EPN MEDIA GROUP
အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းဖေါင်ဒေးရှင်း(မြစ်ကြီးနား)နှင့် ကိုအမောင် အခမဲ့ဆေးခန်း (၁၀)နှစ်ပြည့်အထိမ်းမှတ်တို့ပူးပေါင်း၍ အသည်းရောင်အသားဝါ B ပိုး ၊ C ပိုး အခမဲ့စစ်ဆေးပေးခြင်းပြုလုပ်EPNမြစ်ကြီးနား၊ သြဂုတ်-၄ (၂၀၂၄)ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်တွင် ယမန်နေ့ သြဂုတ်လ (၃)ရက်နေ့ နေ့လယ် (၁)နာရီအချိန်က အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းဖေါင်ဒေးရှင်း(မြစ်ကြီးနား)နှင့် ကိုအမောင် အခမဲ့ဆေးခန်း (၁၀)နှစ်ပြည့်အထိမ်းမှတ်တို့ပူးပေါင်း၍ အသည်းရောင်အသားဝါ B ပိုး ၊ C ပိုးအခမဲ့စစ်ဆေးပေးခြင်းပြုလုပ်ခဲ့ကြောင်းသိရသည်။ကမ္ဘာ့အသည်းရောင်အသားဝါနေ့ကို ဂုဏ်ပြုသည့်အနေဖြင့်လည်းကောင်း၊ အသည်းရောင်အသားဝါ၊ B ပိုး ၊ Cပိုးနှင့်ပတ်သက်၍ အသိပညာဗဟုသုတများကို အများသူငှာသိရှိနားလည်စေရန်အတွက်လည်းကောင်း၊ ၂၀၃၀ ခုနှစ်တွင် အသည်းရောင်အသားဝါ ပပျောက်ရေးရည်ရွယ်ချက်ဖြင့်လည်းကောင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ကိုအမောင် အခမဲ့ဆေးခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။"ဒီနေ့အခမ်းအနားလေးက ကမ္ဘာ့အသည်းရောင်အသားဝါနေ့ကိုဂုဏ်ပြုသည့်အနေနဲ့ ဆောင်ရွက်ခြင်းဖြစ်တယ်။ နောက်ပြီး အသည်းအရောင်အသားဝါနဲ့ပတ်သက်လာရင် မသိနားမလည်တဲ့သူတွေ အတော်များများတွေ့ရတယ်။ ဒါကြောင့် အသိပညာ မျှဝေတဲ့အနေနဲ့လည်း ဟောပြောပွဲကောလုပ်ပေးတယ်။ အခမဲ့ ကာကွယ်ဆေးထိုးပေးတာ။ ရောဂါရှာဖွေခြင်းတွေပါ လုပ်ပေးခဲ့တယ်။ နောက်ဆုံးအနေနဲ့ ၂၀၃၀ ခုနှစ်မှာ အသည်းရောင်အသားဝါ ပပျောက်ရေး ရည်ရွယ်ချက်နဲ့ အခုလို အခမ်းအနားကိုဆောင်ရွက်ရခြင်းဖြစ်တယ်"ဟု ၎င်းကပြောသည်။အဆိုပါအခမ်းအနားတွင် မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ (၁၂၈)ဦးတို့ကို B ပိုးကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်း၊ ရောဂါရှာဖွေခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး ပိုးတွေ့ရှိခဲ့သူ (၂)ဦးကိုလည်း အခမဲ့ ဆေးဝါးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ကိုအမောင် အခမဲ့ ဆေးပေးခန်း အနေဖြင့် B ပိုးကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းများကို နှစ်စဉ်ဆောင်လျှက်ရှိကာ လက်ရှိအချိန်အထိ လူဦးရေ (၂၀၀၀)ကျော်ကို ကာကွယ်ဆေး အခမဲ့ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။အလင်္ကာ
1 month ago | [YT] | 10
EPN MEDIA GROUP
အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းဖေါင်ဒေးရှင်း(မြစ်ကြီးနား)နှင့် ကိုအမောင် အခမဲ့ဆေးခန်း (၁၀)နှစ်ပြည့်အထိမ်းမှတ်တို့ပူးပေါင်း၍ အသည်းရောင်အသားဝါ B ပိုး ၊ C ပိုး အခမဲ့စစ်ဆေးပေးခြင်းပြုလုပ်
EPN
မြစ်ကြီးနား၊ သြဂုတ်-၄ (၂၀၂၄)
ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်တွင် ယမန်နေ့ သြဂုတ်လ (၃)ရက်နေ့ နေ့လယ် (၁)နာရီအချိန်က အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းဖေါင်ဒေးရှင်း(မြစ်ကြီးနား)နှင့် ကိုအမောင် အခမဲ့ဆေးခန်း (၁၀)နှစ်ပြည့်အထိမ်းမှတ်တို့ပူးပေါင်း၍ အသည်းရောင်အသားဝါ B ပိုး ၊ C ပိုးအခမဲ့စစ်ဆေးပေးခြင်းပြုလုပ်ခဲ့ကြောင်းသိရသည်။
ကမ္ဘာ့အသည်းရောင်အသားဝါနေ့ကို ဂုဏ်ပြုသည့်အနေဖြင့်လည်းကောင်း၊ အသည်းရောင်အသားဝါ၊ B ပိုး ၊ Cပိုးနှင့်ပတ်သက်၍ အသိပညာဗဟုသုတများကို အများသူငှာသိရှိနားလည်စေရန်အတွက်လည်းကောင်း၊ ၂၀၃၀ ခုနှစ်တွင် အသည်းရောင်အသားဝါ ပပျောက်ရေးရည်ရွယ်ချက်ဖြင့်လည်းကောင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ကိုအမောင် အခမဲ့ဆေးခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
"ဒီနေ့အခမ်းအနားလေးက ကမ္ဘာ့အသည်းရောင်အသားဝါနေ့ကိုဂုဏ်ပြုသည့်အနေနဲ့ ဆောင်ရွက်ခြင်းဖြစ်တယ်။ နောက်ပြီး အသည်းအရောင်အသားဝါနဲ့ပတ်သက်လာရင် မသိနားမလည်တဲ့သူတွေ အတော်များများတွေ့ရတယ်။ ဒါကြောင့် အသိပညာ မျှဝေတဲ့အနေနဲ့လည်း ဟောပြောပွဲကောလုပ်ပေးတယ်။ အခမဲ့ ကာကွယ်ဆေးထိုးပေးတာ။ ရောဂါရှာဖွေခြင်းတွေပါ လုပ်ပေးခဲ့တယ်။ နောက်ဆုံးအနေနဲ့ ၂၀၃၀ ခုနှစ်မှာ အသည်းရောင်အသားဝါ ပပျောက်ရေး ရည်ရွယ်ချက်နဲ့ အခုလို အခမ်းအနားကိုဆောင်ရွက်ရခြင်းဖြစ်တယ်"ဟု ၎င်းကပြောသည်။
အဆိုပါအခမ်းအနားတွင် မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ (၁၂၈)ဦးတို့ကို B ပိုးကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်း၊ ရောဂါရှာဖွေခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး ပိုးတွေ့ရှိခဲ့သူ (၂)ဦးကိုလည်း အခမဲ့ ဆေးဝါးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုအမောင် အခမဲ့ ဆေးပေးခန်း အနေဖြင့် B ပိုးကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းများကို နှစ်စဉ်ဆောင်လျှက်ရှိကာ လက်ရှိအချိန်အထိ လူဦးရေ (၂၀၀၀)ကျော်ကို ကာကွယ်ဆေး အခမဲ့ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အလင်္ကာ
1 month ago | [YT] | 10