Mg Wunna - Mandalay
နွားနောက်သားစတိတ် (သို့) နွားနောက်သားအကင် ========= ချင်းပြည်နယ်ကို သွားရောက်လည်ပတ်ရင် လုံးဝစမ်းမြည်းကြည့်သင့်သော အစားအစာတစ်ခုဖြစ်သည့် နွားနောက်သားနှင့် ချင်းလူမျိုးတို့ ချက်ပြုစားသုံးမှုပုံစံများကို ဖော်ပြသွားမည်ဖြစ်ပါသည်။ နွားနောက်သားသည် ချင်းပြည်နယ်တွင်သာ ရရှိနိုင်သော အသားတစ်မျိုးဖြစ်ပါသည်။ နွားနောက်သားသည် ချင်းလူမျိုးတို့အတွက် အလွန်အရေးပါသော ရိုးရာအစားစာဖြစ်ပြီး ၎င်းနွားနောက်သားကို အခြောက်ခံ၍ ရာသီမရွေးစားသောက်လေ့ရှိကြပါသည်။ အဆိုပါ နွားနောက်သားခြောက်အားပြုတ်၍ ဂျင်း၊ ငရုတ်သီး၊ ဖိုက်ဖိုင်ရွက်နှင့် အခြားဟင်းခတ် အမွှေးအကြိုင်များ ထည့်ကာ သုတ်၍သော်လည်းကောင်း၊ ကင်၍သော်လည်းကောင်း ရိုးရာအစားအစာအဖြစ် စားသုံးလေ့ရှိကြပါသည်။ ယခုအခါ ချင်းပြည်နယ်တွင် အမဲသားစတိတ်(Beef Steak)အနေဖြင့် နွားနောက်သားအား အစားထိုး၍ နွားနောက်သားစတိတ်(Mythum Steak) အဖြစ် စားသုံးလျက်ရှိကြပါသည်။ ၎င်းနွားနောက်သာစတိတ်ကို ဟားခါးမြို့မှ Hakha Town Restaurant နှင့် မင်းတပ်မြို့မှ The Salt (M’SHi) Restaurant တို့တွင် စားသုံးနိုင်ပါသည်။ ထို့အပြင် ခရီးသွားဧည့်သည်များအနေဖြင့် နွားနောက်သားခြောက်ကို အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ယူနိုင်ပါသည်။ ၎င်းနွားနောက်သားခြောက်အား ချင်းပြည်နယ် မတူပီမြို့နယ် ရေဇွာမြို့မှ (၂)မိုင်ခန့်အကွာတွင် နေစွမ်းအင်သုံး အခြောက်ခံစက်ဖြင့် ကျန်မားရေးနှင့်ကိုက်ညီ၍ ဘေးဉပတ်ကင်းစေရန် ဓါတုပစ္စည်းလုံးဝမပါပဲ သန့်ရှင်းလတ်ဆတ်စွာ အခြောက်ခံထုပ်လုပ်ထားသည်။ ယခုအခါ ဟားခါးမြို့တွင် အဆိုပါ အခြောက်ခံစက်ဖြင့် ပြုလုပ်ထားသော နွားနောက်သားခြောက်အား အသင့်ဝယ်ယူစားသုံးနိုင်ပါသည်။ #ချင်းရိုးရာအစားအစာ #နွားနောက်သားစတိတ် #နွားနောက်သားအကင် #ချယ်ရီလင်းလက် #မောင်ဝဏ္ဏ(မန္တလေး)
3 months ago | [YT] | 0
Mg Wunna - Mandalay
နွားနောက်သားစတိတ် (သို့) နွားနောက်သားအကင်
=========
ချင်းပြည်နယ်ကို သွားရောက်လည်ပတ်ရင် လုံးဝစမ်းမြည်းကြည့်သင့်သော အစားအစာတစ်ခုဖြစ်သည့် နွားနောက်သားနှင့် ချင်းလူမျိုးတို့ ချက်ပြုစားသုံးမှုပုံစံများကို ဖော်ပြသွားမည်ဖြစ်ပါသည်။ နွားနောက်သားသည် ချင်းပြည်နယ်တွင်သာ ရရှိနိုင်သော အသားတစ်မျိုးဖြစ်ပါသည်။ နွားနောက်သားသည် ချင်းလူမျိုးတို့အတွက် အလွန်အရေးပါသော ရိုးရာအစားစာဖြစ်ပြီး ၎င်းနွားနောက်သားကို အခြောက်ခံ၍ ရာသီမရွေးစားသောက်လေ့ရှိကြပါသည်။
အဆိုပါ နွားနောက်သားခြောက်အားပြုတ်၍ ဂျင်း၊ ငရုတ်သီး၊ ဖိုက်ဖိုင်ရွက်နှင့် အခြားဟင်းခတ် အမွှေးအကြိုင်များ ထည့်ကာ သုတ်၍သော်လည်းကောင်း၊ ကင်၍သော်လည်းကောင်း ရိုးရာအစားအစာအဖြစ် စားသုံးလေ့ရှိကြပါသည်။ ယခုအခါ ချင်းပြည်နယ်တွင် အမဲသားစတိတ်(Beef Steak)အနေဖြင့် နွားနောက်သားအား အစားထိုး၍ နွားနောက်သားစတိတ်(Mythum Steak) အဖြစ် စားသုံးလျက်ရှိကြပါသည်။ ၎င်းနွားနောက်သာစတိတ်ကို ဟားခါးမြို့မှ Hakha Town Restaurant နှင့် မင်းတပ်မြို့မှ The Salt (M’SHi) Restaurant တို့တွင် စားသုံးနိုင်ပါသည်။
ထို့အပြင် ခရီးသွားဧည့်သည်များအနေဖြင့် နွားနောက်သားခြောက်ကို အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ယူနိုင်ပါသည်။ ၎င်းနွားနောက်သားခြောက်အား ချင်းပြည်နယ် မတူပီမြို့နယ် ရေဇွာမြို့မှ (၂)မိုင်ခန့်အကွာတွင် နေစွမ်းအင်သုံး အခြောက်ခံစက်ဖြင့် ကျန်မားရေးနှင့်ကိုက်ညီ၍ ဘေးဉပတ်ကင်းစေရန် ဓါတုပစ္စည်းလုံးဝမပါပဲ သန့်ရှင်းလတ်ဆတ်စွာ အခြောက်ခံထုပ်လုပ်ထားသည်။ ယခုအခါ ဟားခါးမြို့တွင် အဆိုပါ အခြောက်ခံစက်ဖြင့် ပြုလုပ်ထားသော နွားနောက်သားခြောက်အား အသင့်ဝယ်ယူစားသုံးနိုင်ပါသည်။
#ချင်းရိုးရာအစားအစာ
#နွားနောက်သားစတိတ်
#နွားနောက်သားအကင်
#ချယ်ရီလင်းလက်
#မောင်ဝဏ္ဏ(မန္တလေး)
3 months ago | [YT] | 0