More Myanmar

🟦အမေရိကန်က အခွန်တိုးကောက်တာကိုတော့ ညှိနှိုင်းဖို့ လုပ်နေတဲ့ စစ်ကောင်စီ ပြည်သူတွေကိုတော့ ငွေကုန်ခံပြီး ဗုံးကျဲနေ


အမေရိကန်ရဲ့ အခွန်အခ တိုးမြှင့်ကောက်ခံမှုတွေကိုတော့ မတတ်နိုင်လို့ အသနားခံစာတင်ထားတဲ့ စစ်ခေါင်းဆောင်ဟာ ပြည်သူကို ပေါင်၅ ရာ ဗုံးကြဲဖို့ ပိုက်ဆံရှိတဲ့ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း လင်းဘလူးကျေးရွာက စစ်ဘေးရှောင်ဘုန်းကြီးကျောင်းကို ဒီကနေ့ နံနက်ပိုင်းမှာ ဗုံးကျဲတိုက်ခိုက်လိုက်ပြန်ပါတယ်။

ဒီကနေ့ နံနက် ၁ နာရီ ဝန်းကျင်ခန့်မှာ တိုက်လေယာဉ်ဖြင့် ၂ ကြိမ်တိတိ ဗုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကနဦးသတင်းများအရ စစ်ဘေးရှောင် ပြည်သူ ၂၈ ဦးသေဆုံးခဲ့ကာ ပြင်းထန်ဒဏ်ရာရရှိသူတွေလဲ ရှိတာ ကြောင့် သေဆုံးသူ ဆက်လက်မြင့်တက်လာနိုင်ကြောင်း သတင်းများအရ သိရပါတယ်။ သေဆုံးသူ အများစုမှာ ကလေးသူငယ်တွေရော လူကြီးတွေရောပါဝင်ပြီး ကျော်ဇေယျ ကျေးရွာမှာ လာရောက်စစ်ဘေးရှောင်နေကြတာ ဖြစ်ကြောင်းလဲ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ဒီကနေ့ နံနက် ၉ နာရီဝန်းကျင်ခန့်မှာလည်း ဝက်လက်မြို့နယ် ရေလည်မော်ကျေးရွာကို လေယာဉ်ဖြင့် ၄ ကြိမ်တိတိ ဗုံးကျဲတိုက်ခိုက် ခဲ့ပါတယ်။ ဝက်လက် သတင်းကွန်ယက်ရဲ့ ပြောကြားချက်အရ ပြည်သူ ၁ ဦး သေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းလဲ ဆက်လက် သိရှိရပါတယ်။

တအောင်းတပ်များ သိမ်းပိုက်ထားတဲ့ ကျောက်မဲမြို့ ကိုလည်း ယနေ့ နံနက် ၃ နာရီ ဝန်းကျင်ခန့်မှာ ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများလည်း ရှိကြောင်း သိရပါတယ်။ စစ်ကောင်စီဟာ ကျောက်မဲမြို့ကို ဇွန်လကုန်ပိုင်းနဲ့ ယခု ဇူလိုင်လ လဆန်းပိုင်း တွေမှာ တောက်လျှောက်ဗုံးကျဲ တိုက်ခိုက်နေတာဖြစ်ပြီး တအောင်းတပ် TNLA နဲ့ စစ်ကောင်စီ အကြား နောင်ချိုမြို့နားမှာ တိုက်ပွဲတွေ ပြင်းထန်နေကြောင်းလဲ သိရပါတယ်။

2 months ago | [YT] | 0