဒိဋ္ဌိပရာမာသ-အယူသည်းခြင်း။

ယခုပြောခဲ့တဲ့လေးဆယ့်လေးပါးသောအကုသိုလ်တရားတွေကိုစျာန်သမာပတ်မျှဖြင့်အမြစ်ပြတ်ကင်းငြိမ်းအောင်မပယ်နိုင်ဘူး။အဲဒီအကုသိုလ်၄၄ပါးရဲ့ဆန့်ကျင်ဘက်ဖြစ် တဲ့သီလ,သမာဓိ,ပညာအကျင့်ကိုပြည့်စုံအေါင်ကျင့်မှအဲဒီ အကုသိုလ်တွေကိုအမြစ်ပြတ်ငြိမ်းစေနိုင်တယ်။အောက် ထစ်ဆုံးအားဖြင့်သောတာပတ္တိမဂ်ကိုရောက်မှအမြစ်ပြတ်ငြိမ်းစေနိုင်တယ်။သေါတာပတ္တိမဂ်ကိုရောက်ယင်အဲဒီ ၄၄ ပါးထဲကမိစ္ဆာဒိဋ္ဌိရယ်,အယူသည်းတာရယ်,ဝိစိကိစ္ဆာရယ်, ပါဏါတိပါတရယ်,ဒီလိုအကုသိုလ်တရားတွေအမြစ်ပြတ် ကင်းငြိမ်းသွားတယ်။အတိုချုပ်အားဖြင့်ဆိုယင် အပါယ်လေးပါးကိုကျရောက်စေနိုင်တဲ့အကုသိုလ်တရားတွေအ ကုန်လုံးကင်းငြိမ်းသွားတယ်။ အဲဒီလိုအကုသိုလ်တရား ကိလေသာတရားတွေ ကင်းငြိမ်းသင့်သမျှ ကင်းငြိမ်းဘို့ကအရေးကြီးပါတယ်၊သမါဓိရတယ်စျာန်ရတယ်အကြား အမြင်ပေါက်တယ်တရားထူးရတယ်ဆိုရုံနဲ့ကိစ္စပြီးတာမ ဟုတ်ဘူး။ အောက်ထစ်ဆုံး ယခုပြောခဲ့တဲ့ ဒိဋ္ဌိ ဝိစိကိစ္ဆာ ပါဏာတိပါတအစရှိတဲ့အပါယ်လားကြောင်း ကိလေသာတွေကင်းငြိမ်းဘို့ကအရေးကြီးပါတယ်၊အဲဒီလိုကိလေသါတွေမကင်းငြိမ်းဘူးဆိုယင်တရားထူးရတယ်ဆိုတာဟာ ဘာမျှအရာမရောက်ဘူးလို့သာ မှတ်ထားကြပေတော့။

သာသနာပမှာစျာန်ရတာဟာအဲဒီစျာန်မပျက်စီးဘဲ သေသွားယင် ဗြဟ္မာ့ပြည်ရောက်ပြီးအသက်ရှည်စွာ နေရဘို့ ဒါလောက်ပဲ အကျိုးရှိတယ်။အဲဒီဗြဟ္မာ့ဘုံက စုတေတဲ့အခါ လူ့ဘုံ နတ်ဘုံကို ပြန်ရောက်လာရမည်။ အဲဒီအခါ ကာမဂုဏ်အာရုံတွေနဲ့ပျော်မွေ့ပြီး အပါယ်လား ကြောင်းမကောင်းမှုတွေကိုပြုမိယင် အပါယ် ၄ ပါးလည်း ကျရဦးမှာပဲ။နောက်ပြီးတော့ဒီသာသနာတော်အတွင်းမှာ စျာန်ရနေတဲ့ပုဂ္ဂိုလ်လဲ အဲဒီစျာန်လောက်နဲ့ အားရကျေနပ်နေယင် သာသနာပစျာန်ရပုဂ္ဂိုလ်နဲ့ အတူတူပါပဲ။အပါယ် ၄ ပါးကလွတ်မြောက်တဲ့တရားကိုမရောက်နိုင်ဘူး၊ထူးတါကတော့ သာသနာတွင်း စျာန်ရ ပုဂ္ဂိုလ်မှာအဲဒီစျာန်ကိုအခြေပြုပြီးဝိပဿနာရှုလိုက်ယင်တေါ့အပါယ်ဆင်းရဲသံသရာဆင်းရဲ မှလွတ်မြောက်စေ နိုင်တဲ့ မဂ်ဖိုလ်တရားထူးတွေကိုလည်းရနိုင်ပါတယ်။ဒါကြောင့်မြတ်စွာဘုရားက အဲဒီလိုစျာန်လောက်နဲ့အားရမနေဘဲအကုသိုလ်တရားတွေကိုအမြစ်ပြ တ်ပယ်နိုင်တဲ့[သလ္လေခအကျင့်]ကိုကျင့်ဘို့ရာဒီမှာဟော ကြားထားပါတယ်။

ဒီသုတ်ကတော့ ဝိပဿနာတရား အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေအတွက်လဲအသုံးကျပါတယ်။ကျေးဇူးများ ပါတယ်။တရားအားမထုတ်ဘဲအလွတ်နေတဲ့ ပုဂ္ဂိုလ်တွေအတွက်လဲ အသုံးကျပါတယ်။ကျေးဇူးများ ပါတယ်။အကုသိုလ်ကိုပယ်ရှားလိုတဲ့ ကုသိုလ်ကိုပွားများလိုတဲ့ ပုဂ္ဂိုလ်တွေအားလုံးအတွက် ကျေးဇူးများစေနိုင်တဲ့သုတ်ကြီးဖြစ်ပါတယ်။ဒါကြောင့် ဒီသုတ်တရားကိုကြားနာလေ့လာယင် ကမ္မဋ္ဌာန်း ကျောင်းမှာ တရားအားထုတ်နေကြတဲ့သူတွေအတွက် လဲအထောက်အပံ့ရမည်။အိမ်မှာနေတဲ့လူတွေ အလုပ်ကိစ္စတွေကိုလုပ်ကိုင်ဆောင်ရွက်နေရင်းလဲကုသို လ်ပွားပြီးအကျိုးများစေမယ်။ဒါကြောင့်ဒီသလ္လေခသုတ်တရားက အားလုံးနှင့်ဆိုင်ပါတယ်။

[မဟာစည်ဆရာတော်ဘုရားကြီး]
သလ္လေခသုတ်တရားတော်ကြီး(ပထမတွဲ)crdt;

8 months ago | [YT] | 54

DHAMMA KARMA CHANNEL

စရှုမှတ်ကတည်းက ဘာမှမထူးခြားဘူး
နာလိုက်ကျင်လိုက် တော်ကြာဖြုတ်လိုက်ရပြန်ပြီ
နာလိုက်ကျင်လိုက် ဖြုတ်လိုက်ရပြန်ပြီ။
အဲ့ဒီ နာလိုက်ကျင်လိုက် ဖြုတ်လိုက်ရတာ
ကိုယ်ကတော့ ဉာဏ်မတက်ဘူးလို့ ထင်တယ်။
များသောအားဖြင့် မထင်ကြဘူးလား။
ဉာဏ်တက်တယ်ဗျ။
ဉာဏ်မတက်ပဲမရှိဘူး ဟုတ်လား။
ဉာဏ်တက်တာကို တက်မှန်းမသိတာ။

သူတော်ကောင်းတို့ ဆေးပညာ ကိုယ်က
နားမလည်တဲ့အခါကျတော့ ကိုယ့်မှာ
ရောဂါဖြစ်နေသော်လည်းပဲ ကိုယ်က
သွားနိုင်လာနိုင်နေတဲ့အခါကျတော့
အကောင်းကြီးလို့ ထင်နေတယ် မဟုတ်လား။
ဗြိုးဗျက်နဲ့ သေတဲ့သူတွေ မရှိဘူးလား။
ဆေးပညာနားလည်လို့ရှိရင် ဟာ
ဒါ တစ်လအတွင်း ဒုက္ခဖြစ်နိုင်တယ်၊
တစ်နှစ်အတွင်း ဒုက္ခဖြစ်နိုင်တယ် ခန့်မှန်းလို့
မရဘူးလား။ ဒါ ဆေးပညာနားလည်လို့
ဟုတ်တယ်မဟုတ်လား။

အဲဒီလိုပဲ သူတော်ကောင်းတို့
ဝိပဿ နာ ဉာဏ်ပညာနားလည်တဲ့
ဆရာတော်ဘုရားကြီးတွေကနေပြီးတော့
ဒါ ကြိုးစားပါ အားထုတ်ပါ၊
ကြိုးစားပါ အားထုတ်ပါ၊ ဆိုတာ
အားထုတ်တိုင်း အားထုတ်တိုင်း
ဉာဏ်ကတက်နေတာပဲ။
နည်းတာနဲ့ များတာပဲ ကွာတယ် ဟုတ်လား။

အဲ့တော့
ဉာဏ်ကတက်တက်နေတဲ့ အခါကျတော့
အားထုတ်ပါများတော့မှ
အားထုတ်ချင်စိတ်ပေါ်လာတာ။
တရားနာပါများမှ တရားနာချင်စိတ်ပေါ်တာ။
အားထုတ်ချင်စိတ်ကိုမရှိပဲ အားထုတ်ဖြစ်ဖို့
လွယ်ပါ့မလား။ အားထုတ်ချင်တယ် ဆိုထဲက
သူတော်ကောင်း စိတ်တွေပါမနေဘူးလား။
ဉာဏ် ပညာတွေမပါဘူးလား။

လောဘတော့ မကြီးကြနဲ့။
တဖြည်းတဖြည်းဖြည်း ဉာဏ်က ကြိုးစားရင်း
တဖြည်းဖြည်းတက်လာတာ။

ဘာမှမလုပ်ပဲနဲ့ တစတစ နိဗ္ဗာန်ရမှာပေါ့
ဒါကိုပြောတာမဟုတ်ဘူးနော်။
အားထုတ်ရင်းနဲ့လဲ လောဘမကြီးရဘူး။
အားထုတ်ရင် ကိုယ့်တာဝန်က
ယောဂီရဲ့တာဝန်က
ထူးသည်ဖြစ်စေ၊ မထူးသည်ဖြစ်စေ
အားထုတ်ဖြစ်အောင် အားထုတ်ပါ။

အခုဟာက အားမထုတ်ရသေးဘူး
တစ်ရက်နှစ်ရက် အားထုတ်ရသေးတယ်။
မထူးလဲမထူးဘူး၊ မထူးလဲမထူးဘူး။
တစ်သံသရာလုံး ကိလေသာ ထဲ
လျှောက်သွားနေပြီးတော့ အခုမှတစ်ရက်နှစ်ရက်
မထူးဘူးဆိုတော့ ထူးပါ့မလား။ အဲ့လိုမဖြစ်ကြစေနဲ့။
သူ့ ထူးတဲ့အချိန်ကျ ထူးလာပါလိမ့်မယ်။
မထူးပါနဲ့ဆိုပြီး တားထားလို့တောင် မရဘူး။

အားထုတ်ဖြစ်အောင် သတိပေးနေတာနော့်။
တစ်နေ့ကို ၂ကြိမ်၊ ၃ကြိမ်၊ ၄ကြိမ်၊ ၅ကြိမ်
ထိုင်ဖြစ်အောင်ထိုင်ပါ။ ထိုင်ပါများတဲ့အခါကျတော့
တဖြည်းဖြည်းနဲ့ သဘောတရားလေးတွေ
သိလာတယ်။

နာတဲ့သဘောလေးတွေ၊
ကိုက်တဲ့သဘောလေးတွေ၊
ယားတဲ့သဘောလေးတွေ၊
ထိုင်လိုက်၊ နာလိုက်၊ ကျင်လိုက်၊ ကိုက်လိုက်
မတတ်နိုင်တဲ့အချိန်ကျ ဖြုတ်လိုက်။
နောက်ကျတော့ ဘယ်သူမှ ကိုယ့်ကို
အထူးတလည် လာပြောနေစရာ မလိုဘူး။
ခန္ဓာကိုယ်ကြီးမှာ နာတာ၊ကျင်တာ၊
ကိုက်တာ တွေ ရှိတယ်ဟေ့။
ပိုင်ပိုင်နိုင်နိုင် သိမသွားဘူးလား။

အဲ့ဒီအသိဟာ အမှားသိလား၊ အမှန်သိလား။
အမှန်သိတာ ၊ အမှန်က သမ္မာ၊ သိတာက ဒိဋ္ဌိ ။
ပေါင်းလိုက်တော့။ အဲ့ဒီက သမ္မာဒိဋ္ဌိက
နိဗ္ဗာန်ကို ပို့မယ့် သမ္မာဒိဋ္ဌိဗျ။

#မြစိမ်းတောင်ဆရာတော်
အရှင်ဇာနေယျ 🙏🙏🙏

9 months ago | [YT] | 55

DHAMMA KARMA CHANNEL

တရားထိုင်သောအခါ မိမိကိုယ်ကာယ ချမ်းသာသလို တင်ပြင်ခွေ ထိုင်ခြင်း- မိန်းမထိုင် ကျုံ့ကျုံ့ ထိုင်ခြင်းဖြင့် ထိုင်နိုင်ပါသည်။ ခြေထောက် ထပ်ထိုင်ခြင်း- ခွဲထိုင်ခြင်းမှာ ယောဂီစိတ်ကြိုက်ဖြစ်ပါသည်။ သို့မဟုတ် ဖြန့်ထားသောလက်နှစ်ဘက် ထိ၍ဖြစ်စေ ထပ်၍ဖြစ်စေ ထားနိုင်ပါသည်။

မိမိစိတ်ကြိုက်ရွေးပြီးနောက် မည်သည့်အကြောင်းကြောင့်မျှ ဣရိယာပုတ်ကို ပြုပြင်ရန် သဘောမတူပါ။

တရားအောင်ပြီးသောအခါ သို့မဟုတ် တရားအရှုံးပေးပြီးသောအခါမှသာ ပြုပြင်ထိုင်ရမည်။

ဝေဒနာကို အစ အလယ် အဆုံး အထိလိုက်ရမှာဖြစ်သောကြောင့် မခံစားနိုင်သောအခါမှသာလျှင် အာနပါန လေရှုတာကို သတိနှင့်ပြင်းပြင်း ရှူ/ထုတ် လုပ်ရပါမည် (ဂေါင်း ခါး ကိုယ် လက် လှုပ်ရှားရန်မပါ) ။

ရုပ်နာမ် ၂ပါး ခန္ဓာ၅ပါး ကို ဘုရားရှင် နှင့် ကမ္မဌာန်းပြဆရာတော်ကြီးအား အပီးလှူဒါန်းထားပြီဖြစ်၍ အဓိဌာန်သတ်မှတ်ချိန်အတွင်း မိမိခန္ဓာကိုယ်ကို ခိုးမပြင်ရပါ။
ပြင်လျှင် တရားသူခိုးဟု သတ်မှတ်ပါသည်။

လူသေချင်သေ >>>>> မသေ ကိလေသာသေ တရားရ

(မူလသဲအင်းဂူ ဆရာတော်ကြီး ဦးဥက္ကဌ)

ကိုးကား--ဆရာတော်ကြီး၏မူရင်းအသံဖိုင် ရှု့ကွက်များ

ကိုးကား--
အကာလိကော စာအုပ်-ရေးသူ မေါင်ဘို(ဆရာတော်ကြီး၏ ခွှင့်ပြုချက်ဖြင့်ထုတ်ဝေ)

9 months ago | [YT] | 35

DHAMMA KARMA CHANNEL

" တစ်ချက်ခုတ်( ၄ )ချက်ပြတ်ကျင့်စဉ် "

ဥပမာ***
ဆီမီးထွန်းညှိသည်နှင့်တပြိုင်နက်
၁။ အမှောင်ပျောက်၏
၂။ အလင်းရောက်၏
၃။ မီးစာလည်းကုန်၏
၄။ ဆီလည်းခန်း၏
ထို့အတူ
ဖြစ်ခြင်း ပျက်ခြင်းကို သိတဲ့ဥာဏ်
ရသည်နှင့်တပြိုင်နက်
၁။ ဒုက္ခသစ္စာကို ပိုင်းခြား၍သိခြင်း
၂။ သမုဒယသစ္စာကို ပယ်ခြင်း
၃။ နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း
၄။ မဂ္ဂသစ္စာကို ပွားပြီးဖြစ်ခြင်း
ဖြစ်၏။ ။


#ဓမ္မဒါနမျှဝေပူ​ဇော်ပါသည်🙏

9 months ago | [YT] | 28