Laugh. Relax. Repeat.
Hilarious short videos & pure entertainment made for grown-ups who need a break. Hit subscribe and let the fun begin! 🎬😂


GenZPhoeMaung

စဖြစ်ခါစတုန်းကလို အိပ်ယာထဲ
လဲပြီး ခွေနေတာမျိုးတော့ မဟုတ်
ပေမယ့် ထထိုင်လာနိုင်ပါပြီ။

ရုပ်သံတော့ အခြေအနေအရပဲ။

ပြောရမယ်ဆိုရင် လောလောဆယ်
ငါ့ပန်းမသေတော့ဘူးပေါ့ စိတ်ချရ
ပါပြီ။(ဘော်ဒါတွေ စိတ်အေးရပြီ)

ရောဂါဖြစ်တော့မှ တရားသဘော
လည်း သိလာတယ်။

ခန္ဓာရှိရင် ၊ ဝေဒနာရှိမယ်
ဝေဒနာရှိရင် စော်ရှိမှရမယ်
နို့မို့ဆို တယောက်တည်းက
ဘာတခုမှ အဆင်ပြေမနေဘူး ... 🤣

#GenZPhoeMaung

1 day ago | [YT] | 144

GenZPhoeMaung

အစာအိမ်နာနေတာ သက်သာလားဆိုတော့ မသက်သာသေးဘူး။ အိပ်တာလည်း ကောင်းကောင်းအိပ်မပျော်ဘူး ၊ အိပ်ပျော်မယ်ကြံလိုက် ဗိုက်ကအောင့်လာလိုက်နဲ့ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်မပျော်သေးဘူး။

အဲ့ဒါ မနက်လင်းခါနီးမှ အိပ်ပျော်တာ ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ နာရီဝက်လောက်ကမှ နိုးတယ်၊ ဆေးကတော့ မြင်တဲ့အတိုင်းပဲ ငယ်ရည်စားဖြစ်တဲ့ Antacil gel ကို တနေ့ ၄ကြိမ်လောက် ထထသောက်နေရတယ်။

ဒါပေမယ့် ဒီဆေးရဲ့ ပြသနာက ဝမ်းချုပ်တယ်၊ နောက်ထပ် ပြသနာက ပူရှိန်းပါဝင်မှုနှုန်းက အရမ်းကြီးများတော့ အဲ့ကောင် ၂ရက်လောက်သောက်ပြီးရင် ဟိုကောင်က အသေကောင်ကြီးလို ဖြစ်သွားတာ။ အစာအိမ်သမားက စိတ်ဖိစီးလို့ မရဘူး၊ စိတ်ဖိစီးရင် ဂက်စ်ပိုထွက်ပြီး ပိုဆိုးလို့လေ။ ဒါပေမယ့်လည်း ကိုယ်က အတွေးလွန်သမားဆိုတော့ တခုခုဆို အတွေးတွေဖိစီးပြီး ပိုဆိုးလာတာ။

ဒါကြောင့် ဒီဆေးကို သောက်ရင် ဆိုက်ကိုဖောက်တာ ရေရှည်သာစွဲသောက်ရမယ်ဆိုရင် ငါပန်းများသေသွားမှာလားဆိုပြီး။

ဒီရုပ်၊ ဒီရည်၊ ဒီအသက်အရွယ်နဲ့တော့ လူပဲ အသေခံလိုက်ချင်တယ်၊ ဟိုဟာတော့ အသေမခံချင်သေးဘူး။

ဒါကြောင့် ငါ့ပန်း မသေရဘူး၊ ငါ့ပန်းမသေရဘူးဆိုတဲ့ စိတ်နဲ့ ဆေးတခါသောက်တိုင်း ကိုယ့်ကိုယ့်ကို ပြန်ပြီး အားပေးနေရတယ်။

လူတိုင်းက ကျတော့်အစာအိမ်ကို စိတ်ပူကြတယ်၊ ကျတော်က အစာအိမ်ထက် ပန်းကိုပဲ ပိုစိတ်ပူတယ်။

ဖြစ်နိုင်ရင် မန့်မှာ အားပေးသွားကြပါ နင့် ပန်းသေလို့ မရဘူးလို့ ...🤣

(ရုပ်ကတော့ မနေ့ညက ဆေးသွားဝယ်တဲ့ရုပ်)

#GenZPhoeMaung

2 days ago | [YT] | 126

GenZPhoeMaung

ကျတော် နေမကောင်းဘူးဗျာ ။ အစာအိမ်အချဥ်ဖောက်ပြီး အန်တာကြောင့်ပါ။ အစာအိမ်ကလည်း နဂိုကတည်းက နာတတ်တဲ့အခံရှိတော့ လူက နုံးကျသွားတာပဲ။

မနေ့ကအထိ အကောင်း ဒီကနေ့ မနက်ကမှ ထဖြစ်တာ၊ ဘုရားဆွမ်းတော်ကပ်ဖို့ ဝယ်လာတဲ့ စပျစ်သီး၊ ကျွဲကောသီးတွေထဲက ပိုတာတွေ့ကို မနက်နိုးနိုးချင်း အစာအိမ်ထဲ ဘာမှ မရှိဘဲ ထိုင်စားလိုက်တာ ခဏ ကြာတော့ အချဥ်ဖောက်သွားတယ်ထင်ပါတယ် ပြန်အန်တာ။

ပထမတခါ အန်တုန်းက ပြသနာမရှိသေးဘူး နောက်ထပ် ၂ခါ ထပ်အန်တော့မှ အစာအိမ်ထဲ အစာမရှိဘဲ အရည်တွေပဲ ထွက်လာပြီး အစာအိမ်ပါ နာလာတာ။

အဲ့ဒါနဲ့ ကျတော် အိပ်ယာထဲ ပြန်လှဲနေတာ။ တော်ကြာ မွေးနေ့ရောက်မှ တနေကုန်ပျောက်နေတယ်ဆိုပြီး ပါတီပေးနေတယ် ထင်မှာစိုးလို့ ။

ဒီလိုမျိုးတွေ လုပ်ဖို့ အစီစဥ်မရှိပါဘူးဗျာ။ ဒါလေးလာပြောတာ ခင်ဗျားတို့ကောင် အခုထိ ခွေခွေလေးပဲ။

YT နဲ့ Tele မှာလည်း ဘာမှ မတင်တာ စိတ်မကွက်ကြပါနဲ့ အာရုံမစိုက်နိုင်လို့ပါ ...


#GenZPhoeMaung

3 days ago | [YT] | 280

GenZPhoeMaung

သင်သိပါသလား ?

တခေတ်တခါက လူငယ်တွေကြားမှာ ရေပန်းစားကျော်ကြားခဲ့တဲ့ အောစာအုပ်ပေါင်းများစွာကို ရေးသားခဲ့သူ "ရတနာဝင်းထိန်"ဆိုသူမှာ ပေါ်ပြူလာဂျာနယ်ရဲ့ အယ်ဒီတာ အူးမြတ်ခိုင်ဖြစ်ကြောင်း သူ့စာအုပ်တွေကို စွဲစွဲလန်းလန်းဖတ်ခဲ့တဲ့ ဇော်မည်းလုံးမှ အတည်ပြုပြောကြား။

ကျတော်တို့ လူငယ်ဘဝက ဆရာ့စာတွေနဲ့ပဲ ကြီးပြင်းခဲ့ရတာဆိုတော့ အခုလို ရတနာဝင်းထိန်ဆိုတာ အူးမြတ်ခိုင်ဖြစ်တယ်ဆိုတာ သိရတော့ အတိုင်းမသိဝမ်းသာမိတယ်လို့ ဇော်မည်းလုံးမှ ပြောကြားသွားပါတယ်။

" ရတနာဝင်းထိန်စာအုပ်ဆို ထွက်သမျှဝယ်ပြီးစုထားတာ စာအုပ်ကို ဖတ်လိုက် အိမ်သာထဲ ဂွင်းတိုက်လိုက်၊ အိပ်ယာထဲ ဂွေလှိမ့်လိုက်နဲ့ဆိုတော့ အမှတ်တရတွေက အများကြီးဖြစ်ကြောင်း" ဇော်မည်းလုံးမှ ထပ်မံပြောကြားသွားပါတယ်။

ဒါ့အပြင် အခုလို သူ့စာအုပ်တွေဖတ်ပြီး ဂွင်းတိုက်ခဲ့တဲ့ လက်နဲ့ပဲ ဆရာ့ကိုပြန်ပြီး လက်ဆွဲနှုတ်ဆက်ရတာကြောင့် များစွာ ဂုဏ်ယူမိကြောင်းနဲ့ NCA ပွဲမှာလည်း "မြန်မာပြည်ကြီးငြိမ်းချမ်းဖို့ အောစာအုပ်တွေ ဖတ်ကြစို့" ဆိုပြီး တိုက်တွန်းသွားခဲ့ကြောင်း သိရှိရပါတယ်။

ဓါတ်ပုံ / ဇော်မည်းလုံး နှင့် ရတနာဝင်းထိန်

#GenZPhoeMaung

3 days ago | [YT] | 128

GenZPhoeMaung

ပြည်ခိုင်ဖြိုးပါတီမှ မင်းအောင်လှိုင်နှင့်ပေါင်းပြီး အကြောင်းမျိုးစုံပြ၍ ပါတီများနှင့် ၄င်းပါတီမှ ထင်ရှားကျော်ကြားသူများအား ရွေးကောက်ပွဲမဝင်နိုင်အောင် UEC ကတဆင့် ဖိအားပေး လုပ်ဆောင်နေကြသဖြင့် UECကို သံသယရှိကြောင်း ဦးကိုကိုကြီးမှ ပြောကြား...

" ဒါ သက်သက် ယုတ်မာတာပဲဖြစ်တယ်၊ ပြီးခဲ့တဲ့တခေါက်ကပဲ NDF ပါတီ ပြုတ်သွားပြီ၊ အခု ဒေါ်သက်သက်ခိုင် နောက်တခါဆို ကျတော့်ကို ပစ်မှတ်ထားလာနိုင်တယ် "

UEC ရဲ့ ပြသနာရှာနိုင်စွမ်းက ကြံခိုင်ရေးကို တကောင်တည်းပြေးတဲ့ ခွေးဖြစ်အောင် လုပ်နေတာဖြစ်ကြောင်း ၊ NDF ကို ပါတီအရည်ချင်းမပြည့်လို့ ဘန်းတယ်၊ သက်သက်ခိုင်ကိုလည် အကြွေးပြန်မဆပ်နိုင်လို့ ဘန်းတော့မယ် ဒါဟာ နောက်ကွယ်မှာ လက်မည်းကြီးရှိနေတာ သေချာပြီ။

အပြစ်မရှိ အပြစ်ရှာနေတဲ့ UEC ဘက်က ရုပ်ဆိုးတဲ့ သူ့ကိုလည်း ရုပ်ဆိုးတဲ့သူတွေ မဲဆွယ်လို့မရဆိုတဲ့ အကြောင်းပြချက်နဲ့ ရုပ်ရည်ကိုထိခိုက်ပြီး ရွေးကောက်ပွဲ မပါနိုင်အောင် ဘန်းလာနိုင်ကြောင်း ဦးကိုကိုကြီးမှ ငြီးတွားသွားပါတယ်။

တဆက်တည်းမှာပင် ဦးကိုကိုကြီးမှ "သူရုပ်ဆိုးတာ အပြစ်မရှိကြောင်းနဲ့ မင်းအောင်လှိုင် မိန်းမဆိုရင် သူ့ထက်တောင်ရုပ်ဆိုးသူဖြစ်ကြောင်း ထပ်မံပြောကြားသွားပါတယ်။

#GenZPhoeMaung

6 days ago | [YT] | 368

GenZPhoeMaung

စာရေးတာကြာပြီလားဆိုတော့ ကြာပြီပဲ ပြောရမယ်။ အာဏာမသိမ်းခင်ကတော့ အရင်အကောင့်မှာ အခုလိုပဲ ဟာသတွေရေးတာ။ ဖော်လိုဝါလည်း အထိုက်လျောက်ရှိတော့ စာတွေက သူ့ဟာနဲ့သူတော့ သွားတာများပါတယ်။

ဒီလိုတွေရေးနေရင်း တခါတခါစိတ်ကလွတ်ပြီး အတည်အတံ့တွေရေးပြန်တော့ အခုအမေရိကားရောက်နေတဲ့ မဂျူလိုင်မိုး(အိုစေစစ်ဂျာနယ်ရဲ့အယ်ဒီတာ)နဲ့ တခြားထုတ်ဝေသူတဦးက ကျတော့်ကို စာအုပ်ထုတ်ဖို့ ပြောတယ်။ (အိုအေစစ်ဂျာနယ်တွေမှာလည်း စိတ်ပါရင် ပါသလိုရေးဖူးပါတယ်)

ဒါပေမယ့် ခက်တာက ကျတော့်လက်က စာအုပ်ထုတ်ရတဲ့အဆင့်ထိ အဆင်သင့်မဖြစ်သေးတာ သိတယ်။ ဒီလိုနဲ့ တလရကာလရောက်တော့ UG ဘဝနဲ့ D Day မှာ "ရာဟု"ဆိုတဲ့ နာမည်နဲ့ စာတွေစရေးတယ်။

ဒါပေမယ့် ကျတော်ရေးနေရင်း ကြားထဲမှာလည်း audio bookဖတ်တဲ့ ရာဟုက ပေါ်လာတော့ အဲ့နာမည်နဲ့ မရေးတော့ဘူး။

ကိုယ်ကသာ မရေးတော့တာ ကိုနေဘုန်းလတ်ဆို အခုချိန်ထိ ရာဟုဆိုပြီး ခေါ်နေလို့ ငါ့မှာ မခေါ်ပါနဲ့ အဲ့နာမည်ကြီး မသုံးတော့ဘူးလို့ ပြောရတယ်။( လူတွေ ခဏခဏလာမှားတတ်လို့လေ)

ဒီလိုနဲ့ အာရှနွားမှာလည်း ရေးတယ်၊ နောက်ပိုင်း PDF insight မှာလည်း ၁နှစ်နီးပါးလောက် ရေးသေးတယ်။အခုနောက်ပိုင်းတော့ အကြောင်းကြောင်းကြောင့် မရေးဖြစ်တော့ဘဲ ဖိုးမောင်ထဲပဲ ပတ်မွှေနေတာ တယ်လီဂရမ်မှာ ဒီချန်နယ်စထောင်တဲ့ အချိန်ကတည်းကပဲ ။ကိုယ်တိုင်လည်း ဟာသကို သဘောကျတာလည်း ပိုပါမယ် ဒါကြောင့် ဒီလိုရေးရတာ ပိုကြိုက်တယ်။

ဒါပေမယ့် ပေါက်ကတွေချည်း ထိုင်ရေးနေလို့လား မသိဘူး မရယ်ရတာတွေ ရေးတဲ့အခါတိုင်း ငါနေရောကောင်းရဲ့လားလို့ ပြန်တွေးမိတဲ့အထိပဲ။

ခင်ဗျားတို့ "ဟဟ" တွေ လာမပေးရင် တခုခုကို လိုနေသလို ဖြစ်နေတာ ...🤣

#GenZPhoeMaung

1 week ago | [YT] | 183

GenZPhoeMaung

ဒီနေ့ YTမှာ မတင်တော့ဘူးဗျာ ။
မိတ်ဆွေတချို့ကို လေဆိပ်လိုက်
ပို့နေရလို့ ခုနမှ ပြန်ရောက်တယ်။

ဒါကြောင့်ပါ ...

မင့်ဖျင်ချရင် တွေ့ကြမယ်နော်...😂

#GenZPhoeMaung

1 week ago | [YT] | 86

GenZPhoeMaung

စာရေးသူ ခရီးလွန်နေပါသဖြင့် ဒီည ရုပ်သံကို မနက်ဖြန် မနက်ပိုင်းကျမှ တင်ပေးထားပါ့မယ်။

မနက်ဖြန်တော့ အတိုးအရင်းပေါင်းပြီး မနက်နဲ့ ည ၂ပုဒ်တင်ပေးနိုင်အောင် ကြိုးစားပါ့မယ်။

ဒီတော့ မင့်ဖျင်ချရင် တွေ့မယ်နော် နော်နော်နော်လို့ ...😂

#GenZPhoeMaung

1 week ago (edited) | [YT] | 181

GenZPhoeMaung

တောင်းပန်ပါတယ် ဒီည ဘတ်မြောင် အလုပ်မပြီးလို့ ဗီဒီယိုမတင်နိုင်ဘူး ။

နင့်ဖျင်ချရင် တွေ့ကြမယ်လေနော် နော် နော် ...

#GenZPhoeMaung

2 weeks ago | [YT] | 129

GenZPhoeMaung

ဒီနေ့တော့ ရုပ်သံမတင်ပေးနိုင်တော့ဘူး ခင်ဗျာ။

Video edit လုပ်တာ မပြီးလို့ပါ။

မနက်ဖြန်မှပြန်လာခဲ့မယ်နော် ...

#GenZPhoeMaung

3 weeks ago | [YT] | 140