မြတ်ဗုဒ္ဓ၏-ဓမ္မတရားတော်များ

အားလုံးပဲမင်္ဂလာပါခင်ဗျ
Dhamma Sharing Channel မှ ကြိုဆိုပါတယ်ခင်ဗျ
နေ့စဥ်
ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလဘိဝံသ ၏
တရားထူးတရားမြတ်များ
ဆရာတော် အရှင်သူရိယ၏တရားတော်များ
သစ္စာရွှေစည်ဆရာတော်၏တရားတော်များ
အခြားသောကျေးဇူးရှင် ဆရာတော်ကြီးများ၏တရားတော်များနှင့်
ဝိပဿနာ တရားတော်များ
မိုးကုတ်ဝိပဿနာ အကြောင်းများ ကို အမြဲတမ်းတင်ဆက်ပေးသွားမှာဖြစ်လို့
အားလုံးကိုကြိုဆိုပါတယ်ခင်ဗျ🙏
နေ့စဉ် တရားထူးတရားမြတ်များ တင်ဆက်ပေးသွားမှာမို့
channel လေးကို like and subscribe.
လုပ်ထားပေးဖို့တောင်းဆိုပါတယ်ခင်ဗျ

တရားချစ်ခင် သူတော်စင်များအားလုံး
“တရားဓမ္မကို နားလည်နိုင်စွမ်း၊
တရားဓမ္မကို မျှဝေနိုင်စွမ်း၊
တရားဓမ္မကို အဖော်ပြုတတ်စွမ်း —
သုံးပါးပြည့်စုံစွာ ရရှိနိုင်ပါစေ။”

တရားနာခြင်း၏ အကျိူး ၅ ပါး
၁။ မကြားဖူးသည်များကို ကြားနာရခြင်း
၂။ ကြားဖူးသည်များကို ရှင်းလင်းစွာနားလည်ခြင်း
၃။ ယုံမှား သံသယ ကင်းရှင်းခြင်း
၄။ အယူမှန်ကို ရခြင်း
၅။ သဒ္ဓါပညာတိုးဟွား၍ စိတ်ကြည်လင်ခြင်း


မြတ်ဗုဒ္ဓ၏-ဓမ္မတရားတော်များ

ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့
ဗုဒ္ဓဘာသာဝင်ကောင်း ဖြစ်ဖို့လိုတယ်။

ငါးပါးသီလလုံမှ ကိုယ်ကျင့်သီလနှင့်
ပြည့်စုံတဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်တယ်။

မဟုတ်ရင် ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့
ဗုဒ္ဓဘာသာဝင် မဖြစ်နိုင်ဘူးတဲ့။

" ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ "´လို့
ဆောက်တည် ထားသည့်အတွက်ကြောင့်
ဗုဒ္ဓဘာသာဝင်တော့ ဖြစ်သွားပါရဲ့

သို့သော် ငါးပါးသီလကို ကျူးးလွန်
ဖောက်ဖျက် နေသေးတယ် ဆိုရင်
ကိုယ်ကျင့်သီလရှိတဲ့
ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက် မဖြစ်ဘူး၊
ဒါ အရ မှတ်ရမယ်။

အဲ့ဒီတော့
မိမိကိုယ်တိုင် ဗုဒ္ဓဘာသာဝင် ဖြစ်ပြီဆိုရင်
ဗုဒ္ဓဘာသာတို့ရဲ့တာဝန်ဝတ္တရား အားလျော်စွာ
လိုက်နာ ကျင့်သုံးရမှာကတော့ အနည်းဆုံး
ငါးပါးသီလ လုံအောင် ထိန်းမယ်လို့ စိတ်ထဲမှာ
ဒီလို နှလုံးသွင်း ဆင်ခြင်ထားသင့်တယ်။

ဟို အကြောင်းပြ ၊ ဒီ အကြောင်းပြ
ဒါတွေ မပြသင့်ဘူးနော်၊

ဘဝမှာ တန်ဖိုးရှိတဲ့ အလုပ်ကို လုပ်ဖို့က
အင်မတန်မှ အရေးကြီးတယ်။

လူ့လောက လူတွေဟာ ကိုယ်ကျင့်တရားနှင့်
ပတ်သက်လာတဲ့ အခါ ကျလို့ရှိရင်
တခြားအကြောင်းတွေပြပြီး
ကိုယ်ကျင့်သီလကို
ဖောက်ဖျက်တတ်တယ်ပေါ့။

အေး အခွင့်အရေးနဲ့ ပတ်သက်လာရင်တော့
လူတွေက Human rights ဆိုပြီး
လူ့အခွင့်အရေးကိုတော့
ကျယ်ကျယ်လောင်လောင်
တောင်းဆို တတ်ကြတယ်။

သို့သော်
လူတွေရဲ့ကိုယ်ကျင့်တရားရော ပြည့်ဝရဲ့လား
ဆိုတော့ လူ့ကိုယ်ကျင့်တရား မရှိဘူး၊
လူ့ရဲ့ကိုယ်ကျင့်သိက္ခာ ပြည့်ဝဖို့က ပိုပြီးတော့
အရေးကြီးတယ်၊ တန်ဖိုးရှိတယ်။

အဲ့တော့ ဗုဒ္ဓဘာသာဝင် ဖြစ်လာပြီဆိုရင်တော့
ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့
ဗုဒ္ဓဘာသာဝင်ကောင်း ဖြစ်ဖို့ လိုတယ်။
ငါးပါးသီလနှင့် ပြည့်စုံသွားပြီ ဆိုရင်
သီလရှိတဲ့ ဗုဒ္ဓဘာသာဝင် ဖြစ်သွားပြီ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

4 months ago | [YT] | 51

မြတ်ဗုဒ္ဓ၏-ဓမ္မတရားတော်များ

⭐ပဌာန်း ရွတ်မယ် ဆိုလျှင်⭐

(၁) အရင် မျက်နှာသစ် ခြေထောက်လက်
ဆေးရပါတယ်။ ချွေးနံ မနံပါစေ နဲ့ ။

(၂) အချိန်မှန်ရတယ် ။ နာချင်တဲ့ နတ်တွေက
အချိန်ကို မှတ်တာ ။

(၃) ပီပီသသ ကျယ်ကျယ် ရွတ်ရမယ် ။

🛎️ပဌာန်းရွတ်ဖတ်ပွားများသော အတိုက် အခိုက်တွေက နေ့စဉ်လိုလို ကြုံတွေ့နေရလျှင် ဘုရားအနေကဇာဂါထာတော် ကို၊ သုံးခေါက်အရင် ရွတ်ဆိုပြီးမှ၊ ရွတ်ဖတ်ပွားများ
ပူဇော်ပါလေ။ အတိုက်အခိုက်တွေ ငြိမ်းအေးသွားပါလိမ့်မယ်🛎️

⚜️ ခင်ပွန်းကြီး(၁၀)ပါးအားဝန်ချကန်တော့ရန် ⚜️

နမောတသရွတ်ဆို၍ဘုရားရှိခိုးပါ
ငါးပါးသီလခံယူပါ
ခင်ပွန်းကြီး(၁၀)ပါးအားဝန်ချကန်တော့ပါ
{ဗုဒ်ဓါ ပစ်စကေဗုဒ်ဓါစ
အရဟာ အဂ္ဂသာဝကာ
မာတာပိတု ဂုရုသတ်တာ
ဓမ္မဒေသကာ စ ဒါယကာ
ဣမေ ဒဿ မဟာဂုဏေ
အဟံဝန်ဒာမိ သဗ်ဗဒါ}

⚜️အဓိဋ္ဌာန်ပြုပါ ⚜️

ဘုရားတပည့်တော်သည်(စရွတ်သည့်နေ့)စ၍
နေ့စဉ်မပြတ် တစ်လတိတိ
ပဋ္ဌာန်းဒေသနာတော်များရွတ်ဆိုပြီး
မြတ်စွာဘုရားကိုပူဇော်ပါမည်ဟု
အဓိဋ္ဌာန်ပြုပါသည်အရှင်ဘုရား ထိုကဲ့သို့ တစ်လအဓိဋ္ဌာန်ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရာတွင် ယနေ့အဓိဋ္ဌာန်အဖြစ် ယခုအချိန်မှစ၍ ပဋ္ဌာန်းဒေသနာတော်များကိုရွတ်ဖတ်ကာ
မြတ်စွာဘုရားအားပူဇော်ပါတော့မည်
အရှင်ဘုရား

⚜️ နတ်ပင့် ⚜️
သမန်တာ စက်က-ဝါလေသု၊ အက်တရာ ဂစ်ဆန်တု ဒေဝတာ
သတ်ဓမ်မံ မုနိရာဇတ်သ၊ သုဏန်တု သက်ဂမောက်ခဒံ။
(ဓမ်မတ်-သဝန-ကာလော အယံ ဘတ်ဒန်တာ)
(ဓမ်မတ်-သဝန-ကာလော အယံ ဘတ်ဒန်တာ)
(ဓမ်မတ်-သဝန-ကာလော အယံ ဘတ်ဒန်တာ)

⚜️ ခွင့်တောင်း ⚜️
ဘုန်းတော်အနန္တ ဂုဏ်တော်အနန္တ ကံတော်အနန္တ
ဉာဏ်တော်အနန္တ တန်ခိုးတော်အနန္တ ပါရမီတော်အနန္တ မေတ္တာတော်အနန္တတို့နှင့်
ပြည့်စုံတော်မူသောမြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီးဘုရား ဘုရားတပည့်တော်မသည်
(လက်ရှိရောက်နေတဲ့ခုနှစ် လ ရက် အချိန်)
ဤနေရာဤဋ္ဌာနတွင် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး နတ်ပြည်ခြောက်ထပ်တွင် ဟောကြားတော်မူခဲ့သည့်
အဘိဓမ္မာမဟာပဋ္ဌာန်းကျမ်းတော်ကြီးကို
ရွတ်ဖတ်၍
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား
လေးစားကော်ရော်ပူဇော်တည်းခြင်းဟူသော
ကုသိုလ်ကောင်းမှုကိုပြုလုပ်လိုပါသဖြင့် ရွတ်ဖတ်ပူဇော်ခွင့်ပေးသနားတော်မူပါရန် တရားတော်၏ပိုင်ရှင်အစစ်ဖြစ်တော်မူသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးထံမှ ခွင့်တောင်းအပ်ပါသည်အရှင်ဘုရား
ခွင့်ပေးတော်မူပါအရှင်မြတ်ကြီးဘုရား

⚜️ တရားနာဖိတ် ⚜️
အဘိဓမ္မာမဟာပဋ္ဌာန်းကျမ်းတော်ကြီး ရွတ်ဖတ်ပူဇော်ခြင်းကိုနာကြားနိုင်သော နာကြားလိုသော
အားလုံးသောစကြဝဠာအနန္တတွင်ရှိကြကုန်သော
အပါယ်ဘုံသား လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့နှင့် ဘုရားတပည့်တော်၏
ဆွေဆက်မျိုးဆက်ပဋ္ဌာန်းဆက်ဖြစ်သော ဆွေတော်မျိုးတော်အပေါင်းတို့
တရားတော်နာကြွရောက်ကြပါရန်
ဖိတ်ကြားအပ်ပါသည်

⚜️ ဖယ်ရှား ⚜️
အဘိဓမ္မာမဟာပဋ္ဌာန်းကျမ်းတော်ကြီး ရွတ်ဖော်ပူဇော်ခြင်းကို မနာကြားနိုင်သောပုဂ္ဂိုလ်များနှင့်နတ်စိမ်းများ မာရ်နတ်၏နောက်လိုက်နောက်ပါနတ်ဆိုးများ အားလုံးတို့ဤနေရာဤဌာနနှင့်
အနီးပတ်ဝန်းကျင်တွင်ရှိနေပါက
ခေတ္တခဏဖယ်ရှားပေးကြပါရန်ပန်ကြားအပ်ပါ၏

ခေတ္တခဏဖယ်ရှားပေးကြပါကုန်လော့
ခေတ္တခဏဖယ်ရှားပေးကြပါကုန်လော့
ခေတ္တခဏဖယ်ရှားပေးကြပါကုန်လော့

⚜️ ရွတ်ဖတ် ⚜️
နမောတသသုံးကြိမ်ရွတ်ဆိုပါ။
ပစ္စယုဒ္ဒေသ အစချီ၍
ပဋ္ဌာန်းအကျဉ်းနှင့်တကွပဋ္ဌာန်းအကျယ်ကို အသံထွက်မှန်မှန်နှင့်ဖြည်းဖြည်းရွတ်ပါ

⚜️ ပြန်လည်ခေါ်ယူ ⚜️
ဘုရားတပည့်တော်မှ
ခေတ္တခဏဖယ်ရှားပေးပါရန် ပန်ကြားထားသော အဘိဓမ္မာမဟာပဋ္ဌာန်းကျမ်းတော်ကြီး ရွတ်ဖော်ပူဇော်ခြင်းကို မနာကြားနိုင်သော ပုဂ္ဂိုလ်များနှင့်နတ်စိမ်းများ မာရ်နတ်၏နောက်လိုက်နောက်ပါနတ်ဆိုးများ
အားလုံးတို့ သင်တို့၏နေရာဋ္ဌာနအသီးသီး ဘုံဗိမ္မာန်အသီးသီးတို့ပြန်လည်ကြွမြန်း၍

နေလိုကနေနိုင်ပါပြီ
နေလိုကနေနိုင်ပါပြီ
နေလိုကနေနိုင်ပါပြီ

⚜️ မေတ္တာပို့ အမျှဝေ ⚜️
မေတ္တာသုတ်ဆက်ရွတ်ပါ။

၁။ အရှေ့အရပ်၌ရှိသေ ာ
အနန္တစကြာဝဠာ အနန်တသတ်တဝါတို့
ဘေးရန်အနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
ကြောင့်ကြအနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
ဆင်းရဲအနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
အနန္တမေတ္တာ ပတ်ဖျန်းကာ အေးချမ်းသာယာကြပါစေ
အနန္တအကျိုးကိုယ်စီတိုး ဖွံ့ဖြိုးနိုင်ကြပါစေ။

၂။ အနောက်အရပ်၌ရှိသော
အနန္တစကြာဝဠာ အနန်တသတ်တဝါတို့
ဘေးရန်အနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
ကြောင့်ကြအနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
ဆင်းရဲအနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
အနန္တမေတ္တာ ပတ်ဖျန်းကာ အေးချမ်းသာယာကြပါစေ
အနန္တအကျိုးကိုယ်စီတိုး ဖွံ့ဖြိုးနိုင်ကြပါစေ။

၃။ မြောက်အရပ်၌ရှိသော
အနန္တစကြာဝဠာ အနန်တသတ်တဝါတို့
ဘေးရန်အနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
ကြောင့်ကြအနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
ဆင်းရဲအနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
အနန္တမေတ္တာ ပတ်ဖျန်းကာ အေးချမ်းသာယာကြပါစေ
အနန္တအကျိုးကိုယ်စီတိုး ဖွံ့ဖြိုးနိုင်ကြပါစေ။

၄။ တောင်အရပ်၌ရှိသော
အနန္တစကြာဝဠာ အနန်တသတ်တဝါတို့
ဘေးရန်အနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
ကြောင့်ကြအနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
ဆင်းရဲအနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
အနန္တမေတ္တာ ပတ်ဖျန်းကာ အေးချမ်းသာယာကြပါစေ
အနန္တအကျိုးကိုယ်စီတိုး ဖွံ့ဖြိုးနိုင်ကြပါစေ။

၅။ အရှေ့တောင်ထောင့်အရပ်၌ရှိသော
အနန္တစကြာဝဠာ အနန်တသတ်တဝါတို့
ဘေးရန်အနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
ကြောင့်ကြအနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
ဆင်းရဲအနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
အနန္တမေတ္တာ ပတ်ဖျန်းကာ အေးချမ်းသာယာကြပါစေ
အနန္တအကျိုးကိုယ်စီတိုး ဖွံ့ဖြိုးနိုင်ကြပါစေ။

၆။ အနောက်မြောက်ထောင့်အရပ်၌ရှိသော
အနန္တစကြာဝဠာ အနန်တသတ်တဝါတို့
ဘေးရန်အနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
ကြောင့်ကြအနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
ဆင်းရဲအနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
အနန္တမေတ္တာ ပတ်ဖျန်းကာ အေးချမ်းသာယာကြပါစေ
အနန္တအကျိုးကိုယ်စီတိုး ဖွံ့ဖြိုးနိုင်ကြပါစေ။

၇။ အရှေ့မြောက်ထောင့်အရပ်၌ရှိသော
အနန္တစကြာဝဠာ အနန်တသတ်တဝါတို့
ဘေးရန်အနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
ကြောင့်ကြအနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
ဆင်းရဲအနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
အနန္တမေတ္တာ ပတ်ဖျန်းကာ အေးချမ်းသာယာကြပါစေ
အနန္တအကျိုးကိုယ်စီတိုး ဖွံ့ဖြိုးနိုင်ကြပါစေ။

၈။ အနောက်တောင်ထောင့်အရပ်၌ရှိသော
အနန္တစကြာဝဠာ အနန်တသတ်တဝါတို့
ဘေးရန်အနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
ကြောင့်ကြအနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
ဆင်းရဲအနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
အနန္တမေတ္တာ ပတ်ဖျန်းကာ အေးချမ်းသာယာကြပါစေ
အနန္တအကျိုးကိုယ်စီတိုး ဖွံ့ဖြိုးနိုင်ကြပါစေ။

၉။ အထက်အရပ်၌ရှိသော
ထက်ဝန်းကျင် အနန္တစကြာဝဠာ အနန္တ နတ်ဗြဟ္မာတို့
ဘေးရန်အနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
ကြောင့်ကြအနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
ဆင်းရဲအနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
အနန္တမေတ္တာ ပတ်ဖျန်းကာ အေးချမ်းသာယာကြပါစေ
အနန္တအကျိုးကိုယ်စီတိုး ဖွံ့ဖြိုးနိုင်ကြပါစေ။

၁၀။ အောက်အရပ်၌ရှိသော
ထက်ဝန်းကျင် အနန္တစကြာဝဠာ အပါယ်ဘုံသားအနန္တသတ္တဝါတို့
ဘေးရန်အနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
ကြောင့်ကြအနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
ဆင်းရဲအနန္တ ကင်းစင်ပ အနန္တအေးမြကြပါစေ
အနန္တမေတ္တာ ပတ်ဖျန်းကာ အေးချမ်းသာယာကြပါစေ
အနန္တအကျိုးကိုယ်စီတိုး ဖွံ့ဖြိုးနိုင်ကြပါစေ။

မေတ္တာပို့သပြီးနောက်အမျှဝေပေးပါ။

ဤသို့ပြုရ မြတ်ပုညကြောင့် ချမ်းမြအေးကြည် နိဗ္ဗာန်ရွှေပြည် ဧကန်တုပ်ချောင် လမ်းမကောက်ဘဲ ရောက်ရပါလို ထိုထိုဘဝ ကျင်လည်ရလဲ ဒုက္ခဘေးဒဏ် ရန်မယ်အပေါင်း မကောင်းဟူသမျှမတွေ့ရဘဲ မကောင်းဟူသမျှ မကြားရဘဲ သဗ္ဗဣစ္ဆာ မင်္ဂလာကို ရွတ်ကိုတတိုင်းရစေသော် ယနေ့ယခု ပြုပြုသမျှ မြတ်ဘာဂကို နတ်တို့သနင်း သကြားမင်းအားလည်းကောင်း
ငရဲသနင်း ယမမင်းအားလည်းကောင်း၊ ယခုဘဝ ရှေးရှေးဘဝ တော်စပ်ခဲ့ကြကုန်သော မိခင် ဖခင် ဆရာသခင် ဆွေမျိုးညာတိ မိသင်္ဂဟအပေါင်းတို့အား လည်းကောင်း၊ မိမိတို့တတွေ၏ ခန္ဓာကိုယ်အသီးသီးနိုင် စောင့်ရှောက်၍နေကြကုန်သော သမ္မာဒေဝ နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့အားလည်းကောင်း၊ အကျွန်ုပ်တို့ ပင့်ဖိတ်၍ရောက်လာကြကုန်သော မြင်အပ်သည့်ပုဂ္ဂိုလ် မမြင်အပ်သည့်ပုဂ္ဂိုလ် အပေါင်းတို့အားလည်းကောင်း၊ သာသနာတော်ကို ကူညီထောက်ပံ့ စောင့်ရှောက်
၍နေကြကုန်သော သမ္မာဒေဝနတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့အားလည်းကောင်း၊ ၃၁ဘုံ ကျင်လည်ကြကုန်သော သုခိတ ဒုက္ခိတ ဝေနယျာသတ္တဝါအပေါင်းတို့အားလည်းကောင်း ယနေ့ယခု ပြုပြုသမျှ သော ကောင်းမှူကိုသိုလ် အဖိုးဘာဂတို့ကို အကျွန်ုပ်တို့နှင့်အတူ ထပ်တူထပ်မျှ ရကြပါစေ စိတ်ရည်သန်လျက် အမျှ အမျှ အမျှ ဟူ၍ ပေးဝေငှါပါ၏ ဝသုန္နရေ ဤမြေပုံသု သီလထုလည်း သက်သေအမှု၌ တည်စေသော်

ကုသိုလ် အမျှအမျှအမျှယူတော်မူကြပါကုန်သော် သာဓု..သာဓု..သာဓု (၃) ကြိမ်

⚜️ နတ် ပို့ ⚜️
ဒုက်ခပတ်တာစ နိဒုက်ခာ

ဘယပတ်တာစ နိဘယာ

သောက ပတ္တာစ နိသောကာ

အစ်တာဝတာ စ အမ်မှေဟိ၊ သမ်ဘတံ ပုန်ညသမ်ပဒံ

သတ်ဗေ ဒေဝါ နုမောဒန်တု၊ သတ်ဗသမ်ပတ်တိ သိတ်ဓိယာ

ဒါနံ ဒဒန်တု သတ်ဓာယ၊ သီလံ ရက်ခန်တု သတ်ဗဒါ

ဘာဝနဘိရကာ ဟွန်တု၊ ဂစ်ဆန်တု ဒေဝတာ ဂတာ

⚜️ ဆုတောင်း ⚜️
ယခုအခါတွင်ဘုရားတပည့်တော်မသည်
တစ်လအဓိဋ္ဌာန်ရွတ်ဖတ်ပူဇော်ရာတွင်
ယနေ့အဓိဋ္ဌာန်အဖြစ် မြတ်စွာဘုရားအားပူဇော်ပြီးပါပြီ
ဤသစ္စာစကားကြောင့်လည်းကောင်း
ဤပဋ္ဌာန်းဒေသနာတော်၏
တန်ခိုးရှိန်စော်အာနုဘော်တို့ကြောင့်လည်းကောင်း
ဤပဋ္ဌာန်းဒေသနာတော်ကိုရွတ်ဆိုရသော
ကောင်းမှုကုသိုလ် နာကြားရသောကောင်းမှုကုသိုလ်တို့၏
တန်ခိုးတေဇော်အာနုဘော်တို့ကြောင့် လည်းကောင်း ပဋ္ဌာန်းဒေသနာတော်ကိုရွတ်ဆိုပီးတိုင်း
တပည့်တော်နှင့်ထပ်တူထပ်မျှရစေဖို့ အမျှပေးဝေရတဲ့ ကောင်းမှူကုသိုလ်
ဝမ်းမြောက်နုမောသာဓုခေါ်ဆိုရတဲ့ကောင်းမှူ
ကုသိုလ်တို့၏တန်ခိုးတေဇော်အာနုဘော်တို့
ကြောင့်လည်းကောင်း တပည့်တော်သည် (လိုရာဆုတခုထဲသာတလတိတိဆုတောင်းပါ)
ပြည့်ရပါလို၏ဘုရား

⚜️ မှတ်ရန် ⚜️

အဓိဋ္ဌာန်ဝင်သည့်ရက်များတွင်
သက်သက်လွတ်စားနိုင်လျှင်ပိုကောင်းပါတယ်
ငါးပါးသီလလုံလျှင်လည်းပိုကောင်းပါတယ်

ကိုယ်ရွတ်ချင်သလောက်
တစ်လပီးတစ်လရွတ်နိုင်ပါသည် ၉ ရက် ၁၈ ရက်
၂၇ ရက် စသဖြင့် လည်း အဓိဌာန်ဝင်၍
ယုံယုံကြည်ကြည်ဖြင့်ပူဇော်ပေးပါ...

4 months ago | [YT] | 3

မြတ်ဗုဒ္ဓ၏-ဓမ္မတရားတော်များ

ရှူမှတ်ရန် နည်းလမ်းများ

4 months ago | [YT] | 22

မြတ်ဗုဒ္ဓ၏-ဓမ္မတရားတော်များ

🔥 မီး ၁၁ မီး🔥

🔥 မီး ၁၁ မီး 🔥 တို့တွင်...

🔥 လောဘမီး ဆိုသည်မှာ လို ချင်တပ်မ က် နှစ်သက်ရသဖြင့် ပူလောင်ခြင်းး

🔥 ဒေါသမီး ဆိုသည်မှာ မလို မုန်းထား ပြစ်မှား စိတ်ဆိုးရသဖြင့် ပူလောင်ခြင်းး

🔥 မောဟမီး ဆိုသည်မှာ အ မှန် တရားတို့ကို မသိရသဖြင့် ပူလောင်ခြင်းး

🔥 ဇာတိမီး ဆိုသည်မှာ ဘဝ သစ်၌ ဖြစ်ရသဖြင့် ပူလောင်ခြင်း၊ တနည်းအားဖြင့်...
(က)သြပပါတိက၊ကိုယ်ကောင် ထင်ရှားစွာ ဖြစ်ခြင်း
(ခ) သံသေဒဇ၊ အရာဝတ္ထု၌ ရှိသော အညှိကိုစွဲ၍ဖြစ်ခြင်း
(ဂ) အဏ္ဍဇ၊ ဥခွံအတွင်း၌ ဖြစ်ခြင်းး
(ဃ) ဇလာဗုဇ၊မိခင်၏သား အိမ်အတွင်း၌ ဖြစ်ခြင်းတည်း ဟူသော ပဋိသန္ဓေ လေးမျိုး တမျိုးမျိုး၌ ပဋိသ န္ဓေ တည် နေရသဖြင့် ပူ လောင်ခြင်းး

🔥 ဇရာမီးဆို သည်မှာအိုမင်း ရင့်ရော်ရသဖြင့် ပူလောင်ခြင်း

🔥 မရဏမီး ဆိုသည်မှာ သေ ကြေပျက်စီးရသဖြင့် ပူလောင် ခြင်းး

🔥 သောကမီး ဆိုသည်မှာ စိုး ရိမ်ကြောင့်ကြ ပူဆွေးရသဖြင့် ပူလောင်ခြင်းး

🔥 ပရိဒေဝမီး ဆိုသည်မှာ စိုး ရိမ်ကြောင့်ကြ ပူဆွေးရရုံမျှမ က ရှိုက်ကြီးတငင် ငိုကြွေးရ သဖြင့် ပူလောင်ခြင်း

🔥 ဒုက္ခမီး ဆိုသည်မှာ ရုပ်ကိုမှီ၍ မသာမယာ ဖြစ်ရသဖြင့် ပူလောင်ခြင်းး

🔥 ဒေါမနဿမီး ဆိုသည်မှာ စိတ်ကိုမှီ၍ မသာမယာ ဖြစ်ရသဖြင့် ပူလောင်ခြင်းး

🔥 ဥပါယာသမီး ဆိုသည်မှာ ရှိုက်ကြီးတငင် ငိုကြွေးမြည် တမ်းရရုံမျှမက ပြင်းထန်စွာ စိတ်ထိခိုက်ပြီး မေ့မြော ရင် ကွဲနာကျသည့် အထိစိတ်ပင် ပန်း ဆင်းရဲဖြစ်ရသဖြင့် ပူ လောင်ခြင်းတို့ ဖြစ်ကြကုန် ၏...

ဖော်ပြပါ🔥မီး ၁၁ မီး🔥ရှိ
သည့်အနက် -
၁-လောဘမီး
၂-ဒေါသမီး
၃-မောဟမီးတည်းဟူသော မီး ၃ မီး တို့သည်“အကြောင်းတ
ရား” ဖြစ်ကြ၏...
၁-ဇာတိမီး
၂-ဇရာမီး
၃-မရဏမီး
၄-သောကမီး
၅-ပရိဒေဝမီး
၆-ဒုက္ခမီး
၇-ဒေါမနဿမီး
၈-ဥပါယာသမီး တည်းဟူသော မီး ၈ မီးတိုသည်
“အကျိုးတရား” ဖြစ်ကြ ကုန်၏...

အိပ်ပျော်နေသော ပုဂ္ဂိုလ်နှင့် သတိမေ့နေသော ပုဂ္ဂိုလ်တို့ အား ဇာတိမီး၊ ဇရာမီး၊ မရ ဏမီး တည်းဟူသော မီး, တို့က လှည့်ပြီးလောင်နေလျက် ရှိ၏ မီးမလောင်သောအချိန်ဟူ၍ မည်သည့်အချိန်မှမရှိ၊ အစဉ်ဒလစပ် မီးလောင်ခြင်းကို ခံနေကြရကုန်၏..
🔥*ဇာတိမီး၊ ပဋိသန္ဓေနေခြင်းး
🔥*ဇရာမီး၊အိုမင်းရင့်ရော်ခြင်း
🔥*မရဏမီး၊ သေကြေပျက် စီးခြင်းး သဘောတရားတို့ ဆိုရာတွင် ယခုဖြစ်ဆဲ ရုပ် နာမ် ခန္ဓာတို့၏ အစဉ်အလစပ် ဖြစ်ပြီး ပျက်နေသော သ ဘောတ ရားတို့ကို ဆိုလိုခြင်းဖြစ်ပေသည်...

🙏 ပြန်လည်၍``ပတ္တိဒါနသိုလ်" ပြုပါသည်🙏

4 months ago | [YT] | 6

မြတ်ဗုဒ္ဓ၏-ဓမ္မတရားတော်များ

အမုန်းတွေရှိလည်း ဒီဘဝနဲ့ ကြေပါစေ ...။

အငြိုးတွေရှိလည်း ဒီဘဝနဲ့ ကြေပါစေ ...။

ဒီဘဝမှာ ဆပ်ခွင့်ရတဲ့ အကြွေးတွေကို

ဒီဘဝမှာပဲ ဆပ်လိုက်ပါ။

နောက်ဘဝထိ ယူမသွားပါနဲ့ ...။

ပါမောက္ခချုပ်ဆရာတော်ကြီး

4 months ago | [YT] | 4

မြတ်ဗုဒ္ဓ၏-ဓမ္မတရားတော်များ

မှတ်ဉာဏ်ကောင်းချင်လျှင်……….

သင်္ဂါရဝဆိုတဲ့ပုဏ္ဏားကြီးက ဘုရားကို မေးလျှောက်တယ်။

“ဗေဒင် ဝေဒကျမ်းတွေ သင်ယူထားပေမယ့် မေ့ကုန်တယ်၊ ပျောက်ကုန်တယ်။ ဘာကြောင့်ပါလဲဘုရား” တဲ့။

မြတ်စွာဘုရားက ရှင်းရှင်းလေး ဥပမာပေးထားတာရှိတယ်။ မိမိရုပ်သွင်ကိုဘာနဲ့ကြည့်လဲ။ ရှေးတုန်းက မှန်မရှိလို့ ရေခွက်ထဲရေထည့်ပြီး အရိပ်ပေါ်လာတာကို ကြည့်တယ်။

ဘာလို့ အရိပ်ထင်တာလဲ မေးလို့ရှိရင် ရေဟာ ပကတိကြည်လင်နေလို့ပဲ။ ဒါကို ဘုရားက ဥပမာပေးထားတယ်။

ကိုယ့်စိတ်ကလေးကို ရေလို့ သဘောထားကြည့်…..

(၁) အရောင်ဆိုးထားတဲ့ရေလို ကိုယ့်စိတ်ဟာလည်းအရောင် ဆ်ိုးခံထားရပြီဆိုရင်တော့ သင်ထားတဲ့ စာတွေဟာပေါ်လာမှာ မဟုတ်ဘူး။

(၂) နောက်တစ်ခုက ရေဆိုတာငြိမ်နေဖို့လည်း လိုတယ်။ တည်ငြိမ်နေမှ အရိပ်ထင်သလို စိတ်ဟာလည်း ဆူပွက်နေရင် မှတ်ဉာဏ်တွေ ကောင်းမလာနိုင်ဘူး။

(၃) ရေကို အမှောင်ချထားတယ် ဆိုရင်လည်း မျက်နှာရိပ်က ပေါ်မှာ မဟုတ်ဘူးလေ။

ဘုန်းကြီးတို့စိတ်ဟာလည်း အမှောင်ထဲ ရောက်နေတဲ့ အခြေအနေမျိုးလည်း ဖြစ်တတ်တယ်။

(၄) နောက်ဆုံးတစ်ခု… ရေပေါ်မှာ မှော်ပင်တွေ ရှိနေမယ်ဆိုလည်း မမြင်ရ ပြန်ဘူး။

နံပါတ်(၁) ကို မြတ်စွာဘုရားက "" ကာမစ္ဆန္ဒ နီဝရဏ "" လို့ဟောထားတယ်။ လိုချင်စရာ အာရုံတွေကို လိုလားတဲ့ တဏှာလောဘပါ။

တဏှာရာဂက လွှမ်းမိုးပြီး အရောင်ဆိုးထားမယ်ဆိုရင် စိတ်ဟာ ပီပီပြင်ပြင် မထင်နိုင်လ်ို့ မှတ်ဉာဏ်တွေ အားပျော့သွားတယ်။

လိုချင်စရာ အာရုံကို လိုချင်မှု ပြင်းထန်လာတာ။ လောကလူတွေက လောဘရှိတာ အပြစ်မရှိဘူးလို့ ထင်တယ်။ မဟုတ်ဘူး။ လောဘနောက်မှာ ပြဿနာတွေ အများကြီးပါလာတယ်။

လိုချင်နေတဲ့ အချိန်မှာလည်း စိတ်ဟာတည်ငြိမ်အေး ချမ်းမှုမရှိဘူး။ ရပြန်ရင်လည်း ပီတိဖြစ်ပြီး စိတ် မငြိမ်မသက်ဖြစ်မယ်။ ဒီလောက်နဲ့တင် မပြီးဘူး။ ရလာတာကို ကာကွယ်မှု စောင့်ရှောက်မှုဆိုတာ လာပြန်တယ်။ မဆုံးနိုင်ဘူး။ လိုချင်တာမရပြန်ရင်လည်း ဒေါသထွက် စိတ်ဆိုးစိတ်ညစ်ရပြန်တယ်။

အဲ့ဒါ ရေကို အရောင်ဆိုးပေးလိုက်သလို စိတ်ကို အရောင်ဆ်ိုးပေးတာ ကာမစ္ဆန္ဒပါ။ သူ့ကို လျှော့ချဖို့ရာစဉ်းစားကြည့်တော့ …

ဆိုပါစို့။ အင်မတန်လှတဲ့ ကြည့်ကောင်းတဲ့ ဒါလေးရှိရင် ကောင်းမယ် စိတ်ပျော်မှာပဲလို့ တွေးတောသည့်အတွက်ကြောင့် ဖြစ်လာတာပါ။

ဒါ့ကြောင့်ကိုယ့်စိတ်ကို နည်းနည်းတော့ပြောင်းပေးရမယ်။

ဘယ်လိုစဉ်းစား ရမလဲ ဆိုရင်…. သြော် ဘယ်အရာမှ မမြဲဘူး။ တစ်နေ့ကျတော့ အားလုံးထားပစ်ခဲ့ရမှာပဲဆိုတဲ့ အတွေးလေး ထားလိုက်။ ခုနက ကာမစ္ဆန္ဒ က လျော့ကျသွား မှာဘဲ။

ကိုယ့်ခန္ဓာကိုယ်ကို သူများခန္ဓာကိုယ်ကို နှစ်သက်နေပြီဆိုရင်လည်း မနှစ်သက်အောင် စဉ်းစားကြည့်။ ရေမချိုးပဲ ပစ်ထားလိုက်မယ်ဆိုရင် ပုတ်ပွနံစော်နေမှာပဲ။

ခန္ဓာကိုယ်အတွင်းနဲ့အပြင် ပြောင်းတပ်လိုက်မယ်ဆိုရင် ရွံရှာဖွယ် အသားညှီတုံး သွေးသံရဲရဲကြီးပဲ။ အပေါ်အရေပြားကယ်လို့ မိတ်ကပ်တွေနဲ့လှနေတာပဲ။ဒီလို ဆင်ခြင်ရင်းနဲ့ လျှော့ချနိုင်တယ်။

ဒီကာမစ္ဆန္ဒ ဆိုတဲ့စိတ်… အရောင်ဆ်ိုးတဲ့သဘာဝတရားကြီးကို ရှင်းပစ်လိုက်တာနဲ့ တပြိုင်နက် စ်ိတ်ရဲ့အေးချမ်းမှုဟာ အပြည့်အဝ ရလာမှာပါ။

အခု လောကလူတွေ စိတ်အေးချမ်းမှု မရဘူး။ သောကတွေနဲ့ နေကြတယ်။ လိုချင်တာ တွယ်တာတာကို အကြောင်းပြုပြီး နောက်ကနေ သောကဆိုတာလာတာတဲ့။ ဒါ့ကြောင့် လိုချင်တာ တွယ်တာတာ မရှိအောင်နေပါ။

(၂) ဆူပွက်နေတဲ့ ရေအနေအထား "" ဗျာပါဒ "" ဆိုတဲ့ မုန်းတီးမှု အလိုမကျမှု ဆိုတာတွေပါ။ ဘာနဲ့လျှော့ချရမလဲ ဆိုတာကြည့်…

လူတစ်ယောက် အပေါ်မုန်းနေပြီဆိုရင် ကောင်းကွက်ကိုရှာ မေတ္တာပွားတဲ့။ ဒေါသဆိုတဲ့ အလိုမကျမှုကို သူ့ရဲ့အကျိုးစီးပွားကို လိုလားမှုဆိုတဲ့ မေတ္တာ တရားနဲ့ပဲဖြေရှင်းရမယ်တဲ့။

ရှင်သာရိပုတ္တရာက ဥပမာပေးထားတာ။ ရေငတ်ရေဆာနေတဲ့သူဟာ မှော်တွေဖုံးနေတဲ့ ရေပြင်မှာ မှော်လေးတွေလက်နဲ့ အသာယာ ယက်ဖယ်ပြီး မှော်ကင်းတဲ့ ရေလေးကို သောက်ရသလို လောကလူသားတွေဟာလည်း အဆိုးနဲ့အကောင်း၊ အပြစ်နဲ့ဂုဏ် ရောထွေးပြီး နေတတ်တယ်။

ဒါ့ကြောင့် အပြစ်ကလေး အသာဖယ် ကောင်းကွက်ကလေးကို မေတ္တာပွားရမယ်။

(၃) အမှောင်ထဲ ရောက်နေတယ် "" ထိန နဲ့မိဒ္ဓ "" စိတ်နဲ့စေတသိက်တွေရဲ့အားပျော့ တွန့်ဆုတ်သွားမှု။

စိတ်ဟာအလုပ် မလုပ်နိုင်တော့ဘဲ စိတ်တွေလျော့ကျသွားတာ။ စိတ်လန်း ဆန်းအောင် ပြန်ပြီး ကြိုးစားပေးရမယ်။

အခုခေတ်က စိတ်တက်ကြွစေတဲ့ ဆေးတွေ သုံးတာမျိုးလည်းရှိကြတယ်ပေါ့။ ဒါကတော့မကောင်းတဲ့အရာ။

ကမ္မဋ္ဌာန်းထိုင်တာပဲဖြစ်ဖြစ် ကောင်းတဲ့လုပ်ငန်းတွေလုပ်ရင်ပဲဖြစ်ဖြစ် စိတ်ဟာ လန်းဆန်းတက်ကြွလာမှာပါ။ ကြည်နူးစရာ အာရုံတစ်ခုခုနဲ့ ဘုရားအာရုံပြုတာပဲဖြစ်ဖြစ် တရားပဲဖြစ်ဖြစ် စိတ်အားတွေတက်အောင်လုပ်ဆောင် ပေးပါ။ ဒါမှ မှတ်ဉာဏ်တွေကောင်းလာမယ်။

(၄) နောက် ""ဥဒ္ဓစ္စ ကုက္ကုစ္စ "" စုစည်းလို့ မရအောင် စိတ်တွေလေလွင့်တာနဲ့ တစ်စုံတစ်ခုအတွက် စိတ်မှာနောင်တရနေတာ။ ပူပန်နေတာ။ ဒီငြိမ်းအေးမှုမရှိတဲ့စိတ်တွေ ဖြစ်ပေါ်တာနဲ့ တစ်ပြိုင်နက် မှတ်ဉာဏ်တွေပျက်စီးသွားနိုင်တယ်။

အသိဉာဏ်တွေ ပေါ်မလာနိုင်ဘူး။ ဒါတွေကိုထွက်လေ ဝင်လေ မှတ်ပြီး သမာဓိ ထူထောင်ရင်းနဲ့ ပယ်ဖျက်ပါ။

(၅) နောက်တစ်ခုကျတော့ "" ဝိစိကိစ္ဆာ "" လို့ခေါ်တယ်။ ဘာလုပ် ရမလဲ၊ ဘာမလုပ်ရဘူးလဲ နဲ့စဉ်းစားဆင်ခြင်လ်ိုက်တဲ့အခါ ဆုံးဖြတ် ချက်မပေးနိုင်ဘူး။ သံသယတွေဖြစ်နေတာ။

သို့လောသို့လောတွေ ဖြစ်လာပြီဆို အသိဉာဏ်တွေတုံးသွားတတ်တယ်။ သံသယ ပျောက်ကင်းအောင် မေးမြန်းခြင်း လေ့လာခြင်း စူးစမ်းခြင်း ဟာ မှန်ကန်တဲ့ နည်းစနစ်တစ်ခုပဲ။

ဒီ နီဝရဏ ငါးပါးလို့ခေါ်တဲ့ ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိနမိဒ္ဓ၊ ဥဒ္စစ္စကုက္ကုစ္စ၊ ဝိစိကိစ္ဆာ တို့ကို ဖယ်ရှားပစ်ရမယ်။

ဒါမှ လောကအကျိုး ကောင်းကျိုးချမ်းသာဆောင်ရွက်နိုင်မှာဖြစ်တယ်။

ဒါကြောင့်တရားချစ်ခင်သူတော်စင်များ ကျင့်ကြံကြိုးစားနိုင်ကြပါစေ။

မှတ်ဉာဏ်ကောင်းအောင် ကျင့်ဆောင်ခြင်းတရားတော်
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
🙏🙏🙏

#ပါချုပ်ဆရာတော် #တရားမှတ်စု

4 months ago | [YT] | 2

မြတ်ဗုဒ္ဓ၏-ဓမ္မတရားတော်များ

ကောင်းကျိုးပေးတဲ့အချိန်မှာ ဘဝမမေ့ဖို့

မကောင်းကျိုးပေးတဲ့အချိန်မှာ

စိတ်ဓာတ်မကျဖို့ လိုပါတယ်။

အရာခပ်သိမ်းဟာ...

ထာဝရဆိုတာ မရှိပါဘူး၊ တစ်ခဏသာ ဖြစ်တယ်လို့

၀ိပဿနာဉာဏ်ဖြင့် ရှုဆင်ခြင်ပါ။

စိတ်တည်ငြိမ်မှုကိို ရနိုင်ပါတယ်။

#ပါမောက္ခချုပ်ဆရာတော်ကြီး

4 months ago | [YT] | 2

မြတ်ဗုဒ္ဓ၏-ဓမ္မတရားတော်များ

သောတာပန်
အမျိုးအစား(၂၄)မျိုး။

ယခုခေတ်အခါသည်
ဝိပဿနာထွန်းကားလာသော အခါဖြစ်ပေသည်။
ဝိပဿနာတရားအားထုတ်သောအခါ
လိုက်နာဖွယ်ရာ အခြေခံများကို မှတ်သားလေ့လာလျက်
ရှိကြပေသည်။

ဝိပဿနာ အားထုတ်ကြသောအခါ
မိမိတို့၏ ပါရမီဓာတ်ခံနှင့် အကျင့်ပဋိပဒါအားလျော်စွာ
သောတာပန်တို့သည် အမျိုးအစားအားဖြင့် (၂၄)မျိုး
ကွဲပြားသွားကြပေသည်။

ယခုဘဝမှာ သောတာပန်ဖြစ်နိုင်သည့် ပါရမီဓာတ်ခံ
ပါလာသော ပုဂ္ဂိုလ်အချင်းပင် တူကြပါသော်လည်း
ဝိပဿနာတရား အားထုတ်သောအခါမှာ တစ်ဦးနှင့်တစ်ဦး
တရားတွေ့ပုံခြင်း မတူကြပေ။
ကွဲပြားလျက်ရှိကြပေသည်။

အချို့သော ပုဂ္ဂိုလ်များက တရားသဘောများကို
ထင်ထင်ရှားရှား တွေ့မြင်ကြသော်လည်း
အချို့သောပုဂ္ဂိုလ်များက မထင်မရှား မပြတ်မသား
တွေ့မြင်ကြပေသည်။

တရားသဘောများကို မထင်မရှား မပြတ်မသား
တွေ့မြင်ကြရသော ပုဂ္ဂိုလ်တို့သည်
ယခုဘဝမှာ မိမိသည် သောတာပန်မဖြစ်နိုင်ဟု ထင်မြင်ကာ
စိတ်ဓာတ်များ ကျဆင်းသွားတတ်ကြပေသည်။

ဤကဲ့သို့ စိတ်ဓာတ်များ မကျဆင်းသွားရအောင်
မိမိတို့ဖြစ်ရမည့် သောတာပန်အမျိုးအစားများကို
သိထားသင့်လှ၏။
သောတာပန်ဖြစ်လို၍ ဝိပဿနာတရား အားထုတ်ကြသော
ပုဂ္ဂိုလ်တို့တွင် အချို့သော ပုဂ္ဂိုလ်တို့က ချမ်းချမ်းသာသာ
လွယ်လွယ်ကူကူဖြင့် အားထုတ်ကြရ​ပေသည်။
အချို့သော ပုဂ္ဂိုလ်တို့က
ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်းဖြင့် အားထုတ်ကြရပေသည်။

ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်းဖြင့် အားထုတ်ကြရသော
ပုဂ္ဂိုလ်တို့မှာ မိမိသည် ယခုဘဝ၌ သောတာပန်ဖြစ်နိုင်သော
ပုဂ္ဂိုလ်မျိုးမဟုတ်ပေဟု ထင်မြင်ကာ
စိတ်ဓာတ်များကျဆင်းတတ်သောကြောင့် စိတ်ဓာတ်များ
မကျဆင်းသွားရအောင် သောတာပန် အမျိုးအစားကို
သိထားသင့်ကြပေသည်။

ယခုဘဝမှာပင် သောတာပန်ဖြစ်အောင် အားထုတ်ကြမည့်
အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည်
မိမိတို့၏ ပါရမီဓာတ်ခံအားလျော်စွာ
တရားသဘောများကို ထင်ထင်ရှားရှား တွေ့ချင်လည်း
တွေ့ကြပေလိမ့်မည်။
မထင်မရှား တွေ့ချင်လည်း တွေ့ကြပေလိမ့်မည်။
ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ အားထုတ်လျှင်လည်း
အားထုတ်ကြရပေလိမ့်မည်။
ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း
အားထုတ်လျှင်လည်း အားထုတ်ကြရပေလိမ့်မည်။

မည်သို့ပင် အားထုတ်ရ အားထုတ်ရ
သောတာပန်(၂၄)မျိုးတို့တွင် ပါဝင်နိုင်ပါက မိမိသည်
ဧကန်မုချ သောတာပန်ဖြစ်ရမည်ဟု သိမြင်ကာ
စိတ်ဓာတ်များ မကျဆင်းဘဲ ဝိပဿနာတရားကို
မဆုတ်မနစ် အားထုတ်နိုင်ကြမည် ဖြစ်ပေသည်။

သို့ဖြစ်၍ သောတာပန်(၂၄)မျိုးတို့ကို
သိထားသင့်ကြပေသည်။
သောတာပန်တို့သည် ဘဝအပိုင်းအခြားအားဖြင့်...

၁။ သတ်တက်ခတ်တု ပရမ သောတာပန်န-
လူပြည်နှင့် နတ်ပြည်တို့၌ (၇)ဘဝသာဖြစ်၍ နိဗ္ဗာန်သို့
ဝင်စံမည့် သောတာပန်။

၂။ ကောလံကောလ သောတာပန္န-
လူ့ပြည် နတ်ပြည်တို့၌ (၂)ဘဝမှ (၆)ဘဝသာဖြစ်၍
နိဗ္ဗာန်သို့ ဝင်စံမည့်သောတာပန်။

၃။ ဧကဗီဇ သောတာပန္န-
လူ့ပြည်နတ်ပြည်တို့၌ (၁)ဘဝသာ ဖြစ်၍ နိဗ္ဗာန်သို့
စံဝင်မည့် သောတာပန်ဟူ၍
(၃)မျိုးရှိပေသည်။ (အံ-၁-၊၂၃၄)

ပြဋ္ဌာန်းသော ဓုရအားဖြင့်
သောတာပန်(၂)မျိုး...
သောတာပန်ပုဂ္ဂိုလ်တို့သည် ပြဌာန်းသော ဓုရအားဖြင့်..

၁။ သဒ္ဓါပြဌာန်းသော သဒ္ဓါဓုရ သောတာပန်။
၂။ ပညာပြဌာန်းသော ပညာဓုရ သောတာပန် ဟူ၍
(၂)မျိုးရှိပေသည်။

ဝိပဿနာတရား အားထုတ်သောအခါ
သဒ္ဓါရှေ့သွား၊ သဒ္ဓါပြဌာန်းသောအားဖြင့် သောတာပန်
အဖြစ်သို့ ရောက်သွားမည့် ပုဂ္ဂိုလ်တို့သည်
(သဒ္ဓါဓုရ) သောတာပန် မည်၏။

ပညာရှေ့သွား ပညာပြဌာန်းသောအားဖြင့်
သောတာပန်အဖြစ်သို့ ရောက်သွားမည့် ပုဂ္ဂိုလ်တို့သည်
(ပညာဓုရ)သောတာပန် မည်၏။

အကြင်ပုဂ္ဂိုလ်တို့သည်
သဒ္ဓါရှေ့သွား သဒ္ဓါပြဌာန်းသောအားဖြင့် သောတာပန်
အဖြစ်သို့ ရောက်သွားမည့် ပုဂ္ဂိုလ်ဖြစ်၏။
ထိုပုဂ္ဂိုလ်တို့သည် ဝိပဿနာတရားအားထုတ်သောအခါ
မိမိသည် ယခုဘဝ၌ သောတာပန် ဖြစ်နိုင်သည်ဟု
ယုံကြည်ချက်သဒ္ဓါ ထက်သန်အားကောင်း၍သာ
အားထုတ်နေရပေသည်။

တရားသဘောများကို တွေ့ရာတွင်
ထင်ထင်ရှားရှား မရှိလှပေ။
နာမရူပ ပရိစ္ဆေဒဥာဏ်သို့ရောက်၍ နာမ်နှင့်ရုပ်ကို
ပိုင်းခြားကာ သိသောအခါ၌လည်း ကွဲကွဲပြားပြားမရှိလှပေ။
မထင်မရှားပင် သိမြင်ပေသည်။
ဆရာသမားများက ဟောပြသောအခါမှသာ
သိလာတတ်ပေသည်။
ထိုပုဂ္ဂိုလ်သည် (သဒ္ဓါဓုရ) သောတာပန်ဖြစ်မည့်
ပုဂ္ဂိုလ်ဖြစ်ပေသည်။

အကြင်ပုဂ္ဂိုလ်သည်
ပစ္စယပရိဂ္ဂဟဥာဏ်-အကြောင်းနှင့်အကျိုးကို သိသောဥာဏ်၊
သမ္မသနဥာဏ်- အနိစ္စ ဒုက္ခ အနတ္တဟု သုံးသပ်ဆင်ခြင်၍
သိသောဥာဏ်၊
ဥဒယဗ္ဗယဥာဏ်- အဖြစ်အပျက်ကိုသိသောဥာဏ်၊
ဘင်္ဂဥာဏ်- အပျက်ကိုသိသောဥာဏ်၊
ဘယဥာဏ်- ကြောက်ဖွယ်ထင်သော ဥာဏ်၊
အာဒီနဝဥာဏ်- အပြစ်မြင်သောဥာဏ်၊
နိဗ္ဗိန္ဒဥာဏ်- ငြီးငွေ့သောဥာဏ်၊
မုဉ္စိတုကမျတာဥာဏ်- လွတ်မြောက်လိုသောဥာဏ်၊
ပဋိသင်္ခါဥာဏ်- တစ်ဖန်ပြန်ရှုရသော ဥာဏ်၊
သင်္ခါရုပေက္ခာဥာဏ်- လျစ်လျှူရှုသော ဥာဏ်သို့ရောက်၍
ရှုမှတ်သောအခါတို့၌လည်း တရားသဘောများကို
ထင်ထင်ရှားရှား ကွဲကွဲပြားပြား မသိပေ။
မထင်မရှားသာ သိပေသည်။ ထိုပုဂ္ဂိုလ်သည်
(သဒ္ဓါဓုရ)သောတာပန် ဖြစ်မည့်ပုဂ္ဂိုလ် ဖြစ်ပေသည်။

ဤကဲ့သို့ ဝိပဿနာတရား
အားထုတ်သောအခါ၌ တရားသဘောများကို
မထင်မရှားပင် သိမြင်ပါသော်လည်း
အမှတ်ပြည့်သွားသောအခါ ဥာဏ်စဉ်ပြည့်သွားသောအခါ
သောတာပန်အဖြစ်သို့ ရောက်သွားမည်ဖြစ်ပေသည်။
ဤသောတာပန်မျိုးကို သဒ္ဓါဓုရသောတာပန်ဟု ဆိုရပေသည်။

အကြင်ပုဂ္ဂိုလ်သည်
ပညာရှေ့သွား ပညာပြဌာန်းသောအားဖြင့်
သောတာပန်အဖြစ်သို့ ရောက်သွားမည့် ပုဂ္ဂိုလ်ဖြစ်၏။
ထိုပုဂ္ဂိုလ်သည် ဝိပဿနာတရားအားထုတ်သောအခါ
တရားသဘောများကို
ထင်ထင်ရှားရှား တွေ့မြင်တတ်ပေသည်။

နာမရူပ ပရိစ္ဆေဒဥာဏ်သို့ ရောက်၍
နာမ်နှင့်ရုပ်ကို ပိုင်းခြားကာ သိသောအခါ၌လည်း
ထင်ထင်ရှားရှား ကွဲကွဲပြားပြား သိမြင်လာတတ်ပေသည်။
ထိုပုဂ္ဂိုလ်သည်
ပညာဓုရ သောတာပန်ဖြစ်မည့် ပုဂ္ဂိုလ်ဖြစ်သည်။
အထက်ပါဥာဏ်စဉ်များကိုလည်း ထင်ထင်ရှားရှား
သိမြင်တတ်ပေသည်။
ထိုပုဂ္ဂိုလ်ကား(ပညာဓုရ)သောတာပန် ဖြစ်၏။

သဒ္ဓါဓုရ သောတာပန်သည် အကျင့်အားဖြင့်(၄)မျိုး
သဒ္ဓါဓုရ သဒ္ဓါပြဌာန်း၍ သောတာပန်အဖြစ်သို့
ရောက်ကြမည့် ပုဂ္ဂိုလ်တို့သည် အကျင့်ပဋိပဒါအားဖြင့်
(၄)မျိုးကွဲပြားကြပေသည်။

၁။ ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်းလည်း အားထုတ်ရ၍
တရားလည်း အရနှေးသော သောတာပန်။

၂။ ငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်း အားထုတ်ရ၍
တရားအရမြန်သော သောတာပန်။

၃။ ချမ်းချမ်းသာသာဖြင့်လည်း အားထုတ်ရ၍
တရားအရနှေးသော သောတာပန်။

၄။ ချမ်းချမ်းသာသာဖြင့်လည်း အားထုတ်ရ၍
တရားလည်း အရမြန်သော သောတာပန်ဟူ၍
(၄)ယောက်ဖြစ်ပါသည်။

သဒ္ဓါဓုရ သောတာပန်ကဲ့သို့ပင်
ပညာဓုရ သောတာပန်သည်လည်း အကျင့်ပဋိပဒါအားဖြင့်
(၄)ယောက်ဖြစ်ပေသည်။

သဒ္ဓါဓုရသောတာပန်(၄)ယောက်၊
ပညာဓုရသောတာပန်(၄) ယောက်ဟူ၍
ပေါင်း(၈)ယောက်ဖြစ်ပါသည်။

"သောတာပန်(၂၄)ယောက် ဖြစ်ပုံ"

ဧကဗီဇသောတာပန်၊ ကောလံကောလ သောတာပန်၊
သတ္တက္ခတ္တုပရမသောတာပန် တို့၌..
သဒ္ဓါဓုရသောတာပန်(၄)ယောက်၊
ပညာဓုရသောတာပန်(၄)ယောက်အားဖြင့်
(၈)ယောက်စီ ရရှိနိုင်ကြမည်။
သို့ဖြစ်၍....

တစ်ဘဝဖြင့် နိဗ္ဗာန်စံဝင်မည့် သောတာပန်(၈)ယောက်၊
နှစ်ဘဝမှ ၆-ဘဝဖြင့် နိဗ္ဗာန်စံဝင်မည့်
သောတာပန်(၈)ယောက်၊
၇-ဘဝဖြင့် နိဗ္ဗာန်စံဝင်မည့် သောတာပန်(၈)ယောက်ဟူ၍
သောတာပန်(၂၄)ယောက် ဖြစ်တော့၏။

ဤသောတာပန်(၂၄)မျိုးတို့တွင်
မည်သည့် သောတာပန်မျိုးပင် ဖြစ်စေ၊ အပါယ်သံသရာ
အပါယ်ဘုံဝများမှ လွတ်မြောက်ကြသည်သာ ဖြစ်ပေသည်။

သို့ဖြစ်၍ အပါယ်သံသရာ အပါယ်ဘုံဘဝများမှ
လွတ်မြောက်လိုကြသော အမျိုးကောင်းသား အမျိုးကောင်း
သမီးတို့သည် သောတာပန်ဖြစ်နိုင်ကြောင်း
ဝိပဿနာတရားကို အားထုတ်ကြရမည် ဖြစ်ပေသည်ဟူ၍
အသိပေးလိုက်ရတော့၏။

ကိုးကား။ ။
သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး
ဓမ္မပဒေသာ(တတိယတွဲ)။ အင်္ဂုတ္တိုရ်(ပ)။

4 months ago | [YT] | 21

မြတ်ဗုဒ္ဓ၏-ဓမ္မတရားတော်များ

ရန်လိုတဲ့ ပုဂ္ဂိုလ်တွေဟာ
ဘယ်သူကမှ “ငါမိုက်တယ်”လို့ မထင်ဘူးတဲ့။
ပဋိပက္ခဖြစ်ပြီဆိုရင် “ငါမိုက်လို့ ဖြစ်ရတယ်”လို့ ဘယ်သူမှ
မစဉ်းစားဘူးတဲ့။
ငါတော်တယ်လို့ပဲ ထင်ကြတယ်။

ငါတော်တယ်၊ ငါတတ်တယ်လို့
လူတွေက ကိုယ့်ကိုယ်ကို အထင်ကြီးလာတဲ့အခါ
ကိုယ့်ဘဝအခြေအနေကို မေ့သွားပြီး
ငါသာလျှင် ပညာရှိလို့ အထင်ရောက်တတ်ကြတယ်။
ပညာရှိယောင် ထင်လာကြတယ်။

ငါတော်တယ်၊ ငါတတ်တယ်လို့ ထင်လာရင်
ကျန်တဲ့ပုဂ္ဂိုလ်ကို အထင်သေးတဲ့ အမြင်နဲ့ ကြည့်ကြတယ်။
တစ်ဦးနဲ့တစ်ဦး ထိခိုက်မယ့်စကားလုံးတွေကို
အနိုင်ယူဖို့၊ အနိုင်ပြောဖို့လောက်ပဲ အာရုံစိုက်ကြတယ်။
ကြိုးစားလာကြတယ်။

ပါးစပ်ကို ဟချင်သလောက် ဟနေကြတာ။
ချဲ့ချင်သလောက်ချဲ့ပြီးတော့ ပြောလေ့ဆိုလေ့ရှိကြတယ်။
နှုတ်ကျွံကြတယ်။ နှုတ်လွန်ကြတယ်။
ဖြေရှင်းလို့ မရအောင် စကားတွေ ကျွံလွန်ကြတယ်။
ဘယ်လိုပြဿနာတွေ ဖြစ်ပေါ်လာမလဲဆိုတဲ့
အကျိုးဆက်ကို မသိကြဘူး။
ပြောချင်တာတွေ ဇွတ်ပြောတယ်။

လူနှစ်ယောက် ရန်ဖြစ်ပြီ ဆိုရင်လည်း
ပြောချင်တာတွေ ဇွတ်ပြောတာပဲ။
ပြောတယ်ဆိုတဲ့နောက်မှာ မှားတယ်ဆိုတာ လိုက်လာတယ်။
မှားတယ်လို့ သိတာ အတော်ကြာမှ သိတာ။

အိမ်မှာ မိသားစုထဲမှာ တစ်ယောက်နဲ့တစ်ယောက်
အငြင်းပွားရန်ဖြစ်ပြီဆိုရင်
အသံတွေဟာ ကျယ်သထက်ကျယ်လာတယ်။
အလျှော့မပေးဘူး။
နှစ်ယောက်လုံးက မှန်တယ်လို့ မြင်ကြတယ်။
“ငါမှားတယ်”လို့ ဘယ်သူမှ မထင်ဘူး။
ငါလုပ်တာ မှန်တယ်။ သူမှားတယ်ပဲ တွက်တယ်။

လူ့အဖွဲ့အစည်းတစ်ခု၊ သံဃာ့အဖွဲ့အစည်းတစ်ခု
မတည့်လို့ စိတ်ဝမ်းကွဲကြရင် ဖြစ်လာမယ့်ပြဿနာတွေ
တခြားပြဿနာတွေ ပိုကြီးလာမယ်ဆိုတာ နားမလည်ကြဘူး။
ထည့်သွင်းမစဉ်းစားကြဘူး။

အဲ့ဒီလိုဆိုရင် ပြဿနာက ဘယ်တော့မှ မပြေဘူးတဲ့။
ဒီတင်ရပ်မှာ မဟုတ်ဘူးတဲ့။
ပြဿနာတွေ နောက်ဆက်တွဲ အများကြီးလာလိမ့်မယ်တဲ့။
မြတ်စွာဘုရားကတော့ ဒီလိုဟောတာ။
ဒါ ကိုယ့်ရဲ့ ဘဝမှာ သတိထားဖို့။
အချင်းများတာတွေ ရှောင်ဖို့ဆိုတာ ဟောတာ။
နှုတ်လွန်အောင် မပြောသင့်ဘူးဆိုတာ သတိထားကြနော်။

ပါမောက္ခချုပ်ဆရာတော်
🙏🙏🙏

4 months ago | [YT] | 0