MT Channel မှကြိုဆိုလိုက်ပါတယ် 😍🥰🥰
MT Channel914
#ဝတ်ကျေတမ်းကျေ_မလုပ်နဲ့ ကုသိုလ်ကောင်းမှုကို ပြုလုပ်တဲ့အခါ ပြီးစလွယ် ဝတ်ကျေတမ်းကျေလေး မလုပ်ကြနဲ့။ လုပ်ရမယ့် အတူတူ စိတ်ပါလက်ပါသာ လုပ်။ လောက ဘေးရန်အန္တရာယ်တွေ၊ အနှောင့်အယှက်တွေ ဆိုတာ ဘယ်တော့မှ ဟန်နဲ့ မလာဘူး၊ တကယ်လာတာ။ အခက်အခဲ အကြပ်အတည်း မှန်သမျှကို ဟန်နဲ့ ဖြေရှင်းလို့ မရဘူး။ အခက်အခဲ အကြပ်အတည်း တကယ်ကြုံလာရင် ကိုယ့်နှလုံးသားအိမ်မှာ သိုမှီး လေ့ကျင့်ထားတဲ့ ဓမ္မ စွမ်းအားနဲ့ ခုခံ ကာကွယ်နိုင်အောင် ကုသိုလ်အလုပ် တရားအလုပ်ကို တကယ် စိတ်ပါလက်ပါ စူးစူးစိုက်စိုက်လုပ်ထားမှ ဖြစ်မှာပါ။ ကိုယ့်သန္တာန်မှာ ဓမ္မစွမ်းအား ရှိထားမှ အရေးကြုံလာရင် ခုခံ ကာကွယ်နိုင်မှာ။ ကောင်းမှု ကုသိုလ်တွေ ပြုလုပ်ကြတယ် ဆိုတာ ကျရောက်လာမယ့် ဘေးရန် အန္တရာယ်တွေကို ခုခံ ကာကွယ်နိုင်ဖို့ပဲ။တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ယောဆရာတော်ဘုရားကြီး 🙏🙏🙏#ဓမ္မစာစုများ
2 years ago | [YT] | 31
View 0 replies
#ဗန်းမော်ဆရာတော်ဘုရားကြီးဘဝနတ်ထံပျံတော်မူ။🙏🙏🙏#သာသနာ့နေမင်းကြီးကွယ်တော်မူလေပြီ#သာသနာ့ရွှေတောင်ကြီးပြိုသောနေ့ …🙏🙏🙏သာသနာတော်နှစ် ၂၅၆၇၊ နယုန်လဆန်း-၇ရက်၊ ၁၃၈၅ခု၂၅-၅-၂၀၂၃ ည ၁၁ နာရီ ၁၁ မိနစ်အချိန်တွင် မန္တလေးမြို့ ဗန်မော်ကျောင်းတိုက်တွင် နိုင်ငံတော်သံဃာမဟာ နာယကဆရာတော်ကြီး ဖြစ်တော်မူသော နဝမမြောက် ဗန်မော်ဆရာတော်ကြီး ဘဝနတ်ထံပျံလွန်တော်မူခဲ့ပါသည်။#ပျိုရာမှအို #အိုရာမှနာ #နာရာမှသေ#ရှောင်လွှဲမရ #မရဏပေါ့၊#သဗ္ဗေသင်္ခါရအနတ္တပါလား။🌿🙏🏻🌿🙏🏻🌿🙏🏻🌿
2 years ago | [YT] | 51
View 3 replies
ဒုက္ခတွေကြားက ဗုဒ္ဓဘုရားကိုပင့်ဆောင်လာသူ ..... သူလိုလူ 👏ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိဗုဒ္ဓဘုရားမှတစ်ပါးအခြားကိုးကွယ်ရာမရှိပါတကား ......#ဘုန်းလေး,မြန်မာပြည်
2 years ago | [YT] | 84
အထူးဂရုစိုက်ကြပါ-------------သဘာဝဘေးပြင်းထန်ရင် လူတွေတင်မဟုတ်ဘူး နာနာဘဝတွေလည်းဒုက္ခရောက်ပြီး အကာအကွယ်မဲ့တဲ့အိမ်တွေထဲဝင်တတ်တယ်။ဒါ့ကြောင့် လေတွေ မိုးတွေ တိုက်နေတဲ့အချိန်တွေမှာ အိမ်တွေမှာ ပရိတ်ပဋ္ဌာန်းတွေပူဇော်ကြပါ ပရိတ်ပဋ္ဌာန်းအခွေတွေ ဖွင့်ထားကြပါ။မိမိတို့ နားလည်သလို အိမ်တွေကို ပရိတ်အရံအတားတွေ ပြုလုပ်ထားသင့်လှပါတယ်။အထူးသဖြင့် ကလေးငယ်ရှိတဲ့အိမ်တွေ အထူးဂရုစိုက်ကြပါ၊ သူတို့ ဒုက္ခပေးတတ်တယ်။ မိမိတို့ မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေအတွက်လည်း ကြိုတင်ပြင်ဆင်ကာကွယ်ပေးဖို့ မမေ့ကြပါနဲ့။ကိုယ်စောင့်နတ်တွေရဲ့ နိုးဆော်မှူ့တွေကြောင့် ပုံမှန်မဟုတ်တဲ့ဖြစ်စဥ်တွေ ဖြစ်တတ်တာကိုလည်း အထူးသတိထားပြီးစောင့်ကြည့်ကြပါ။ ဒီရက်ပိုင်း နိမိတ်တွေ အိမ်က်တွေကို သတိထားကြပါ။တရားနဲ့လည်း ကာကွယ်ပါ။ဇွဲ လုံ့လ ထုတ်ပြီးတော့လည်း ကာကွယ်ကြပါ။အသက်ထက် ဘယ်အရာမှ အရေးမကြီးပါဘူး၊ဒုက္ခရောက်နေသူတွေအတွက်လည်း နိုင်တဲ့ဘက်ကနေ ကူညီကြဖို့ တိုက်တွန်းနိုးဆော်ပါရစေ။ဗုဒ္ဓအမွေအနှစ် ပေါကြွယ်ဝလှတဲ့ ရခိုင်ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အသည်းနှလုံးပါ။ဓမ္မအားရော ဓနအားရော ဥာဏ အားပါဝိုင်းဝန်းကူညီဖို့ ကြိုးစာပေးကြပါ။-----------------မှတ်ချက်ပရိတ်ပဋ္ဌာန်းစုပေါင်းပူဇော်တာ ခုနစ်ရက်ပြည့်သွားပေမဲ့ နောက်ထပ် နှစ်ရက် ထပ်တိုးပူဇော်ကြပါမယ်၊ ပါဝင်နိုင်သူများ ဆက်လက်ပါဝင်ပေးကြဖို့ နိုးဆော် တိုက်တွန်းပါ၏။ပြန်လည် မျှဝေပေးကြဖို့မတ်ေတာရကျခံပါ၏။
2 years ago | [YT] | 26
သဘာဝဘေးဆိုးကြီးတွေကြုံတွေ့ရတဲ့အခါ-----------အလုပ်တခုမှာ ကံ ဥာဏ် ဝီရိယ သုံးခုပြည့်စုံမှသာ ပိုပြီးအရာရာအဆင်ပြေနိုင်မှာပါ။ပရိတ်ပဋ္ဌာန်းတွေ ပူဇော်တာလည်း ပူဇော်တာပေါ့၊ သဘာဝဘေးကြောင့် ဒုက္ခတွေရောက်ကြတဲ့အခါလည်း ဥာဏ်နဲ့ ဝီရိယ ထုတ်ပြီး ကာကွယ်ကြဖို့ သင့်ပါတယ်။ရာသီဥတုသတင်းကို အဆက်မပြတ်ပါစေနဲ့။အကြောက်အလန့် မဖြစ်ပါစေနဲ့၊ အရာရာကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ပါ။အရေးကြီးစာရွက်စာတမ်းတွေ သိမ်းဆည်းတာမျိုး တန်ဖိုးရှိပစ္စည်းတွေ သိမ်းဆည်းတာမျိုးကြာရှည်ခံအစား အသောက် ဆေးဝါးတွေ စုဆောင်းတာမျိုး တွေ ပြုလုပ်ပြီး တကယ်အန္တရယ်ကျရောက်လာရင် ကြိုတင်ပြင်ဆင်သင့်တာတွေ ကြိုတွေးထားနိုင်ရပါမယ်။(စီးပွားရေးဝိသမလောဘသားတွေရဲ့ သားကောင်းဖြစ်မသွားဖို့ ကိုယ့်အတွက် ကိုယ့်မိသားစုအတွက် ဒုက္ခရောက်သူတွေကိုမျှဝေဖို့အတွက် လိုအပ်သလောက်ပဲ ဝယ်ကြဖို့လည်း အရေးကြီးလှပါတယ်။)ကိုယ်က သဘာဝဘေးဒဏ်သိပ်မခံရလို့ ဘာမှမဖြစ်ပေမဲ့ တကယ့်ဘေးဒုက္ခတွေကြုံနေသူတွေကို ဘယ်လိုကူညီနိုင်မလဲ၊ ဘာတွေကူညီနိုင်မလဲ ၊ ဒါတွေလည်း ကြိုတင်ပြင်ဆင် စဥ်းစားထားဖို့ လိုအပ်လှပါတယ်။ပရိတ်ပဋ္ဌာန်းပူဇော်တာက ကံအကျိုး မျှသာဖြစ်တယ်၊ ဥာဏ်ဝီရိယအကျိုးအတွက် အထက်ပါဖော်ပြတဲ့အကြောင်းတရားတွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်လှပါတယ်။ခါတိုင်းနှစ်တွေနဲ့မတူတဲ့ သဘာဝဘေးဆိုး ကြီးတွေဟာ လူတွေထင်မှတ်ထားတဲ့အခြေအနေတွေနဲ့ ဝင်ရောက်နိုင်တာမို့ အစစ အရာရာ ကံ ဥာဏ် ဝီရိယ သုံးပြီး ဖြေရှင်းကြဖို့ တိုက်တွန်းနိုးဆော်ပါရစေ။ဦးမြင့်ခိုင်
2 years ago | [YT] | 30
(သာ/ဝန်) မှ တာဝန်ရှိသူများ ထိရောက်စွာအရေးယူပေးပါ =============အမြင်မသင့်တာတော့ အမှန်ပါအတုမရှိသော မြတ်ဗုဒ္ဓ၏လက္ခဏာတော်များwwwwwwwwwwwwwwwwwwwwwwwww စိတ်ဆင်းရဲတယ် ဘုရားရှင်ရုပ်ထုကိုသွန်းထုတဲ့ပန်းပုပညာရှင်တွေအနေနဲ့ ဘုရားရှင်လက္ခဏာတော်တွေကို သေချာလေ့လာပီးမှထုလုပ်သင့်ပါတယ်။vဘုရားရှင်ရဲ့လက္ခဏာတော် ၃၂ ပါးကိုလည်းအောက်မှာအသေးစိတ်ဖော်ပြပေးလိုက်ပါတယ်။ နယ်မြေသာသနာပိုင် ဆရာတော်ဘုရားကြီးများ လည်းထိမ်းသိမ်းကြတ်မတ်ပေးကြပါဘုရား ဘုရားနဲ့မတူအနူဆိုတဲ့ စကားလုံးက ရှေးကတည်း က ပေါ်လာတဲ့စကားပါ သတိထား စင်ချင်ရမှာပါ။ လူတွေလူတွေ လုပ်ချင်ရာ စွတ်လုပ် နေကြတာ ခက်တယ်။ကုသိုလ်ရေးကနေ အကုသိုလ်ရေးတွေဖြစ်ကုန်ပီ။ လှူတာတန်းတာကို သာဓုခေါ်ပါတယ် အားလည်းပေးပါတယ်။ အမြင်မတင့်တယ် တာကိုတော့ မတင့်တယ်ဘူးလို့ ပြောရမှာပါပဲ။ ပြန်လည် မွမ်းမံ ပြင်ဆင် စေချင်ပါတယ်။ လာဖူးမျှော်သူတွေက ဟင် ဘုရားပုံကြီးကလည်းလို့ စိတ်ထဲက ဆိုလိုက်တာနဲ့ အကုသိုလ်ကဖြစ်သွားပြီ။ကိုယ်လုံးတော် ခေါင်းတော် ခြေလက်တော်တွေကိုစနစ်တကျ တွက်ချက်သွန်းလုပ်မယ်ဆိုရပါတယ်။ကျွန်တော့်အမြင်မှာတော့တစ်ကယ်ကို မသင့်တော်ပါ စိတ်မကောင်းလဲ ဖြစ်မိတယ်။ကျွန်တော်တို့ဘုရားရှင် ဒီလောက်ရုပ်ဆိုးမယ် မထင်ပါဘူး.။လက်တော်တွေလည်း ပိန်တဲ့နေရာပိန်တုတ်တဲ့နေရာတုတ်နဲ့ နုတ်ခမ်းတော်ကကော ဘာကိုအလိုမကြဖြစ်နေလို့လဲမသိ.ဦးခေါင်းတော်နဲ့ ကိုယ်လုံးတော် ကလည်း မမျှတအတော်ဆိုးတဲ့ ပန်းပုဆရာ ဘုရားရှင် ပုံတော်ကို လုပ်ချင်သလို လုပ်ခွင့်တော့ မပြုနိုင်တာအမှန်ပါ။ #မုံရွာနဲ့မြေနဲရွာနားက #ကျော်တွယ်တာဟိန်းရွာလို့ သိရပါတယ်#ကားလမ်းဘေးတင်ပဲလို့ သိထားပါတယ်။;;;;;;;;;;;;;;;;;; မြတ်စွာဘုရားရှင်၏ လက္ခဏာတော်-{ ၃၂ } ပါး _____________________________________________ ၁ / ခြေဖဝါးတော်သည် လူအများကဲ့သို့ အလယ်၌ ချိုင့်၍ ခွတ်မနေ ဘဲ ''ဖနောင့် အလယ်သား,ဖဝါးစွန်း"သုံးဌာနလုံး ညီနေပါသည်။ [ဤလက္ခဏာတော်ကြောင့် မြေ၌ နင်းလိုက်သောအခါ တညီတ ညွတ်တည်း ထိရကား ခြေ၏လက္ခဏာ ခြေတော်ရာများ အပြည့်အစုံ ထင်နိုင်လေသည်။] ၂ / ခြေဖဝါးတော်၏ အပြင်တို့၌ စက်ဘီးပုံသဏ္ဌာန် (အကန့်ဒေါက်ဆန် အကွပ် ပုံတောင်း) အပြည့်အစုံပါသောလစက်လက္ခဏာလည်း ရှိပါသည်။ ၃ / သူတစ်ပါးထက်ရှည်သော ဖနောင့်လည်း ရှိပါသည်။ [ ခြေဖဝါးကို အလျားလိုက် တိုင်၍ ( ၃ ) ပုံ ပုံထားလျှင် ( ၂ )ပုံသည် ခြေဖျားဘက်မှာ ပါ၍ တစ်ပုံအထက်၌ ခြေသလုံတည်၏၊ နောက်တစ်ပုံမှာ ဖနောင့်ပင်တည်း၊ထိုဖနောင့်တော်ကား ပွတ်ဖြင့် ပွတ်၍ထားသကဲ့သို့ လုံးလုံးဝိုင်းဝိုင်း ရှိသည်။] ၄ / အရင်းတုတ်၍ အဖျားသွယ်သောလက်ချောင်း ခြေချောင်းတော် များလည်း ရှည်ရှည်လျားလျား ညီညွတ်စွာရှိပါသည်။ ၅ / ဖွားမြင်ခါစ သတို့သား၏ လက်များကဲ့သို့ အမြဲနုနယ်သော လက် ခြေလည်း ရှိပါသည်။ ၆ / လက်ချောင်း ခြေချောင်းတို့သည် အတိုအရှည် မရှိ၊ မုယောစပါး နှင့်တူသော အမှတ်အသားချင်းဆက်သွယ်ကာ လေသာပြတင်းပေါက်ဝယ် ဇာကွက်တပ်ထားပုံနှင့်တူပါသည်။ ၇ / ဖမျက်တို့သည် ( ယခုလူများ၌ ခြေဖမိုး အထက်နားဝယ် ကပ်၍ တည်သကဲ့သို့ မဟုတ်ဘဲ) အထက်၌ မြင့်နေကြပါသည်။ ၈ / ခြေသလုံးသည် ( ယခု လူများဝယ် နောက်တစ်ဘက်၌သာ အသားစိုင်ပါသကဲ့သို့မဟုတ်ဘဲ ရှေ့နောက်နံပါးတို့၌ အသားစိုင် ရှိရကား သလေးစပါးလုံးကလေများနှင့် တူကြပါသည်။ ၉ / ကိုယ်ခန္ဓာ၏ အထက်ပိုင်း အောက်ပိုင်း ညီမျှသောကြောင့် မကုန်းမကွ မကိုင်ညွတ်ဘဲ မက်မက်ရပ်ကား ဒူးပဆစ်တို့ကို လက်နှစ်- ဖြင့် ထိအောင် သုံးသပ်နိုင်ပါသည်။ ၁၀ / အအိမ်ဖြင့် ဖုံးကာ ပဒုမ္မာကြာတိုက်နှင့် ပုံသဏ္ဌာန်တူ၍ ရွှေအဆင်း ရှိလေသည်။(အင်္ဂ ါဇာတ်တော်ကိုကား တိုက်ရိုတ်ပြ၍ မဖြစ်နိုင်သောကြောင့် အဝတ်တွင်း၌ရှိသော အင်္ဂ ါ၏ ပုံသဏ္ဌာန်ကို တံခိုးတော်ဖြင့် အရိပ်မျှပြတော်မူလေသည်။) ၁၁ / ခန္ဓာကိုယ်သည် လုံးလုံးကျစ်ကျစ်ရှိ၍ အရေအဆင်းမှာ ရွှေအဆင်းရှိပါသည်။ ၁၂ / အသားအရေးလည်း အလွန်နုနယ်ပါသည်။ ၁၃ / မွေးညင်း တစ်တွင်းတစ်တွင်းတို့၌ မွေးညင်း တစ်ချောင်းစီ တစ်ချောင်းစီ ပေါက်ကြပါသည်။ ၁၄ / ထို မွေညင်းတို့သည် မျက်စဉ်းညိုရောင်အဆင်းရှိကာ လက်ယာရစ်လည်၍ အထက်သို့ အဖျားလှည့်နေပါသည်။ ၁၅ / ဖြောင့်စင်းသော ခန္ဓာကိုယ်လည်း ရှိပါသည်။ ၁၆ / လက်ဖမိုး နှစ်ဖက် ခြေဖမိုး နှစ်ဖက် ,ပခုံးစွန်း နှစ်ဖက် လည်ကုပ် ဟူသော ( ၇ )ဌာနတို့၌ အသားပြည့်ဖြိုးရကား အကြော အရိုးများ မထင်မရှား ရှိနေပါသည်။ ၁၇ / ခြင်္သေ၏ ရှေ့ပိုင်း ကိုယ်တစ်ဝက်သည် ပြည့်စုံသကဲ့သို့ ရှေ့ပိုင်း နောက်ပိုင်း အထက်ပိုင်း အောက်ပိုင်း အားလုံးပင်ပြည့်စုံပါသည်။ ၁၈/ လက်ပြင်ရိုး နှစ်ခု၏ အကြား၌ ပြည့်ဖြိုးသော အသားလည်း-ရှိပါသည်။ ၁၉ / ဝန်းဝိုင်းသော ပညောင်ပင်သည် အမြင်နှင့် အဝိုင်း ညီမျှသကဲ့သို့ ကိုယ်တော်၏အရပ်နှင့် အလံပမာဏ ( လေးတောင်အတိအကျ) ညီမျှပါသည်။ ၂၀ / အညီအမျှ လုံးသောပခုံး ( လည်ပင်း) လည်းရှိပါသည်။ ၂၁ / အရသာကို ဆောင်ယူနိုင်သော အကြောကောင်းများလည်းရှိပါသည်။ ၂၂ / ခြင်္သေ၏ အောက်မေးသည် ပြည့်ဖြိုးသကဲ့သို့ ပြည့်ဖြိုးသော အထက်မေး အောက်မေး နှစ်မျိုးလုံး ရှိပါသည်။ ၂၃ / သွားတော် ( ၄၀ ) ပါရှိပါသည်။ ယခုလူများ ( ၃၂ ) ချောင်း။ ၂၄ / ထိုသွားတော်အားလုံး ညီနေပါသည်။ ၂၅ / သွားတော်အားလုံး ကျိုးတိုကျဲတဲ မရှိပါ။၂၆ / သွားတော်အားလုံး ဖြူစင်သည်ထက် စွယ်တော် ( ၄ )ချောင်းမှာ အထင်အရှား ဖြူဆွတ်ပါသည်။ ၂၇ / လျှာတော်သည် နုညံ့ရှည်လျား ပြန့်ကျယ်ပါသည်။( လက်ဝဲ လက်ယာ နှာခေါင်းနှင့် နားတွင်းတို့ကိုလည်း သုံးသပ် နိုင်၏ နဖူးတော်ကိုလည်း ဖုံကွယ်နိုင်ပါသည်။) ၂၈ / အသံတော်သည် ကရဝိတ်သံကဲ့သို့ အလွန်ကောင်းပါသည်။ ( သလိပ် စသည်တို့ အငြိအတွယ် မရှိခြင်း,သာယာခြင်း စကားလုံးပီသပြတ်သားခြင်း၊ နာထောင်ကောင်းခြင်း ဖရိုဖရဲ မကွဲအက်ခြင်း၊ လုံးလုံးစည်းစည်းရှိခြင်း၊ နက်နဲသော ချက်အရပ်မှစ၍ထွက် လာသော အသံဖြစ်ရကား အသံမတိမ်ခြင်း ကြောင်တတ်တတ် မဟုတ် ပဲ့တင်ထပ်မျှ ဟိန်းခြင်း၊ ဤသို့သဘော ဂုဏ်အင်္ဂ ါတို့နှင့် ပြည့်စုံပါသည်။) ၂၉ / ညိုသင့်သောအရပ်၌ အလွန်ညိုသော မျက်လုံးတော်ရှိပါသည်။ ၃၀ / ဖွားပြီးခါစ နွားနီကလေ၏ မျက်လုံးအိမ်နှင့် တူသော မျက်လုံးအိမ်လည်းရှိပါသည်။ ၃၁ / မျက်ခုံးနှစ်ဖက် အလယ်တည့်တည့်၌ နုညံ့သော ဝါဂွမ်းကဲ့သို့အလွန်နု၍ ဖြူဆွတ်သောအမွေးလည်း ပေါက်လျက်ရှိပါသည်။ [ ဥဏ္ဏလုံမွေးရှင်တော်ဟု ခေါ်ပါသည်] ၃၂ / လက်ယာနားစွန် မှစ၍ လက်ဝဲနားစွန်း တိုင်အောင် အထက်တက်သောအသားလွှာသည်နဖူးတစ်ပြင်လုံးဖုံနေရကာ နဖူးတော်တစပြင်လုံးသင်းကျစ်ပြားဖြင့်ဖွဲ့ထားသကဲ့သို့ ထင်ရလောက်အောင်ပြေပြစ်သည်။ #သာဂရအရှင်
2 years ago | [YT] | 25
View 4 replies
🏵သမာဓိကြောင့် ခန္ဓာကိုယ်မှာ🏵ဓာတ်တစ်မျိုးထွက်လာတယ် 🙏=🏵တော်တော်ကို သမာဓိကောင်းလာတဲ့ အချိန်ကျရင်တော့ ဝေဒနာ လုံးလုံးပျောက်သွားတာလည်း ရှိတယ်။ 🙏🏵အဲလို ဝေဒနာပျောက်သွားရတဲ့ အကြောင်းတွေထဲမှာ အကြောင်းအများကြီး ရှိနိူင်တယ်။🙏🏵သတိ သမာဓိကောင်းလာရင် ဝေဒနာပျောက်သွားတယ်ဆိုတာ သတိကြောင့် သမာဓိကြောင့် ခန္ဓာကိုယ်မှာ ဓာတ်တစ်မျိုးထွက်လာတယ်။ 🙏🏵ဒါကိုတော့ ဗမာပြည်မှာ သိပ်ပြောလေ့ မရှိဘူး။ အနောက်နိူင်ငံတွေမှာတော့ သူတို့တွေက အမျိုးမျိုးစမ်းသပ်တတ်တဲ့ အလေ့အကျင့်ရှိတာကိုး။🙏 🏵တရားအားထုတ်လို့ သမာဓိကောင်းလာတဲ့လူရဲ့ ဒီသမာဓိ အားကောင်းနေတုန်းမှာ ဦးနှောက်ကနေပြန်ထွက်လာတဲ့ သွေးကို ယူပြီးတော့ ဓာတ်ခွဲကြည့်တဲ့အခါမှာ အဲဒီသွေးထဲမှာ🙏' Endophin ' အင်ဒိုဖင်း ဆိုတဲ့ဓာတ် တော်တော်များနေတာ တွေ့ရတယ်။ ဦးနှောက်က ဒီEndophinဓာတ်ကို ထုတ်ပေးတယ်။🙏🏵သာမန်လူတွေမှာလည်း ' အင်ဒိုဖင်း ' ဆိုတဲ့ ဓါတ်က ရှိတယ်။ အဲဒီ ' အင်ဒိုဖင်း ' ဓာတ် မထွက်လို့ရှိရင် ဒီခန္ဓာကိုယ်ဟာ အချိန်ပြည့် နာကျင်ကိုက်ခဲနေတောမှာပဲ။ 🙏🏵အင်ဒိုဖင်းဆိုတာ ' Endogenenous Morphine ' ကို ပြောတာ။' Endogenenous ' ဆိုတာ ခန္ဓာကိုယ် ကိုယ်တွင်းမှာဖြစ်တာ။ ' Morphine ' ဆိုတာ ဟော်မုန်းဓာတ်တစ်မျိုးရဲ့ နာမည်ပဲ။🙏🏵ပြင်ပကလုပ်ထားတဲ့ Morphine နဲ့ မတူဘူး။ပြင်ပက လူတွေလုပ်ထားတဲ့ မော်ဖင်း' Morphine ' က ထိုင်းမှိုင်းတယ်၊ငိုက်မြည်းတယ်။ 🙏🏵ခန္ဓာကိုယ်တွင်းက သူ့အလိုလိုဖြစ်လာတာက ထိုင်းမှိုင်းမှု ငိုက်မြည်းမှု မဖြစ်ဘူး။ 🙏🏵နာကျင်မှုတွေ ပျောက်ပြီးတော့ ကြည်လင်ပြီးတော့ အေးချမ်းနေတဲ့ သဘောရှိတယ်။ခန္ဓာကိုယ်ရော စိတ်ရော နှစ်ခုလုံးကို ကြည်လင်ငြိမ်းချမ်းစေတယ်။🙏🌳တရားအားထုတ်ရင် ဒီဓာတ်က ထွက်လာတာ။ 🙏🌳ဒါတွေကအခု အနောက်နိူင်ငံမှာ တရားအားထုတ်တဲ့သူတွေနဲ့ တွေ့ပြီးတော့ 🙏Research တွေအများကြီးလုပ်လို့ တွေ့ရှိတဲ့အချက်တွေပါ။ 🌳ဒီ Research တွေလည်း America မှာတော့ အမြဲတမ်းလိုလို လုပ်နေတယ်။ 🌳ဒါရဲ့တန်ဖိုးကိုလည်း သူတို့သိလာတယ်။🙏' 🌳အင်ဒိုဖင်း ' များများထွက်အောင် လုပ်လို့ရရင် ခန္ဓာကိုယ်မှာ အများကြီးအကျိုးရှိတယ်။ 🙏စိတ်နဲ့ပက်သက်လို့လည်းအကျိုးအများကြီးရှိတယ်ဆိုတာ သူတို့သိတယ်။ ခန္ဓာကိုယ်ရော စိတ်ရောနှစ်ခုလုံးငြိမ်းချမ်းနေတဲ့ အတွက်ကြောင့်ခန္ဓာကိုယ်မှာ (Stress) စိတ်ဖိစီးမှုတွေနည်းပြီး (immunity) ခုခံစွမ်းအား ကောင်းလာတယ်။🙏🌳ဒီ အင်ဒိုဖင်းထွက်တဲ့အချိန်မှာ စိတ်ပင်ပန်းတာလုံးဝ မရှိတော့ဘူး။ တရားထိုင်လိုက်လို့ အင်ဒိုဖင်း ထွက်လာရင် စိတ်ကျရောဂါ(depression) ပျောက်သွားရော။ အလွယ်ဆုံးပဲ။ ဆေးဝယ်သောက်စရာ မလိုဘူး။ အဲဒီ အင်ဒိုဖင်း level မြင့်လာတဲ့အခါညောင်းတာ နာတာ လျော့သွားတယ်။🌳အဲဒီ အင်ဒိုဖင်း level မြင့်လာဖို့ဆိုတာလည်းပဲ သမာဓိအား အတော်လေးကောင်းတဲ့အထိကို အားထုတ်ရမှာ။ 🙏🌳ဝေဒနာပြင်းထန်လာလို့ သမာဓိမရဘူးလို့ ဒီလိုပြောပြီးတော့ ရပ်ထားလို့ မရဘူးနော်။🙏🌳ဝေဒနာဖြစ်နေတာကိုပဲ သိ သိ သိပြီးတော့ ဆက်သွားရမှာပဲ။ 🙏🌳တကယ်ပဲ မခံနိူင်တဲ့အဆင့်ကို ရောက်ရင်တော့ သိပြီးတော့ ဖြည်းဖြည်း ပြင်ပါ။ 🙏🌳ပြင်နေတုန်းမှာ ဝေဒနာရဲ့သဘာဝပြောင်းသွားနေတာကို သိနေပါ ...🙏.. ။ Credit.. ..🙏⚘ဆရာတော်ဦးဇောတိက🙏⚘🙏⚘အချေခံဝိပသာနာ🙏⚘
2 years ago | [YT] | 76
ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီး ကျန်းမာချမ်းသာစွာ သီတင်းသုံးလျှက်ရှိပါသည်။🙏🙏🙏
2 years ago | [YT] | 88
View 20 replies
ရွှေတိဂုံစေတီတော် ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းလောင်းပူဇော် ( 3.5.2023 ) 🙏...🙏...🙏
View 1 reply
{ ကဆုန်လပြည့် ဗုဒ္ဓနေ့ }"ယနေ့ ဥပုသ်နေ့သည် ကဆုန်လပြည့် ဗုဒ္ဓနေ့ ဖြစ်သည်"ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ*********************************#ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ္ခံ ကဆုန်လပြည့်နေ့ကဆုန်လပြည့် (၅)နေ့။(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး အသင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)****#ကဆုန်လပြည့် #ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ၁။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ (ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်, စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....#ဗျာဒိတ်ခံယူသောနေ့#ဖွားမြင်တော်မူသောနေ့#ဘုရားဖြစ်တော်မူသောနေ့#ပရိနိဗ္ဗာန်စံတော်မူသောနေ့ဤထူးခြားချက်လေးမျိုးတို့နှင့် တိုက်ဆိုက်နေပါသည်။ ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့် ပြည့်စုံသောကြောင့် ဤနေ့ကို `#ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု အမွှန်းတင် ခေါ်ဆိုကြပါသည်။၂။ ဤကဆုန်လပြည့်နေ့ တွင်မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့် ဤနေ့ဤရက်ကို `ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင် စွဲမြဲ၍နေကြပါသည်။၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွားမြင်တော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍ ကဆုန်လပြည့်နေ့ကို `ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။ ဝိသာခါဒေးဟု ဆိုလိုပါသည်။၄။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။၅။ ဗောဓိပင်သည် သဗ္ဗုညုတဉာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖက်တော် ၇ ပါးတွင် စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့် ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။ ဤကဲ့သို့ မြတ်စွာဘုရားနှင့် တိုက်ရိုက်ဆက်စပ်၍ ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက် ကဆုန္လ၌ ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာ သတ်မှတ်ခဲ့ကြပါသည်။၇။ အသနဗောဓိယမထေရ်၏ အလောင်းသည် တိဿဘုရားရှင်၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊ အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို ခံစားရကြောင်း (ထေရာပဒါန်) ကျမ်းဂန်၌ ဟောကြားထားပါသည်။၈။ ဂန္ဓောဒကတိဿမထေရ်၏ အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့် သွန်းလောင်းသောကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊ သောကကင်းဝေးခြင်း စသောအကျိုးများကို ခံစားရပါသည်။၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို အနေကဇာတင် ဗုဒ္ဓအဘိသေက မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။ ကျောင်းကန်ဘုရားသို့သွား၍ ဒါန သီလ ဘာဝနာအမွုကို ပြုလုပ်၍ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမွတ္တရ ဆင်နွှဲကြပါသည်။ 🙏 အရှင်နရိန်-မော်လမြိုင် 🙏 ~~~~~~~~~~~~~~~~~~
2 years ago | [YT] | 71
View 8 replies
Load more
MT Channel914
#ဝတ်ကျေတမ်းကျေ_မလုပ်နဲ့
ကုသိုလ်ကောင်းမှုကို
ပြုလုပ်တဲ့အခါ
ပြီးစလွယ် ဝတ်ကျေတမ်းကျေလေး
မလုပ်ကြနဲ့။
လုပ်ရမယ့် အတူတူ
စိတ်ပါလက်ပါသာ လုပ်။
လောက ဘေးရန်အန္တရာယ်တွေ၊
အနှောင့်အယှက်တွေ ဆိုတာ
ဘယ်တော့မှ ဟန်နဲ့ မလာဘူး၊
တကယ်လာတာ။
အခက်အခဲ
အကြပ်အတည်း မှန်သမျှကို
ဟန်နဲ့ ဖြေရှင်းလို့ မရဘူး။
အခက်အခဲ အကြပ်အတည်း
တကယ်ကြုံလာရင်
ကိုယ့်နှလုံးသားအိမ်မှာ
သိုမှီး လေ့ကျင့်ထားတဲ့
ဓမ္မ စွမ်းအားနဲ့
ခုခံ ကာကွယ်နိုင်အောင်
ကုသိုလ်အလုပ်
တရားအလုပ်ကို
တကယ် စိတ်ပါလက်ပါ
စူးစူးစိုက်စိုက်လုပ်ထားမှ ဖြစ်မှာပါ။
ကိုယ့်သန္တာန်မှာ
ဓမ္မစွမ်းအား ရှိထားမှ
အရေးကြုံလာရင်
ခုခံ ကာကွယ်နိုင်မှာ။
ကောင်းမှု ကုသိုလ်တွေ
ပြုလုပ်ကြတယ် ဆိုတာ
ကျရောက်လာမယ့်
ဘေးရန် အန္တရာယ်တွေကို
ခုခံ ကာကွယ်နိုင်ဖို့ပဲ။
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက
ယောဆရာတော်ဘုရားကြီး
🙏🙏🙏
#ဓမ္မစာစုများ
2 years ago | [YT] | 31
View 0 replies
MT Channel914
#ဗန်းမော်ဆရာတော်ဘုရားကြီးဘဝနတ်ထံပျံတော်မူ။🙏🙏🙏
#သာသနာ့နေမင်းကြီးကွယ်တော်မူလေပြီ
#သာသနာ့ရွှေတောင်ကြီးပြိုသောနေ့ …🙏🙏🙏
သာသနာတော်နှစ် ၂၅၆၇၊ နယုန်လဆန်း-၇ရက်၊ ၁၃၈၅ခု၂၅-၅-၂၀၂၃ ည ၁၁ နာရီ ၁၁ မိနစ်အချိန်တွင် မန္တလေးမြို့ ဗန်မော်ကျောင်းတိုက်တွင် နိုင်ငံတော်သံဃာမဟာ နာယကဆရာတော်ကြီး ဖြစ်တော်မူသော နဝမမြောက် ဗန်မော်ဆရာတော်ကြီး ဘဝနတ်ထံပျံလွန်တော်မူခဲ့ပါသည်။
#ပျိုရာမှအို #အိုရာမှနာ #နာရာမှသေ
#ရှောင်လွှဲမရ #မရဏပေါ့၊
#သဗ္ဗေသင်္ခါရအနတ္တပါလား။
🌿🙏🏻🌿🙏🏻🌿🙏🏻🌿
2 years ago | [YT] | 51
View 3 replies
MT Channel914
ဒုက္ခတွေကြားက ဗုဒ္ဓဘုရားကို
ပင့်ဆောင်လာသူ ..... သူလိုလူ 👏
ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ
ဗုဒ္ဓဘုရားမှတစ်ပါးအခြားကိုးကွယ်ရာ
မရှိပါတကား ......
#ဘုန်းလေး,မြန်မာပြည်
2 years ago | [YT] | 84
View 3 replies
MT Channel914
အထူးဂရုစိုက်ကြပါ
-------------
သဘာဝဘေးပြင်းထန်ရင် လူတွေတင်မဟုတ်ဘူး နာနာဘဝတွေလည်းဒုက္ခရောက်ပြီး အကာအကွယ်မဲ့တဲ့အိမ်တွေထဲဝင်တတ်တယ်။
ဒါ့ကြောင့် လေတွေ မိုးတွေ တိုက်နေတဲ့အချိန်တွေမှာ အိမ်တွေမှာ ပရိတ်ပဋ္ဌာန်းတွေပူဇော်ကြပါ ပရိတ်ပဋ္ဌာန်းအခွေတွေ ဖွင့်ထားကြပါ။
မိမိတို့ နားလည်သလို အိမ်တွေကို ပရိတ်အရံအတားတွေ ပြုလုပ်ထားသင့်လှပါတယ်။
အထူးသဖြင့် ကလေးငယ်ရှိတဲ့အိမ်တွေ အထူးဂရုစိုက်ကြပါ၊ သူတို့ ဒုက္ခပေးတတ်တယ်။
မိမိတို့ မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေအတွက်လည်း ကြိုတင်ပြင်ဆင်ကာကွယ်ပေးဖို့ မမေ့ကြပါနဲ့။
ကိုယ်စောင့်နတ်တွေရဲ့ နိုးဆော်မှူ့တွေကြောင့် ပုံမှန်မဟုတ်တဲ့ဖြစ်စဥ်တွေ ဖြစ်တတ်တာကိုလည်း အထူးသတိထားပြီးစောင့်ကြည့်ကြပါ။ ဒီရက်ပိုင်း နိမိတ်တွေ အိမ်က်တွေကို သတိထားကြပါ။
တရားနဲ့လည်း ကာကွယ်ပါ။
ဇွဲ လုံ့လ ထုတ်ပြီးတော့လည်း ကာကွယ်ကြပါ။
အသက်ထက် ဘယ်အရာမှ အရေးမကြီးပါဘူး၊
ဒုက္ခရောက်နေသူတွေအတွက်လည်း နိုင်တဲ့ဘက်ကနေ ကူညီကြဖို့ တိုက်တွန်းနိုးဆော်ပါရစေ။
ဗုဒ္ဓအမွေအနှစ် ပေါကြွယ်ဝလှတဲ့ ရခိုင်ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အသည်းနှလုံးပါ။
ဓမ္မအားရော ဓနအားရော ဥာဏ အားပါ
ဝိုင်းဝန်းကူညီဖို့ ကြိုးစာပေးကြပါ။
-----------------
မှတ်ချက်
ပရိတ်ပဋ္ဌာန်းစုပေါင်းပူဇော်တာ ခုနစ်ရက်ပြည့်သွားပေမဲ့ နောက်ထပ် နှစ်ရက် ထပ်တိုးပူဇော်ကြပါမယ်၊ ပါဝင်နိုင်သူများ ဆက်လက်ပါဝင်ပေးကြဖို့ နိုးဆော် တိုက်တွန်းပါ၏။
ပြန်လည် မျှဝေပေးကြဖို့
မတ်ေတာရကျခံပါ၏။
2 years ago | [YT] | 26
View 0 replies
MT Channel914
သဘာဝဘေးဆိုးကြီးတွေ
ကြုံတွေ့ရတဲ့အခါ
-----------
အလုပ်တခုမှာ ကံ ဥာဏ် ဝီရိယ သုံးခုပြည့်စုံမှသာ ပိုပြီးအရာရာအဆင်ပြေနိုင်မှာပါ။
ပရိတ်ပဋ္ဌာန်းတွေ ပူဇော်တာလည်း ပူဇော်တာပေါ့၊ သဘာဝဘေးကြောင့် ဒုက္ခတွေရောက်ကြတဲ့အခါလည်း ဥာဏ်နဲ့ ဝီရိယ ထုတ်ပြီး ကာကွယ်ကြဖို့ သင့်ပါတယ်။
ရာသီဥတုသတင်းကို အဆက်မပြတ်ပါစေနဲ့။
အကြောက်အလန့် မဖြစ်ပါစေနဲ့၊ အရာရာကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ပါ။
အရေးကြီးစာရွက်စာတမ်းတွေ သိမ်းဆည်းတာမျိုး တန်ဖိုးရှိပစ္စည်းတွေ သိမ်းဆည်းတာမျိုး
ကြာရှည်ခံအစား အသောက် ဆေးဝါးတွေ စုဆောင်းတာမျိုး တွေ ပြုလုပ်ပြီး
တကယ်အန္တရယ်ကျရောက်လာရင် ကြိုတင်ပြင်ဆင်သင့်တာတွေ ကြိုတွေးထားနိုင်ရပါမယ်။
(စီးပွားရေးဝိသမလောဘသားတွေရဲ့ သားကောင်းဖြစ်မသွားဖို့ ကိုယ့်အတွက်
ကိုယ့်မိသားစုအတွက် ဒုက္ခရောက်သူတွေကိုမျှဝေဖို့အတွက် လိုအပ်သလောက်ပဲ ဝယ်ကြဖို့လည်း အရေးကြီးလှပါတယ်။)
ကိုယ်က သဘာဝဘေးဒဏ်သိပ်မခံရလို့ ဘာမှမဖြစ်ပေမဲ့ တကယ့်ဘေးဒုက္ခတွေကြုံနေသူတွေကို ဘယ်လိုကူညီနိုင်မလဲ၊ ဘာတွေကူညီနိုင်မလဲ ၊ ဒါတွေလည်း ကြိုတင်ပြင်ဆင် စဥ်းစားထားဖို့ လိုအပ်လှပါတယ်။
ပရိတ်ပဋ္ဌာန်းပူဇော်တာက ကံအကျိုး မျှသာဖြစ်တယ်၊ ဥာဏ်ဝီရိယအကျိုးအတွက် အထက်ပါဖော်ပြတဲ့အကြောင်းတရားတွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်လှပါတယ်။
ခါတိုင်းနှစ်တွေနဲ့မတူတဲ့ သဘာဝဘေးဆိုး ကြီးတွေဟာ လူတွေထင်မှတ်ထားတဲ့
အခြေအနေတွေနဲ့ ဝင်ရောက်နိုင်တာမို့ အစစ အရာရာ ကံ ဥာဏ် ဝီရိယ သုံးပြီး ဖြေရှင်းကြဖို့ တိုက်တွန်းနိုးဆော်ပါရစေ။
ဦးမြင့်ခိုင်
2 years ago | [YT] | 30
View 0 replies
MT Channel914
(သာ/ဝန်) မှ တာဝန်ရှိသူများ ထိရောက်စွာ
အရေးယူပေးပါ
=============
အမြင်မသင့်တာတော့ အမှန်ပါ
အတုမရှိသော မြတ်ဗုဒ္ဓ၏လက္ခဏာတော်များ
wwwwwwwwwwwwwwwwwwwwwwwww
စိတ်ဆင်းရဲတယ် ဘုရားရှင်ရုပ်ထုကိုသွန်းထုတဲ့
ပန်းပုပညာရှင်တွေအနေနဲ့ ဘုရားရှင်လက္ခဏာတော်
တွေကို သေချာလေ့လာပီးမှထုလုပ်သင့်ပါတယ်။
vဘုရားရှင်ရဲ့လက္ခဏာတော် ၃၂ ပါးကိုလည်း
အောက်မှာအသေးစိတ်ဖော်ပြပေးလိုက်ပါတယ်။
နယ်မြေသာသနာပိုင် ဆရာတော်ဘုရားကြီးများ လည်းထိမ်းသိမ်းကြတ်မတ်ပေးကြပါဘုရား
ဘုရားနဲ့မတူအနူဆိုတဲ့ စကားလုံးက ရှေးကတည်း
က ပေါ်လာတဲ့စကားပါ သတိထား စင်ချင်ရမှာပါ။
လူတွေလူတွေ လုပ်ချင်ရာ စွတ်လုပ် နေကြတာ ခက်
တယ်။ကုသိုလ်ရေးကနေ အကုသိုလ်ရေးတွေဖြစ်ကုန်ပီ။
လှူတာတန်းတာကို သာဓုခေါ်ပါတယ် အားလည်း
ပေးပါတယ်။
အမြင်မတင့်တယ် တာကိုတော့ မတင့်တယ်ဘူး
လို့ ပြောရမှာပါပဲ။
ပြန်လည် မွမ်းမံ ပြင်ဆင် စေချင်ပါတယ်။
လာဖူးမျှော်သူတွေက
ဟင် ဘုရားပုံကြီးကလည်းလို့ စိတ်ထဲက ဆိုလိုက်တာနဲ့
အကုသိုလ်ကဖြစ်သွားပြီ။
ကိုယ်လုံးတော် ခေါင်းတော် ခြေလက်တော်တွေကို
စနစ်တကျ တွက်ချက်သွန်းလုပ်မယ်ဆိုရပါတယ်။
ကျွန်တော့်အမြင်မှာတော့တစ်ကယ်ကို မသင့်တော်
ပါ စိတ်မကောင်းလဲ ဖြစ်မိတယ်။
ကျွန်တော်တို့ဘုရားရှင် ဒီလောက်ရုပ်ဆိုးမယ် မထင်
ပါဘူး.။
လက်တော်တွေလည်း ပိန်တဲ့နေရာပိန်
တုတ်တဲ့နေရာတုတ်နဲ့ နုတ်ခမ်းတော်ကကော
ဘာကိုအလိုမကြဖြစ်နေလို့လဲမသိ.
ဦးခေါင်းတော်နဲ့ ကိုယ်လုံးတော် ကလည်း မမျှတ
အတော်ဆိုးတဲ့ ပန်းပုဆရာ
ဘုရားရှင် ပုံတော်ကို လုပ်ချင်သလို လုပ်ခွင့်တော့
မပြုနိုင်တာအမှန်ပါ။
#မုံရွာနဲ့မြေနဲရွာနားက
#ကျော်တွယ်တာဟိန်းရွာလို့ သိရပါတယ်
#ကားလမ်းဘေးတင်ပဲလို့ သိထားပါတယ်။
;;;;;;;;;;;;;;;;;;
မြတ်စွာဘုရားရှင်၏ လက္ခဏာတော်-{ ၃၂ } ပါး
_____________________________________________
၁ / ခြေဖဝါးတော်သည် လူအများကဲ့သို့ အလယ်၌
ချိုင့်၍ ခွတ်မနေ ဘဲ ''ဖနောင့် အလယ်သား,ဖဝါးစွန်း"
သုံးဌာနလုံး ညီနေပါသည်။
[ဤလက္ခဏာတော်ကြောင့် မြေ၌ နင်းလိုက်သောအခါ တညီတ ညွတ်တည်း ထိရကား ခြေ၏လက္ခဏာ ခြေတော်ရာများ အပြည့်အစုံ ထင်နိုင်လေသည်။]
၂ / ခြေဖဝါးတော်၏ အပြင်တို့၌ စက်ဘီးပုံ
သဏ္ဌာန် (အကန့်ဒေါက်ဆန် အကွပ် ပုံတောင်း)
အပြည့်အစုံပါသောလစက်လက္ခဏာလည်း
ရှိပါသည်။
၃ / သူတစ်ပါးထက်ရှည်သော ဖနောင့်လည်း ရှိပါ
သည်။ [ ခြေဖဝါးကို အလျားလိုက် တိုင်၍ ( ၃ ) ပုံ ပုံထားလျှင် ( ၂ )ပုံသည် ခြေဖျားဘက်မှာ ပါ၍ တစ်ပုံအထက်၌ ခြေသလုံတည်၏၊ နောက်တစ်ပုံမှာ
ဖနောင့်ပင်တည်း၊ထိုဖနောင့်တော်ကား ပွတ်ဖြင့် ပွတ်၍ထားသကဲ့သို့ လုံးလုံးဝိုင်းဝိုင်း ရှိသည်။]
၄ / အရင်းတုတ်၍ အဖျားသွယ်သော
လက်ချောင်း ခြေချောင်းတော် များလည်း
ရှည်ရှည်လျားလျား ညီညွတ်စွာရှိပါသည်။
၅ / ဖွားမြင်ခါစ သတို့သား၏ လက်များကဲ့သို့
အမြဲနုနယ်သော လက် ခြေလည်း ရှိပါသည်။
၆ / လက်ချောင်း ခြေချောင်းတို့သည်
အတိုအရှည် မရှိ၊ မုယောစပါး နှင့်တူသော အမှတ်အသားချင်းဆက်သွယ်ကာ လေသာပြတင်း
ပေါက်ဝယ် ဇာကွက်တပ်ထားပုံနှင့်တူပါသည်။
၇ / ဖမျက်တို့သည် ( ယခုလူများ၌ ခြေဖမိုး
အထက်နားဝယ် ကပ်၍ တည်သကဲ့သို့ မဟုတ်ဘဲ) အထက်၌ မြင့်နေကြပါသည်။
၈ / ခြေသလုံးသည် ( ယခု လူများဝယ် နောက်တစ်ဘက်၌သာ အသားစိုင်ပါသကဲ့သို့မဟုတ်ဘဲ ရှေ့နောက်နံပါးတို့၌ အသားစိုင် ရှိရကား သလေးစပါးလုံးကလေများနှင့် တူကြပါသည်။
၉ / ကိုယ်ခန္ဓာ၏ အထက်ပိုင်း အောက်ပိုင်း ညီမျှသောကြောင့် မကုန်းမကွ မကိုင်ညွတ်ဘဲ မက်မက်ရပ်ကား ဒူးပဆစ်တို့ကို လက်နှစ်- ဖြင့် ထိအောင် သုံးသပ်နိုင်ပါသည်။
၁၀ / အအိမ်ဖြင့် ဖုံးကာ ပဒုမ္မာကြာတိုက်နှင့် ပုံသဏ္ဌာန်တူ၍ ရွှေအဆင်း ရှိလေသည်။
(အင်္ဂ ါဇာတ်တော်ကိုကား တိုက်ရိုတ်ပြ၍ မဖြစ်နိုင်သောကြောင့် အဝတ်တွင်း၌ရှိသော အင်္ဂ ါ၏ ပုံသဏ္ဌာန်ကို တံခိုးတော်ဖြင့် အရိပ်မျှပြတော်မူလေသည်။)
၁၁ / ခန္ဓာကိုယ်သည် လုံးလုံးကျစ်ကျစ်ရှိ၍ အရေအဆင်းမှာ ရွှေအဆင်းရှိပါသည်။
၁၂ / အသားအရေးလည်း အလွန်နုနယ်ပါသည်။
၁၃ / မွေးညင်း တစ်တွင်းတစ်တွင်းတို့၌ မွေးညင်း တစ်ချောင်းစီ တစ်ချောင်းစီ ပေါက်ကြပါသည်။
၁၄ / ထို မွေညင်းတို့သည် မျက်စဉ်းညိုရောင်အဆင်းရှိကာ လက်ယာရစ်လည်၍ အထက်သို့ အဖျားလှည့်နေပါသည်။
၁၅ / ဖြောင့်စင်းသော ခန္ဓာကိုယ်လည်း ရှိပါသည်။
၁၆ / လက်ဖမိုး နှစ်ဖက် ခြေဖမိုး နှစ်ဖက် ,ပခုံးစွန်း နှစ်ဖက် လည်ကုပ် ဟူသော ( ၇ )ဌာနတို့၌ အသားပြည့်ဖြိုးရကား အကြော အရိုးများ မထင်မရှား ရှိနေပါသည်။
၁၇ / ခြင်္သေ၏ ရှေ့ပိုင်း ကိုယ်တစ်ဝက်သည် ပြည့်စုံသကဲ့သို့ ရှေ့ပိုင်း နောက်ပိုင်း အထက်ပိုင်း အောက်ပိုင်း အားလုံးပင်ပြည့်စုံပါသည်။
၁၈/ လက်ပြင်ရိုး နှစ်ခု၏ အကြား၌ ပြည့်ဖြိုးသော အသားလည်း-ရှိပါသည်။
၁၉ / ဝန်းဝိုင်းသော ပညောင်ပင်သည် အမြင်နှင့် အဝိုင်း ညီမျှသကဲ့သို့ ကိုယ်တော်၏အရပ်နှင့် အလံပမာဏ ( လေးတောင်အတိအကျ) ညီမျှပါသည်။
၂၀ / အညီအမျှ လုံးသောပခုံး ( လည်ပင်း) လည်းရှိပါသည်။
၂၁ / အရသာကို ဆောင်ယူနိုင်သော အကြောကောင်းများလည်းရှိပါသည်။
၂၂ / ခြင်္သေ၏ အောက်မေးသည် ပြည့်ဖြိုးသကဲ့သို့ ပြည့်ဖြိုးသော အထက်မေး အောက်မေး နှစ်မျိုးလုံး ရှိပါသည်။
၂၃ / သွားတော် ( ၄၀ ) ပါရှိပါသည်။
ယခုလူများ ( ၃၂ ) ချောင်း။
၂၄ / ထိုသွားတော်အားလုံး ညီနေပါသည်။
၂၅ / သွားတော်အားလုံး ကျိုးတိုကျဲတဲ မရှိပါ။
၂၆ / သွားတော်အားလုံး ဖြူစင်သည်ထက် စွယ်တော် ( ၄ )ချောင်းမှာ အထင်အရှား ဖြူဆွတ်ပါသည်။
၂၇ / လျှာတော်သည် နုညံ့ရှည်လျား ပြန့်ကျယ်ပါသည်။
( လက်ဝဲ လက်ယာ နှာခေါင်းနှင့် နားတွင်းတို့ကိုလည်း သုံးသပ် နိုင်၏ နဖူးတော်ကိုလည်း ဖုံကွယ်နိုင်ပါသည်။)
၂၈ / အသံတော်သည် ကရဝိတ်သံကဲ့သို့ အလွန်ကောင်းပါသည်။
( သလိပ် စသည်တို့ အငြိအတွယ် မရှိခြင်း,သာယာခြင်း စကားလုံးပီသပြတ်သားခြင်း၊ နာထောင်ကောင်းခြင်း ဖရိုဖရဲ မကွဲအက်ခြင်း၊ လုံးလုံးစည်းစည်းရှိခြင်း၊ နက်နဲသော ချက်အရပ်မှစ၍ထွက်
လာသော အသံဖြစ်ရကား အသံမတိမ်ခြင်း ကြောင်တတ်တတ် မဟုတ် ပဲ့တင်ထပ်မျှ ဟိန်းခြင်း၊ ဤသို့သဘော ဂုဏ်အင်္ဂ ါတို့နှင့် ပြည့်စုံပါသည်။)
၂၉ / ညိုသင့်သောအရပ်၌ အလွန်ညိုသော မျက်လုံးတော်ရှိပါသည်။
၃၀ / ဖွားပြီးခါစ နွားနီကလေ၏ မျက်လုံးအိမ်နှင့် တူသော မျက်လုံးအိမ်လည်းရှိပါသည်။
၃၁ / မျက်ခုံးနှစ်ဖက် အလယ်တည့်တည့်၌ နုညံ့သော ဝါဂွမ်းကဲ့သို့အလွန်နု၍ ဖြူဆွတ်သောအမွေးလည်း ပေါက်လျက်ရှိပါသည်။
[ ဥဏ္ဏလုံမွေးရှင်တော်ဟု ခေါ်ပါသည်]
၃၂ / လက်ယာနားစွန် မှစ၍ လက်ဝဲနားစွန်း တိုင်အောင် အထက်တက်သောအသားလွှာသည်
နဖူးတစ်ပြင်လုံးဖုံနေရကာ နဖူးတော်တစပြင်လုံးသင်းကျစ်ပြားဖြင့်ဖွဲ့ထားသကဲ့သို့ ထင်ရလောက်အောင်ပြေပြစ်သည်။
#သာဂရအရှင်
2 years ago | [YT] | 25
View 4 replies
MT Channel914
🏵သမာဓိကြောင့် ခန္ဓာကိုယ်မှာ🏵
ဓာတ်တစ်မျိုးထွက်လာတယ် 🙏
=
🏵တော်တော်ကို သမာဓိကောင်းလာတဲ့
အချိန်ကျရင်တော့ ဝေဒနာ လုံးလုံး
ပျောက်သွားတာလည်း ရှိတယ်။ 🙏
🏵အဲလို ဝေဒနာပျောက်သွားရတဲ့ အကြောင်းတွေထဲမှာ အကြောင်းအများကြီး ရှိနိူင်တယ်။🙏
🏵သတိ သမာဓိကောင်းလာရင်
ဝေဒနာပျောက်သွားတယ်ဆိုတာ
သတိကြောင့် သမာဓိကြောင့်
ခန္ဓာကိုယ်မှာ ဓာတ်တစ်မျိုးထွက်လာတယ်။ 🙏
🏵ဒါကိုတော့ ဗမာပြည်မှာ သိပ်ပြော
လေ့ မရှိဘူး။ အနောက်နိူင်ငံတွေမှာတော့
သူတို့တွေက အမျိုးမျိုးစမ်းသပ်တတ်တဲ့
အလေ့အကျင့်ရှိတာကိုး။🙏
🏵တရားအားထုတ်လို့ သမာဓိကောင်းလာတဲ့လူရဲ့
ဒီသမာဓိ အားကောင်းနေတုန်းမှာ ဦးနှောက်ကနေပြန်ထွက်လာတဲ့ သွေးကို ယူပြီးတော့ ဓာတ်ခွဲကြည့်တဲ့အခါမှာ အဲဒီသွေးထဲမှာ🙏
' Endophin ' အင်ဒိုဖင်း ဆိုတဲ့ဓာတ်
တော်တော်များနေတာ တွေ့ရတယ်။
ဦးနှောက်က ဒီEndophinဓာတ်ကို
ထုတ်ပေးတယ်။🙏
🏵သာမန်လူတွေမှာလည်း
' အင်ဒိုဖင်း ' ဆိုတဲ့ ဓါတ်က ရှိတယ်။
အဲဒီ ' အင်ဒိုဖင်း ' ဓာတ် မထွက်လို့ရှိရင်
ဒီခန္ဓာကိုယ်ဟာ အချိန်ပြည့်
နာကျင်ကိုက်ခဲနေတောမှာပဲ။ 🙏
🏵အင်ဒိုဖင်းဆိုတာ
' Endogenenous Morphine ' ကို ပြောတာ။
' Endogenenous ' ဆိုတာ ခန္ဓာကိုယ် ကိုယ်တွင်းမှာဖြစ်တာ။
' Morphine ' ဆိုတာ
ဟော်မုန်းဓာတ်တစ်မျိုးရဲ့ နာမည်ပဲ။🙏
🏵ပြင်ပကလုပ်ထားတဲ့ Morphine နဲ့ မတူဘူး။
ပြင်ပက လူတွေလုပ်ထားတဲ့ မော်ဖင်း
' Morphine ' က ထိုင်းမှိုင်းတယ်၊
ငိုက်မြည်းတယ်။ 🙏
🏵ခန္ဓာကိုယ်တွင်းက သူ့အလိုလိုဖြစ်လာတာက
ထိုင်းမှိုင်းမှု ငိုက်မြည်းမှု မဖြစ်ဘူး။ 🙏
🏵နာကျင်မှုတွေ ပျောက်ပြီးတော့
ကြည်လင်ပြီးတော့
အေးချမ်းနေတဲ့ သဘောရှိတယ်။
ခန္ဓာကိုယ်ရော စိတ်ရော နှစ်ခုလုံးကို
ကြည်လင်ငြိမ်းချမ်းစေတယ်။🙏
🌳တရားအားထုတ်ရင် ဒီဓာတ်က ထွက်လာတာ။ 🙏
🌳ဒါတွေကအခု အနောက်နိူင်ငံမှာ
တရားအားထုတ်တဲ့သူတွေနဲ့ တွေ့ပြီးတော့ 🙏
Research တွေအများကြီးလုပ်လို့
တွေ့ရှိတဲ့အချက်တွေပါ။
🌳ဒီ Research တွေလည်း America မှာတော့ အမြဲတမ်းလိုလို လုပ်နေတယ်။
🌳ဒါရဲ့တန်ဖိုးကိုလည်း သူတို့သိလာတယ်။🙏
' 🌳အင်ဒိုဖင်း ' များများထွက်အောင် လုပ်လို့ရရင် ခန္ဓာကိုယ်မှာ အများကြီးအကျိုးရှိတယ်။ 🙏
စိတ်နဲ့ပက်သက်လို့လည်း
အကျိုးအများကြီးရှိတယ်ဆိုတာ သူတို့သိတယ်။ ခန္ဓာကိုယ်ရော စိတ်ရော
နှစ်ခုလုံးငြိမ်းချမ်းနေတဲ့ အတွက်ကြောင့်
ခန္ဓာကိုယ်မှာ (Stress) စိတ်ဖိစီးမှုတွေနည်းပြီး
(immunity) ခုခံစွမ်းအား ကောင်းလာတယ်။🙏
🌳ဒီ အင်ဒိုဖင်းထွက်တဲ့အချိန်မှာ
စိတ်ပင်ပန်းတာလုံးဝ မရှိတော့ဘူး။
တရားထိုင်လိုက်လို့ အင်ဒိုဖင်း ထွက်လာရင်
စိတ်ကျရောဂါ(depression) ပျောက်သွားရော။
အလွယ်ဆုံးပဲ။
ဆေးဝယ်သောက်စရာ မလိုဘူး။
အဲဒီ အင်ဒိုဖင်း level မြင့်လာတဲ့အခါ
ညောင်းတာ နာတာ လျော့သွားတယ်။
🌳အဲဒီ အင်ဒိုဖင်း level မြင့်လာဖို့ဆိုတာလည်းပဲ သမာဓိအား အတော်လေးကောင်းတဲ့အထိကို အားထုတ်ရမှာ။ 🙏
🌳ဝေဒနာပြင်းထန်လာလို့ သမာဓိမရဘူးလို့
ဒီလိုပြောပြီးတော့ ရပ်ထားလို့ မရဘူးနော်။🙏
🌳ဝေဒနာဖြစ်နေတာကိုပဲ
သိ သိ သိပြီးတော့ ဆက်သွားရမှာပဲ။ 🙏
🌳တကယ်ပဲ မခံနိူင်တဲ့အဆင့်ကို ရောက်ရင်တော့ သိပြီးတော့ ဖြည်းဖြည်း ပြင်ပါ။ 🙏
🌳ပြင်နေတုန်းမှာ ဝေဒနာရဲ့သဘာဝ
ပြောင်းသွားနေတာကို သိနေပါ ...🙏.. ။
Credit.. ..
🙏⚘ဆရာတော်ဦးဇောတိက🙏⚘
🙏⚘အချေခံဝိပသာနာ🙏⚘
2 years ago | [YT] | 76
View 4 replies
MT Channel914
ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီး ကျန်းမာချမ်းသာစွာ သီတင်းသုံးလျှက်ရှိပါသည်။
🙏🙏🙏
2 years ago | [YT] | 88
View 20 replies
MT Channel914
ရွှေတိဂုံစေတီတော်
ကဆုန်လပြည့် ဗုဒ္ဓနေ့
ညောင်ရေသွန်းလောင်းပူဇော်
( 3.5.2023 )
🙏...🙏...🙏
2 years ago | [YT] | 51
View 1 reply
MT Channel914
{ ကဆုန်လပြည့် ဗုဒ္ဓနေ့ }
"ယနေ့ ဥပုသ်နေ့သည်
ကဆုန်လပြည့် ဗုဒ္ဓနေ့ ဖြစ်သည်"
ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ
*********************************
#ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ္ခံ ကဆုန်လပြည့်နေ့
ကဆုန်လပြည့် (၅)နေ့။
(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)
(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)
****
#ကဆုန်လပြည့်
#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ
သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....
#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့် ဤနေ့ကို
`#ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။
၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့်
ဤနေ့ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။
၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။
၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။
၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို
ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။
၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက်
ကဆုန္လ၌ ညောင်ရေသွန်းပွဲတော်ကို
ရိုးရာပွဲတော်အဖြစ် အစဉ်အလာ
သတ်မှတ်ခဲ့ကြပါသည်။
၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိဿဘုရားရှင်၏
ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊
စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို
ခံစားရကြောင်း (ထေရာပဒါန်)
ကျမ်းဂန်၌ ဟောကြားထားပါသည်။
၈။ ဂန္ဓောဒကတိဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏
ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊
သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရပါသည်။
၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်
နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း
ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို
အနေကဇာတင် ဗုဒ္ဓအဘိသေက
မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍
ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။
ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမွုကို ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမွတ္တရ ဆင်နွှဲကြပါသည်။
🙏 အရှင်နရိန်-မော်လမြိုင် 🙏
~~~~~~~~~~~~~~~~~~
2 years ago | [YT] | 71
View 8 replies
Load more