ဆုံးမစာ
======
အို..ဘယ့်လူသား
မြဲမှတ်သားလော့
လောကတစ်ခွင်
ပညာသင်မှ ၊ ပညာရ၏။
အို..ဘယ့်လူသား
မြဲမှတ်သားလော့
ပညာရမှ ၊ ပညာအရှိ
ဖြစ်ရသည်မှာ ၊ ဓမ္မတာတည်း။
အို..ဘယ့်လူသား
မြဲမှတ်သားလော့
ပညာရှိမှ ၊ အကောင်းအဆိုး
အကြောင်းအကျိုး ၊ သိရမျိုးတည်း။
အို..ဘယ့်လူသား
မြဲမှတ်သားလော့
အဆိုးကိုပယ် ၊ အကောင်းတွယ်မှ
ပြည်နယ်စခန်း ၊ နိဗ္ဗာန်နန်းသို့
စံမြန်းရသည် စံရသည်။ ။
မောင်ဝဏ္ဏ(မန္တလေး)
လောက လူသားတွေ ကောင်းကျိုးအတွက် ပြုလုပ်ထားသော Channel လေးဖြစ်ပါတယ်။
Mg Wunna - Mandalay Channel မှာ မျှဝေထားသော ရုပ်သံဖိုင်များကို
ကူးယူခြင်း ရောင်းချခြင်းများကို လုံးဝခွင့်မပြုပါ။
Mg Wunna - Mandalay
ချင်းခေါင်ရည်
=========
ချင်းရိုးရာခေါင်ရည်သည် ဆပ်၊ ဆန်၊ ကောက်ညှင်းဆန်များဖြင့် ရိုးရာနည်းအရ ပြုလုပ်သောခေါင်ရည်ဖြစ်ပါသည်။ ချင်းရိုးရာခေါင်ရည်သည် ချိုမြပြီး၊ နောက်ပိုင်းအနည်းငယ်ချဉ်သော အရသာရှိပါသည်။ စပျစ်ရည်၊ သံပုရာရည်တို့နှင့် ရောစပ်ထားသော ယမကာနှင့် အနည်းငယ်အရသာတူပြီး ချင်းရိုးရာဓလေ့တွင် ချင်းခေါင်ရည်သည် အဓိကကြသော အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ ချင်းရိုးရာအရ အိမ်ရှင်ဖြစ်သူမှကြိုဆိုဂုဏ်ပြု၍ ခေါင်ရည်တိုက်သောအခါ ဧည့်သည် အနေဖြင့် မငြင်းဆန်ပဲသုံးဆောင်ခြင်းသည်လည်း ဂုဏ်ယူစရာ အလေ့အထတစ်ခုဖြစ်ပြီး ကျင်းပလေ့ရှိသည့် ပွဲတော်တိုင်းတွင် ခေါင်ရည်သည် မဖြစ်မနေပါရှိသော အရာတစ်ခုဖြစ်ပါသည်။
#ချင်းရိုးရာအစားအစာ
#ချင်းခေါင်ရည်
#ချယ်ရီလင်းလက်
#မောင်ဝဏ္ဏ(မန္တလေး)
2 months ago | [YT] | 3
View 2 replies
Mg Wunna - Mandalay
ဝက်သားဆပ်နီဟင်း
=========
ချင်းပြည်နယ် မင်းတပ်မြို့၏ ရိုးရာဖြစ်သော ဝက်သားဆပ်နီဟင်းမှာလည်း နာမည်ကြီးပါသည်။ ဆပ်နီကို ခေါင်တစ်ခုထဲ၌ သုံးခြင်းမဟုတ်ဘဲ အမှုန့်အဖြစ်ကြိတ်ကာ ဝက်သားနှင့်ရော၍ ချက်ပြုတ်ထားခြင်းဖြစ်ပါသည်။ အရသာကောင်း၍ အာဟာရပြည့်စုံလှသော ဟင်းတစ်မျိုးဖြစ်ပါသည်။ အောက်ဖော်ပြပါ စားသောက်ဆိုင်တွင် စားသုံးနိုင်ပါသည်။
#ချင်းရိုးရာအစားအစာ
#ဝက်သားဆပ်နီဟင်း
#ချယ်ရီလင်းလက်
#မောင်ဝဏ္ဏ(မန္တလေး)
2 months ago | [YT] | 1
View 0 replies
Mg Wunna - Mandalay
ချင်းထမနဲ (စာထလွက်)
=========
ချင်းထမနဲ (စာထလွက်) ကို ရှေးအခါက ချင်းအမျိုးသားနေ့ကဲ့သို့သော ချင်းရိုးရာပွဲများ၊ ရာသီအလိုက် ကျင်းပသော ပွဲများ၊ လက်ထပ်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများတွင် အဓိကသုံးဆောင်သော ရိုးရာအစားစာဖြစ်သည်။ ဝက်သားကို နူးနေအောင်ပြုတ်၍ ဆယ်ယူပြီး ကျန်သောဝက်သားရည်ဖြင့် ဆန်၊ ကောက်ညှင်းတို့ကိုချက်ပြုတ်ပြီး စေးကပ်နေစေရန် ယောက်မဖြင့် မရပ်မနားမွှေ၍ ရရှိလာသော ထမနဲကို ငှက်ပျောခွက်တွင်ထည့်၍ ဝက်သားဖြင့် သုံးဆောင်ကြသည်။ ယခုအခါ ချင်းအမျိုးသားနေ့ နှင့် ပျော်ပွဲရွှင်ပွဲ ကျင်းပရာတွင်သာ ချင်းထမနဲထိုးကြသည်။
#ချင်းရိုးရာအစားအစာ
#ချင်းထမနဲ
#စာထလွက်
#ချယ်ရီလင်းလက်
#မောင်ဝဏ္ဏ(မန္တလေး)
2 months ago | [YT] | 0
View 0 replies
Mg Wunna - Mandalay
ဟားခါးဒိုးနတ်
=========
ဟားခါးဒိုးနတ်သည် ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အကျော်ကြားဆုံးနှင့် အရသာရှိဆုံး ဒေသထုတ် အစားအစာ ဖြစ်ပါသည်။ ချင်းဒိုးနတ်သည် ဂျုံ၊ သကြားနှင့်ကြက်ဉကို အဓိကထား၍ ပြုလုပ်ပါသည်။ ဟားခါးဒိုးနတ် ပြုလုပ်နည်းကို ချင်းပြည်နယ်တွင် နောက်ဆုံးရောက်ရှိခဲ့သော အင်္ဂလိပ်နိုင်ငံသား ခရစ်ယာန်သာသနာပြုဆရာတော်နှင့် ၎င်း၏ အမျိုးသမီး (Carson & Laura)တို့က အမွေအနှစ်အနေဖြင့် သင်ပေးခဲ့သော ပညာဖြစ်ပါသည်။ ဟားခါး ဒိုးနတ်ကို ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်၊ ဟားခါးနှစ်ခြင်းအသင်းတော်အနီးတွင် ပြုလုပ်ရောင်းချလျက်ရှိပါသည်။
#ချင်းရိုးရာအစားအစာ
#ဟားခါးဒိုးနတ်
#ချယ်ရီလင်းလက်
#မောင်ဝဏ္ဏ(မန္တလေး)
2 months ago | [YT] | 1
View 0 replies
Mg Wunna - Mandalay
နွားနောက်သားစတိတ် (သို့) နွားနောက်သားအကင်
=========
ချင်းပြည်နယ်ကို သွားရောက်လည်ပတ်ရင် လုံးဝစမ်းမြည်းကြည့်သင့်သော အစားအစာတစ်ခုဖြစ်သည့် နွားနောက်သားနှင့် ချင်းလူမျိုးတို့ ချက်ပြုစားသုံးမှုပုံစံများကို ဖော်ပြသွားမည်ဖြစ်ပါသည်။ နွားနောက်သားသည် ချင်းပြည်နယ်တွင်သာ ရရှိနိုင်သော အသားတစ်မျိုးဖြစ်ပါသည်။ နွားနောက်သားသည် ချင်းလူမျိုးတို့အတွက် အလွန်အရေးပါသော ရိုးရာအစားစာဖြစ်ပြီး ၎င်းနွားနောက်သားကို အခြောက်ခံ၍ ရာသီမရွေးစားသောက်လေ့ရှိကြပါသည်။
အဆိုပါ နွားနောက်သားခြောက်အားပြုတ်၍ ဂျင်း၊ ငရုတ်သီး၊ ဖိုက်ဖိုင်ရွက်နှင့် အခြားဟင်းခတ် အမွှေးအကြိုင်များ ထည့်ကာ သုတ်၍သော်လည်းကောင်း၊ ကင်၍သော်လည်းကောင်း ရိုးရာအစားအစာအဖြစ် စားသုံးလေ့ရှိကြပါသည်။ ယခုအခါ ချင်းပြည်နယ်တွင် အမဲသားစတိတ်(Beef Steak)အနေဖြင့် နွားနောက်သားအား အစားထိုး၍ နွားနောက်သားစတိတ်(Mythum Steak) အဖြစ် စားသုံးလျက်ရှိကြပါသည်။ ၎င်းနွားနောက်သာစတိတ်ကို ဟားခါးမြို့မှ Hakha Town Restaurant နှင့် မင်းတပ်မြို့မှ The Salt (M’SHi) Restaurant တို့တွင် စားသုံးနိုင်ပါသည်။
ထို့အပြင် ခရီးသွားဧည့်သည်များအနေဖြင့် နွားနောက်သားခြောက်ကို အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ယူနိုင်ပါသည်။ ၎င်းနွားနောက်သားခြောက်အား ချင်းပြည်နယ် မတူပီမြို့နယ် ရေဇွာမြို့မှ (၂)မိုင်ခန့်အကွာတွင် နေစွမ်းအင်သုံး အခြောက်ခံစက်ဖြင့် ကျန်မားရေးနှင့်ကိုက်ညီ၍ ဘေးဉပတ်ကင်းစေရန် ဓါတုပစ္စည်းလုံးဝမပါပဲ သန့်ရှင်းလတ်ဆတ်စွာ အခြောက်ခံထုပ်လုပ်ထားသည်။ ယခုအခါ ဟားခါးမြို့တွင် အဆိုပါ အခြောက်ခံစက်ဖြင့် ပြုလုပ်ထားသော နွားနောက်သားခြောက်အား အသင့်ဝယ်ယူစားသုံးနိုင်ပါသည်။
#ချင်းရိုးရာအစားအစာ
#နွားနောက်သားစတိတ်
#နွားနောက်သားအကင်
#ချယ်ရီလင်းလက်
#မောင်ဝဏ္ဏ(မန္တလေး)
2 months ago | [YT] | 0
View 0 replies
Mg Wunna - Mandalay
စကောထမင်း
=========
ချင်းလူမျိုးတို့သည် ယခင်နှစ်ပေါင်းများစွာတိုင် စည်းလုံးညီညွတ်မှု၊ သွေးစည်းမှု၊ မျှဝေမှု နှင့် ချစ်ခင်မှုများကို ဖော်ကျူးသည့်အနေဖြင့် စကောဝိုင်းကြီးထဲတွင် ထောင်းထားသည့်ထမင်း၊ ကြက်သားပြုတ်/သုတ်များ၊ ဝက်သားပြုတ်များ၊ နွားနောက်သားချက်များ စသည့် ဟင်းလျာများ နှင့် ငရုတ်သီးထောင်းများ ရောပုံ၍ စားသောက်လေ့ရှိကြပါသည်။
#ချင်းရိုးရာအစားအစာ
#စကောထမင်း
#ချယ်ရီလင်းလက်
#မောင်ဝဏ္ဏ(မန္တလေး)
2 months ago | [YT] | 0
View 0 replies
Mg Wunna - Mandalay
ဝိုင်
=========
ချင်းပြည်နယ်၏ အစားအသောက်များအနက် “ဝိုင်”သည်လည်း နာမည်ကြီးပါသည်။ စပျစ်သီး၊ စတော်ဘယ်ရီသီး၊ မဲခေါက်သီးနှင့် တောင်ဇလပ်ပန်းများကို ဝိုင်ဖောက်၍ ပွဲလမ်းသဘင်များတွင် သုံးဆောင်လျက်ရှိပါသည်။ သန့်ရှင်းသပ်ရပ်စွာ ဖော်စပ်ထားသည့် ဝိုင်ဖြစ်သည့်အတွက် ကျန်းမာရေးနှင့် ညီညွတ်သည့်အပြင် အိမ်ပြန်လက်ဆောင်များအဖြစ်လည်း ဝယ်ယူရန် သင့်တော်ပါသည်။ ယခုအခါ ချင်းပြည်နယ်ထွက် ကော်ဖီစေ့များဖြင့် ကော်ဖီဝိုင်အဖြစ် ဖော်စပ်ရောင်းချလျက်ရှိပါသည်။
#ချင်းရိုးရာအစားအစာ
#ဝိုင်
#ချယ်ရီလင်းလက်
#မောင်ဝဏ္ဏ(မန္တလေး)
2 months ago | [YT] | 0
View 0 replies
Mg Wunna - Mandalay
ဆာဗူသီး
=========
“ဆာဗူသီး” သည် ချင်းမြောက်ပိုင်းဒေသ ရိုးရာအစားအစာ ဖြစ်ပါသည်။ ချင်းလူမျိုးတို့ နှစ်ခြိုက်စွာ စားသုံးသော အစားအစာ တစ်မျိုးဖြစ်ပါသည်။ ပြောင်းဖူးနှင့်အသား ( အမဲသား (သို့) ဝက်သား)တို့ ရောနှော၍ ချက်ပြုတ်ရသော အစားအစာ ဖြစ်ပါသည်။ “ဆာ” ဆိုသည့် အဓိပ္ပါယ်မှာ“အသား”ဖြစ်ပြီး “ဗူသီး”ဆိုသည်မှာ “ပြောင်းဖူးပြုတ်ရည်”ဟု အဓိပ္ပာယ်ရပါသည်။ “ ဆာဗူသီး ”ကို ငရုတ်သီး၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီတို့နှင့် ရောနှောထားသော ငရုတ်သီးထောင်းကို နွားနောက်သားခြောက်ကြော်၊ ဂေါ်ဖီထုပ်၊ တရုတ်နံနံရွက်နှင့် ခရမ်းခါးသီးတို့ဖြင့် တို့မြှုပ် စားသောက်နိုင်ပါသည်။ အသားမကြိုက်သူ/ သတ်သတ်လွတ် စားသူများသည် အသားအစား ပဲနီ၊ ဖရုံသီး၊ အာလူးတို့ကို ထည့်၍ ချက်ပြုတ် စားသောက်နိုင်ပါသည်။
#ချင်းရိုးရာအစားအစာ
#ဆာဗူသီး
#ချယ်ရီလင်းလက်
#မောင်ဝဏ္ဏ(မန္တလေး)
2 months ago | [YT] | 2
View 0 replies
Mg Wunna - Mandalay
ပြာဟင်း
=========
“ပြာဟင်း”သည် ချင်းပြည်နယ် တောင်ပိုင်းဒေသတဝိုက်တွင် ရိုးရာဟင်းများအနက် နာမည်ကြီး လူကြိုက်များသည့် ဟင်းတစ်မျိုးဖြစ်ပါသည်။ ပြောင်းဖူးရိုး (သို့) ဝံသာနုကဲ့သို့သော အရွက်တစ်မျိုး(သို့) ငှက်ပျောရွက်(သို့) ဆပ်နီအရိုး (သို့) ပင်စိမ်းဖူးတို့အား အခြောက်ခံ၍ မီးရှို့ကာ ၎င်းပြာများအား ရေဖြင့်ပြန်စစ်၍ ရရှိလာသော ပြာရည်အား ကြက်သား၊ ဝက်သား၊ နွားနောက်သားစသည့် အသားတစ်မျိုးမျိုးဖြင့် ချက်ပြုတ်ပြီး အရသာထူးကဲသော ပြာဟင်းတစ်ခွက်ကို သုံးဆောင်နိုင်မည် ဖြစ်ပါသည်။
#ချင်းရိုးရာအစားအစာ
#ပြာဟင်း
#ချယ်ရီလင်းလက်
#မောင်ဝဏ္ဏ(မန္တလေး)
2 months ago | [YT] | 0
View 0 replies
Mg Wunna - Mandalay
မဲဘု
=========
ချင်းပြည်နယ်တောင်ပိုင်းတဝိုက်တွင် “မဲဘု”အား ပွဲလမ်းသဘင်များတွင်သာမက နေ့စဉ်နှင့်အမျှ ယနေ့တိုင် စားသုံးလေ့ ရှိကြပါသည်။ နွားနောက်သား၊ နွားနောက်သွေးနှင့် ဆေးထားပြီးသည့် ဆန်အား ရော၍ ပြုတ်ရပါသည်။ အရည်များ လိုအပ်သည်အထိ ခမ်းခြောက်သည့်တိုင်အောင် မွှေရပါသည်။ ခမ်းခြောက်လာသည့်အခါ ဂျင်း၊ ငရုတ်သီး၊ ကြက်သွန်ဖြူ/နီနှင့် ဖိုက်ဖိုင်ရွက်တို့အား ထောင်း၍ ထည့်မွှေရပါသည်။ နွားနောက်သား (သို့) ဝက်သား (သို့) ကြက်သားအား အသုံးပြု၍ ချက်ပြုတ်နိုင်ပါသည်။
#ချင်းရိုးရာအစားအစာ
#မဲဘု
#ချယ်ရီလင်းလက်
#မောင်ဝဏ္ဏ(မန္တလေး)
2 months ago | [YT] | 1
View 0 replies
Load more