GenZPhoeMaung

ကျတော် နေမကောင်းဘူးဗျာ ။ အစာအိမ်အချဥ်ဖောက်ပြီး အန်တာကြောင့်ပါ။ အစာအိမ်ကလည်း နဂိုကတည်းက နာတတ်တဲ့အခံရှိတော့ လူက နုံးကျသွားတာပဲ။

မနေ့ကအထိ အကောင်း ဒီကနေ့ မနက်ကမှ ထဖြစ်တာ၊ ဘုရားဆွမ်းတော်ကပ်ဖို့ ဝယ်လာတဲ့ စပျစ်သီး၊ ကျွဲကောသီးတွေထဲက ပိုတာတွေ့ကို မနက်နိုးနိုးချင်း အစာအိမ်ထဲ ဘာမှ မရှိဘဲ ထိုင်စားလိုက်တာ ခဏ ကြာတော့ အချဥ်ဖောက်သွားတယ်ထင်ပါတယ် ပြန်အန်တာ။

ပထမတခါ အန်တုန်းက ပြသနာမရှိသေးဘူး နောက်ထပ် ၂ခါ ထပ်အန်တော့မှ အစာအိမ်ထဲ အစာမရှိဘဲ အရည်တွေပဲ ထွက်လာပြီး အစာအိမ်ပါ နာလာတာ။

အဲ့ဒါနဲ့ ကျတော် အိပ်ယာထဲ ပြန်လှဲနေတာ။ တော်ကြာ မွေးနေ့ရောက်မှ တနေကုန်ပျောက်နေတယ်ဆိုပြီး ပါတီပေးနေတယ် ထင်မှာစိုးလို့ ။

ဒီလိုမျိုးတွေ လုပ်ဖို့ အစီစဥ်မရှိပါဘူးဗျာ။ ဒါလေးလာပြောတာ ခင်ဗျားတို့ကောင် အခုထိ ခွေခွေလေးပဲ။

YT နဲ့ Tele မှာလည်း ဘာမှ မတင်တာ စိတ်မကွက်ကြပါနဲ့ အာရုံမစိုက်နိုင်လို့ပါ ...


#GenZPhoeMaung

1 week ago | [YT] | 296