မြတ်ဗုဒ္ဓ၏-ဓမ္မတရားတော်များ
ရန်လိုတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်သူကမှ “ငါမိုက်တယ်”လို့ မထင်ဘူးတဲ့။ ပဋိပက္ခဖြစ်ပြီဆိုရင် “ငါမိုက်လို့ ဖြစ်ရတယ်”လို့ ဘယ်သူမှ မစဉ်းစားဘူးတဲ့။ ငါတော်တယ်လို့ပဲ ထင်ကြတယ်။ ငါတော်တယ်၊ ငါတတ်တယ်လို့ လူတွေက ကိုယ့်ကိုယ်ကို အထင်ကြီးလာတဲ့အခါ ကိုယ့်ဘဝအခြေအနေကို မေ့သွားပြီး ငါသာလျှင် ပညာရှိလို့ အထင်ရောက်တတ်ကြတယ်။ ပညာရှိယောင် ထင်လာကြတယ်။ ငါတော်တယ်၊ ငါတတ်တယ်လို့ ထင်လာရင် ကျန်တဲ့ပုဂ္ဂိုလ်ကို အထင်သေးတဲ့ အမြင်နဲ့ ကြည့်ကြတယ်။ တစ်ဦးနဲ့တစ်ဦး ထိခိုက်မယ့်စကားလုံးတွေကို အနိုင်ယူဖို့၊ အနိုင်ပြောဖို့လောက်ပဲ အာရုံစိုက်ကြတယ်။ ကြိုးစားလာကြတယ်။ ပါးစပ်ကို ဟချင်သလောက် ဟနေကြတာ။ ချဲ့ချင်သလောက်ချဲ့ပြီးတော့ ပြောလေ့ဆိုလေ့ရှိကြတယ်။ နှုတ်ကျွံကြတယ်။ နှုတ်လွန်ကြတယ်။ ဖြေရှင်းလို့ မရအောင် စကားတွေ ကျွံလွန်ကြတယ်။ ဘယ်လိုပြဿနာတွေ ဖြစ်ပေါ်လာမလဲဆိုတဲ့ အကျိုးဆက်ကို မသိကြဘူး။ ပြောချင်တာတွေ ဇွတ်ပြောတယ်။ လူနှစ်ယောက် ရန်ဖြစ်ပြီ ဆိုရင်လည်းပြောချင်တာတွေ ဇွတ်ပြောတာပဲ။ ပြောတယ်ဆိုတဲ့နောက်မှာ မှားတယ်ဆိုတာ လိုက်လာတယ်။ မှားတယ်လို့ သိတာ အတော်ကြာမှ သိတာ။ အိမ်မှာ မိသားစုထဲမှာ တစ်ယောက်နဲ့တစ်ယောက် အငြင်းပွားရန်ဖြစ်ပြီဆိုရင် အသံတွေဟာ ကျယ်သထက်ကျယ်လာတယ်။ အလျှော့မပေးဘူး။ နှစ်ယောက်လုံးက မှန်တယ်လို့ မြင်ကြတယ်။ “ငါမှားတယ်”လို့ ဘယ်သူမှ မထင်ဘူး။ ငါလုပ်တာ မှန်တယ်။ သူမှားတယ်ပဲ တွက်တယ်။ လူ့အဖွဲ့အစည်းတစ်ခု၊ သံဃာ့အဖွဲ့အစည်းတစ်ခု မတည့်လို့ စိတ်ဝမ်းကွဲကြရင် ဖြစ်လာမယ့်ပြဿနာတွေ တခြားပြဿနာတွေ ပိုကြီးလာမယ်ဆိုတာ နားမလည်ကြဘူး။ ထည့်သွင်းမစဉ်းစားကြဘူး။ အဲ့ဒီလိုဆိုရင် ပြဿနာက ဘယ်တော့မှ မပြေဘူးတဲ့။ ဒီတင်ရပ်မှာ မဟုတ်ဘူးတဲ့။ ပြဿနာတွေ နောက်ဆက်တွဲ အများကြီးလာလိမ့်မယ်တဲ့။မြတ်စွာဘုရားကတော့ ဒီလိုဟောတာ။ ဒါ ကိုယ့်ရဲ့ ဘဝမှာ သတိထားဖို့။အချင်းများတာတွေ ရှောင်ဖို့ဆိုတာ ဟောတာ။ နှုတ်လွန်အောင် မပြောသင့်ဘူးဆိုတာ သတိထားကြနော်။ပါမောက္ခချုပ်ဆရာတော်🙏🙏🙏
5 months ago | [YT] | 0
မြတ်ဗုဒ္ဓ၏-ဓမ္မတရားတော်များ
ရန်လိုတဲ့ ပုဂ္ဂိုလ်တွေဟာ
ဘယ်သူကမှ “ငါမိုက်တယ်”လို့ မထင်ဘူးတဲ့။
ပဋိပက္ခဖြစ်ပြီဆိုရင် “ငါမိုက်လို့ ဖြစ်ရတယ်”လို့ ဘယ်သူမှ
မစဉ်းစားဘူးတဲ့။
ငါတော်တယ်လို့ပဲ ထင်ကြတယ်။
ငါတော်တယ်၊ ငါတတ်တယ်လို့
လူတွေက ကိုယ့်ကိုယ်ကို အထင်ကြီးလာတဲ့အခါ
ကိုယ့်ဘဝအခြေအနေကို မေ့သွားပြီး
ငါသာလျှင် ပညာရှိလို့ အထင်ရောက်တတ်ကြတယ်။
ပညာရှိယောင် ထင်လာကြတယ်။
ငါတော်တယ်၊ ငါတတ်တယ်လို့ ထင်လာရင်
ကျန်တဲ့ပုဂ္ဂိုလ်ကို အထင်သေးတဲ့ အမြင်နဲ့ ကြည့်ကြတယ်။
တစ်ဦးနဲ့တစ်ဦး ထိခိုက်မယ့်စကားလုံးတွေကို
အနိုင်ယူဖို့၊ အနိုင်ပြောဖို့လောက်ပဲ အာရုံစိုက်ကြတယ်။
ကြိုးစားလာကြတယ်။
ပါးစပ်ကို ဟချင်သလောက် ဟနေကြတာ။
ချဲ့ချင်သလောက်ချဲ့ပြီးတော့ ပြောလေ့ဆိုလေ့ရှိကြတယ်။
နှုတ်ကျွံကြတယ်။ နှုတ်လွန်ကြတယ်။
ဖြေရှင်းလို့ မရအောင် စကားတွေ ကျွံလွန်ကြတယ်။
ဘယ်လိုပြဿနာတွေ ဖြစ်ပေါ်လာမလဲဆိုတဲ့
အကျိုးဆက်ကို မသိကြဘူး။
ပြောချင်တာတွေ ဇွတ်ပြောတယ်။
လူနှစ်ယောက် ရန်ဖြစ်ပြီ ဆိုရင်လည်း
ပြောချင်တာတွေ ဇွတ်ပြောတာပဲ။
ပြောတယ်ဆိုတဲ့နောက်မှာ မှားတယ်ဆိုတာ လိုက်လာတယ်။
မှားတယ်လို့ သိတာ အတော်ကြာမှ သိတာ။
အိမ်မှာ မိသားစုထဲမှာ တစ်ယောက်နဲ့တစ်ယောက်
အငြင်းပွားရန်ဖြစ်ပြီဆိုရင်
အသံတွေဟာ ကျယ်သထက်ကျယ်လာတယ်။
အလျှော့မပေးဘူး။
နှစ်ယောက်လုံးက မှန်တယ်လို့ မြင်ကြတယ်။
“ငါမှားတယ်”လို့ ဘယ်သူမှ မထင်ဘူး။
ငါလုပ်တာ မှန်တယ်။ သူမှားတယ်ပဲ တွက်တယ်။
လူ့အဖွဲ့အစည်းတစ်ခု၊ သံဃာ့အဖွဲ့အစည်းတစ်ခု
မတည့်လို့ စိတ်ဝမ်းကွဲကြရင် ဖြစ်လာမယ့်ပြဿနာတွေ
တခြားပြဿနာတွေ ပိုကြီးလာမယ်ဆိုတာ နားမလည်ကြဘူး။
ထည့်သွင်းမစဉ်းစားကြဘူး။
အဲ့ဒီလိုဆိုရင် ပြဿနာက ဘယ်တော့မှ မပြေဘူးတဲ့။
ဒီတင်ရပ်မှာ မဟုတ်ဘူးတဲ့။
ပြဿနာတွေ နောက်ဆက်တွဲ အများကြီးလာလိမ့်မယ်တဲ့။
မြတ်စွာဘုရားကတော့ ဒီလိုဟောတာ။
ဒါ ကိုယ့်ရဲ့ ဘဝမှာ သတိထားဖို့။
အချင်းများတာတွေ ရှောင်ဖို့ဆိုတာ ဟောတာ။
နှုတ်လွန်အောင် မပြောသင့်ဘူးဆိုတာ သတိထားကြနော်။
ပါမောက္ခချုပ်ဆရာတော်
🙏🙏🙏
5 months ago | [YT] | 0