YMT Knowledge Network

ဗုဒ္ဓဘာသာဆိုင်ရာ အကြောင်းအရာများ၊ အင်္ဂလိပ်ဘာသာစကား နှင့် ဗဟုသုတများ လေ့လာနိုင်သည့် Channel ဖြစ်ပါသည်။

Welcome to my channel! Here, you'll find content related to Buddhism, English language learning, and general knowledge.

#တရားတော်များ #ဗုဒ္ဓဘာသာ #ဗဟုသုတ #သမိုင်း #အင်္ဂလိပ်စာနှင့်ဗဟုသုတ #buddhism #history #knowledge #EnglishWithKnowledge #FunEnglish


YMT Knowledge Network

Sky's the limit ဆိုတာ ကန့်သတ်ချက်အတားအဆီး မရှိ ဖြစ်နိုင်ခြေ အားလုံးရှိတယ် လို့ အဓိပ္ပာယ်ရပါတယ်။ အားပေးတဲ့အခါမျိုးမှာ အသုံးများပါတယ်။

She's only 20, but with her determination, the sky's the limit in the fashion industry.
သူမက အသက် ၂၀ ပဲရှိသေးပေမဲ့ သူမရဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ဆိုရင် ဖက်ရှင်လောကမှာ အောင်မြင်နိုင်စွမ်း အကန့်အသတ်မရှိပါဘူး။

- If you work hard and stay focused, the sky's the limit for your career.
ကြိုးစားပြီး အာရုံစိုက်မယ်ဆိုရင် မင်းအလုပ်အကိုင်အတွက် ကန့်သတ်ချက်မရှိပါဘူး။

- The new CEO has so many innovative ideas, and now the sky's the limit for the company's growth.
CEO အသစ်မှာ တီထွင်ဆန်းသစ်တဲ့ အကြံဉာဏ်များစွာရှိတာကြောင့် အခုဆိုရင် ကုမ္ပဏီရဲ့ တိုးတက်မှုအတွက် အကန့်အသတ် မရှိတော့ပါဘူး။

#DailyEnglish #EverydayEnglish #နေ့စဉ်သုံးအင်္ဂလိပ်စကား #အင်္ဂလိပ်စာလေ့လာမယ်

3 hours ago | [YT] | 5

YMT Knowledge Network

သီတင်းကျွတ်က အသံတွေတော့ နားထောင်ပြီးခါနီးပြီ။ ကထိန်ပဲ ကျန်တော့တယ် 😁

မြတ်စွာဘုရားရှင်က တိတ်ဆိတ်မှုကို နှစ်သက်တယ်ဆိုတာ ဘာသာခြားတွေတောင်သိကြောင်း အကြိမ်ကြိမ် ရေးခဲ့ဖူးပါတယ်။ ဘာသာခြား ပရိဗိုဇ်တွေက မြတ်စွာဘုရားရှင် ကြွလာတာမြင်ရင် အခုလို ပြောလေ့ရှိတယ်-

"တိတ်ဆိတ်စွာ နေကြကုန်လော့၊ အသံမပြုကြကုန်လင့်၊ ရဟန်းဂေါတမသည် ကြွလာနေ၏။ ထိုအရှင်သည် တိတ်ဆိတ်ခြင်းကို အလိုရှိ၏၊ တိတ်ဆိတ်ခြင်း၏ဂုဏ်ကို ဆိုလေ့ရှိ၏၊ ပရိသတ် အသံတိတ်ဆိတ်နေသည်ကို သိလျှင် ချဉ်းကပ်သင့်၏ဟု အောက်မေ့တန်ရာ၏'' တဲ့။

မြတ်စွာဘုရားပဲ တိတ်ဆိတ်မှု နှစ်သက်တာလားဆိုတော့ မဟုတ်။ သူ့ ဥပါသကာ လူပုဂ္ဂိုလ်တွေဖြစ်တဲ့ အနာထပိဏ်တို့ ဝဇ္ဇိယမာဟိတ တို့လို သူတွေလည်း ဒီတိုင်းပါပဲ။ ကိံဒိဋ္ဌိကသုတ်တို့ ဝဇ္ဇိယမာဟိတသုတ်တို့ကို ကြည့်မယ်ဆိုရင်လည်း အခြားအယူဝါဒရှိသူတွေက အခုလို ပြောလေ့ရှိတာ တွေရတယ်-

"ရဟန်းဂေါတမ၏ စမ္ပာပြည်နေ အဝတ်ဖြူဝတ်သူ လူတပည့်တို့တွင် ဤဝဇ္ဇိယမာဟိတသူကြွယ် သည် တစ်ယောက်အပါအဝင်တည်း။ ထိုသူသည် အသံနည်းမှုကို အလိုရှိ၏၊ အသံနည်းအောင် ဆုံးမထားကုန်၏၊ အသံနည်းမှု၏ ကျေးဇူးကို ဆိုလေ့ရှိကုန်၏၊ ပရိသတ် အသံနည်းသည်ကို သိ၍ ချဉ်းကပ်သင့်သည်''ဟု မှတ်ထင်ကောင်း မှတ်ထင်ရာ၏ဟု အချင်းချင်းပြုပြင်ကုန်၏။"

ဒါတွေကို နမူနာယူပြီး ဗုဒ္ဓဘာသာဝင်တွေက ပြုမှုရမှာဖြစ်ပေမဲ့ လက်တွေ့ကတော့ ပြောင်းပြန်။ ပဋ္ဌာန်းပွဲက အသံကြားနေချိန် အုန်းအုန်းနဲ့ ကွဲသံတွေကြားရင် ဘေးကိုသွားမေးရသေးတယ်။ အသံကြားတာ ဟုတ်ရဲ့လားလို့ 😁

ကိုယ် ကျောင်းဆင်းခါစ မိခင်တပ်ရင်းကို သတင်းပို့ချိန် အဲက တပ်ရင်းမှူးပြောတဲ့ စကားကိုတော့ အခုချိန်ထိ အမှတ်ရနေတုန်းပဲ။ အခြားနေရာမှာ ဘာဖြစ်နေတယ်ဆိုတာ သိဖို့ မင်းနေရာက တိတ်ဆိတ်နေဖို့လိုတယ်တဲ့။

အသံမစဲပဋ္ဌာန်းပွဲနဲ့ ပတ်သက်လာရင် နေပြည်တော်၊ ဓာတုစယဘုရားမှာ ရွတ်ဖတ်တာ အကြိုက်ဆုံးပဲ။ သူ့ ပရိဝုဏ်ထဲပဲ ကြားရတာ။ အဲဘေးနားက အဆောင်မှာနေတဲ့ ကိုယ်တွေ ရံခါ ပဋ္ဌာန်းပွဲရှိတာတောင် မသိဘူးရယ်။

အလားတူ အဘိဓမ္မာနေ့ ကျူးရင့်သံတွေဆိုတာလည်း ကိုယ်တွေ ကိုယ်တိုင် ရွတ်ဖတ်ဖူးပါတယ်။ ပတ်ဝန်းကျင်ကို Noise pollution မပေးပါ။

ကိုယ်တွေငယ်ငယ်ကတည်းက ရပ်ကွက်တွေမှာ အဘိဓမ္မာအဖွဲ့တွေရှိတယ်။ သီတင်းကျွတ်ဆို အိမ်တွေကနေ အလှည့်ကျဖိတ်တယ်။ အာဟာရဒါနလှူကြ ရွတ်ဖတ်ကြနဲ့ ရည်ရွယ်ချက်တွေက ကောင်းပါတယ်။ လောစပီကာသံပဲ နည်းနည်း လျှော့ချသင့်တာပါ။

နိုင်ငံရေး၊ ပညာရေးတွေ ကောင်းလာတဲ့အချိန်မှပဲ အချို့အရာတွေ ပြင်လို့ရမယ်ထင်။ ဘယ်လောက်ကြီး Noise ကို မကြိုက်ရေးရေး ဘုန်းကြီးကျောင်းတွေကလည်း မလိုက်နာတဲ့ကျောင်းတွေ မလိုက်နာပါဘူး။ နယ်တွေမှာ ပိုကြားရတယ်။ မကြာသေးခင်ကပဲ အမျိုးသမီးတစ်ယောက် ဘုန်းကြီးကျောင်းဘက် ဗီဒီယိုရိုက်ပြီး ဘုန်းကြီးကျောင်းနားနေရတာ ဘာကောင်းလဲဆိုပြီး ပြောနေတာတွေ့။

အသံမစဲပဋ္ဌာန်းကို ထူးထူးခြားခြား လူပုဂ္ဂိုလ်တွေ ရွတ်တဲ့ အဖွဲ့တစ်ခုရှိတယ်။ သူတို့က ကိုယ့်ကိုလည်း လာရွတ်ဖို့ ဖိတ်လေ့ရှိတယ်။ သွားပြီးတော့ အာဟာရဒါနပဲ စားဖူးတယ်၊ မရွတ်ဖူးဘူး။ အဲက မိတ်ဆွေတစ်ယောက်က ပြောတယ်။ သူတို့ လော်စပီကာအသံကို လျှော့ထားတယ်တဲ့။ ဒါကို သူတို့ထဲက အချို့က ဘာသာရေးလုပ်တာပဲ မလိုပါဘူး ဘာညာပြောလို့ သူနားလည်အောင် ပြောပြရတယ်ဆိုလား ပြောဖူးတာရှိ။

ဘယ်ဘာသာဖြစ်ဖြစ် တစ်နေ့ကို ဘယ်အချိန်ကနေ ဘယ်အချိန်အတွင်းပဲ လော်စပီကာသုံးခွင့်ရှိမယ်။ သုံးတဲ့အခါမှာလည်း dB ဘယ်လောက်ပဲ ဖွင့်လို့ရမယ် စသဖြင့် သေချာသတ်မှတ်ပေးပြီး လိုက်လည်း လိုက်နာသင့်ပါတယ်။

အဲလိုလည်း တစ်နေတော့ ဖြစ်လာမယ် ယုံကြည်ရင်းပဲ အသက်တွေလည်းကြီးတော့ လာနေပြီ 😁😁😁

Ye Min Thu

1 day ago | [YT] | 10

YMT Knowledge Network

In no time ဆိုတာ အလွန်လျင်မြန်စွာ၊ ချက်ချင်းလိုလို၊ ဒါမှမဟုတ် သိပ်မကြာခင်မှာပဲ ဆိုတဲ့ အဓိပ္ပါယ်ပါ။

- You worry too much; you'll get used to the new job in no time.
မင်း စိတ်ပူလွန်းနေတာ၊ ဒီအလုပ်အသစ်ကို သိပ်မကြာခင်မှာပဲ အသားကျသွားမှာပါ။

- The children ate all the ice cream in no time.
ကလေးတွေက ရေခဲမုန့်တွေအားလုံးကို အလွန်လျင်မြန်စွာ ကုန်အောင်စားလိုက်ကြတယ်။

Don't panic. The repairman will be here in no time.
မလန့်ပါနဲ့။ ပြင်ဆင်ရေးသမားက သိပ်မကြာခင် ဒီကို ရောက်လာတော့မှာပါ။

#DailyEnglish #EverydayEnglish #နေ့စဉ်သုံးအင်္ဂလိပ်စကား #အင်္ဂလိပ်စာလေ့လာမယ် #InNoTime

1 day ago | [YT] | 9

YMT Knowledge Network

Appamādo amatapadaṃ,
Pamādo maccuno padaṃ;
Appamattā na mīyanti,
Ye pamattā yathā matā.

အပ္ပမာဒေါ အမတပဒံ၊
ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊
ယေ ပမတ္တာ ယထာ မတာ။

Heedfulness is the path to the Deathless; heedlessness is the path to death. The heedful do not die; the heedless are as if already dead.

မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏ အကြောင်းတည်း။ မေ့လျော့ခြင်းသည် သေခြင်း၏အကြောင်းတည်း။ မမေ့မလျော့သော သူတို့သည် သေသည် မမည်ကုန်။ မေ့လျော့ သူတို့သည် သေသည် မည်ကုန်၏။

According to historical Buddhist records, this verse is also known as the first Dhamma teaching that was heard by the great Emperor Ashoka and King Anawrahta before they formally became Buddhists.

ဤဂါထာသည် ဗုဒ္ဓဘာသာဝင် မဖြစ်သေးသည့် အသောကမင်းကြီးနှင့် အနော်ရထာမင်းကြီးတို့ ပထမဆုံး နာကြားခဲ့ရသော တရားတော်ဟုလည်း သာသနာဝင်မှတ်တမ်းတို့က ဆိုသည်။

Dhammapada verse 21
ဓမ္မပဒဂါထာ ၂၁

#DailyDhamma #PaliWordOfTheDay #DhammaInEnglish #BuddhistTexts #ဓမ္မပဒ #Dhammapada

1 day ago | [YT] | 18

YMT Knowledge Network

တစ်လဒေါ်လာ ၂၀၀ ပေးသုံးနေရတဲ့ Comet browser ကို အခုအခမဲ့လည်း သုံးခွင့်ပေးလိုက်ပါပြီ။

ဝယ်သုံးတာနဲ့ ကွာခြားချက်တွေတော့ ရှိပါတယ်။ ဒါပေမဲ့လည်း တော်တော်လေးမိုက်တဲ့ Browser မို့ စမ်းသုံးသင့်ပါတယ်။ မသုံးတတ်သေးရင်လည်း မနက်ဖြန် အသုံးပြုနည်းလေး တင်လိုက်ပါမယ်။

ကဲ Chrome ပဲ သုံးနေတော့မှာလား။ Comet ပဲ ပြောင်းသုံးကြမလားဆိုတာ ဆုံးဖြတ်လိုက်ပါတော့။

#CometBrowserFree #ကွန်ပျူတာနည်းပညာ #AiPoweredBrowser

2 days ago | [YT] | 8

YMT Knowledge Network

Stiff competition ဆိုတာ ပြင်းထန်ပြီး ခက်ခဲသော ပြိုင်ဆိုင်မှု သို့မဟုတ် အင်အားကြီးမားသော ပြိုင်ဘက်များနှင့် ရင်ဆိုင်ရခြင်း ဖြစ်ပါတယ်။

- We are facing stiff competition in the housing market.
ငါတို့ အိမ်ခြံမြေစျေးကွက်မှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကို ရင်ဆိုင်နေရတယ်။

- He won the championship against stiff competition.
သူဟာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကြားက ချန်ပီယံဆုကို အနိုင်ရယူခဲ့တယ်။

- Local shops face stiff competition from big supermarkets.     
ဒေသခံဆိုင်တွေက စူပါမားကတ်ကြီးတွေရဲ့ ပြင်းထန်တဲ့ပြိုင်ဆိုင်မှုကို ရင်ဆိုင်နေရတယ်။

#DailyEnglish #EverydayEnglish #နေ့စဉ်သုံးအင်္ဂလိပ်စကား #အင်္ဂလိပ်စာလေ့လာမယ် #StiffCompetition

2 days ago | [YT] | 9

YMT Knowledge Network

Purisassa hi jātassa, kuṭhārī jāyate mukhe;
Yāya chindati attānaṃ, bālo dubbhāsitaṃ bhaṇaṃ.
Yo nindiyaṃ pasaṃsati, taṃ vā nindati yo pasaṃsiyo;
Vicināti mukhena so kaliṃ, kalinā tena sukhaṃ na vindati.

ပုရိသဿ ဟိ ဇာတဿ, ကုဌာရီ ဇာယတေ မုခေ၊
ယာယ ဆိန္ဒတိ အတ္တာနံ၊ ဗာလော ဒုဗ္ဘာသိတံ ဘဏံ။
ယော နိန္ဒိယံ ပသံသတိ တံ ဝါ နိန္ဒတိ ယော ပသံသိယော။
ဝိစိနာတိ မုခေန သော ကလိံ၊ ကလိနာ တေန သုခံ န ဝိန္ဒတိ။

For a man at birth, an axe is born in his mouth.
A fool cuts himself with it, speaking ill speech.
He who praises one deserving blame, or he who blames one who is praiseworthy—
He collects demerit with his mouth. Because of that demerit, he finds no happiness.

လူမိုက်သည် မကောင်းသဖြင့် ဆိုအပ်သော စကားကို ဆိုကာ ယင်း ဓားမ(ပုဆိန်)နှင့် တူသော ကြမ်းကြုတ်သော စကားဖြင့် မိမိကိုယ်ကို ဖြတ်၏။ အကြင်သူသည် ကဲ့ရဲ့သင့်သူကို ချီးမွမ်း၏၊ အကြင်သူသည်ကား ချီးမွမ်းသင့်သူကို ကဲ့ရဲ့၏၊ ထိုသူသည် ပါးစပ်ဖြင့် အပြစ်ကို ဆည်းပူး၏၊ ထိုအပြစ်ကြောင့် ချမ်းသာ ကို မရနိုင်။

Kokālika Sutta
ကောကာလိကသုတ်။

#DailyDhamma #PaliWordOfTheDay #DhammaInEnglish #ကောကာလိကသုတ် #BuddhistTexts

2 days ago | [YT] | 11

YMT Knowledge Network

Go through the roof ဆိုတာ (ဈေးနှုန်း၊ ပမာဏ) အရမ်းကို မြင့်တက်လာခြင်း သို့မဟုတ် ဒေါသအမျက် အရမ်းထွက်ခြင်း ဖြစ်ပါတယ်။

- After the company's new product launch, their stock price went through the roof.
ကုမ္ပဏီရဲ့ ထုတ်ကုန်အသစ် မိတ်ဆက်ပြီးတဲ့နောက် သူတို့ရဲ့ စတော့ရှယ်ယာဈေးနှုန်းဟာ အဆမတန် မြင့်တက်သွားခဲ့ပါတယ်။

- Everyone was surprised when ticket prices went through the roof just before the concert.
ဖျော်ဖြေပွဲမတိုင်မီ လက်မှတ် ဈေးနှုန်းတွေ အဆမတန် တက်သွားတဲ့အခါ လူတိုင်း အံ့သြခဲ့ကြရတယ်။

- If you keep insulting him like that, his anger will go through the roof.
မင်း သူ့ကို အဲဒီလို ဆက်ပြီး စော်ကားနေမယ်ဆိုရင် သူ့ရဲ့ ဒေါသဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားလိမ့်မယ်။

-When the manager heard the bad news, his temper went through the roof.
မန်နေဂျာက သတင်းဆိုးကို ကြားလိုက်တဲ့အခါ သူ့ရဲ့ ဒေါသအမျက်ဟာ အတိုင်းအဆမရှိ ထွက်လာခဲ့ပါတယ်။

#DailyEnglish #EverydayEnglish #နေ့စဉ်သုံးအင်္ဂလိပ်စကား #အင်္ဂလိပ်စာလေ့လာမယ်

3 days ago | [YT] | 9

YMT Knowledge Network

Bahumpi ce saṃhita bhāsamāno,
Na takkaro hoti naro pamatto;
Gopova gāvo gaṇayaṃ paresaṃ,
Na bhāgavā sāmaññassa hoti.

ဗဟုမ္ပိ စေ သံဟိတ ဘာသမာနော၊ န တက္ကရော ဟောတိ နရော ပမတ္တော၊
ဂေါပေါဝ ဂါဝေါ ဂဏယံ ပရေသံ၊ န ဘာဂဝါ သာမညဿ ဟောတိ။

Just as a cowherd, assigned to count the owner’s cattle, does not taste the sweetness of milk, so too, though one speaks much of the Buddha’s word—the three baskets conducive to benefit—if one does not cultivate and practice but remains heedless and negligent, one does not do what is to be done and does not taste the flavor of the path and fruit up to Nibbana.

နွားရှင်တို့အား နွားတို့ကို ရေတွက် အပ်နှင်းလိုက်ရသော နွားကျောင်းသားသည် နွားနို့အရသာကို မခံစားရသကဲ့သို့ နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွါးနှင့်စပ်သော ပိဋကတ်သုံးပုံဟူသော ဘုရားစကားတော်ကို များစွာ ပြောဟောနေသော်လည်း မကျင့်မကြံ မေ့လျော့ပေါ့တန်နေသောသူသည် ပြုထိုက်သည်ကို ပြုသည်မမည်။ မဂ်ဖိုလ်အရသာကို မခံစားရ။

Dhammapada verse 19
ဓမ္မပဒဂါထာ - ၁၉

#DailyDhamma #PaliWordOfTheDay #Dhammapada #ဓမ္မပဒ #DhammaInEnglish #BuddhistTexts

3 days ago | [YT] | 15

YMT Knowledge Network

Built to last ဆိုတာ ခိုင်ခံ့အောင်ပြုလုပ်ထားသည် သို့မဟုတ် ရေရှည်တည်တံ့အောင် တည်ဆောက်ထားသည် လို့ အဓိပ္ပာယ်ရပါတယ်။

- My grandfather’s old watch is still working perfectly; it was truly built to last.
ကျွန်တော့်အဖိုးရဲ့ နာရီအဟောင်းဟာ အခုထိ အကောင်းပကတိ အလုပ်လုပ်နေတုန်းပဲ၊ ဒါဟာ တကယ့်ကို ခိုင်ခံ့အောင် ပြုလုပ်ထားတာပဲ။

- We only use quality materials that are built to last.
ကျွန်တော်တို့က ခိုင်ခံ့တာရှည်ခံမယ့် အရည်အသွေးရှိတဲ့ ပစ္စည်းတွေပဲ သုံးတယ်။

- The engine of this car is built to last for many years. ဒီကားရဲ့အင်ဂျင်က နှစ်ပေါင်းများစွာ တာရှည်ခံအောင် ထုတ်လုပ်ထားတာ။

#DailyEnglish #EverydayEnglish #နေ့စဉ်သုံးအင်္ဂလိပ်စကား #အင်္ဂလိပ်စာလေ့လာမယ် #BuiltToLast

4 days ago | [YT] | 9