မြတ်ဗုဒ္ဓ၏-ဓမ္မတရားတော်များ
မှတ်ဉာဏ်ကောင်းချင်လျှင်……….သင်္ဂါရဝဆိုတဲ့ပုဏ္ဏားကြီးက ဘုရားကို မေးလျှောက်တယ်။“ဗေဒင် ဝေဒကျမ်းတွေ သင်ယူထားပေမယ့် မေ့ကုန်တယ်၊ ပျောက်ကုန်တယ်။ ဘာကြောင့်ပါလဲဘုရား” တဲ့။မြတ်စွာဘုရားက ရှင်းရှင်းလေး ဥပမာပေးထားတာရှိတယ်။ မိမိရုပ်သွင်ကိုဘာနဲ့ကြည့်လဲ။ ရှေးတုန်းက မှန်မရှိလို့ ရေခွက်ထဲရေထည့်ပြီး အရိပ်ပေါ်လာတာကို ကြည့်တယ်။ဘာလို့ အရိပ်ထင်တာလဲ မေးလို့ရှိရင် ရေဟာ ပကတိကြည်လင်နေလို့ပဲ။ ဒါကို ဘုရားက ဥပမာပေးထားတယ်။ကိုယ့်စိတ်ကလေးကို ရေလို့ သဘောထားကြည့်…..(၁) အရောင်ဆိုးထားတဲ့ရေလို ကိုယ့်စိတ်ဟာလည်းအရောင် ဆ်ိုးခံထားရပြီဆိုရင်တော့ သင်ထားတဲ့ စာတွေဟာပေါ်လာမှာ မဟုတ်ဘူး။(၂) နောက်တစ်ခုက ရေဆိုတာငြိမ်နေဖို့လည်း လိုတယ်။ တည်ငြိမ်နေမှ အရိပ်ထင်သလို စိတ်ဟာလည်း ဆူပွက်နေရင် မှတ်ဉာဏ်တွေ ကောင်းမလာနိုင်ဘူး။(၃) ရေကို အမှောင်ချထားတယ် ဆိုရင်လည်း မျက်နှာရိပ်က ပေါ်မှာ မဟုတ်ဘူးလေ။ဘုန်းကြီးတို့စိတ်ဟာလည်း အမှောင်ထဲ ရောက်နေတဲ့ အခြေအနေမျိုးလည်း ဖြစ်တတ်တယ်။(၄) နောက်ဆုံးတစ်ခု… ရေပေါ်မှာ မှော်ပင်တွေ ရှိနေမယ်ဆိုလည်း မမြင်ရ ပြန်ဘူး။နံပါတ်(၁) ကို မြတ်စွာဘုရားက "" ကာမစ္ဆန္ဒ နီဝရဏ "" လို့ဟောထားတယ်။ လိုချင်စရာ အာရုံတွေကို လိုလားတဲ့ တဏှာလောဘပါ။ တဏှာရာဂက လွှမ်းမိုးပြီး အရောင်ဆိုးထားမယ်ဆိုရင် စိတ်ဟာ ပီပီပြင်ပြင် မထင်နိုင်လ်ို့ မှတ်ဉာဏ်တွေ အားပျော့သွားတယ်။လိုချင်စရာ အာရုံကို လိုချင်မှု ပြင်းထန်လာတာ။ လောကလူတွေက လောဘရှိတာ အပြစ်မရှိဘူးလို့ ထင်တယ်။ မဟုတ်ဘူး။ လောဘနောက်မှာ ပြဿနာတွေ အများကြီးပါလာတယ်။ လိုချင်နေတဲ့ အချိန်မှာလည်း စိတ်ဟာတည်ငြိမ်အေး ချမ်းမှုမရှိဘူး။ ရပြန်ရင်လည်း ပီတိဖြစ်ပြီး စိတ် မငြိမ်မသက်ဖြစ်မယ်။ ဒီလောက်နဲ့တင် မပြီးဘူး။ ရလာတာကို ကာကွယ်မှု စောင့်ရှောက်မှုဆိုတာ လာပြန်တယ်။ မဆုံးနိုင်ဘူး။ လိုချင်တာမရပြန်ရင်လည်း ဒေါသထွက် စိတ်ဆိုးစိတ်ညစ်ရပြန်တယ်။အဲ့ဒါ ရေကို အရောင်ဆိုးပေးလိုက်သလို စိတ်ကို အရောင်ဆ်ိုးပေးတာ ကာမစ္ဆန္ဒပါ။ သူ့ကို လျှော့ချဖို့ရာစဉ်းစားကြည့်တော့ … ဆိုပါစို့။ အင်မတန်လှတဲ့ ကြည့်ကောင်းတဲ့ ဒါလေးရှိရင် ကောင်းမယ် စိတ်ပျော်မှာပဲလို့ တွေးတောသည့်အတွက်ကြောင့် ဖြစ်လာတာပါ။ဒါ့ကြောင့်ကိုယ့်စိတ်ကို နည်းနည်းတော့ပြောင်းပေးရမယ်။ ဘယ်လိုစဉ်းစား ရမလဲ ဆိုရင်…. သြော် ဘယ်အရာမှ မမြဲဘူး။ တစ်နေ့ကျတော့ အားလုံးထားပစ်ခဲ့ရမှာပဲဆိုတဲ့ အတွေးလေး ထားလိုက်။ ခုနက ကာမစ္ဆန္ဒ က လျော့ကျသွား မှာဘဲ။ကိုယ့်ခန္ဓာကိုယ်ကို သူများခန္ဓာကိုယ်ကို နှစ်သက်နေပြီဆိုရင်လည်း မနှစ်သက်အောင် စဉ်းစားကြည့်။ ရေမချိုးပဲ ပစ်ထားလိုက်မယ်ဆိုရင် ပုတ်ပွနံစော်နေမှာပဲ။ ခန္ဓာကိုယ်အတွင်းနဲ့အပြင် ပြောင်းတပ်လိုက်မယ်ဆိုရင် ရွံရှာဖွယ် အသားညှီတုံး သွေးသံရဲရဲကြီးပဲ။ အပေါ်အရေပြားကယ်လို့ မိတ်ကပ်တွေနဲ့လှနေတာပဲ။ဒီလို ဆင်ခြင်ရင်းနဲ့ လျှော့ချနိုင်တယ်။ဒီကာမစ္ဆန္ဒ ဆိုတဲ့စိတ်… အရောင်ဆ်ိုးတဲ့သဘာဝတရားကြီးကို ရှင်းပစ်လိုက်တာနဲ့ တပြိုင်နက် စ်ိတ်ရဲ့အေးချမ်းမှုဟာ အပြည့်အဝ ရလာမှာပါ။ အခု လောကလူတွေ စိတ်အေးချမ်းမှု မရဘူး။ သောကတွေနဲ့ နေကြတယ်။ လိုချင်တာ တွယ်တာတာကို အကြောင်းပြုပြီး နောက်ကနေ သောကဆိုတာလာတာတဲ့။ ဒါ့ကြောင့် လိုချင်တာ တွယ်တာတာ မရှိအောင်နေပါ။(၂) ဆူပွက်နေတဲ့ ရေအနေအထား "" ဗျာပါဒ "" ဆိုတဲ့ မုန်းတီးမှု အလိုမကျမှု ဆိုတာတွေပါ။ ဘာနဲ့လျှော့ချရမလဲ ဆိုတာကြည့်… လူတစ်ယောက် အပေါ်မုန်းနေပြီဆိုရင် ကောင်းကွက်ကိုရှာ မေတ္တာပွားတဲ့။ ဒေါသဆိုတဲ့ အလိုမကျမှုကို သူ့ရဲ့အကျိုးစီးပွားကို လိုလားမှုဆိုတဲ့ မေတ္တာ တရားနဲ့ပဲဖြေရှင်းရမယ်တဲ့။ရှင်သာရိပုတ္တရာက ဥပမာပေးထားတာ။ ရေငတ်ရေဆာနေတဲ့သူဟာ မှော်တွေဖုံးနေတဲ့ ရေပြင်မှာ မှော်လေးတွေလက်နဲ့ အသာယာ ယက်ဖယ်ပြီး မှော်ကင်းတဲ့ ရေလေးကို သောက်ရသလို လောကလူသားတွေဟာလည်း အဆိုးနဲ့အကောင်း၊ အပြစ်နဲ့ဂုဏ် ရောထွေးပြီး နေတတ်တယ်။ ဒါ့ကြောင့် အပြစ်ကလေး အသာဖယ် ကောင်းကွက်ကလေးကို မေတ္တာပွားရမယ်။(၃) အမှောင်ထဲ ရောက်နေတယ် "" ထိန နဲ့မိဒ္ဓ "" စိတ်နဲ့စေတသိက်တွေရဲ့အားပျော့ တွန့်ဆုတ်သွားမှု။စိတ်ဟာအလုပ် မလုပ်နိုင်တော့ဘဲ စိတ်တွေလျော့ကျသွားတာ။ စိတ်လန်း ဆန်းအောင် ပြန်ပြီး ကြိုးစားပေးရမယ်။အခုခေတ်က စိတ်တက်ကြွစေတဲ့ ဆေးတွေ သုံးတာမျိုးလည်းရှိကြတယ်ပေါ့။ ဒါကတော့မကောင်းတဲ့အရာ။ ကမ္မဋ္ဌာန်းထိုင်တာပဲဖြစ်ဖြစ် ကောင်းတဲ့လုပ်ငန်းတွေလုပ်ရင်ပဲဖြစ်ဖြစ် စိတ်ဟာ လန်းဆန်းတက်ကြွလာမှာပါ။ ကြည်နူးစရာ အာရုံတစ်ခုခုနဲ့ ဘုရားအာရုံပြုတာပဲဖြစ်ဖြစ် တရားပဲဖြစ်ဖြစ် စိတ်အားတွေတက်အောင်လုပ်ဆောင် ပေးပါ။ ဒါမှ မှတ်ဉာဏ်တွေကောင်းလာမယ်။(၄) နောက် ""ဥဒ္ဓစ္စ ကုက္ကုစ္စ "" စုစည်းလို့ မရအောင် စိတ်တွေလေလွင့်တာနဲ့ တစ်စုံတစ်ခုအတွက် စိတ်မှာနောင်တရနေတာ။ ပူပန်နေတာ။ ဒီငြိမ်းအေးမှုမရှိတဲ့စိတ်တွေ ဖြစ်ပေါ်တာနဲ့ တစ်ပြိုင်နက် မှတ်ဉာဏ်တွေပျက်စီးသွားနိုင်တယ်။ အသိဉာဏ်တွေ ပေါ်မလာနိုင်ဘူး။ ဒါတွေကိုထွက်လေ ဝင်လေ မှတ်ပြီး သမာဓိ ထူထောင်ရင်းနဲ့ ပယ်ဖျက်ပါ။(၅) နောက်တစ်ခုကျတော့ "" ဝိစိကိစ္ဆာ "" လို့ခေါ်တယ်။ ဘာလုပ် ရမလဲ၊ ဘာမလုပ်ရဘူးလဲ နဲ့စဉ်းစားဆင်ခြင်လ်ိုက်တဲ့အခါ ဆုံးဖြတ် ချက်မပေးနိုင်ဘူး။ သံသယတွေဖြစ်နေတာ။ သို့လောသို့လောတွေ ဖြစ်လာပြီဆို အသိဉာဏ်တွေတုံးသွားတတ်တယ်။ သံသယ ပျောက်ကင်းအောင် မေးမြန်းခြင်း လေ့လာခြင်း စူးစမ်းခြင်း ဟာ မှန်ကန်တဲ့ နည်းစနစ်တစ်ခုပဲ။ဒီ နီဝရဏ ငါးပါးလို့ခေါ်တဲ့ ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိနမိဒ္ဓ၊ ဥဒ္စစ္စကုက္ကုစ္စ၊ ဝိစိကိစ္ဆာ တို့ကို ဖယ်ရှားပစ်ရမယ်။ ဒါမှ လောကအကျိုး ကောင်းကျိုးချမ်းသာဆောင်ရွက်နိုင်မှာဖြစ်တယ်။ဒါကြောင့်တရားချစ်ခင်သူတော်စင်များ ကျင့်ကြံကြိုးစားနိုင်ကြပါစေ။မှတ်ဉာဏ်ကောင်းအောင် ကျင့်ဆောင်ခြင်းတရားတော်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ🙏🙏🙏#ပါချုပ်ဆရာတော် #တရားမှတ်စု
4 months ago | [YT] | 2
မြတ်ဗုဒ္ဓ၏-ဓမ္မတရားတော်များ
မှတ်ဉာဏ်ကောင်းချင်လျှင်……….
သင်္ဂါရဝဆိုတဲ့ပုဏ္ဏားကြီးက ဘုရားကို မေးလျှောက်တယ်။
“ဗေဒင် ဝေဒကျမ်းတွေ သင်ယူထားပေမယ့် မေ့ကုန်တယ်၊ ပျောက်ကုန်တယ်။ ဘာကြောင့်ပါလဲဘုရား” တဲ့။
မြတ်စွာဘုရားက ရှင်းရှင်းလေး ဥပမာပေးထားတာရှိတယ်။ မိမိရုပ်သွင်ကိုဘာနဲ့ကြည့်လဲ။ ရှေးတုန်းက မှန်မရှိလို့ ရေခွက်ထဲရေထည့်ပြီး အရိပ်ပေါ်လာတာကို ကြည့်တယ်။
ဘာလို့ အရိပ်ထင်တာလဲ မေးလို့ရှိရင် ရေဟာ ပကတိကြည်လင်နေလို့ပဲ။ ဒါကို ဘုရားက ဥပမာပေးထားတယ်။
ကိုယ့်စိတ်ကလေးကို ရေလို့ သဘောထားကြည့်…..
(၁) အရောင်ဆိုးထားတဲ့ရေလို ကိုယ့်စိတ်ဟာလည်းအရောင် ဆ်ိုးခံထားရပြီဆိုရင်တော့ သင်ထားတဲ့ စာတွေဟာပေါ်လာမှာ မဟုတ်ဘူး။
(၂) နောက်တစ်ခုက ရေဆိုတာငြိမ်နေဖို့လည်း လိုတယ်။ တည်ငြိမ်နေမှ အရိပ်ထင်သလို စိတ်ဟာလည်း ဆူပွက်နေရင် မှတ်ဉာဏ်တွေ ကောင်းမလာနိုင်ဘူး။
(၃) ရေကို အမှောင်ချထားတယ် ဆိုရင်လည်း မျက်နှာရိပ်က ပေါ်မှာ မဟုတ်ဘူးလေ။
ဘုန်းကြီးတို့စိတ်ဟာလည်း အမှောင်ထဲ ရောက်နေတဲ့ အခြေအနေမျိုးလည်း ဖြစ်တတ်တယ်။
(၄) နောက်ဆုံးတစ်ခု… ရေပေါ်မှာ မှော်ပင်တွေ ရှိနေမယ်ဆိုလည်း မမြင်ရ ပြန်ဘူး။
နံပါတ်(၁) ကို မြတ်စွာဘုရားက "" ကာမစ္ဆန္ဒ နီဝရဏ "" လို့ဟောထားတယ်။ လိုချင်စရာ အာရုံတွေကို လိုလားတဲ့ တဏှာလောဘပါ။
တဏှာရာဂက လွှမ်းမိုးပြီး အရောင်ဆိုးထားမယ်ဆိုရင် စိတ်ဟာ ပီပီပြင်ပြင် မထင်နိုင်လ်ို့ မှတ်ဉာဏ်တွေ အားပျော့သွားတယ်။
လိုချင်စရာ အာရုံကို လိုချင်မှု ပြင်းထန်လာတာ။ လောကလူတွေက လောဘရှိတာ အပြစ်မရှိဘူးလို့ ထင်တယ်။ မဟုတ်ဘူး။ လောဘနောက်မှာ ပြဿနာတွေ အများကြီးပါလာတယ်။
လိုချင်နေတဲ့ အချိန်မှာလည်း စိတ်ဟာတည်ငြိမ်အေး ချမ်းမှုမရှိဘူး။ ရပြန်ရင်လည်း ပီတိဖြစ်ပြီး စိတ် မငြိမ်မသက်ဖြစ်မယ်။ ဒီလောက်နဲ့တင် မပြီးဘူး။ ရလာတာကို ကာကွယ်မှု စောင့်ရှောက်မှုဆိုတာ လာပြန်တယ်။ မဆုံးနိုင်ဘူး။ လိုချင်တာမရပြန်ရင်လည်း ဒေါသထွက် စိတ်ဆိုးစိတ်ညစ်ရပြန်တယ်။
အဲ့ဒါ ရေကို အရောင်ဆိုးပေးလိုက်သလို စိတ်ကို အရောင်ဆ်ိုးပေးတာ ကာမစ္ဆန္ဒပါ။ သူ့ကို လျှော့ချဖို့ရာစဉ်းစားကြည့်တော့ …
ဆိုပါစို့။ အင်မတန်လှတဲ့ ကြည့်ကောင်းတဲ့ ဒါလေးရှိရင် ကောင်းမယ် စိတ်ပျော်မှာပဲလို့ တွေးတောသည့်အတွက်ကြောင့် ဖြစ်လာတာပါ။
ဒါ့ကြောင့်ကိုယ့်စိတ်ကို နည်းနည်းတော့ပြောင်းပေးရမယ်။
ဘယ်လိုစဉ်းစား ရမလဲ ဆိုရင်…. သြော် ဘယ်အရာမှ မမြဲဘူး။ တစ်နေ့ကျတော့ အားလုံးထားပစ်ခဲ့ရမှာပဲဆိုတဲ့ အတွေးလေး ထားလိုက်။ ခုနက ကာမစ္ဆန္ဒ က လျော့ကျသွား မှာဘဲ။
ကိုယ့်ခန္ဓာကိုယ်ကို သူများခန္ဓာကိုယ်ကို နှစ်သက်နေပြီဆိုရင်လည်း မနှစ်သက်အောင် စဉ်းစားကြည့်။ ရေမချိုးပဲ ပစ်ထားလိုက်မယ်ဆိုရင် ပုတ်ပွနံစော်နေမှာပဲ။
ခန္ဓာကိုယ်အတွင်းနဲ့အပြင် ပြောင်းတပ်လိုက်မယ်ဆိုရင် ရွံရှာဖွယ် အသားညှီတုံး သွေးသံရဲရဲကြီးပဲ။ အပေါ်အရေပြားကယ်လို့ မိတ်ကပ်တွေနဲ့လှနေတာပဲ။ဒီလို ဆင်ခြင်ရင်းနဲ့ လျှော့ချနိုင်တယ်။
ဒီကာမစ္ဆန္ဒ ဆိုတဲ့စိတ်… အရောင်ဆ်ိုးတဲ့သဘာဝတရားကြီးကို ရှင်းပစ်လိုက်တာနဲ့ တပြိုင်နက် စ်ိတ်ရဲ့အေးချမ်းမှုဟာ အပြည့်အဝ ရလာမှာပါ။
အခု လောကလူတွေ စိတ်အေးချမ်းမှု မရဘူး။ သောကတွေနဲ့ နေကြတယ်။ လိုချင်တာ တွယ်တာတာကို အကြောင်းပြုပြီး နောက်ကနေ သောကဆိုတာလာတာတဲ့။ ဒါ့ကြောင့် လိုချင်တာ တွယ်တာတာ မရှိအောင်နေပါ။
(၂) ဆူပွက်နေတဲ့ ရေအနေအထား "" ဗျာပါဒ "" ဆိုတဲ့ မုန်းတီးမှု အလိုမကျမှု ဆိုတာတွေပါ။ ဘာနဲ့လျှော့ချရမလဲ ဆိုတာကြည့်…
လူတစ်ယောက် အပေါ်မုန်းနေပြီဆိုရင် ကောင်းကွက်ကိုရှာ မေတ္တာပွားတဲ့။ ဒေါသဆိုတဲ့ အလိုမကျမှုကို သူ့ရဲ့အကျိုးစီးပွားကို လိုလားမှုဆိုတဲ့ မေတ္တာ တရားနဲ့ပဲဖြေရှင်းရမယ်တဲ့။
ရှင်သာရိပုတ္တရာက ဥပမာပေးထားတာ။ ရေငတ်ရေဆာနေတဲ့သူဟာ မှော်တွေဖုံးနေတဲ့ ရေပြင်မှာ မှော်လေးတွေလက်နဲ့ အသာယာ ယက်ဖယ်ပြီး မှော်ကင်းတဲ့ ရေလေးကို သောက်ရသလို လောကလူသားတွေဟာလည်း အဆိုးနဲ့အကောင်း၊ အပြစ်နဲ့ဂုဏ် ရောထွေးပြီး နေတတ်တယ်။
ဒါ့ကြောင့် အပြစ်ကလေး အသာဖယ် ကောင်းကွက်ကလေးကို မေတ္တာပွားရမယ်။
(၃) အမှောင်ထဲ ရောက်နေတယ် "" ထိန နဲ့မိဒ္ဓ "" စိတ်နဲ့စေတသိက်တွေရဲ့အားပျော့ တွန့်ဆုတ်သွားမှု။
စိတ်ဟာအလုပ် မလုပ်နိုင်တော့ဘဲ စိတ်တွေလျော့ကျသွားတာ။ စိတ်လန်း ဆန်းအောင် ပြန်ပြီး ကြိုးစားပေးရမယ်။
အခုခေတ်က စိတ်တက်ကြွစေတဲ့ ဆေးတွေ သုံးတာမျိုးလည်းရှိကြတယ်ပေါ့။ ဒါကတော့မကောင်းတဲ့အရာ။
ကမ္မဋ္ဌာန်းထိုင်တာပဲဖြစ်ဖြစ် ကောင်းတဲ့လုပ်ငန်းတွေလုပ်ရင်ပဲဖြစ်ဖြစ် စိတ်ဟာ လန်းဆန်းတက်ကြွလာမှာပါ။ ကြည်နူးစရာ အာရုံတစ်ခုခုနဲ့ ဘုရားအာရုံပြုတာပဲဖြစ်ဖြစ် တရားပဲဖြစ်ဖြစ် စိတ်အားတွေတက်အောင်လုပ်ဆောင် ပေးပါ။ ဒါမှ မှတ်ဉာဏ်တွေကောင်းလာမယ်။
(၄) နောက် ""ဥဒ္ဓစ္စ ကုက္ကုစ္စ "" စုစည်းလို့ မရအောင် စိတ်တွေလေလွင့်တာနဲ့ တစ်စုံတစ်ခုအတွက် စိတ်မှာနောင်တရနေတာ။ ပူပန်နေတာ။ ဒီငြိမ်းအေးမှုမရှိတဲ့စိတ်တွေ ဖြစ်ပေါ်တာနဲ့ တစ်ပြိုင်နက် မှတ်ဉာဏ်တွေပျက်စီးသွားနိုင်တယ်။
အသိဉာဏ်တွေ ပေါ်မလာနိုင်ဘူး။ ဒါတွေကိုထွက်လေ ဝင်လေ မှတ်ပြီး သမာဓိ ထူထောင်ရင်းနဲ့ ပယ်ဖျက်ပါ။
(၅) နောက်တစ်ခုကျတော့ "" ဝိစိကိစ္ဆာ "" လို့ခေါ်တယ်။ ဘာလုပ် ရမလဲ၊ ဘာမလုပ်ရဘူးလဲ နဲ့စဉ်းစားဆင်ခြင်လ်ိုက်တဲ့အခါ ဆုံးဖြတ် ချက်မပေးနိုင်ဘူး။ သံသယတွေဖြစ်နေတာ။
သို့လောသို့လောတွေ ဖြစ်လာပြီဆို အသိဉာဏ်တွေတုံးသွားတတ်တယ်။ သံသယ ပျောက်ကင်းအောင် မေးမြန်းခြင်း လေ့လာခြင်း စူးစမ်းခြင်း ဟာ မှန်ကန်တဲ့ နည်းစနစ်တစ်ခုပဲ။
ဒီ နီဝရဏ ငါးပါးလို့ခေါ်တဲ့ ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိနမိဒ္ဓ၊ ဥဒ္စစ္စကုက္ကုစ္စ၊ ဝိစိကိစ္ဆာ တို့ကို ဖယ်ရှားပစ်ရမယ်။
ဒါမှ လောကအကျိုး ကောင်းကျိုးချမ်းသာဆောင်ရွက်နိုင်မှာဖြစ်တယ်။
ဒါကြောင့်တရားချစ်ခင်သူတော်စင်များ ကျင့်ကြံကြိုးစားနိုင်ကြပါစေ။
မှတ်ဉာဏ်ကောင်းအောင် ကျင့်ဆောင်ခြင်းတရားတော်
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
🙏🙏🙏
#ပါချုပ်ဆရာတော် #တရားမှတ်စု
4 months ago | [YT] | 2