"We will present daily breaking news and entertainment."


More Myanmar

🚨ဆိုင်းငံ့ခံဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝတ် ရာထူးမှ အပြီးသတ်ဖယ်ထုတ်ခံရ

ရာထူးဆိုင်းငံ့ခံ ထိုင်းဝန်ကြီးချုပ် အမှုကိစ္စနဲ့ ပတ်သက်ပြီး ဩဂုတ်လ ၂၉ ရက်နေ့ ဒီကနေ့ထိုင်းစံတော်ချိန် ၃နာရီ မှာပဲ အခြေခံဥပဒေခုံရုံးမှ စီရင်ချက်ချခဲ့ပါတယ်။

ထိုင်း ကမ္ဘောဒီးယားနယ်စပ်အရေးနဲ့ ပတ်သက်ပြီး တစ်ဖက်နိုင်ငံက အစိုးရအဖွဲဝင်နဲ့ ဖုန်းပြောဆိုမှု ပေါက်ကြားရာမှ တစ်ဖက်နိုင်ငံရဲ့ အစိုးရအဖွဲ့ဝင်အပေါ် အန်ကယ်လို ခေါ်ဝေါ်သုံးစွဲတာဟာ နိုင်ငံတစ်ခုရဲ့ ဝန်ကြီးချုပ်အနေနဲ့ ကျင့်ဝတ်သိက္ခာနဲ့ မညီဟု ဆိုကာ ခုံရုံးမှာ တရားစွဲဆိုခံရပြီး ဝန်ကြီးချုပ် ပေထုန်တန်ကို ဇူလိုင်လ ၁ ရက်နေ့ကတည်းက ရာထူးကနေ ဆိုင်းငံ့အမိန့်ချထားခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ဩဂုတ်လ ၂၉ ရက်နေ့မှာတော့ အခြေခံဥပဒေတရားရုံးရဲ့ ဆုံးဖြတ်ချက်အရ ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝတ်ရဲ့ ဖုန်းခေါ်ဆိုမှုစာ ကျင့်ဝတ်စည်းကမ်ချိုးဖောက်ရာကျကြောင်း သတ်မှတ်ခဲပြီး ဝန်ကြီးချုပ်ရာထူးမှ ထုတ်ဖယ်လိုက်တာပဲ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ပေထုန်တန် ရာထူးမှ အပြီးတိုင်ဖယ်ရှားပြီးနောက် ထိုင်းအစိုးရအဖွဲအနေနဲ့ ဝန်ကြီးချုပ်တစ်ဦး ပြန်လည် ရွေးချယ် ခန့်ထားဖိုရှိနေပြီး ထိုင်းနိုင်ငံရေးမှာ အင်အားကြီးမိသားစုဖြစ်တဲ့ ရှင်နာဝတ်မိသားစုရဲ့ အခန်းကဏ္ဍကို ဘယ်လောက်ထိ သက်ရောက်နိုင်မလဲကိုတော့ ဆက်လက်စောင့်ကြည့်ရဖို လိုနေပါတယ်။

ဝန်ကြီးချုပ်ပေထုန်တန်ဟာ ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ခံထားရပေမယ့် အာဏာရပါတီ ဖြူထိုင်းပါတီရဲ့ ဥက္ကဌအဖြစ်ရော အစိုးရအဖွဲဝင် ယဉ်ကျေးမှုဝန်ကြီးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါတယ်။

#Myanmar #thailand #news #ထိုင်း #မြန်မာ #သတင်း

1 month ago | [YT] | 3

More Myanmar

ယူကရိန်းကို ကန်ဒေါ်လာ သန်း ၁၆၀ တန် စစ်သုံးတင့်ကားတွေ ပေးပို့ထောက်ပံ့လိုက်တဲ့ ဩစတေးလျအစိုးရ

ရုရှားရဲ့ ကျူးကျော်စစ်ကို တန်ပြန်တိုက်ခိုက်နေတဲ့ ယူကရိန်းကို ထောက်ပံ့ဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၁၆၀ တန် စစ်တပ်သုံး တင့်ကားတွေကို ဩစတေးလျအစိုးရက ပေးပို့လိုက်ပါတယ်။ စနေနေ့က ထုတ်ပြန်လိုက်တဲ့ ၎င်းသတင်းအရ ဩစတေးလျနိုင်ငံဟာ ၂၀၂၂ ခုနှစ် ရုရှားက ကျူးကျော်စစ် စတင်တဲ့ အချိန်ကတည်းက ယူကရိန်းကို တောက်လျောက်အကူအညီတွေ ပေးပို့နေခဲ့တာ ဖြစ်ပါတယ်။
စုစုပေါင်းတင့်ကား ၄၉ စီး ပေးပို့သွားမှာ ဖြစ်ပြီး တချို့တဝက်ကတော့ ယူကရိန်းလက်ဝယ် ရောက်ရှိနေပြီဖြစ်ပြီး ကျန်တင့်ကားများကို လာမယ့်လတွေအတွင်း ပေးပို့သွားမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ရစ်ချက်မားလပ်စ်က ပြောကြားခဲ့ပါတယ်ရှင်။ ဆက်လက်ပြီးတော့ ကာကွယ်ရေးဝန်ကြီးက ယခု ပေးပို့တဲ့ M1A1 Abrams တင့်ကားတွေဟာ ဩစတေးလျမှ ယူကရိန်းကို ထောက်ပံ့မယ်လို့ ကတိကဝတ်ပြုထားတဲ့ ကန်ဒေါ်လာ သန်း ၉၈၀ ထဲက တစ်စိတ်တပိုင်းသာဖြစ်ပြီး ယခုပေးပိုတဲ့ တင့်ကားတွေနဲ့ ရုရှားကို ကောင်းကောင်းကြီး တန်ပြန်တိုက်ခိုက်ဖို့အတွက် အထောက်အကူဖြစ်မယ်လို့ ယုံကြည်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
ဩစတေးလျနိုင်ငံဟာ ယူကရိန်းနိုင်ငံဘက်က ပြတ်ပြတ်သားသား ရပ်တည်နေခဲ့တာဖြစ်ပြီး ရုရှားကို အလူမီနီယံနဲ့ အခြားသတ္ထုရိုင်းများ တင်ပို့မှုကို ရပ်ဆိုင်းထားခဲ့သလို ရုရှားရှိ လူပုဂ္ဂိုလ် နဲ့ အဖွဲအစည်းပေါင်း ၁ ထောင်လောက်ကိုလဲ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ထားပါတယ်။

2 months ago | [YT] | 0

More Myanmar

အာဇာနည်နေ့အတွက် ဝမ်းနည်းကြောင်း သံရုံးတချို့ ထုတ်ပြန်

ဒီနေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၇၈ နှစ်ပြည့် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် အမေရိကန်သံရုံး၊ ဗြိတိသျှသံရုံးနဲ့ ဩစတြေးလျ သံရုံးတို့က ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်တွေ သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေပေါ် ဖော်ပြခဲ့ကြပါတယ်။

#moremyanmar

2 months ago (edited) | [YT] | 0

More Myanmar

🟦အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတက်ရောက်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးပွဲ


မလေးရှားနိုင်ငံမှာ ပြုလုပ်နေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီး အစည်းအဝေးကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရူဘီယိုတက်ရောက်ခဲ့ပါတယ်။

ဇူလိုင် ၁၀ ရက်နေ့မှာ တက်ရောက်ခဲ့တဲ့ ဝန်ကြီး ရူဘီယိုအတွက် ယခု ခရီးစဉ်ဟာ အာရှကို လာတဲ့ ပထမဆုံး ခရီးစဉ်ဖြစ်ပြီး အိမ်ရှင်နိုင်ငံဖြစ်တဲ့ မလေးရှားနဲ့ အမေရိကန်နဲ့ မ‌လေးရှားနှစ်နိုင်ငံ မဟာဗျူဟာ မြောက် အရပ်ဘက် နျူကလီးယားပူးပေါင်းဆောင်ရွက်ရေးအတွက် MOU လက်မှတ်ရေးထိုးခဲ့သလို မလေးရှား၊ ဂျပန်နဲ့ ဖိလစ်ပိုင်မှ တာဝန်ရှိသူများနဲ့လဲ သီးသန့်တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် အင်ဒို ပစိဖိတ်ဒေသရဲ့ အရေးပါမှု၊ ဒေသတွင်းနိုင်ငံတွေနဲ့ အမေရိကန်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်လိုအပ်ကြောင်းတွေကိုလဲ ဝန်ကြီးမှ ရှင်းလင်းတင်ပြခဲ့ပါသေးတယ်။

ဒါ့အပြင် ဝန်ကြီး ရူဘီယိုဟာ ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လာဗ်ဗရို နဲ့လဲ တွေ့ဆုံခဲ့ပြီး ရုရှားရဲ့ ယူကရိန်းအပေါ် တိုက်ခိုက်မှုတွေအတွက် မိမိတို သမ္မတ ထရမ့်အနေနဲ့ လည်း စိတ်ပျက် ဝမ်းနည်းမှုတွေရှိရပါကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ရုရှား-ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးအတွက် သဘောတူညီချက် တွေ မရခဲ့သေးပေမယ့် မတူကွဲပြားတဲ့ အမြင်ရှိမယ့် နည်းလမ်းတစ်ခု ရှာဖွေဖို့ ဆွေးနွေးခဲ့ကြသလို အီရန် နဲ့ ဆီးရီးယား နိုင်ငံတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လဲ ထဲထဲဝင်ဝင် ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ ဆက်လက်ပြီးတော့လည်း ဝန်ကြီး ရူဘီယိုဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့လဲ သောကြာနေ့မှာ တွေ့ဆုံဖိုရှိပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာ အခွန်ကိစ္စရပ်တွေကို ဆွေးနွေးသွားဖို့ ရှိကြောင်း သိရပါတယ်။

2 months ago | [YT] | 0

More Myanmar

🟦တက္ကဆက်မှာ ဖြစ်ပွားခဲ့တဲ့ ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူ တစ်ရာကျော်ရှိလာ

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တက္ကဆတ်ပြည်နယ်က ရေလွှမ်းမိုးမှုကြောင့် ယခုအချိန်ထိ သေဆုံးသူ ၁၂၁ ဦးအထိ ရှိလာပြီး ပျောက်ဆုံးနေသူ ၁၆၀ ကျော်ရှိကြောင်း ဇူလိုင် ၁၁ ရက်နေ့ ထွက်ပေါ်နေတဲ့ သတင်းများအရ သိရပါတယ်ရှင်။ ကားရ် ကောင်တီကတော့ သေဆုံးသူ အများဆုံးဖြစ်ပြီး ၉၆ ဦး သေဆုံးခဲ့ကာ ယင်းတိုအနက် ၃၆ ဦးမှာ ကလေးငယ်များဖြစ်ကြောင်း သိရပါတယ်။

နာရီပိုင်းအတွင်း အလျင်အမြန်ဖြစ်ပွားခဲ့တဲ့ ရေလွှမ်းမိုးမှုအပေါ် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ တက္ကဆတ်ပြည်နယ်‌ ရေလွှမ်းမိုးမှုအတွက် ပြည်နယ်အတွင်း နောက်ပိုင်းမှာ အချက်ပေးစနစ်တွေ တပ်ဆင်ဖို တိုက်တွန်းထားသလို ပြည်နယ်တွင်းက ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြတဲ့ သူတွေကိုလည်း ဂုဏ်ပြုချီးကျူးခဲ့ပါတယ်။ ကြာသပတေးနေ့က NBC နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း သမ္မတ ထရမ့်က ယခုလို ဖြစ်ရပ်ဆိုးကြီး ကြုံလိုက်ရတာကြောင့် နောက်ပိုင်းဆိုရင်တော့ ရေတွေတက်လာတဲ့ အခါမျိုးမှာ သတိပေးစနစ်တွေကို ကြိုတင် တပ်ဆင်ထားဖို စဉ်းစားမိလာကြမှာပါ။ အခုကတော့ ပြည်နယ်အစိုးရတွေ အနေနဲ့လည်း အခြား ဒေသတွေလိုပဲ ရုတ်တရက်ကြီး သဘာဝဘေးတစ်ခုကို ရင်ဆိုင်လိုက်ကြရ တာပါ လို ဖြေကြားသွားခဲ့ပါတယ်။


ပြည်နယ်အစိုးရတာဝန်ရှိသူ ဂရတ်အဘော့ ကတော့ သဘာဝဘေး ကြိုတင်အသိပေးမှုနဲ့ ပတ်သက်တဲ့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ရှင်းရှင်းလင်းလင်း မဖြေကြားခဲ့ပေမယ့် ရေလွှမ်းမိုးမှုကြောင့် အသက်အိုးအိမ် ပျက်ဆီးဆုံးရှုးရမှု ဘယ်သူတွေ တာဝန်ယူရမလဲလို မေးမြန်းရာမှာတော့ ဒါဟာ ရှုးနိမ့်သူတွေရဲ့ ရွေးချယ်မှုသာ ဖြစ်ပါတယ်လို ဖြေကြားလိုက်ပြီး သမ္မတ ထရမ့်ကတော့ ကျွန်တော်တို သူတိုကို လွှချလိုက်လိုတယ် ဒါပေမယ့် အဲ့လို လွှချပြီး တာဝန်ယူခိုင်းလိုက်တာမျိုးကို ကျွန်တော်တိုလုပ်မှာ မဟုတ်ဘူး၊ ရှေ့ အနာဂတ်အတွက်သာ သဘာဝဘေးတွေ ကြုံလာတဲ့အချိန် ဘယ်လိုသတိပေး အစီအစဉ်တွေ လုပ်ကြမလဲဆိုတာကိုသာ တွေးသင့်ကြောင်း ကျွန်တော်တော့ ထင်ပါတယ် ဆိုပြီး ဖြည့်စွက်ပြောကြား သွားခဲ့ပါတယ်။

2 months ago | [YT] | 1

More Myanmar

🟦အာဆီယံအနေနဲ့ မြန်မာ့အရေးဖြေရှင်းရာမှာ ရွေးကောက်ပွဲကိစ္စကို အရေးပေးဆွေးနွေးမည် မဟုတ်ဟု အာဆီယံ ဥက္ကဌပြော

ဇူလိုင်လ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ မလေးရှားနိုင်ငံမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပ‌နေပါတယ်။

၎င်းအစည်းအဝေးမှာတော့ အာဆီယံဥက္ကဌ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမတ် ဟာဆန်ကတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံအနေနဲ့ ဆွေးနွေးရာမှာ ယခု စစ်ခေါင်းဆောင် ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ အဓိက ပြုလုပ်ရမယ့် ကိစ္စမဟုတ်ကြောင်း ဒေသတွင်းတည်ငြိမ်အေးချမ်းဖို့အတွက် ဆွေးနွေးညှိနှိင်းမှုတွေကို ပြုလုပ်ရမှာကသာ အဓိကဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဆက်လက် ပြီးတော့လဲ ဝန်ကြီးမှ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာဖို တိုက်တွန်းထားပြီး ရွေးကောက်ပွဲကျင်းပဖို့ကို တစ်ယောက်တည်း လုပ်ဆောင်နေလို့ မရကြောင်း အားလုံးပါဝင်နိုင်ဖို့အတွက် ဒေသတွင်း အဖွဲ့အစည်းတွေရဲ့ ဆွေးနွေးထောက်ခံမှုတွေ ပါဝင်ဖို့လိုကြောင်းတွေကိုလည်း ဆက်လက်ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ရရှိတဲ့ သတင်းများအရ စစ်ခေါင်းဆောင်ဟာ ဇူလိုင်လ ၂ ရက်နေ့ကပဲ တီမောနိုင်ငံကို အာဆီယံအဖွဲဝင်နိုင်ငံ အဖြစ် လက်မခံပါကြောင်း အာဆီယံဥက္ကဌထံ စာပေးပိုခဲ့ပေမယ့်လည်း ယခုရက် ထွက်ပေါ်နေတဲ့ သတင်းများအရ တီမောနိုင်ငံကို လာမယ့်‌ အောက်တိုဘာလမှာ အာဆီယံအဖွဲဝင်နိုင်ငံအဖြစ် လက်ခံသွားဖို့တွေရှိနေကြောင်း သိရပါတယ်။ အာဆီယံနိုင်ငံအားလုံးထဲမှာမှ မြန်မာတစ်နိုင်ငံထဲကသာ တီမောနိုင်ငံကို အဖွဲ့ဝင်အဖြစ် လက်မခံတာဖြစ်တာကြောင့် တီမောနိုင်ငံဘက်ကလည်း မြန်မာ့စစ်ခေါင်းဆောင်ရဲ့ ကန့်ကွက်မှုအပေါ် တုံ့ပြန်ရန်မရှိကြောင်း ပြောကြားထားပါတယ်။

2 months ago | [YT] | 1

More Myanmar

ထိုင်း - ကမ္ဘောဒီးယား နယ်စပ်အရေး ကူညီဖြေရှင်းပေးမယ်လို့ တရုတ်ကမ်းလှမ်း


တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးမှာ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတိုရဲ့ နယ်နိမိတ်အငြင်းပွားမှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ ကူညီဖို့အသင့်ရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။

မိမိတို့ တရုတ်နိုင်ငံအနေနဲ့ ရည်ရွယ်ချက်ရှိစွာ အပြုသဘောဆောင်ပြီး ဘက်မလိုက်ပဲ အိမ်နီးချင်းနိုင်ငံတွေအကြား အတူယဉ်တွဲနေထိုင်နိုင်ဖို့အတွက် နယ်စပ်ရေးရာကိစ္စရပ်တွေကို ကူညီဖြေရှင်းသွားဖို့ လိုလားပါကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆော့ခွန်းတို့ တွေ့ဆုံရာမှာလည်း တရုတ်နဲ့ ကမ္ဘောဒီးယားနိုင်ငံသားတိုရဲ့ လုံခြုံရေးကို ကောင်းစွာပေးနိုင်ဖို့အတွက်လဲ အလေးပေး စဉ်းစားပါကြောင်းနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ လိမ်လည်မှုများကို အမြစ်ဖြတ်ရှင်းလင်းနိုင်ရန်အတွက် တရုတ်နိုင်ငံဘက်မှ တောင်းဆိုခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အမေရိကန်ပြည်ထောင်စုရဲ့ အခွန်တိုးမြှင့် ကောက်ခံမှုတွေနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ ရှုပ်ထွေးမှုများကို အရှေ့တောင်အာရှဒေသတွင်းနိုင်ငံတွေအနေနဲ့ ငြိမ်းချမ်းစွာ အတူဖြေရှင်းနိုင်ပြီး ဒေသတွင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားတွေအတွက် ထိန်းထိန်းသိမ်းသိမ်းနဲ့ ပူးတွဲဆောင်ရွက် သွားနိုင်ကြမယ်လို့ ယုံကြည်ကြောင်းလဲ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

2 months ago | [YT] | 0

More Myanmar

🟦အမေရိကန်က အခွန်တိုးကောက်တာကိုတော့ ညှိနှိုင်းဖို့ လုပ်နေတဲ့ စစ်ကောင်စီ ပြည်သူတွေကိုတော့ ငွေကုန်ခံပြီး ဗုံးကျဲနေ


အမေရိကန်ရဲ့ အခွန်အခ တိုးမြှင့်ကောက်ခံမှုတွေကိုတော့ မတတ်နိုင်လို့ အသနားခံစာတင်ထားတဲ့ စစ်ခေါင်းဆောင်ဟာ ပြည်သူကို ပေါင်၅ ရာ ဗုံးကြဲဖို့ ပိုက်ဆံရှိတဲ့ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း လင်းဘလူးကျေးရွာက စစ်ဘေးရှောင်ဘုန်းကြီးကျောင်းကို ဒီကနေ့ နံနက်ပိုင်းမှာ ဗုံးကျဲတိုက်ခိုက်လိုက်ပြန်ပါတယ်။

ဒီကနေ့ နံနက် ၁ နာရီ ဝန်းကျင်ခန့်မှာ တိုက်လေယာဉ်ဖြင့် ၂ ကြိမ်တိတိ ဗုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကနဦးသတင်းများအရ စစ်ဘေးရှောင် ပြည်သူ ၂၈ ဦးသေဆုံးခဲ့ကာ ပြင်းထန်ဒဏ်ရာရရှိသူတွေလဲ ရှိတာ ကြောင့် သေဆုံးသူ ဆက်လက်မြင့်တက်လာနိုင်ကြောင်း သတင်းများအရ သိရပါတယ်။ သေဆုံးသူ အများစုမှာ ကလေးသူငယ်တွေရော လူကြီးတွေရောပါဝင်ပြီး ကျော်ဇေယျ ကျေးရွာမှာ လာရောက်စစ်ဘေးရှောင်နေကြတာ ဖြစ်ကြောင်းလဲ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ဒီကနေ့ နံနက် ၉ နာရီဝန်းကျင်ခန့်မှာလည်း ဝက်လက်မြို့နယ် ရေလည်မော်ကျေးရွာကို လေယာဉ်ဖြင့် ၄ ကြိမ်တိတိ ဗုံးကျဲတိုက်ခိုက် ခဲ့ပါတယ်။ ဝက်လက် သတင်းကွန်ယက်ရဲ့ ပြောကြားချက်အရ ပြည်သူ ၁ ဦး သေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းလဲ ဆက်လက် သိရှိရပါတယ်။

တအောင်းတပ်များ သိမ်းပိုက်ထားတဲ့ ကျောက်မဲမြို့ ကိုလည်း ယနေ့ နံနက် ၃ နာရီ ဝန်းကျင်ခန့်မှာ ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများလည်း ရှိကြောင်း သိရပါတယ်။ စစ်ကောင်စီဟာ ကျောက်မဲမြို့ကို ဇွန်လကုန်ပိုင်းနဲ့ ယခု ဇူလိုင်လ လဆန်းပိုင်း တွေမှာ တောက်လျှောက်ဗုံးကျဲ တိုက်ခိုက်နေတာဖြစ်ပြီး တအောင်းတပ် TNLA နဲ့ စစ်ကောင်စီ အကြား နောင်ချိုမြို့နားမှာ တိုက်ပွဲတွေ ပြင်းထန်နေကြောင်းလဲ သိရပါတယ်။

2 months ago | [YT] | 0

More Myanmar

ရွှေညဝါဆရာတော် အရှင်ပညာသီဟ ပျံလွန်တော်မူတဲ့နေ့မှာတင် စာရေးဆရာ မောင်သာချိုလဲ ကွယ်လွန်


အကြမ်းဖက် စစ်အာဏာရှင်အဆက်ဆက်ကို ဓမ္မဖြင့် တော်လှန်ခဲ့သော ရွှေညဝါ ဆရာတော်ဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ်မှာ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ အာရှတော်ဝင် ပုဂ္ဂလိကဆေးရုံတွင် ပျံလွန်တော်မူသွားတယ်။ ပျံလွန်တော်မူချိန်မှာ ဆရာတော်ဟာ သက်တော် ၆၀ ဝါတော် ၂၇ ဝါရှိပြီဖြစ်ပါတယ်။

ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့မှာပဲ မြန်မာစာပေနယ်ပယ်မှာ ထင်ရှားကျော်ကြားတဲ့ စာရေးဆရာ မောင်သာချို လဲ ရန်ကုန်တိုင်း ဒဂုံမြိုသစ် မြောက်ပိုင်းရှိ ပင်လုံဆေးရုံကြီးတွင် နံနက် ၈ နာရီအချိန်မှာ ကွယ်လွန်ခဲ့ကြောင်း သိရပါတယ်။ ကွယ်လွန်ချိန်မှာ ဆရာ မောင်သာချိုဟာ အသက် ၆၇ နှစ်ရှိပြီဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းတဲ့ ဖြစ်စဉ်နောက်ပိုင်း စစ်အာဏာရှင်ရဲ့ မတရားဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရတဲ့ ရွှေညဝါ ဆရာတော်နဲ့ ဆရာမောင်သာချိုတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့မှာ အင်းစိန်ထောင်ကနေ တစ်နေ့တည်း ပြန်လည် လွတ်မြောက်လာတာ ဖြစ်ပါတယ်။ အမှန်တရားကို မြတ်နိုးပြီး ဓမ္မလမ်းဖြင့်သာ လျှောက်လှမ်းခဲ့ကြတဲ့ ကောင်းရာဘုံဘဝ ရောက်ရှိစံစားနိုင်ကြပါစေကြောင်း More Myanmar မှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။

2 months ago | [YT] | 0

More Myanmar

RIP 💔🙏 Diogo Jota

အသက် ၂၈ အရွယ် လီဗာပူးကစားသမား ဒီယိုဂို ဂျိုတာဟာ ကားမတော်တဆမှုကြောင့် ကွယ်လွန်ခဲ့ပြီလို့ သိရပါတယ်။

3 months ago | [YT] | 1