DHAMMA KARMA CHANNEL
(၁)ဝိဟိံသာ-ညှဉ်းဆဲခြင်း။(၂)ပါဏာတိပါတ-သတ္တဝါကိုသတ်ခြင်း။(၃)အဒိန္နာဒါန-သူ့ဥစ္စာကို လုယက်ခိုးယူခြင်း။(၄)အဗြဟ္မစရိယ-မေထုန်မှုကိုပြုခြင်း။(၅)မုသာဝါဒ-လိမ်လည်ပြောဆိုခြင်း။(၆)ပိသုဏဝါစာ-ဂုံးတိုက်ခြင်း။(၇)ဖရုသဝါစာ-ဆဲဆိုခြင်း။(၈)သမ္ဖပ္ပလာပ-အနှစ်မဲ့စကားပြောခြင်း။(၉)အဘိဇ္ဈာ-သူ့ဥစ္စာကိုရရန်ကြံခြင်း။(၁၀)ဗျာပါဒ-သူတစ်ပါးကို သေပျက်စေရန်ကြံခြင်း။(၁၁)မိစ္ဆာဒိဋ္ဌိ-မှားစွာယူခြင်း။(၁၂)မိစ္ဆာသင်္ကပ္ပ-မှားစွာကြံခြင်း။(၁၃)မိစ္ဆာဝါစာ-မှားစွာပြောခြင်း။(၁၄)မိစ္ဆာကမ္မန္တ-မှားစွာပြုခြင်း။(၁၅)မိစ္ဆာအာဇီဝ-မှားစွာအသက်မွေးခြင်း။(၁၆)မိစ္ဆာဝါယာမ-မှားစွာအားထုတ်ခြင်း။(၁၇)မိစ္ဆာသတိ-မှားစွာအမှတ်ရခြင်း။(၁၈)မိစ္ဆာသမာဓိ-မှားစွာစိတ်တည်ခြင်း။(၁၉)မိစ္ဆာဉာဏ-မှားစွာဆင်ခြင်ခြင်း။(၂၀)မိစ္ဆာဝိမုတ္တိ-မှားစွာလွတ်ခြင်း။(၂၁)ထိနမိဒ္ဓ-စိတ်ထိုင်းမှိုင်းခြင်း။(၂၂)ဥဒ္ဓစ္စ-စိတ်ပျံ့လွင့်ခြင်း။(၂၃)ဝိစိကိစ္ဆာ-ယုံမှားခြင်း။(၂၄)ကောဓ-အမျက်ထွက်ခြင်း။(၂၅)ဥပနာဟ-ရန်ငြိုးဖွဲ့ခြင်း။(၂၆)မက္ခ-သူ့ကျေးဇူးကို ချေဖျက်ခြင်း။(၂၇)ပဠာသ-ဂုဏ်ကြီးသူနှင့် ဖက်ပြိုင်ခြင်း။(၂၈)ဣဿာ-မနာလိုခြင်း။(၂၉)မစ္ဆရိယ-ဝန်တိုခြင်း။(၃၀)သာဌေယျ-ဟန်ဆောင်၍ ပလွှားခြင်း။(၃၁)မာယာ-မိမိအပြစ်ကို ဖုံးကွယ်လှည့်ပတ်ခြင်း။(၃၂)ထမ ္ဘ- အရိုအသေမပြုနိုင်ခြင်း။(၃၃)အတိမာန-အလွန်အထင်ကြီးခြင်း။(၃၄)ဒုဗ္ဗစတာ ဒေါဝစဿတာ-ဆိုဆုံးမခက်ခြင်း။(၃၅)ပါပမိတ္တတာ-မိတ်ဆွေညံ့နှင့်ပေါင်းခြင်း။(၃၆)ပမာဒ-ကုသိုလ်ရေး၌မေ့ခြင်း။(၃၇)အသဒ္ဓတာ-သဒ္ဓါတရားမရှိခြင်း။(၃၈)အဟိရိက-အကုသိုလ်မှ မရှက်ခြင်း။(၃၉)အနောတ္တပ္ပ-အကုသိုလ်မှ မကြောက်ခြင်း။(၄၀)အပ္ပသုတတာ-အကြားအမြင်နည်းခြင်း။(၄၁)ကောသဇ္ဇ-ပျင်းရိခြင်း။(၄၂)မုဋ္ဌဿစ္စ-သတိလွတ်ခြင်း သတိမေ့ခြင်း။(၄၃)ဒုပ္ပညတာ-ဝိပဿနာပညာမဲ့ခြင်း။(၄၄)သန္ဒိဋ္ဌိပရာမာသ-အယူသည်းခြင်း။ယခုပြောခဲ့တဲ့လေးဆယ့်လေးပါးသောအကုသိုလ်တရားတွေကိုစျာန်သမာပတ်မျှဖြင့်အမြစ်ပြတ်ကင်းငြိမ်းအောင်မပယ်နိုင်ဘူး။အဲဒီအကုသိုလ်၄၄ပါးရဲ့ဆန့်ကျင်ဘက်ဖြစ် တဲ့သီလ,သမာဓိ,ပညာအကျင့်ကိုပြည့်စုံအေါင်ကျင့်မှအဲဒီ အကုသိုလ်တွေကိုအမြစ်ပြတ်ငြိမ်းစေနိုင်တယ်။အောက် ထစ်ဆုံးအားဖြင့်သောတာပတ္တိမဂ်ကိုရောက်မှအမြစ်ပြတ်ငြိမ်းစေနိုင်တယ်။သေါတာပတ္တိမဂ်ကိုရောက်ယင်အဲဒီ ၄၄ ပါးထဲကမိစ္ဆာဒိဋ္ဌိရယ်,အယူသည်းတာရယ်,ဝိစိကိစ္ဆာရယ်, ပါဏါတိပါတရယ်,ဒီလိုအကုသိုလ်တရားတွေအမြစ်ပြတ် ကင်းငြိမ်းသွားတယ်။အတိုချုပ်အားဖြင့်ဆိုယင် အပါယ်လေးပါးကိုကျရောက်စေနိုင်တဲ့အကုသိုလ်တရားတွေအ ကုန်လုံးကင်းငြိမ်းသွားတယ်။ အဲဒီလိုအကုသိုလ်တရား ကိလေသာတရားတွေ ကင်းငြိမ်းသင့်သမျှ ကင်းငြိမ်းဘို့ကအရေးကြီးပါတယ်၊သမါဓိရတယ်စျာန်ရတယ်အကြား အမြင်ပေါက်တယ်တရားထူးရတယ်ဆိုရုံနဲ့ကိစ္စပြီးတာမ ဟုတ်ဘူး။ အောက်ထစ်ဆုံး ယခုပြောခဲ့တဲ့ ဒိဋ္ဌိ ဝိစိကိစ္ဆာ ပါဏာတိပါတအစရှိတဲ့အပါယ်လားကြောင်း ကိလေသာတွေကင်းငြိမ်းဘို့ကအရေးကြီးပါတယ်၊အဲဒီလိုကိလေသါတွေမကင်းငြိမ်းဘူးဆိုယင်တရားထူးရတယ်ဆိုတာဟာ ဘာမျှအရာမရောက်ဘူးလို့သာ မှတ်ထားကြပေတော့။သာသနာပမှာစျာန်ရတာဟာအဲဒီစျာန်မပျက်စီးဘဲ သေသွားယင် ဗြဟ္မာ့ပြည်ရောက်ပြီးအသက်ရှည်စွာ နေရဘို့ ဒါလောက်ပဲ အကျိုးရှိတယ်။အဲဒီဗြဟ္မာ့ဘုံက စုတေတဲ့အခါ လူ့ဘုံ နတ်ဘုံကို ပြန်ရောက်လာရမည်။ အဲဒီအခါ ကာမဂုဏ်အာရုံတွေနဲ့ပျော်မွေ့ပြီး အပါယ်လား ကြောင်းမကောင်းမှုတွေကိုပြုမိယင် အပါယ် ၄ ပါးလည်း ကျရဦးမှာပဲ။နောက်ပြီးတော့ဒီသာသနာတော်အတွင်းမှာ စျာန်ရနေတဲ့ပုဂ္ဂိုလ်လဲ အဲဒီစျာန်လောက်နဲ့ အားရကျေနပ်နေယင် သာသနာပစျာန်ရပုဂ္ဂိုလ်နဲ့ အတူတူပါပဲ။အပါယ် ၄ ပါးကလွတ်မြောက်တဲ့တရားကိုမရောက်နိုင်ဘူး၊ထူးတါကတော့ သာသနာတွင်း စျာန်ရ ပုဂ္ဂိုလ်မှာအဲဒီစျာန်ကိုအခြေပြုပြီးဝိပဿနာရှုလိုက်ယင်တေါ့အပါယ်ဆင်းရဲသံသရာဆင်းရဲ မှလွတ်မြောက်စေ နိုင်တဲ့ မဂ်ဖိုလ်တရားထူးတွေကိုလည်းရနိုင်ပါတယ်။ဒါကြောင့်မြတ်စွာဘုရားက အဲဒီလိုစျာန်လောက်နဲ့အားရမနေဘဲအကုသိုလ်တရားတွေကိုအမြစ်ပြ တ်ပယ်နိုင်တဲ့[သလ္လေခအကျင့်]ကိုကျင့်ဘို့ရာဒီမှာဟော ကြားထားပါတယ်။ဒီသုတ်ကတော့ ဝိပဿနာတရား အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေအတွက်လဲအသုံးကျပါတယ်။ကျေးဇူးများ ပါတယ်။တရားအားမထုတ်ဘဲအလွတ်နေတဲ့ ပုဂ္ဂိုလ်တွေအတွက်လဲ အသုံးကျပါတယ်။ကျေးဇူးများ ပါတယ်။အကုသိုလ်ကိုပယ်ရှားလိုတဲ့ ကုသိုလ်ကိုပွားများလိုတဲ့ ပုဂ္ဂိုလ်တွေအားလုံးအတွက် ကျေးဇူးများစေနိုင်တဲ့သုတ်ကြီးဖြစ်ပါတယ်။ဒါကြောင့် ဒီသုတ်တရားကိုကြားနာလေ့လာယင် ကမ္မဋ္ဌာန်း ကျောင်းမှာ တရားအားထုတ်နေကြတဲ့သူတွေအတွက် လဲအထောက်အပံ့ရမည်။အိမ်မှာနေတဲ့လူတွေ အလုပ်ကိစ္စတွေကိုလုပ်ကိုင်ဆောင်ရွက်နေရင်းလဲကုသို လ်ပွားပြီးအကျိုးများစေမယ်။ဒါကြောင့်ဒီသလ္လေခသုတ်တရားက အားလုံးနှင့်ဆိုင်ပါတယ်။[မဟာစည်ဆရာတော်ဘုရားကြီး]သလ္လေခသုတ်တရားတော်ကြီး(ပထမတွဲ)crdt;
8 months ago | [YT] | 54
DHAMMA KARMA CHANNEL
(၁)ဝိဟိံသာ-ညှဉ်းဆဲခြင်း။
(၂)ပါဏာတိပါတ-သတ္တဝါကိုသတ်ခြင်း။
(၃)အဒိန္နာဒါန-သူ့ဥစ္စာကို လုယက်ခိုးယူခြင်း။
(၄)အဗြဟ္မစရိယ-မေထုန်မှုကိုပြုခြင်း။
(၅)မုသာဝါဒ-လိမ်လည်ပြောဆိုခြင်း။
(၆)ပိသုဏဝါစာ-ဂုံးတိုက်ခြင်း။
(၇)ဖရုသဝါစာ-ဆဲဆိုခြင်း။
(၈)သမ္ဖပ္ပလာပ-အနှစ်မဲ့စကားပြောခြင်း။
(၉)အဘိဇ္ဈာ-သူ့ဥစ္စာကိုရရန်ကြံခြင်း။
(၁၀)ဗျာပါဒ-သူတစ်ပါးကို သေပျက်စေရန်ကြံခြင်း။
(၁၁)မိစ္ဆာဒိဋ္ဌိ-မှားစွာယူခြင်း။
(၁၂)မိစ္ဆာသင်္ကပ္ပ-မှားစွာကြံခြင်း။
(၁၃)မိစ္ဆာဝါစာ-မှားစွာပြောခြင်း။
(၁၄)မိစ္ဆာကမ္မန္တ-မှားစွာပြုခြင်း။
(၁၅)မိစ္ဆာအာဇီဝ-မှားစွာအသက်မွေးခြင်း။
(၁၆)မိစ္ဆာဝါယာမ-မှားစွာအားထုတ်ခြင်း။
(၁၇)မိစ္ဆာသတိ-မှားစွာအမှတ်ရခြင်း။
(၁၈)မိစ္ဆာသမာဓိ-မှားစွာစိတ်တည်ခြင်း။
(၁၉)မိစ္ဆာဉာဏ-မှားစွာဆင်ခြင်ခြင်း။
(၂၀)မိစ္ဆာဝိမုတ္တိ-မှားစွာလွတ်ခြင်း။
(၂၁)ထိနမိဒ္ဓ-စိတ်ထိုင်းမှိုင်းခြင်း။
(၂၂)ဥဒ္ဓစ္စ-စိတ်ပျံ့လွင့်ခြင်း။
(၂၃)ဝိစိကိစ္ဆာ-ယုံမှားခြင်း။
(၂၄)ကောဓ-အမျက်ထွက်ခြင်း။
(၂၅)ဥပနာဟ-ရန်ငြိုးဖွဲ့ခြင်း။
(၂၆)မက္ခ-သူ့ကျေးဇူးကို ချေဖျက်ခြင်း။
(၂၇)ပဠာသ-ဂုဏ်ကြီးသူနှင့် ဖက်ပြိုင်ခြင်း။
(၂၈)ဣဿာ-မနာလိုခြင်း။
(၂၉)မစ္ဆရိယ-ဝန်တိုခြင်း။
(၃၀)သာဌေယျ-ဟန်ဆောင်၍ ပလွှားခြင်း။
(၃၁)မာယာ-မိမိအပြစ်ကို ဖုံးကွယ်လှည့်ပတ်ခြင်း။
(၃၂)ထမ ္ဘ- အရိုအသေမပြုနိုင်ခြင်း။
(၃၃)အတိမာန-အလွန်အထင်ကြီးခြင်း။
(၃၄)ဒုဗ္ဗစတာ ဒေါဝစဿတာ-ဆိုဆုံးမခက်ခြင်း။
(၃၅)ပါပမိတ္တတာ-မိတ်ဆွေညံ့နှင့်ပေါင်းခြင်း။
(၃၆)ပမာဒ-ကုသိုလ်ရေး၌မေ့ခြင်း။
(၃၇)အသဒ္ဓတာ-သဒ္ဓါတရားမရှိခြင်း။
(၃၈)အဟိရိက-အကုသိုလ်မှ မရှက်ခြင်း။
(၃၉)အနောတ္တပ္ပ-အကုသိုလ်မှ မကြောက်ခြင်း။
(၄၀)အပ္ပသုတတာ-အကြားအမြင်နည်းခြင်း။
(၄၁)ကောသဇ္ဇ-ပျင်းရိခြင်း။
(၄၂)မုဋ္ဌဿစ္စ-သတိလွတ်ခြင်း သတိမေ့ခြင်း။
(၄၃)ဒုပ္ပညတာ-ဝိပဿနာပညာမဲ့ခြင်း။
(၄၄)သန္ဒိဋ္ဌိပရာမာသ-အယူသည်းခြင်း။
ယခုပြောခဲ့တဲ့လေးဆယ့်လေးပါးသောအကုသိုလ်တရားတွေကိုစျာန်သမာပတ်မျှဖြင့်အမြစ်ပြတ်ကင်းငြိမ်းအောင်မပယ်နိုင်ဘူး။အဲဒီအကုသိုလ်၄၄ပါးရဲ့ဆန့်ကျင်ဘက်ဖြစ် တဲ့သီလ,သမာဓိ,ပညာအကျင့်ကိုပြည့်စုံအေါင်ကျင့်မှအဲဒီ အကုသိုလ်တွေကိုအမြစ်ပြတ်ငြိမ်းစေနိုင်တယ်။အောက် ထစ်ဆုံးအားဖြင့်သောတာပတ္တိမဂ်ကိုရောက်မှအမြစ်ပြတ်ငြိမ်းစေနိုင်တယ်။သေါတာပတ္တိမဂ်ကိုရောက်ယင်အဲဒီ ၄၄ ပါးထဲကမိစ္ဆာဒိဋ္ဌိရယ်,အယူသည်းတာရယ်,ဝိစိကိစ္ဆာရယ်, ပါဏါတိပါတရယ်,ဒီလိုအကုသိုလ်တရားတွေအမြစ်ပြတ် ကင်းငြိမ်းသွားတယ်။အတိုချုပ်အားဖြင့်ဆိုယင် အပါယ်လေးပါးကိုကျရောက်စေနိုင်တဲ့အကုသိုလ်တရားတွေအ ကုန်လုံးကင်းငြိမ်းသွားတယ်။ အဲဒီလိုအကုသိုလ်တရား ကိလေသာတရားတွေ ကင်းငြိမ်းသင့်သမျှ ကင်းငြိမ်းဘို့ကအရေးကြီးပါတယ်၊သမါဓိရတယ်စျာန်ရတယ်အကြား အမြင်ပေါက်တယ်တရားထူးရတယ်ဆိုရုံနဲ့ကိစ္စပြီးတာမ ဟုတ်ဘူး။ အောက်ထစ်ဆုံး ယခုပြောခဲ့တဲ့ ဒိဋ္ဌိ ဝိစိကိစ္ဆာ ပါဏာတိပါတအစရှိတဲ့အပါယ်လားကြောင်း ကိလေသာတွေကင်းငြိမ်းဘို့ကအရေးကြီးပါတယ်၊အဲဒီလိုကိလေသါတွေမကင်းငြိမ်းဘူးဆိုယင်တရားထူးရတယ်ဆိုတာဟာ ဘာမျှအရာမရောက်ဘူးလို့သာ မှတ်ထားကြပေတော့။
သာသနာပမှာစျာန်ရတာဟာအဲဒီစျာန်မပျက်စီးဘဲ သေသွားယင် ဗြဟ္မာ့ပြည်ရောက်ပြီးအသက်ရှည်စွာ နေရဘို့ ဒါလောက်ပဲ အကျိုးရှိတယ်။အဲဒီဗြဟ္မာ့ဘုံက စုတေတဲ့အခါ လူ့ဘုံ နတ်ဘုံကို ပြန်ရောက်လာရမည်။ အဲဒီအခါ ကာမဂုဏ်အာရုံတွေနဲ့ပျော်မွေ့ပြီး အပါယ်လား ကြောင်းမကောင်းမှုတွေကိုပြုမိယင် အပါယ် ၄ ပါးလည်း ကျရဦးမှာပဲ။နောက်ပြီးတော့ဒီသာသနာတော်အတွင်းမှာ စျာန်ရနေတဲ့ပုဂ္ဂိုလ်လဲ အဲဒီစျာန်လောက်နဲ့ အားရကျေနပ်နေယင် သာသနာပစျာန်ရပုဂ္ဂိုလ်နဲ့ အတူတူပါပဲ။အပါယ် ၄ ပါးကလွတ်မြောက်တဲ့တရားကိုမရောက်နိုင်ဘူး၊ထူးတါကတော့ သာသနာတွင်း စျာန်ရ ပုဂ္ဂိုလ်မှာအဲဒီစျာန်ကိုအခြေပြုပြီးဝိပဿနာရှုလိုက်ယင်တေါ့အပါယ်ဆင်းရဲသံသရာဆင်းရဲ မှလွတ်မြောက်စေ နိုင်တဲ့ မဂ်ဖိုလ်တရားထူးတွေကိုလည်းရနိုင်ပါတယ်။ဒါကြောင့်မြတ်စွာဘုရားက အဲဒီလိုစျာန်လောက်နဲ့အားရမနေဘဲအကုသိုလ်တရားတွေကိုအမြစ်ပြ တ်ပယ်နိုင်တဲ့[သလ္လေခအကျင့်]ကိုကျင့်ဘို့ရာဒီမှာဟော ကြားထားပါတယ်။
ဒီသုတ်ကတော့ ဝိပဿနာတရား အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေအတွက်လဲအသုံးကျပါတယ်။ကျေးဇူးများ ပါတယ်။တရားအားမထုတ်ဘဲအလွတ်နေတဲ့ ပုဂ္ဂိုလ်တွေအတွက်လဲ အသုံးကျပါတယ်။ကျေးဇူးများ ပါတယ်။အကုသိုလ်ကိုပယ်ရှားလိုတဲ့ ကုသိုလ်ကိုပွားများလိုတဲ့ ပုဂ္ဂိုလ်တွေအားလုံးအတွက် ကျေးဇူးများစေနိုင်တဲ့သုတ်ကြီးဖြစ်ပါတယ်။ဒါကြောင့် ဒီသုတ်တရားကိုကြားနာလေ့လာယင် ကမ္မဋ္ဌာန်း ကျောင်းမှာ တရားအားထုတ်နေကြတဲ့သူတွေအတွက် လဲအထောက်အပံ့ရမည်။အိမ်မှာနေတဲ့လူတွေ အလုပ်ကိစ္စတွေကိုလုပ်ကိုင်ဆောင်ရွက်နေရင်းလဲကုသို လ်ပွားပြီးအကျိုးများစေမယ်။ဒါကြောင့်ဒီသလ္လေခသုတ်တရားက အားလုံးနှင့်ဆိုင်ပါတယ်။
[မဟာစည်ဆရာတော်ဘုရားကြီး]
သလ္လေခသုတ်တရားတော်ကြီး(ပထမတွဲ)crdt;
8 months ago | [YT] | 54