ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်


EPN MEDIA GROUP

အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းဖေါင်ဒေးရှင်း(မြစ်ကြီးနား)နှင့် ကိုအမောင် အခမဲ့ဆေးခန်း (၁၀)နှစ်ပြည့်အထိမ်းမှတ်တို့ပူးပေါင်း၍ အသည်းရောင်အသားဝါ B ပိုး ၊ C ပိုး အခမဲ့စစ်ဆေးပေးခြင်းပြုလုပ်

EPN
မြစ်ကြီးနား၊ သြဂုတ်-၄ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်တွင် ယမန်နေ့ သြဂုတ်လ (၃)ရက်နေ့ နေ့လယ် (၁)နာရီအချိန်က အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းဖေါင်ဒေးရှင်း(မြစ်ကြီးနား)နှင့် ကိုအမောင် အခမဲ့ဆေးခန်း (၁၀)နှစ်ပြည့်အထိမ်းမှတ်တို့ပူးပေါင်း၍ အသည်းရောင်အသားဝါ B ပိုး ၊ C ပိုးအခမဲ့စစ်ဆေးပေးခြင်းပြုလုပ်ခဲ့ကြောင်းသိရသည်။

ကမ္ဘာ့အသည်းရောင်အသားဝါနေ့ကို ဂုဏ်ပြုသည့်အနေဖြင့်လည်းကောင်း၊ အသည်းရောင်အသားဝါ၊ B ပိုး ၊ Cပိုးနှင့်ပတ်သက်၍ အသိပညာဗဟုသုတများကို အများသူငှာသိရှိနားလည်စေရန်အတွက်လည်းကောင်း၊ ၂၀၃၀ ခုနှစ်တွင် အသည်းရောင်အသားဝါ ပပျောက်ရေးရည်ရွယ်ချက်ဖြင့်လည်းကောင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ကိုအမောင် အခမဲ့ဆေးခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

"ဒီနေ့အခမ်းအနားလေးက ကမ္ဘာ့အသည်းရောင်အသားဝါနေ့ကိုဂုဏ်ပြုသည့်အနေနဲ့ ဆောင်ရွက်ခြင်းဖြစ်တယ်။ နောက်ပြီး အသည်းအရောင်အသားဝါနဲ့ပတ်သက်လာရင် မသိနားမလည်တဲ့သူတွေ အတော်များများတွေ့ရတယ်။ ဒါကြောင့် အသိပညာ မျှဝေတဲ့အနေနဲ့လည်း ဟောပြောပွဲကောလုပ်ပေးတယ်။ အခမဲ့ ကာကွယ်ဆေးထိုးပေးတာ။ ရောဂါရှာဖွေခြင်းတွေပါ လုပ်ပေးခဲ့တယ်။ နောက်ဆုံးအနေနဲ့ ၂၀၃၀ ခုနှစ်မှာ အသည်းရောင်အသားဝါ ပပျောက်ရေး ရည်ရွယ်ချက်နဲ့ အခုလို အခမ်းအနားကိုဆောင်ရွက်ရခြင်းဖြစ်တယ်"ဟု ၎င်းကပြောသည်။

အဆိုပါအခမ်းအနားတွင် မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ (၁၂၈)ဦးတို့ကို B ပိုးကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်း၊ ရောဂါရှာဖွေခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး ပိုးတွေ့ရှိခဲ့သူ (၂)ဦးကိုလည်း အခမဲ့ ဆေးဝါးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုအမောင် အခမဲ့ ဆေးပေးခန်း အနေဖြင့် B ပိုးကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းများကို နှစ်စဉ်ဆောင်လျှက်ရှိကာ လက်ရှိအချိန်အထိ လူဦးရေ (၂၀၀၀)ကျော်ကို ကာကွယ်ဆေး အခမဲ့ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အလင်္ကာ

4 weeks ago | [YT] | 10

EPN MEDIA GROUP

ဝိုင်းမော်မြို့၊ ရပ်ကွက် (၅) ရှိ နေအိမ်တစ်အိမ် ဓားပြ အတိုက်ခံရ၊ ကျပ်သိန်းပေါင်း ငါးထောင်ကျော် ပါသွား

EPN Breaking News

ဝိုင်းမော်၊ ဩဂုတ် ၂၃

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ရပ်ကွက် (၅) ရှိ နေအိမ် တစ်အိမ်ကို လူငယ် ၆ ဦးမှ ဝင်ရောက်ကာ ဓားပြတိုက်သည့် ဖြစ်စဉ်တစ်ခု ယနေ့ယနေ့ ညနေ ၅ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ကနဦး သိရသည်။

ကနဦး သတင်းအရ ဩဂုတ်လ ၂၃ ရက် ယနေ့ ညနေ ၅ နာရီခွဲခန့်က အဆိုပါ နေအိမ်သို့ ဆိုင်ကယ် နှစ်စီးဖြင့် လာရောက်ရှိသော Mask တပ်ထားကာ သေနတ်များကိုင်ဆောင်ထားသည့် လူငယ် ၆ ဦးမှ အိမ်သူ အိမ်သားများနှင့် ဧည့်သည့်များကို ကြိုးဖြင့် တုတ်ပြီးနောက် ငွေနှင့် ပစ္စည်းများကို ယူဆောင် ထွက်ပြေးသွားသည်ဟု ဝိုင်းမော်မြို့၊ ရပ်ကွက် (၅) တွင် နေထိုင်သူ တစ်ဦးက ပြောပြသည်။
"လူငယ် ၆ ဦး ဆိုင်ကယ်နှစ်စီးနဲ့ လာခဲ့ပြီး သေနတ် အတိုတွေနဲ့ ဓါးပြ လာတိုက်သွားတယ်။ Mask တပ်ထားတဲ့လူငယ် ၆ ယောက်၊ ကချင်စကားပြောတယ်၊ အိမ်ရှင်နဲ့ ထိုင်နေတဲ့ ဧည့်သည်တွေကို ကြိုးဝင်တုပ်ပြီးမှ ငွေတွေ၊ ပစ္စည်းတွေကို ယူသွားကြတယ်" ဟု ၎င်းက ဆိုသည်။

အဆိုပါ နေအိမ်မှာ ဦးမိုးကျော်ထွန်း ဆိုသူ၏ နေအိမ် ဖြစ်ပြီး ဓားပြအတိုက် ခံရမှုကြောင့် မြန်မာငွေ ကျပ်သိန်း ၅၀၀၀၊ တရုတ်ငွေ ယွမ် ၇၀၀၀၀၊ လက်စွပ်တစ်ကွင်း၊ ဆိုင်ကယ် တစ်စီးနှင့် ဖုန်း ၇ လုံးလည်းပါသွားခဲ့ကြောင်း ကနဦး သတင်းများအရ သိရသည်။
ယင်းဖြစ်စဉ် အသေးစိတ်ကို သိရှိနိုင်ရန်အတွက် သက်ဆိုင်ရာနှင့် အိမ်ရှင်ထံ ဆက်သွယ်မေးမြန်းနိုင်ရန် EPN သတင်းဌာနအနေဖြင့် ဆောင်ရွက်လျှက်ရှိသည်။

ဆက်လက်ဖော်ပြပါမည်။
သတင်း - ‌ရန်နိုင်
ဓါတ်ပုံ - (ဓါးပြ အတိုက်ခံသည့် နေအိမ်)

2 years ago | [YT] | 7