More Myanmar

🟦အာဆီယံအနေနဲ့ မြန်မာ့အရေးဖြေရှင်းရာမှာ ရွေးကောက်ပွဲကိစ္စကို အရေးပေးဆွေးနွေးမည် မဟုတ်ဟု အာဆီယံ ဥက္ကဌပြော

ဇူလိုင်လ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ မလေးရှားနိုင်ငံမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပ‌နေပါတယ်။

၎င်းအစည်းအဝေးမှာတော့ အာဆီယံဥက္ကဌ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမတ် ဟာဆန်ကတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံအနေနဲ့ ဆွေးနွေးရာမှာ ယခု စစ်ခေါင်းဆောင် ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ အဓိက ပြုလုပ်ရမယ့် ကိစ္စမဟုတ်ကြောင်း ဒေသတွင်းတည်ငြိမ်အေးချမ်းဖို့အတွက် ဆွေးနွေးညှိနှိင်းမှုတွေကို ပြုလုပ်ရမှာကသာ အဓိကဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဆက်လက် ပြီးတော့လဲ ဝန်ကြီးမှ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာဖို တိုက်တွန်းထားပြီး ရွေးကောက်ပွဲကျင်းပဖို့ကို တစ်ယောက်တည်း လုပ်ဆောင်နေလို့ မရကြောင်း အားလုံးပါဝင်နိုင်ဖို့အတွက် ဒေသတွင်း အဖွဲ့အစည်းတွေရဲ့ ဆွေးနွေးထောက်ခံမှုတွေ ပါဝင်ဖို့လိုကြောင်းတွေကိုလည်း ဆက်လက်ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ရရှိတဲ့ သတင်းများအရ စစ်ခေါင်းဆောင်ဟာ ဇူလိုင်လ ၂ ရက်နေ့ကပဲ တီမောနိုင်ငံကို အာဆီယံအဖွဲဝင်နိုင်ငံ အဖြစ် လက်မခံပါကြောင်း အာဆီယံဥက္ကဌထံ စာပေးပိုခဲ့ပေမယ့်လည်း ယခုရက် ထွက်ပေါ်နေတဲ့ သတင်းများအရ တီမောနိုင်ငံကို လာမယ့်‌ အောက်တိုဘာလမှာ အာဆီယံအဖွဲဝင်နိုင်ငံအဖြစ် လက်ခံသွားဖို့တွေရှိနေကြောင်း သိရပါတယ်။ အာဆီယံနိုင်ငံအားလုံးထဲမှာမှ မြန်မာတစ်နိုင်ငံထဲကသာ တီမောနိုင်ငံကို အဖွဲ့ဝင်အဖြစ် လက်မခံတာဖြစ်တာကြောင့် တီမောနိုင်ငံဘက်ကလည်း မြန်မာ့စစ်ခေါင်းဆောင်ရဲ့ ကန့်ကွက်မှုအပေါ် တုံ့ပြန်ရန်မရှိကြောင်း ပြောကြားထားပါတယ်။

2 months ago | [YT] | 1