Essential Asset
ယနေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော တန်ဆောင်မုန်းလပြည့်နေ့ပင်ဖြစ်သည်။ လပြည့်နေ့မနက်တွင်မူ ဗုဒ္ဓဘာသာဝင်များသည် မြတ်စွာဘုရားကို ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာ များဖြင့် ကပ်လှူပူဇော်လေ့ရှိကြပေသည်။ ဥတုရာသီအရ စိုစွတ်ထိုင်းမှိုင်းသော မိုးရာသီအကုန်အပြီး အေးမြလှတဲ့ ဆောင်းရာသီ၏ အငွေ့အသက်နှင့်အတူ လမြတ်တန်ဆောင်တွင် ရာသီပွဲတော်များကို ကျင်းပကြလေ့ ရှိကြသည်။ စည်ကားလှသည့် စုပေါင်း မဟာ ဘုံကထိန်ကပ်လှူသည့်ပွဲတော်၊ မသိုးသက်န်း ရက်လုပ်လှူဒါန်းသည့် ပွဲတော်၊ ပံ့သကူအလှူ ပြုလုပ်သည့် ပွဲတော်၊ မီးပဒေသာတို့ ထွန်းညှိပူဇော်သည့်ပွဲတော် စသော ရိုးရာပွဲတော်များကို တန်ဆောင်မုန်းလတွင် ကျင်းပလေ့ရှိကြပေသည်။လတကာထက် မြတ်သော တန်ဆောင်မုန်းလကို '' ဖုံးတုန်းလုံးတုန်း တန်ဆောင်မုန်း " ဟုလည်း ဆိုကြလေ့ ရှိပါသည်။ တန်ဆောင်မုန်းလပြည့်နေ့ညတွင် ကျီးမနိုးပွဲဟု ခေါ်သည့် သူခိုးကြီးညကိုလည်း ကာလာသားများက ညသန်းခေါင်အချိန်တွင် ပြုလုပ်ကြပါသည်။ နောင်ပြောင်ကစားကြသော ကစားနည်း ဖြစ်တာကြောင့် ရယ်ရွှင်ဖွယ်ကြည်နူးစရာကောင်းသည်ဟုလည်း ဆိုအပ်ရပေမည်။ မြန်မာနိုင်ငံ အောက်ပိုင်းတွင်မူ တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်နေ့တွင်မှ ပြုလုပ်လေ့ ရှိပါသည်။ ဆေးပင်စောင့်နတ်များသည် တန်ဆောင်မုန်း လပြည့်နေ့ညတွင် မဲဇလီပင်စောင့်နတ်ထံ ခစားရောက်ရှိလာသည်ဟု အစွဲပြု၍ ထိုညတွင် မဲဇလီဖူးသုပ်ကို စားပြီး ဆေးပေါင်းခသောညကို ဖြတ်သန်းကြပါသေးသည်။ ထို့အပြင် တန်ဆောင်မုန်း၌ '' မုန်း '' ဟူသည့် အနက်ဖွင့်ဆိုချက်တွင် ထွန်းလင်းတောက်ပသည်ဟု အဓိပ္ပာယ်ရသောကြောင့် မီးရှူ၊ မီးပန်း၊ မီးတိုင်၊ ဆီမီးတို့ဖြင့် တောက်ပစေသောလဟုလည်း ဆိုရပေမည်။ ကျွန်တော်တို့ ငယ်ဘ၀ရဲ့ စာမျက်နှာတွင် အမှတ်တရများစွာ ထင်ကျန်စေခဲ့သည့် တန်ဖိုးရှိသောလပြည့်နေသည်လည်း မမေ့နိုင် ဖွယ်တည်ရှိနေမှာ ဖြစ်ပါသည်။ ပျော်ရွှင်အေးချမ်းလှတဲ့ တန်ဆောင်မုန်းလပြည့်နေ့တွင် ဘေးအန္တရာယ်ကင်း၍ ကောင်းသော လိုအင်ဆန္ဒများ ပြည့်၀ပါစေကြောင်း Essential Asset မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ခင်ဗျာ ။ #essentialasset#essentialassetmyanmar#တန်ဆောင်းမုန်းလပြည့်#ဆေးပေါင်းခသောည#stella#သုတ
3 years ago (edited) | [YT] | 6
Essential Asset
ယနေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော တန်ဆောင်မုန်းလပြည့်နေ့ပင်ဖြစ်သည်။ လပြည့်နေ့မနက်တွင်မူ ဗုဒ္ဓဘာသာဝင်များသည် မြတ်စွာဘုရားကို ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာ များဖြင့် ကပ်လှူပူဇော်လေ့ရှိကြပေသည်။ ဥတုရာသီအရ စိုစွတ်ထိုင်းမှိုင်းသော မိုးရာသီအကုန်အပြီး အေးမြလှတဲ့ ဆောင်းရာသီ၏ အငွေ့အသက်နှင့်အတူ လမြတ်တန်ဆောင်တွင် ရာသီပွဲတော်များကို ကျင်းပကြလေ့ ရှိကြသည်။ စည်ကားလှသည့် စုပေါင်း မဟာ ဘုံကထိန်ကပ်လှူသည့်ပွဲတော်၊ မသိုးသက်န်း ရက်လုပ်လှူဒါန်းသည့် ပွဲတော်၊ ပံ့သကူအလှူ ပြုလုပ်သည့် ပွဲတော်၊ မီးပဒေသာတို့ ထွန်းညှိပူဇော်သည့်ပွဲတော် စသော ရိုးရာပွဲတော်များကို တန်ဆောင်မုန်းလတွင် ကျင်းပလေ့ရှိကြပေသည်။
လတကာထက် မြတ်သော တန်ဆောင်မုန်းလကို '' ဖုံးတုန်းလုံးတုန်း တန်ဆောင်မုန်း " ဟုလည်း ဆိုကြလေ့ ရှိပါသည်။ တန်ဆောင်မုန်းလပြည့်နေ့ညတွင် ကျီးမနိုးပွဲဟု ခေါ်သည့် သူခိုးကြီးညကိုလည်း ကာလာသားများက ညသန်းခေါင်အချိန်တွင် ပြုလုပ်ကြပါသည်။ နောင်ပြောင်ကစားကြသော ကစားနည်း ဖြစ်တာကြောင့် ရယ်ရွှင်ဖွယ်ကြည်နူးစရာကောင်းသည်ဟုလည်း ဆိုအပ်ရပေမည်။ မြန်မာနိုင်ငံ အောက်ပိုင်းတွင်မူ တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်နေ့တွင်မှ ပြုလုပ်လေ့ ရှိပါသည်။
ဆေးပင်စောင့်နတ်များသည် တန်ဆောင်မုန်း လပြည့်နေ့ညတွင် မဲဇလီပင်စောင့်နတ်ထံ ခစားရောက်ရှိလာသည်ဟု အစွဲပြု၍ ထိုညတွင် မဲဇလီဖူးသုပ်ကို စားပြီး ဆေးပေါင်းခသောညကို ဖြတ်သန်းကြပါသေးသည်။ ထို့အပြင် တန်ဆောင်မုန်း၌ '' မုန်း '' ဟူသည့် အနက်ဖွင့်ဆိုချက်တွင် ထွန်းလင်းတောက်ပသည်ဟု အဓိပ္ပာယ်ရသောကြောင့် မီးရှူ၊ မီးပန်း၊ မီးတိုင်၊ ဆီမီးတို့ဖြင့် တောက်ပစေသောလဟုလည်း ဆိုရပေမည်။
ကျွန်တော်တို့ ငယ်ဘ၀ရဲ့ စာမျက်နှာတွင် အမှတ်တရများစွာ ထင်ကျန်စေခဲ့သည့် တန်ဖိုးရှိသောလပြည့်နေသည်လည်း မမေ့နိုင် ဖွယ်တည်ရှိနေမှာ ဖြစ်ပါသည်။ ပျော်ရွှင်အေးချမ်းလှတဲ့ တန်ဆောင်မုန်းလပြည့်နေ့တွင် ဘေးအန္တရာယ်ကင်း၍ ကောင်းသော လိုအင်ဆန္ဒများ ပြည့်၀ပါစေကြောင်း Essential Asset မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ခင်ဗျာ ။
#essentialasset
#essentialassetmyanmar
#တန်ဆောင်းမုန်းလပြည့်
#ဆေးပေါင်းခသောည
#stella
#သုတ
3 years ago (edited) | [YT] | 6