EPN MEDIA GROUP

ဝိုင်းမော်မြို့၊ ရပ်ကွက် (၅) ရှိ နေအိမ်တစ်အိမ် ဓားပြ အတိုက်ခံရ၊ ကျပ်သိန်းပေါင်း ငါးထောင်ကျော် ပါသွား

EPN Breaking News

ဝိုင်းမော်၊ ဩဂုတ် ၂၃

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ရပ်ကွက် (၅) ရှိ နေအိမ် တစ်အိမ်ကို လူငယ် ၆ ဦးမှ ဝင်ရောက်ကာ ဓားပြတိုက်သည့် ဖြစ်စဉ်တစ်ခု ယနေ့ယနေ့ ညနေ ၅ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ကနဦး သိရသည်။

ကနဦး သတင်းအရ ဩဂုတ်လ ၂၃ ရက် ယနေ့ ညနေ ၅ နာရီခွဲခန့်က အဆိုပါ နေအိမ်သို့ ဆိုင်ကယ် နှစ်စီးဖြင့် လာရောက်ရှိသော Mask တပ်ထားကာ သေနတ်များကိုင်ဆောင်ထားသည့် လူငယ် ၆ ဦးမှ အိမ်သူ အိမ်သားများနှင့် ဧည့်သည့်များကို ကြိုးဖြင့် တုတ်ပြီးနောက် ငွေနှင့် ပစ္စည်းများကို ယူဆောင် ထွက်ပြေးသွားသည်ဟု ဝိုင်းမော်မြို့၊ ရပ်ကွက် (၅) တွင် နေထိုင်သူ တစ်ဦးက ပြောပြသည်။
"လူငယ် ၆ ဦး ဆိုင်ကယ်နှစ်စီးနဲ့ လာခဲ့ပြီး သေနတ် အတိုတွေနဲ့ ဓါးပြ လာတိုက်သွားတယ်။ Mask တပ်ထားတဲ့လူငယ် ၆ ယောက်၊ ကချင်စကားပြောတယ်၊ အိမ်ရှင်နဲ့ ထိုင်နေတဲ့ ဧည့်သည်တွေကို ကြိုးဝင်တုပ်ပြီးမှ ငွေတွေ၊ ပစ္စည်းတွေကို ယူသွားကြတယ်" ဟု ၎င်းက ဆိုသည်။

အဆိုပါ နေအိမ်မှာ ဦးမိုးကျော်ထွန်း ဆိုသူ၏ နေအိမ် ဖြစ်ပြီး ဓားပြအတိုက် ခံရမှုကြောင့် မြန်မာငွေ ကျပ်သိန်း ၅၀၀၀၊ တရုတ်ငွေ ယွမ် ၇၀၀၀၀၊ လက်စွပ်တစ်ကွင်း၊ ဆိုင်ကယ် တစ်စီးနှင့် ဖုန်း ၇ လုံးလည်းပါသွားခဲ့ကြောင်း ကနဦး သတင်းများအရ သိရသည်။
ယင်းဖြစ်စဉ် အသေးစိတ်ကို သိရှိနိုင်ရန်အတွက် သက်ဆိုင်ရာနှင့် အိမ်ရှင်ထံ ဆက်သွယ်မေးမြန်းနိုင်ရန် EPN သတင်းဌာနအနေဖြင့် ဆောင်ရွက်လျှက်ရှိသည်။

ဆက်လက်ဖော်ပြပါမည်။
သတင်း - ‌ရန်နိုင်
ဓါတ်ပုံ - (ဓါးပြ အတိုက်ခံသည့် နေအိမ်)

2 years ago | [YT] | 7