GenZPhoeMaung

အစာအိမ်နာနေတာ သက်သာလားဆိုတော့ မသက်သာသေးဘူး။ အိပ်တာလည်း ကောင်းကောင်းအိပ်မပျော်ဘူး ၊ အိပ်ပျော်မယ်ကြံလိုက် ဗိုက်ကအောင့်လာလိုက်နဲ့ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်မပျော်သေးဘူး။

အဲ့ဒါ မနက်လင်းခါနီးမှ အိပ်ပျော်တာ ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ နာရီဝက်လောက်ကမှ နိုးတယ်၊ ဆေးကတော့ မြင်တဲ့အတိုင်းပဲ ငယ်ရည်စားဖြစ်တဲ့ Antacil gel ကို တနေ့ ၄ကြိမ်လောက် ထထသောက်နေရတယ်။

ဒါပေမယ့် ဒီဆေးရဲ့ ပြသနာက ဝမ်းချုပ်တယ်၊ နောက်ထပ် ပြသနာက ပူရှိန်းပါဝင်မှုနှုန်းက အရမ်းကြီးများတော့ အဲ့ကောင် ၂ရက်လောက်သောက်ပြီးရင် ဟိုကောင်က အသေကောင်ကြီးလို ဖြစ်သွားတာ။ အစာအိမ်သမားက စိတ်ဖိစီးလို့ မရဘူး၊ စိတ်ဖိစီးရင် ဂက်စ်ပိုထွက်ပြီး ပိုဆိုးလို့လေ။ ဒါပေမယ့်လည်း ကိုယ်က အတွေးလွန်သမားဆိုတော့ တခုခုဆို အတွေးတွေဖိစီးပြီး ပိုဆိုးလာတာ။

ဒါကြောင့် ဒီဆေးကို သောက်ရင် ဆိုက်ကိုဖောက်တာ ရေရှည်သာစွဲသောက်ရမယ်ဆိုရင် ငါပန်းများသေသွားမှာလားဆိုပြီး။

ဒီရုပ်၊ ဒီရည်၊ ဒီအသက်အရွယ်နဲ့တော့ လူပဲ အသေခံလိုက်ချင်တယ်၊ ဟိုဟာတော့ အသေမခံချင်သေးဘူး။

ဒါကြောင့် ငါ့ပန်း မသေရဘူး၊ ငါ့ပန်းမသေရဘူးဆိုတဲ့ စိတ်နဲ့ ဆေးတခါသောက်တိုင်း ကိုယ့်ကိုယ့်ကို ပြန်ပြီး အားပေးနေရတယ်။

လူတိုင်းက ကျတော့်အစာအိမ်ကို စိတ်ပူကြတယ်၊ ကျတော်က အစာအိမ်ထက် ပန်းကိုပဲ ပိုစိတ်ပူတယ်။

ဖြစ်နိုင်ရင် မန့်မှာ အားပေးသွားကြပါ နင့် ပန်းသေလို့ မရဘူးလို့ ...🤣

(ရုပ်ကတော့ မနေ့ညက ဆေးသွားဝယ်တဲ့ရုပ်)

#GenZPhoeMaung

3 days ago | [YT] | 137