DHAMMA KARMA CHANNEL
ဟင်းရွက်ကြော်ရင်း သောတပန်တည်ပုံ ရှေးက ဒကာမလေး တစ်ယောက်ရှိတယ်၊ ဒီလိုပဲ သူ ဟင်းချက်ရင်း ဉာဏ်သက်ဝင်တယ်၊ ဟင်းရွက်စိမ်းတွေ ကြော်တယ်၊ ဟင်းရွက်စိမ်းတွေ ဆီသတ်လုပ်ပြီး ကြော်တယ်၊ သူ ဒါကြည့်ပြီး သကာလ ၊ ဪ ခုနကနဲ့မတူဘူး၊ ခုနကနဲ့ မတူဘူး၊ ခုနကနဲ့မတူဘူးဆိုပြီး သူ ကြည့်ပါတယ်တဲ့၊ ဒီလို ဟင်းရွက်ကြည့်လိုက်လို့ ခုနကနဲ့မတူတာတွေ၊ ဖောက်ပြန် ပျက်စီးနေတာတွေမြင်တာနဲ့ အတွင်းပြန်ကြည့်တာပဲ၊ အတွင်းပြန်ကြည့်တော့ ကြော်ရင်း လှော်ရင်းနဲ့ပဲ သူ သောတာပန် တည်ပါတယ်၊ ဒါ ဘာဖြစ်လို့တုန်းလို့ မေးလို့ရှိရင်ဖြင့် ပြင်ဘက်နဲ့အတွင်းဟာ တစ်ထပ်တည်းဆိုတာ သိသွားလို့၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။ အပြင်ဘက်နဲ့ အတွင်းနဲ့ဟာ (တစ်ထပ်တည်းပါ ဘုရား)၊ အဲ့ဒါမှ “သဗ္ဗေသင်္ခါရာအနိစ္စ” ဆိုတာ ပြင်ဘက်ကလဲ အနိစ္စပဲ၊ အတွင်းကလဲအနိစ္စပဲ၊ အနိစ္စ အနိစ္စချင်း ထပ်သွားတဲ့အခါကျတော့၊ အပြင်ကြည့်တဲ့ဉာဏ်ကနေပြီး အတွင်း ကြည့်တဲ့ဉာဏ်ကို ကိုယ်က ပြန်လှည့်လိုက်၊ ထိုကဲ့သို့ ပြန်လှည့်လိုက်တဲ့ အခါကျတော့ အတွင်းသားမှာလဲ ပြင်ပစ်သလိုပဲ၊ ပိုမိုပြီး သကာလ မြန်တဲ့အပျက်တွေကို မြင်လာလို့ရှိရင် အပျက်မြင် အပျက်မုန်း အပျက်ဆုံးသွားတာပဲ၊ ဆုံးသွားရင် သောတာပန်တည်တာပဲ။ အဲ့ဒီ “ထေရိကာ” ဆိုတဲ့ ဒကာမလေး တစ်ယောက်ဟာ ဟင်းချက်ရင်းမတ်တပ်နဲ့ သောတာပန်တည်တယ်၊ ဘာဖြစ်လို့ တည်သတုန်းလို့မေးတဲ့ အခါကျတော့၊ အပြင်နဲ့ အတွင်းကို တစ်ထပ်တည်းဖြစ်အောင် ကြည့်နိုင်လို့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ရှေးဦးစွာတော့ အပြင်ကိုကြည့်ပေါ့၊ အပြင်ကြည့်ပြီး သကာလ နောက် ကိုယ့်ခန္ဓာအတွင်းကို ပြန်ကြည့်၊ အတွင်း ဆိုတာ ဝမ်းထဲကြည့်ဖို့မလိုပါဘူး၊ ဒီအပေါ်ယံကဟာတွေကလဲ အကုန်ပျက်နေတာပဲ၊ အဲ့ဒီလိုပျက်စီးနေတာတွေကို အတွင်းနဲ့အပြင်နဲ့ တစ်ထပ်တည်းဖြစ်သွားပြီဆိုလို့ရှိရင်ဖြင့် အတွင်းလဲ ခင်တွယ်တဲ့တဏှာ သေ၊ အပြင်ဘက်လဲ ခင်တွယ်တဲ့တဏှာသေ၊ ဘယ်တဏှာကျန်သေးတုန်း (မကျန်ပါ ဘုရား)၊ ရှိတာက အတွင်းအပြင်ရှိတာကိုး။ ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “အတီတာ နာဂတ ပစ္စုပ္ပန္နံ အဇ္ဈတ္တံဝါ ဗဟိဒ္ဓါဝါ” အဲ့ဒါတွေဟာ အဇ္ဈတ္တ၊ ဗဟိဒ္ဓ ပေါင်း - ပေါင်း - ပေါင်းပြီး သကာလ အပြင်ဘက်ကြည့်လိုက် - အတွင်းကြည့်လိုက်၊ အပြင်ဘက် ကြည့်လိုက် - အတွင်းကြည့်လိုက်၊ ဪ - ဒါအတွင်းမှာချည်းပဲ အပျက်တွေ မြင်နေပြီဆိုရင် အပြင်ဘက် လွှတ်ပစ် လိုက်တာပေါ့ အရေးမကြီးပါဘူး၊ သို့သော် မမြင်သေးရင် အပြင်ဘက်ကနေပြီး သကာလ အပြင်ဘက် ဖောက်ပြန် ပျက်စီးနေတာတွေကို ကြည့်ပေးရမယ် (မှန်လှပါ ဘုရား)။အဲ့ဒီ ထေရိကာ ဆိုတဲ့ ကလေးမလေးဟာ ဟင်းချက်ရင်း ပြင်ဘက်ကြည့်ပြီး အတွင်းပြန်ကြည့်လိုက်တာ ဟင်းအိုးလဲကြော်လို့ လှော်လို့လဲပြီးရော၊ သူ သောတာပန်တည်တာပဲ၊ အဲ့ဒီတင်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ထေရိကာ ဟင်းချက်နေတာနဲ့ အဝေးကြီးမှာနေတာပဲ၊ ဘုရားက သူ့ကျောင်းသူနေတာ “သုခံ သုပါဟိ ထေရိကေ၊ ကတွာ စောဠေန ပါရုတာ” (ထေရီဂါထာ ၃၇၇) လို့ ဘုရားက ကျောင်းတော်ကနေ တရားဟောတယ်၊ တစ်ယောက်တည်းကို လှမ်းဟော နေတာ (မှန်ပါ)၊ ဘုရားက တစ်ယောက်တည်း ကြားစေချင်ရင် တစ်ယောက်တည်း ဟောလို့ရတယ် (မှန်လှပါ ဘုရား)။ ”ဥပသန္တောဟိ တေ ရာဂေါ၊ သုက္ခဋာကံဝ ကုမ္ဘိယံ” လို့ ဘုရားက ကျောင်းတော်ကနေ ဟောလိုက်တယ်၊ မင်း ဟင်းအိုးထဲမှာ ချက်တဲ့ဟင်းရွက်တွေ ခြောက်ပြီး သကာလ သွားတာကို ကြည့်လိုက်သလို၊ မင်းရဲ့ခန္ဓာကို တစ်ခါပြန်လှည့်ပြီး ကြည့်ပါတော့လားဆိုပြီး၊ ဘုရားက ဟိုကနေ ဟောလိုက်တော့၊ သူက ခန္ဓာကိုပြန်ကြည့်တာပေါ့၊ အခု ဒီနေ့ည အဲ့ဒီ တရားသင်နေတယ်လို့မှတ်ရမယ်နော် (မှန်လှပါ ဘုရား)။ အပြင်ဘက်က ပျက်စီးနေတာမြင်သဖြင့် အတွင်းကိုလဲကြည့်လိုက်လို့ရှိရင် ဒီအတိုင်းတစ်ထပ်တည်း မြင်လာလိမ့် မယ်လို့ ဘုရားကဟောတယ်၊ “ဥပန္တောဟိ ထေရာဂေါ” တဲ့၊ မင်း အပြင်ဘက်ပျက်စီးတာ အတွင်းကြည့်လိုက်တာနဲ့ပဲ၊ မင်း အကြည့်မှန်သွားပြီတဲ့၊ အကြည့်မှန်သွားတဲ့အတွက်၊ မင်းသန္တာန်မှာ ကိုယ့်ခန္ဓာ ခင်တွယ်တဲ့ တဏှာ၊ ဥပါဒါန် ကံတွေ ချုပ်သွားပြီ၊ မင်းဟာ ဘိက္ခုနီမအဝတ်ကို ဝတ်နေဖို့ အချိန်တောင်ရောက်နေပြီလို့ ကျောင်းတော်ကနေ ဟောနေ တာနော် (မှန်လှပါ ဘုရား)။ ကဲ ဒါဖြင့် ဒီတရားမှာ ဘာအသားယူပြီး မှတ်ရမှာတုန်းလို့မေးလို့ရှိရင် အပြင်ဘက်ကပျက်တာမြင်တိုင်း - မြင်တိုင်း အတွင်းကိုလှည့်ရမယ် (မှန်ပါ)၊ အပြင်ဘက်က ပျက်တာမြင်တိုင်း - မြင်တိုင်း (အတွင်းကိုလှည့်ရမှာပါ ဘုရား)၊ အတွင်းလှည့်ကြည့်တဲ့အခါကျတော့ အတွင်းမှာ ဒီအတိုင်းတွေ့လိမ့်မယ်၊ ဖျတ် - ဖျတ် - ဖျတ်နဲ့ ဟိုနေရာကယား၊ ဒီနေရာကယံ၊ ဟိုနေရာကနာ၊ ဒီနေရာကအောင့်၊ ဒါလေးတွေကလဲ အခုမှပေါ်ပြီး အခုမှပျက်တာလို့ ဒါကို နင်တို့က ဉာဏ်လှည့်ပေးကြရမယ်နော် (မှန်လှပါ ဘုရား)။ အဲ့ဒီကဲ့သို့ အတွင်းဉာဏ်လှည့်ပြီး သကာလ ပေးလိုက်တဲ့အခါကျလို့ရှိရင် ကြာလာတော့ အပ်သွားချစရာ မရှိဘူး၊ အပျက်တွေချည်းစုနေတာကို ဉာဏ်ထဲမှာ ရင့်လာတော့ မြင်လာလိမ့်မယ် (မှန်ပါ)၊ ထိုကဲ့သို့ မြင်ပြီးလာလို့ရှိရင်ဖြင့်၊ ဪ ဉာဏ်ဆိုတာက ချက်ချင်းထက်သွားတာပဲ ဒီလို မှတ်ပါ။ မြင်လိုက် - မုန်းလိုက်၊ အင်း ဒီဟာကြီးနဲ့ မနေချင်ဘူး၊ ဒုက္ခသစ္စာကြီး ဆိုတာ ကိုယ်တိုင်သိလာတာပဲ၊ အဲ့ဒီကဲ့သို့ ကိုယ်တိုင် ဒုက္ခသစ္စာမှန်းသိရင် ဒုက္ခသစ္စာချုပ်ပြီး သကာလ နိဗ္ဗာန်မြင်တော့ တာပဲ၊ ဒုက္ခမချုပ်သေးရင် နိဗ္ဗာန်မမြင်သေးဘူး၊ ဒုက္ခချုပ်လို့ရှိရင် (နိဗ္ဗာန်မြင်ပါတယ် ဘုရား)၊ ဒုက္ခဆိုတာ ဖြစ်-ပျက် ကို ဆိုတာ၊ အဲ့ဒီ ဖြစ် - ပျက် ချုပ်သွားလို့ရှိရင်တော့ ဒါနိဗ္ဗာန် မမြင်ပါနဲ့ ဆိုလို့မရဘူး၊ သူဖုံးကွယ်နေတာပဲ ဆိုတာကို သဘောကျပြီလား (ကျပါပြီ ဘုရား)။13.12.60/တွင် ဟောကြားသည့် "အလယ်လမ်းမှ ကြိုးစားရမည်" တရားတော်ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး
8 months ago | [YT] | 22
DHAMMA KARMA CHANNEL
ဟင်းရွက်ကြော်ရင်း သောတပန်တည်ပုံ
ရှေးက ဒကာမလေး တစ်ယောက်ရှိတယ်၊ ဒီလိုပဲ သူ ဟင်းချက်ရင်း ဉာဏ်သက်ဝင်တယ်၊ ဟင်းရွက်စိမ်းတွေ ကြော်တယ်၊ ဟင်းရွက်စိမ်းတွေ ဆီသတ်လုပ်ပြီး ကြော်တယ်၊ သူ ဒါကြည့်ပြီး သကာလ ၊ ဪ ခုနကနဲ့မတူဘူး၊ ခုနကနဲ့ မတူဘူး၊ ခုနကနဲ့မတူဘူးဆိုပြီး သူ ကြည့်ပါတယ်တဲ့၊ ဒီလို ဟင်းရွက်ကြည့်လိုက်လို့ ခုနကနဲ့မတူတာတွေ၊ ဖောက်ပြန် ပျက်စီးနေတာတွေမြင်တာနဲ့ အတွင်းပြန်ကြည့်တာပဲ၊ အတွင်းပြန်ကြည့်တော့ ကြော်ရင်း လှော်ရင်းနဲ့ပဲ သူ သောတာပန် တည်ပါတယ်၊ ဒါ ဘာဖြစ်လို့တုန်းလို့ မေးလို့ရှိရင်ဖြင့် ပြင်ဘက်နဲ့အတွင်းဟာ တစ်ထပ်တည်းဆိုတာ သိသွားလို့၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အပြင်ဘက်နဲ့ အတွင်းနဲ့ဟာ (တစ်ထပ်တည်းပါ ဘုရား)၊ အဲ့ဒါမှ “သဗ္ဗေသင်္ခါရာအနိစ္စ” ဆိုတာ ပြင်ဘက်ကလဲ အနိစ္စပဲ၊ အတွင်းကလဲအနိစ္စပဲ၊ အနိစ္စ အနိစ္စချင်း ထပ်သွားတဲ့အခါကျတော့၊ အပြင်ကြည့်တဲ့ဉာဏ်ကနေပြီး အတွင်း ကြည့်တဲ့ဉာဏ်ကို ကိုယ်က ပြန်လှည့်လိုက်၊ ထိုကဲ့သို့ ပြန်လှည့်လိုက်တဲ့ အခါကျတော့ အတွင်းသားမှာလဲ ပြင်ပစ်သလိုပဲ၊ ပိုမိုပြီး သကာလ မြန်တဲ့အပျက်တွေကို မြင်လာလို့ရှိရင် အပျက်မြင် အပျက်မုန်း အပျက်ဆုံးသွားတာပဲ၊ ဆုံးသွားရင် သောတာပန်တည်တာပဲ။
အဲ့ဒီ “ထေရိကာ” ဆိုတဲ့ ဒကာမလေး တစ်ယောက်ဟာ ဟင်းချက်ရင်းမတ်တပ်နဲ့ သောတာပန်တည်တယ်၊ ဘာဖြစ်လို့ တည်သတုန်းလို့မေးတဲ့ အခါကျတော့၊ အပြင်နဲ့ အတွင်းကို တစ်ထပ်တည်းဖြစ်အောင် ကြည့်နိုင်လို့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ရှေးဦးစွာတော့ အပြင်ကိုကြည့်ပေါ့၊ အပြင်ကြည့်ပြီး သကာလ နောက် ကိုယ့်ခန္ဓာအတွင်းကို ပြန်ကြည့်၊ အတွင်း ဆိုတာ ဝမ်းထဲကြည့်ဖို့မလိုပါဘူး၊ ဒီအပေါ်ယံကဟာတွေကလဲ အကုန်ပျက်နေတာပဲ၊ အဲ့ဒီလိုပျက်စီးနေတာတွေကို အတွင်းနဲ့အပြင်နဲ့ တစ်ထပ်တည်းဖြစ်သွားပြီဆိုလို့ရှိရင်ဖြင့် အတွင်းလဲ ခင်တွယ်တဲ့တဏှာ သေ၊ အပြင်ဘက်လဲ ခင်တွယ်တဲ့တဏှာသေ၊ ဘယ်တဏှာကျန်သေးတုန်း (မကျန်ပါ ဘုရား)၊ ရှိတာက အတွင်းအပြင်ရှိတာကိုး။
ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက “အတီတာ နာဂတ ပစ္စုပ္ပန္နံ အဇ္ဈတ္တံဝါ ဗဟိဒ္ဓါဝါ” အဲ့ဒါတွေဟာ အဇ္ဈတ္တ၊ ဗဟိဒ္ဓ ပေါင်း - ပေါင်း - ပေါင်းပြီး သကာလ အပြင်ဘက်ကြည့်လိုက် - အတွင်းကြည့်လိုက်၊ အပြင်ဘက် ကြည့်လိုက် - အတွင်းကြည့်လိုက်၊ ဪ - ဒါအတွင်းမှာချည်းပဲ အပျက်တွေ မြင်နေပြီဆိုရင် အပြင်ဘက် လွှတ်ပစ် လိုက်တာပေါ့ အရေးမကြီးပါဘူး၊ သို့သော် မမြင်သေးရင် အပြင်ဘက်ကနေပြီး သကာလ အပြင်ဘက် ဖောက်ပြန် ပျက်စီးနေတာတွေကို ကြည့်ပေးရမယ် (မှန်လှပါ ဘုရား)။
အဲ့ဒီ ထေရိကာ ဆိုတဲ့ ကလေးမလေးဟာ ဟင်းချက်ရင်း ပြင်ဘက်ကြည့်ပြီး အတွင်းပြန်ကြည့်လိုက်တာ ဟင်းအိုးလဲကြော်လို့ လှော်လို့လဲပြီးရော၊ သူ သောတာပန်တည်တာပဲ၊ အဲ့ဒီတင်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ထေရိကာ ဟင်းချက်နေတာနဲ့ အဝေးကြီးမှာနေတာပဲ၊
ဘုရားက သူ့ကျောင်းသူနေတာ “သုခံ သုပါဟိ ထေရိကေ၊ ကတွာ စောဠေန ပါရုတာ” (ထေရီဂါထာ ၃၇၇) လို့ ဘုရားက ကျောင်းတော်ကနေ တရားဟောတယ်၊ တစ်ယောက်တည်းကို လှမ်းဟော နေတာ (မှန်ပါ)၊ ဘုရားက တစ်ယောက်တည်း ကြားစေချင်ရင် တစ်ယောက်တည်း ဟောလို့ရတယ် (မှန်လှပါ ဘုရား)။
”ဥပသန္တောဟိ တေ ရာဂေါ၊ သုက္ခဋာကံဝ ကုမ္ဘိယံ” လို့ ဘုရားက ကျောင်းတော်ကနေ ဟောလိုက်တယ်၊ မင်း ဟင်းအိုးထဲမှာ ချက်တဲ့ဟင်းရွက်တွေ ခြောက်ပြီး သကာလ သွားတာကို ကြည့်လိုက်သလို၊ မင်းရဲ့ခန္ဓာကို တစ်ခါပြန်လှည့်ပြီး ကြည့်ပါတော့လားဆိုပြီး၊ ဘုရားက ဟိုကနေ ဟောလိုက်တော့၊ သူက ခန္ဓာကိုပြန်ကြည့်တာပေါ့၊ အခု ဒီနေ့ည အဲ့ဒီ တရားသင်နေတယ်လို့မှတ်ရမယ်နော် (မှန်လှပါ ဘုရား)။
အပြင်ဘက်က ပျက်စီးနေတာမြင်သဖြင့် အတွင်းကိုလဲကြည့်လိုက်လို့ရှိရင် ဒီအတိုင်းတစ်ထပ်တည်း မြင်လာလိမ့် မယ်လို့ ဘုရားကဟောတယ်၊ “ဥပန္တောဟိ ထေရာဂေါ” တဲ့၊ မင်း အပြင်ဘက်ပျက်စီးတာ အတွင်းကြည့်လိုက်တာနဲ့ပဲ၊ မင်း အကြည့်မှန်သွားပြီတဲ့၊ အကြည့်မှန်သွားတဲ့အတွက်၊ မင်းသန္တာန်မှာ ကိုယ့်ခန္ဓာ ခင်တွယ်တဲ့ တဏှာ၊ ဥပါဒါန် ကံတွေ ချုပ်သွားပြီ၊ မင်းဟာ ဘိက္ခုနီမအဝတ်ကို ဝတ်နေဖို့ အချိန်တောင်ရောက်နေပြီလို့ ကျောင်းတော်ကနေ ဟောနေ တာနော် (မှန်လှပါ ဘုရား)။
ကဲ ဒါဖြင့် ဒီတရားမှာ ဘာအသားယူပြီး မှတ်ရမှာတုန်းလို့မေးလို့ရှိရင် အပြင်ဘက်ကပျက်တာမြင်တိုင်း - မြင်တိုင်း အတွင်းကိုလှည့်ရမယ် (မှန်ပါ)၊ အပြင်ဘက်က ပျက်တာမြင်တိုင်း - မြင်တိုင်း (အတွင်းကိုလှည့်ရမှာပါ ဘုရား)၊ အတွင်းလှည့်ကြည့်တဲ့အခါကျတော့ အတွင်းမှာ ဒီအတိုင်းတွေ့လိမ့်မယ်၊ ဖျတ် - ဖျတ် - ဖျတ်နဲ့ ဟိုနေရာကယား၊ ဒီနေရာကယံ၊ ဟိုနေရာကနာ၊ ဒီနေရာကအောင့်၊ ဒါလေးတွေကလဲ အခုမှပေါ်ပြီး အခုမှပျက်တာလို့ ဒါကို နင်တို့က ဉာဏ်လှည့်ပေးကြရမယ်နော် (မှန်လှပါ ဘုရား)။
အဲ့ဒီကဲ့သို့ အတွင်းဉာဏ်လှည့်ပြီး သကာလ ပေးလိုက်တဲ့အခါကျလို့ရှိရင် ကြာလာတော့ အပ်သွားချစရာ မရှိဘူး၊ အပျက်တွေချည်းစုနေတာကို ဉာဏ်ထဲမှာ ရင့်လာတော့ မြင်လာလိမ့်မယ် (မှန်ပါ)၊ ထိုကဲ့သို့ မြင်ပြီးလာလို့ရှိရင်ဖြင့်၊ ဪ ဉာဏ်ဆိုတာက ချက်ချင်းထက်သွားတာပဲ ဒီလို မှတ်ပါ။
မြင်လိုက် - မုန်းလိုက်၊ အင်း ဒီဟာကြီးနဲ့ မနေချင်ဘူး၊ ဒုက္ခသစ္စာကြီး ဆိုတာ ကိုယ်တိုင်သိလာတာပဲ၊ အဲ့ဒီကဲ့သို့ ကိုယ်တိုင် ဒုက္ခသစ္စာမှန်းသိရင် ဒုက္ခသစ္စာချုပ်ပြီး သကာလ နိဗ္ဗာန်မြင်တော့ တာပဲ၊ ဒုက္ခမချုပ်သေးရင် နိဗ္ဗာန်မမြင်သေးဘူး၊ ဒုက္ခချုပ်လို့ရှိရင် (နိဗ္ဗာန်မြင်ပါတယ် ဘုရား)၊
ဒုက္ခဆိုတာ ဖြစ်-ပျက် ကို ဆိုတာ၊ အဲ့ဒီ ဖြစ် - ပျက် ချုပ်သွားလို့ရှိရင်တော့ ဒါနိဗ္ဗာန် မမြင်ပါနဲ့ ဆိုလို့မရဘူး၊ သူဖုံးကွယ်နေတာပဲ ဆိုတာကို သဘောကျပြီလား (ကျပါပြီ ဘုရား)။
13.12.60/တွင် ဟောကြားသည့်
"အလယ်လမ်းမှ ကြိုးစားရမည်" တရားတော်
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး
8 months ago | [YT] | 22