More Myanmar

ရွှေညဝါဆရာတော် အရှင်ပညာသီဟ ပျံလွန်တော်မူတဲ့နေ့မှာတင် စာရေးဆရာ မောင်သာချိုလဲ ကွယ်လွန်


အကြမ်းဖက် စစ်အာဏာရှင်အဆက်ဆက်ကို ဓမ္မဖြင့် တော်လှန်ခဲ့သော ရွှေညဝါ ဆရာတော်ဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ်မှာ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ အာရှတော်ဝင် ပုဂ္ဂလိကဆေးရုံတွင် ပျံလွန်တော်မူသွားတယ်။ ပျံလွန်တော်မူချိန်မှာ ဆရာတော်ဟာ သက်တော် ၆၀ ဝါတော် ၂၇ ဝါရှိပြီဖြစ်ပါတယ်။

ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့မှာပဲ မြန်မာစာပေနယ်ပယ်မှာ ထင်ရှားကျော်ကြားတဲ့ စာရေးဆရာ မောင်သာချို လဲ ရန်ကုန်တိုင်း ဒဂုံမြိုသစ် မြောက်ပိုင်းရှိ ပင်လုံဆေးရုံကြီးတွင် နံနက် ၈ နာရီအချိန်မှာ ကွယ်လွန်ခဲ့ကြောင်း သိရပါတယ်။ ကွယ်လွန်ချိန်မှာ ဆရာ မောင်သာချိုဟာ အသက် ၆၇ နှစ်ရှိပြီဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းတဲ့ ဖြစ်စဉ်နောက်ပိုင်း စစ်အာဏာရှင်ရဲ့ မတရားဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရတဲ့ ရွှေညဝါ ဆရာတော်နဲ့ ဆရာမောင်သာချိုတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့မှာ အင်းစိန်ထောင်ကနေ တစ်နေ့တည်း ပြန်လည် လွတ်မြောက်လာတာ ဖြစ်ပါတယ်။ အမှန်တရားကို မြတ်နိုးပြီး ဓမ္မလမ်းဖြင့်သာ လျှောက်လှမ်းခဲ့ကြတဲ့ ကောင်းရာဘုံဘဝ ရောက်ရှိစံစားနိုင်ကြပါစေကြောင်း More Myanmar မှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။

2 months ago | [YT] | 0