မြတ်ဗုဒ္ဓ၏-ဓမ္မတရားတော်များ
🔥 မီး ၁၁ မီး🔥 🔥 မီး ၁၁ မီး 🔥 တို့တွင်... 🔥 လောဘမီး ဆိုသည်မှာ လို ချင်တပ်မ က် နှစ်သက်ရသဖြင့် ပူလောင်ခြင်းး🔥 ဒေါသမီး ဆိုသည်မှာ မလို မုန်းထား ပြစ်မှား စိတ်ဆိုးရသဖြင့် ပူလောင်ခြင်းး🔥 မောဟမီး ဆိုသည်မှာ အ မှန် တရားတို့ကို မသိရသဖြင့် ပူလောင်ခြင်းး🔥 ဇာတိမီး ဆိုသည်မှာ ဘဝ သစ်၌ ဖြစ်ရသဖြင့် ပူလောင်ခြင်း၊ တနည်းအားဖြင့်...(က)သြပပါတိက၊ကိုယ်ကောင် ထင်ရှားစွာ ဖြစ်ခြင်း (ခ) သံသေဒဇ၊ အရာဝတ္ထု၌ ရှိသော အညှိကိုစွဲ၍ဖြစ်ခြင်း (ဂ) အဏ္ဍဇ၊ ဥခွံအတွင်း၌ ဖြစ်ခြင်းး (ဃ) ဇလာဗုဇ၊မိခင်၏သား အိမ်အတွင်း၌ ဖြစ်ခြင်းတည်း ဟူသော ပဋိသန္ဓေ လေးမျိုး တမျိုးမျိုး၌ ပဋိသ န္ဓေ တည် နေရသဖြင့် ပူ လောင်ခြင်းး🔥 ဇရာမီးဆို သည်မှာအိုမင်း ရင့်ရော်ရသဖြင့် ပူလောင်ခြင်း 🔥 မရဏမီး ဆိုသည်မှာ သေ ကြေပျက်စီးရသဖြင့် ပူလောင် ခြင်းး🔥 သောကမီး ဆိုသည်မှာ စိုး ရိမ်ကြောင့်ကြ ပူဆွေးရသဖြင့် ပူလောင်ခြင်းး🔥 ပရိဒေဝမီး ဆိုသည်မှာ စိုး ရိမ်ကြောင့်ကြ ပူဆွေးရရုံမျှမ က ရှိုက်ကြီးတငင် ငိုကြွေးရ သဖြင့် ပူလောင်ခြင်း🔥 ဒုက္ခမီး ဆိုသည်မှာ ရုပ်ကိုမှီ၍ မသာမယာ ဖြစ်ရသဖြင့် ပူလောင်ခြင်းး🔥 ဒေါမနဿမီး ဆိုသည်မှာ စိတ်ကိုမှီ၍ မသာမယာ ဖြစ်ရသဖြင့် ပူလောင်ခြင်းး🔥 ဥပါယာသမီး ဆိုသည်မှာ ရှိုက်ကြီးတငင် ငိုကြွေးမြည် တမ်းရရုံမျှမက ပြင်းထန်စွာ စိတ်ထိခိုက်ပြီး မေ့မြော ရင် ကွဲနာကျသည့် အထိစိတ်ပင် ပန်း ဆင်းရဲဖြစ်ရသဖြင့် ပူ လောင်ခြင်းတို့ ဖြစ်ကြကုန် ၏...ဖော်ပြပါ🔥မီး ၁၁ မီး🔥ရှိသည့်အနက် -၁-လောဘမီး၂-ဒေါသမီး၃-မောဟမီးတည်းဟူသော မီး ၃ မီး တို့သည်“အကြောင်းတရား” ဖြစ်ကြ၏... ၁-ဇာတိမီး ၂-ဇရာမီး ၃-မရဏမီး ၄-သောကမီး ၅-ပရိဒေဝမီး ၆-ဒုက္ခမီး ၇-ဒေါမနဿမီး ၈-ဥပါယာသမီး တည်းဟူသော မီး ၈ မီးတိုသည် “အကျိုးတရား” ဖြစ်ကြ ကုန်၏... အိပ်ပျော်နေသော ပုဂ္ဂိုလ်နှင့် သတိမေ့နေသော ပုဂ္ဂိုလ်တို့ အား ဇာတိမီး၊ ဇရာမီး၊ မရ ဏမီး တည်းဟူသော မီး, တို့က လှည့်ပြီးလောင်နေလျက် ရှိ၏ မီးမလောင်သောအချိန်ဟူ၍ မည်သည့်အချိန်မှမရှိ၊ အစဉ်ဒလစပ် မီးလောင်ခြင်းကို ခံနေကြရကုန်၏..🔥*ဇာတိမီး၊ ပဋိသန္ဓေနေခြင်းး🔥*ဇရာမီး၊အိုမင်းရင့်ရော်ခြင်း 🔥*မရဏမီး၊ သေကြေပျက် စီးခြင်းး သဘောတရားတို့ ဆိုရာတွင် ယခုဖြစ်ဆဲ ရုပ် နာမ် ခန္ဓာတို့၏ အစဉ်အလစပ် ဖြစ်ပြီး ပျက်နေသော သ ဘောတ ရားတို့ကို ဆိုလိုခြင်းဖြစ်ပေသည်...🙏 ပြန်လည်၍``ပတ္တိဒါနသိုလ်" ပြုပါသည်🙏
4 months ago | [YT] | 6
မြတ်ဗုဒ္ဓ၏-ဓမ္မတရားတော်များ
🔥 မီး ၁၁ မီး🔥
🔥 မီး ၁၁ မီး 🔥 တို့တွင်...
🔥 လောဘမီး ဆိုသည်မှာ လို ချင်တပ်မ က် နှစ်သက်ရသဖြင့် ပူလောင်ခြင်းး
🔥 ဒေါသမီး ဆိုသည်မှာ မလို မုန်းထား ပြစ်မှား စိတ်ဆိုးရသဖြင့် ပူလောင်ခြင်းး
🔥 မောဟမီး ဆိုသည်မှာ အ မှန် တရားတို့ကို မသိရသဖြင့် ပူလောင်ခြင်းး
🔥 ဇာတိမီး ဆိုသည်မှာ ဘဝ သစ်၌ ဖြစ်ရသဖြင့် ပူလောင်ခြင်း၊ တနည်းအားဖြင့်...
(က)သြပပါတိက၊ကိုယ်ကောင် ထင်ရှားစွာ ဖြစ်ခြင်း
(ခ) သံသေဒဇ၊ အရာဝတ္ထု၌ ရှိသော အညှိကိုစွဲ၍ဖြစ်ခြင်း
(ဂ) အဏ္ဍဇ၊ ဥခွံအတွင်း၌ ဖြစ်ခြင်းး
(ဃ) ဇလာဗုဇ၊မိခင်၏သား အိမ်အတွင်း၌ ဖြစ်ခြင်းတည်း ဟူသော ပဋိသန္ဓေ လေးမျိုး တမျိုးမျိုး၌ ပဋိသ န္ဓေ တည် နေရသဖြင့် ပူ လောင်ခြင်းး
🔥 ဇရာမီးဆို သည်မှာအိုမင်း ရင့်ရော်ရသဖြင့် ပူလောင်ခြင်း
🔥 မရဏမီး ဆိုသည်မှာ သေ ကြေပျက်စီးရသဖြင့် ပူလောင် ခြင်းး
🔥 သောကမီး ဆိုသည်မှာ စိုး ရိမ်ကြောင့်ကြ ပူဆွေးရသဖြင့် ပူလောင်ခြင်းး
🔥 ပရိဒေဝမီး ဆိုသည်မှာ စိုး ရိမ်ကြောင့်ကြ ပူဆွေးရရုံမျှမ က ရှိုက်ကြီးတငင် ငိုကြွေးရ သဖြင့် ပူလောင်ခြင်း
🔥 ဒုက္ခမီး ဆိုသည်မှာ ရုပ်ကိုမှီ၍ မသာမယာ ဖြစ်ရသဖြင့် ပူလောင်ခြင်းး
🔥 ဒေါမနဿမီး ဆိုသည်မှာ စိတ်ကိုမှီ၍ မသာမယာ ဖြစ်ရသဖြင့် ပူလောင်ခြင်းး
🔥 ဥပါယာသမီး ဆိုသည်မှာ ရှိုက်ကြီးတငင် ငိုကြွေးမြည် တမ်းရရုံမျှမက ပြင်းထန်စွာ စိတ်ထိခိုက်ပြီး မေ့မြော ရင် ကွဲနာကျသည့် အထိစိတ်ပင် ပန်း ဆင်းရဲဖြစ်ရသဖြင့် ပူ လောင်ခြင်းတို့ ဖြစ်ကြကုန် ၏...
ဖော်ပြပါ🔥မီး ၁၁ မီး🔥ရှိ
သည့်အနက် -
၁-လောဘမီး
၂-ဒေါသမီး
၃-မောဟမီးတည်းဟူသော မီး ၃ မီး တို့သည်“အကြောင်းတ
ရား” ဖြစ်ကြ၏...
၁-ဇာတိမီး
၂-ဇရာမီး
၃-မရဏမီး
၄-သောကမီး
၅-ပရိဒေဝမီး
၆-ဒုက္ခမီး
၇-ဒေါမနဿမီး
၈-ဥပါယာသမီး တည်းဟူသော မီး ၈ မီးတိုသည်
“အကျိုးတရား” ဖြစ်ကြ ကုန်၏...
အိပ်ပျော်နေသော ပုဂ္ဂိုလ်နှင့် သတိမေ့နေသော ပုဂ္ဂိုလ်တို့ အား ဇာတိမီး၊ ဇရာမီး၊ မရ ဏမီး တည်းဟူသော မီး, တို့က လှည့်ပြီးလောင်နေလျက် ရှိ၏ မီးမလောင်သောအချိန်ဟူ၍ မည်သည့်အချိန်မှမရှိ၊ အစဉ်ဒလစပ် မီးလောင်ခြင်းကို ခံနေကြရကုန်၏..
🔥*ဇာတိမီး၊ ပဋိသန္ဓေနေခြင်းး
🔥*ဇရာမီး၊အိုမင်းရင့်ရော်ခြင်း
🔥*မရဏမီး၊ သေကြေပျက် စီးခြင်းး သဘောတရားတို့ ဆိုရာတွင် ယခုဖြစ်ဆဲ ရုပ် နာမ် ခန္ဓာတို့၏ အစဉ်အလစပ် ဖြစ်ပြီး ပျက်နေသော သ ဘောတ ရားတို့ကို ဆိုလိုခြင်းဖြစ်ပေသည်...
🙏 ပြန်လည်၍``ပတ္တိဒါနသိုလ်" ပြုပါသည်🙏
4 months ago | [YT] | 6