GenZPhoeMaung

စာရေးတာကြာပြီလားဆိုတော့ ကြာပြီပဲ ပြောရမယ်။ အာဏာမသိမ်းခင်ကတော့ အရင်အကောင့်မှာ အခုလိုပဲ ဟာသတွေရေးတာ။ ဖော်လိုဝါလည်း အထိုက်လျောက်ရှိတော့ စာတွေက သူ့ဟာနဲ့သူတော့ သွားတာများပါတယ်။

ဒီလိုတွေရေးနေရင်း တခါတခါစိတ်ကလွတ်ပြီး အတည်အတံ့တွေရေးပြန်တော့ အခုအမေရိကားရောက်နေတဲ့ မဂျူလိုင်မိုး(အိုစေစစ်ဂျာနယ်ရဲ့အယ်ဒီတာ)နဲ့ တခြားထုတ်ဝေသူတဦးက ကျတော့်ကို စာအုပ်ထုတ်ဖို့ ပြောတယ်။ (အိုအေစစ်ဂျာနယ်တွေမှာလည်း စိတ်ပါရင် ပါသလိုရေးဖူးပါတယ်)

ဒါပေမယ့် ခက်တာက ကျတော့်လက်က စာအုပ်ထုတ်ရတဲ့အဆင့်ထိ အဆင်သင့်မဖြစ်သေးတာ သိတယ်။ ဒီလိုနဲ့ တလရကာလရောက်တော့ UG ဘဝနဲ့ D Day မှာ "ရာဟု"ဆိုတဲ့ နာမည်နဲ့ စာတွေစရေးတယ်။

ဒါပေမယ့် ကျတော်ရေးနေရင်း ကြားထဲမှာလည်း audio bookဖတ်တဲ့ ရာဟုက ပေါ်လာတော့ အဲ့နာမည်နဲ့ မရေးတော့ဘူး။

ကိုယ်ကသာ မရေးတော့တာ ကိုနေဘုန်းလတ်ဆို အခုချိန်ထိ ရာဟုဆိုပြီး ခေါ်နေလို့ ငါ့မှာ မခေါ်ပါနဲ့ အဲ့နာမည်ကြီး မသုံးတော့ဘူးလို့ ပြောရတယ်။( လူတွေ ခဏခဏလာမှားတတ်လို့လေ)

ဒီလိုနဲ့ အာရှနွားမှာလည်း ရေးတယ်၊ နောက်ပိုင်း PDF insight မှာလည်း ၁နှစ်နီးပါးလောက် ရေးသေးတယ်။အခုနောက်ပိုင်းတော့ အကြောင်းကြောင်းကြောင့် မရေးဖြစ်တော့ဘဲ ဖိုးမောင်ထဲပဲ ပတ်မွှေနေတာ တယ်လီဂရမ်မှာ ဒီချန်နယ်စထောင်တဲ့ အချိန်ကတည်းကပဲ ။ကိုယ်တိုင်လည်း ဟာသကို သဘောကျတာလည်း ပိုပါမယ် ဒါကြောင့် ဒီလိုရေးရတာ ပိုကြိုက်တယ်။

ဒါပေမယ့် ပေါက်ကတွေချည်း ထိုင်ရေးနေလို့လား မသိဘူး မရယ်ရတာတွေ ရေးတဲ့အခါတိုင်း ငါနေရောကောင်းရဲ့လားလို့ ပြန်တွေးမိတဲ့အထိပဲ။

ခင်ဗျားတို့ "ဟဟ" တွေ လာမပေးရင် တခုခုကို လိုနေသလို ဖြစ်နေတာ ...🤣

#GenZPhoeMaung

1 week ago | [YT] | 183