Nowadays, content has penetrated people’s everyday lives such as watching movies and TV shows, listening to music, and reading novels or comics. However, accessing high-quality content would be expensive for those who can't afford but want to get things done.
Therefore, the aim of our channel is to help valuable viewers in order to become better than yesterday, one step at a time while enjoying our daily content. We are fortunate enough to share the best videos extracted from different fields, such as Educating & Entertaining audiobooks, Language enrichment, Business development and many other aspects that fall under the personal growth Journey.
Using simple words, friendly images, and attractive animations, we want to make our content easy to remember so that learning through our channel is like being the owners of an essential asset treasure and we hope our users achieve all the benefits through our content and experience getting the best insights and ideas in much less time.
Essential Asset
"လွတ်လပ်ရေးနေ့ တို့မမေ့ဖို့"
ဒီနေ့ ဇန်နဝါရီလ ၄ ရက် နေ့ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ကျူးကျော်ခံရမှုတွေပြီးတဲ့နောက် စစ်မှန်တဲ့ လွတ်လပ်ရေးကို ပထမဆုံးရရှိခဲ့တဲ့ "မြန်မာ့လွတ်လပ်ရေးနေ့" ဖြစ်ပါတယ်။ new year နဲ့ ခရစ္စမတ်ပွဲတော်ရက်တွေကို ကျော်လွန်လာပြီးတဲ့နောက် ဒီနှစ်ရဲ့ ပထမဆုံးသော မြန်မာ့သမိုင်းဝင်နေ့ရက်လို့ ဆိုရမှာပါ။
လွန်ခဲ့တဲ့ ၇၅ နှစ်လောက်တုန်းက ဒီနေ့လိုမျိုး ဇန်နဝါရီ ၄ ရက်နေ့မှာတော့ ကျွန်တော်တို့ မြန်မာတွေလက်ထဲကို ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်တွေ အပြည့်အဝပြန်လည်ပေးအပ်ခဲ့ပါတယ်။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့ဟာ ကိုလိုနီအစိုးရလက်အောက်မှာ အောက်မြန်မာပြည်အတွက် နှစ်ပေါင်း ၁၂၃ နှစ် ၊ အထက်မြန်မာပြည်အတွက်ဆိုရင် ၆၃ နှစ် ကျရောက်ခဲ့ပြီးတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုရာစုနှစ်တခုတိုင် ကိုလိုနီရဲ့ ဖိနိှပ်အုပ်ချုပ် မှုအောက်မှာနေလာခဲ့ရတဲ့ မြန်မာတို့အတွက် "လွတ်လပ်ရေးရပြီ" ကိုယ့်နိုင်ငံ ၊ကိုယ်သမ္မတနဲ့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးလို့ရပြီဆိုတာဟာ ဘယ်လောက်တောင် ပျော်ဖို့ကောင်းနေလိုက်မလဲဆိုတာကို ကျွန်တော်တို့ မှန်းဆကြည့်ရုံနဲ့ သိနိုင်မှာပါ။
ဒီနေ့ရဲ့ မနက် ၄ နာရီ ၂၀ မိနစ်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော သမ္မတဖြစ်တဲ့ သမ္မတကြီး စပ်ရွှေသိုက်နဲ့ ပထမဆုံးသောဝန်ကြီးချုပ်ဖြစ်တဲ့ ဉီးနုတို့ထံကို ကိုယ်ပိုင်လွတ်လပ်စွာအုပ်ချုပ်ပိုင်ခွင့်ကို ပြန်လည်ရရှိခဲ့ပါတယ်။
အဲဒီနေ့မနက် ၄ နာရီ မိနစ် ၂ဝ မှာ ရန်ကုန်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ဘာမင်ဟမ် စစ်သင်္ဘောကြီးက အမြောက်တွေ ပစ်ဖောက် အချက်ပေးသံတွေ ထွက်လာပြီး တိုင်းပြုပြည်ပြုလွှတ်တော်ရှေ့မှာ ဗြိတိသျှ ယူနီယံဂျက်အလံကို ဖြုတ်ချကာ ပြည်ထောင်စုမြန်မာနိုင်ငံတော် အလံကို လွှင့်တင်ခဲ့ပါတယ်။ မနက် ၄ နာရီ ၄၅ မိနစ် ရောက်တဲ့အခါ လွှတ်တော်အစည်းအဝေးခန်းမမှာ နိုင်ငံတော်အာဏာလွှဲပြောင်းတဲ့ အခမ်းအနား ဆက်ပြီး ပြုလုပ်ပါတယ်။ တိုင်းပြုပြည်ပြုလွှတ်တော်က ယာယီပါလီမန် ဖြစ်လာပြီး ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်က မြန်မာနိုင်ငံရဲ့ပထမဆုံးသော သမ္မတဖြစ်လာပြီး ၊ ဦးနုကတော့ ပထမဆုံးသောဝန်ကြီးချုပ် ဖြစ်လာပါတယ်။
အဲဒီနောက် မနက် ၆ နာရီခွဲ ရောက်တဲ့အခါ ဘုရင်ခံရဲ့ အိမ်တော်မှာ အာဏာလွှဲပြောင်းတဲ့အခမ်းအနား ပြုလုပ်ပြီး မနက် ၈ နာရီ မိနစ် ၂ဝ တိတိမှာ အင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် နဲ့ ဇနီးဖြစ်သူတို့ ဘာမင်ဟန်သင်္ဘောနဲ့ မြန်မာပြည်က ထွက်ခွာသွားပါတယ်။ ဒါဟာ မြန်မာပြည်မှာ ပထမဆုံးနဲ့ နောက်ဆုံး လို့ဆိုနိုင်တဲ့ စစ်မှန်တဲ့ အာဏာလွှဲပြောင်းမှု ဖြစ်ပါတယ်။
အဲဒီနေ့မှာပဲ လွတ်လပ်ရေးမော်ကွန်းကျောက်တိုင် အုတ်မြစ်ချခဲ့ပြီး အဲဒီအခမ်းအနားမှာ ဖဆပလ အထွေထွေအတွင်းရေးမှူး ဦးဗဆွေက သစ္စာအဓိဋ္ဌာန် ၉ ချက်ကို တိုင်ပေးပြီး လူထုကြီးက လိုက်ဆိုခဲ့ပါတယ်။
ဒီသစ္စာအဓိဌာန် ၉ချက်ကို ၁၉၅ဝ ပြည့်နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တဲ့ 'ပြည်ထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်’လို့ ကမ္ပည်းထိုးထားတဲ့ ရန်ကုန် မဟာဗန္ဓွုလပန်းခြံထဲက ကျောက်တိုင်အခြေ ပတ်လည်မှာလွတ်လပ်ရေးကြေညာစာတမ်း၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကောက်နုတ်ချက်၊ သခင်နုရဲ့ ပါလီမန်မိန့်ခွန်းနဲ့ လွတ်လပ်ရေး မော်ကွန်းကျောက်တိုင် အုတ်မြစ်ချမိန့်ခွန်းတို့နဲ့အတူ ကျောက်သားမှာ ရေးထိုးထားတာကို တွေ့ရမှာဖြစ်ပါတယ်။
လွတ်လပ်ရေးအခမ်းအနားမှာ လူထုနဲ့အတူရွတ်ဆိုခဲ့တဲ့ သစ္စာအဓိဋ္ဌာန်ကိုးချက်ကို EA ရဲ့ မိတ်ဆွေတို့ သိမှတ်နိုင်ဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
"အောင်စေသတည်း။ မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက် (အင်္ဂလိပ်သက္ကရာဇ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သော မင်္ဂလာအခါ၌ ဤငါတို့ မြန်မာပြည်သည် လုံးဝလွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအဖြစ်သို့ ရောက်သတည်း။
၁၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့အား လွတ်လပ်သောလမ်းသို့ ပို့ဆောင်ခဲ့သော ငါတို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း တသဝေမတိမ်း ချီတက်မည်။
၂၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ လွတ်လပ်သော နိုင်ငံသားတို့၏ ပြည်ထောင်စုသမတ မြန်မာနိုင်ငံတော်ကြီး၏ သစ္စာကို မသွေမဖည် စောင့်ထိန်းမည်။
၃၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ လွတ်လပ်သော နိုင်ငံသားတို့၏ မွန်မြတ်သော အခွင့်အရေးကို ခံယူသည့်နည်းတူ လွတ်လပ်သော နိုင်ငံသားတို့၏ တာဝန်ဝတ္တရားများကိုလည်း မတိမ်းမငဲ့ ထမ်းဆောင်မည်။
၄၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လုံ့လဥဿာဟဖြင့် ရရှိပြီးသော အမျိုးသားညီညွတ်ရေးကို ကျောက်စိုင်ကျောက်ခဲကဲ့သို့ ခိုင်မြဲအောင် ထိန်းသိမ်းမည်။
၅၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့နိုင်ငံသားဟူသရွေ့ကို ကြီးငယ်နီးဝေးမခြား တသွေးတသားတည်း ပြု၍၊ နည်းများ နိမ့်မြင့် မရှိစေရ ညီတူညီမျှ ပြုမည်။
၆၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ သူတပါးကိုလည်း မတရားမပြု ငါတို့အား မတရားပြုမူခြင်းကိုလည်း မခံ၊ အသက်နှင့်လဲ၍ ကာကွယ်မည်။
၇၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့နိုင်ငံတော်ကြီး၏ တရားဥပဒေများကို ရိုသေစွာ လိုက်နာကျင့်သုံးမည်။
၈၊ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့နိုင်ငံနှင့် ငါတို့လွတ်လပ်ရေးကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်မည်။
၉၊ လုံးဝလွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာအရှည် တည်မြဲရေးတာဝန်သည် ငါတို့နှင့်တကွ ငါတို့သားမြေး နောင်လာအဆက်ဆက်တို့အပေါ်၌ တည်စေမည်။
ဤ ငါတို့ သစ္စာအဓိဋ္ဌာန် မှန်သည့်အတိုင်း ငါတို့ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာအရှည် တည်စေသတည်း။ ။
#မှတ်ချက်
၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ ၁ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်
မြန်မာ့အသံ ထုတ်လွှင့်ချက်နဲ့ အခြားရေးသားမျှဝေခဲ့သူတွေထံကနေ ကိုးကားဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။
#Myanmar_Independence_Day
#Indenpendence_Day
#Myanmar_Historical_Knowledge
#Essential_Asset_Myanmar
#essential_asset
2 years ago | [YT] | 2
View 0 replies
Essential Asset
အင်္ဂလိပ်စာလေ့လာရင်း မိတ်ဆွေတို့ရဲ့ တစ်နေ့တာမှာ
အချိန်တွေအချည်းအနှီးမဖြစ်ရအောင်
သတိပြုရှောင်ကျဥ်ရမယ့် အချက် ၅ချက်
#learning_english
#knowledge_sharing
#do_&_don’t
#edutainment
#EA_infographic_content
2 years ago | [YT] | 4
View 0 replies
Essential Asset
😍😍EA ရဲ့ New Year Giveawayလာပါပြီ🎁🎉
Helloo EA ပရိတ်သတ်ကြီးတို့ရေ
New Year ကို ဘာအစီအစဥ်တွေနဲ့ ဖြတ်သန်းနေကြပြီလဲ? 😁😁
လိုင်းပေါ်ကနေပဲ သူများပွဲတွေလိုက်အားကျရင်းနဲ့ ဖြတ်သန်းနေကြတဲ့ အိမ်တွင်းပုန်း အလိမ္မာတုံးလေးေတွ အတွက် EA admin တို့ကနေ GA လေးတစ်ခု ဖန်တီးပေးထားပါတယ်လို့။ 😍😍
Giveaway မှာ ပေးသွားမှာကတော့
📒📒2023 တစ်နှစ်လုံးမှာ သုံးဖို့ အခုချိန်မှာ you တို့အားလုံး လိုအပ်ကြမယ့် Planner Book လေးတွေပဲ ဖြစ်ပါတယ်။
✅GA မှာ ပါဝင်ဖို့က လွယ်လွယ်လေးပဲနော်။
(1)မကြာမီရောက်ရှိလာတော့မယ့်2023 မှာ ဘယ်လိုအကြောင်းအရာတွေကို ပိုလေ့လာဖြစ်မလဲ?
(2)EA ကနေဖန်တီးပေးမယ်ဆိုရင် ဘယ်လို အကြောင်းအရာနဲ့ပတ်သက်တဲ့ video လေးတွေကို နားထောင်ချင်မလဲ?
ဒီမေးခွန်းလေးတွေကို ဖြေပေးပြီး
(3)Essential Asset Youtube Channel ကို subscribe လုပ်ထားတဲ့ Screenshotလေးကို
ဒီ post ရဲ့ commentမှာ မန့်ပေးရုံပါပဲ။
အခုကနေ မနက်ဖြန် 1.1.2023 ရက်နေ့ မနက် (8)နာရီအထိ မန့်ထားတဲ့သူတွေထဲကမှ comment pickerနဲ့ မဲဖောက်ပေးကပြီးတော့ မနက်ဖြန်နေ့လည်မတိုင်ခင် Adminတို့ page ကနေ ကြေညာပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။
ပေးမယ့် အရေအတွက်🤔
👉 2023 Weekly planner book အတွက် winner (2)ဉီး၊
👉 2023 Monthly planner book အတွက် winner (5)ဉီး စုစုပေါင်း (7) ဉီးကို ပေးသွားမှာပါ။😱😱
စကားမစပ် 1.1.2023 မနက်8 နာရီ အထိ မန့်ထားတဲ့ သူဖြစ်မှသာ Winner ရွေးချယ်တဲ့နေရာမှာ အကျုံးဝင်မှာမို့ မြန်မြန်လေးတော့ မန့်ထားဖို့လိုမယ်နော်။😎😎
New Year ရဲ့ Giveaway Winner လေးက ဘယ်သူတွေ ဖြစ်မလဲဆိုတာ အခုထဲ ရင်ခုန်နေပါပြီ😍
🥳🥳အားလုံးအတွက် ကံကောင်းခြင်းတွေနဲ့ ပျော်ရွှင်စရာတွေယူဆောင်လာပေးတဲ့ နှစ်သစ်လေး ဖြစ်ပါစေနော်🥳🥳
#essential_asset
#newyeargiveaway
#happynewyear2023wishes
#happynewyear2023
2 years ago | [YT] | 3
View 2 replies
Essential Asset
Double reward for next time!!!
ဂျာမနီ Vs စပိန် ပွဲစဥ်က 1-1 သရေရလဒ်ထွက်ပေါ်ခဲ့ပြီး
ပွဲတွေခန့်မှန်းဆုတွေယူအစီစဥ်မှာ အနိုင်ရရှိသူမထွက်ပေါ်ခဲ့တာကြောင့်
နောက်လာမယ့်ပွဲစဥ်မှာ ဆုကြေးငွေ ၂ဆပေါင်းပေးသွားမှာမိုလို
EA Pageကို Followလုပ်ထားပြီး နောက်လာမယ့်ပွဲစဥ်လေးကို
ရင်ခုန်စွာခန့်မှန့်ရင်း ဆုကြေးငွေ ၂ဆရယူလိုက်ကြရအောင်နော်
#essentialasset
#PredictAndWin
#worldcup
#germany #spain #draw
See less
2 years ago | [YT] | 2
View 1 reply
Essential Asset
ယနေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော တန်ဆောင်မုန်းလပြည့်နေ့ပင်ဖြစ်သည်။ လပြည့်နေ့မနက်တွင်မူ ဗုဒ္ဓဘာသာဝင်များသည် မြတ်စွာဘုရားကို ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာ များဖြင့် ကပ်လှူပူဇော်လေ့ရှိကြပေသည်။ ဥတုရာသီအရ စိုစွတ်ထိုင်းမှိုင်းသော မိုးရာသီအကုန်အပြီး အေးမြလှတဲ့ ဆောင်းရာသီ၏ အငွေ့အသက်နှင့်အတူ လမြတ်တန်ဆောင်တွင် ရာသီပွဲတော်များကို ကျင်းပကြလေ့ ရှိကြသည်။ စည်ကားလှသည့် စုပေါင်း မဟာ ဘုံကထိန်ကပ်လှူသည့်ပွဲတော်၊ မသိုးသက်န်း ရက်လုပ်လှူဒါန်းသည့် ပွဲတော်၊ ပံ့သကူအလှူ ပြုလုပ်သည့် ပွဲတော်၊ မီးပဒေသာတို့ ထွန်းညှိပူဇော်သည့်ပွဲတော် စသော ရိုးရာပွဲတော်များကို တန်ဆောင်မုန်းလတွင် ကျင်းပလေ့ရှိကြပေသည်။
လတကာထက် မြတ်သော တန်ဆောင်မုန်းလကို '' ဖုံးတုန်းလုံးတုန်း တန်ဆောင်မုန်း " ဟုလည်း ဆိုကြလေ့ ရှိပါသည်။ တန်ဆောင်မုန်းလပြည့်နေ့ညတွင် ကျီးမနိုးပွဲဟု ခေါ်သည့် သူခိုးကြီးညကိုလည်း ကာလာသားများက ညသန်းခေါင်အချိန်တွင် ပြုလုပ်ကြပါသည်။ နောင်ပြောင်ကစားကြသော ကစားနည်း ဖြစ်တာကြောင့် ရယ်ရွှင်ဖွယ်ကြည်နူးစရာကောင်းသည်ဟုလည်း ဆိုအပ်ရပေမည်။ မြန်မာနိုင်ငံ အောက်ပိုင်းတွင်မူ တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်နေ့တွင်မှ ပြုလုပ်လေ့ ရှိပါသည်။
ဆေးပင်စောင့်နတ်များသည် တန်ဆောင်မုန်း လပြည့်နေ့ညတွင် မဲဇလီပင်စောင့်နတ်ထံ ခစားရောက်ရှိလာသည်ဟု အစွဲပြု၍ ထိုညတွင် မဲဇလီဖူးသုပ်ကို စားပြီး ဆေးပေါင်းခသောညကို ဖြတ်သန်းကြပါသေးသည်။ ထို့အပြင် တန်ဆောင်မုန်း၌ '' မုန်း '' ဟူသည့် အနက်ဖွင့်ဆိုချက်တွင် ထွန်းလင်းတောက်ပသည်ဟု အဓိပ္ပာယ်ရသောကြောင့် မီးရှူ၊ မီးပန်း၊ မီးတိုင်၊ ဆီမီးတို့ဖြင့် တောက်ပစေသောလဟုလည်း ဆိုရပေမည်။
ကျွန်တော်တို့ ငယ်ဘ၀ရဲ့ စာမျက်နှာတွင် အမှတ်တရများစွာ ထင်ကျန်စေခဲ့သည့် တန်ဖိုးရှိသောလပြည့်နေသည်လည်း မမေ့နိုင် ဖွယ်တည်ရှိနေမှာ ဖြစ်ပါသည်။ ပျော်ရွှင်အေးချမ်းလှတဲ့ တန်ဆောင်မုန်းလပြည့်နေ့တွင် ဘေးအန္တရာယ်ကင်း၍ ကောင်းသော လိုအင်ဆန္ဒများ ပြည့်၀ပါစေကြောင်း Essential Asset မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ခင်ဗျာ ။
#essentialasset
#essentialassetmyanmar
#တန်ဆောင်းမုန်းလပြည့်
#ဆေးပေါင်းခသောည
#stella
#သုတ
3 years ago (edited) | [YT] | 6
View 0 replies