MT Channel914
သဘာဝဘေးဆိုးကြီးတွေကြုံတွေ့ရတဲ့အခါ-----------အလုပ်တခုမှာ ကံ ဥာဏ် ဝီရိယ သုံးခုပြည့်စုံမှသာ ပိုပြီးအရာရာအဆင်ပြေနိုင်မှာပါ။ပရိတ်ပဋ္ဌာန်းတွေ ပူဇော်တာလည်း ပူဇော်တာပေါ့၊ သဘာဝဘေးကြောင့် ဒုက္ခတွေရောက်ကြတဲ့အခါလည်း ဥာဏ်နဲ့ ဝီရိယ ထုတ်ပြီး ကာကွယ်ကြဖို့ သင့်ပါတယ်။ရာသီဥတုသတင်းကို အဆက်မပြတ်ပါစေနဲ့။အကြောက်အလန့် မဖြစ်ပါစေနဲ့၊ အရာရာကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ပါ။အရေးကြီးစာရွက်စာတမ်းတွေ သိမ်းဆည်းတာမျိုး တန်ဖိုးရှိပစ္စည်းတွေ သိမ်းဆည်းတာမျိုးကြာရှည်ခံအစား အသောက် ဆေးဝါးတွေ စုဆောင်းတာမျိုး တွေ ပြုလုပ်ပြီး တကယ်အန္တရယ်ကျရောက်လာရင် ကြိုတင်ပြင်ဆင်သင့်တာတွေ ကြိုတွေးထားနိုင်ရပါမယ်။(စီးပွားရေးဝိသမလောဘသားတွေရဲ့ သားကောင်းဖြစ်မသွားဖို့ ကိုယ့်အတွက် ကိုယ့်မိသားစုအတွက် ဒုက္ခရောက်သူတွေကိုမျှဝေဖို့အတွက် လိုအပ်သလောက်ပဲ ဝယ်ကြဖို့လည်း အရေးကြီးလှပါတယ်။)ကိုယ်က သဘာဝဘေးဒဏ်သိပ်မခံရလို့ ဘာမှမဖြစ်ပေမဲ့ တကယ့်ဘေးဒုက္ခတွေကြုံနေသူတွေကို ဘယ်လိုကူညီနိုင်မလဲ၊ ဘာတွေကူညီနိုင်မလဲ ၊ ဒါတွေလည်း ကြိုတင်ပြင်ဆင် စဥ်းစားထားဖို့ လိုအပ်လှပါတယ်။ပရိတ်ပဋ္ဌာန်းပူဇော်တာက ကံအကျိုး မျှသာဖြစ်တယ်၊ ဥာဏ်ဝီရိယအကျိုးအတွက် အထက်ပါဖော်ပြတဲ့အကြောင်းတရားတွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်လှပါတယ်။ခါတိုင်းနှစ်တွေနဲ့မတူတဲ့ သဘာဝဘေးဆိုး ကြီးတွေဟာ လူတွေထင်မှတ်ထားတဲ့အခြေအနေတွေနဲ့ ဝင်ရောက်နိုင်တာမို့ အစစ အရာရာ ကံ ဥာဏ် ဝီရိယ သုံးပြီး ဖြေရှင်းကြဖို့ တိုက်တွန်းနိုးဆော်ပါရစေ။ဦးမြင့်ခိုင်
2 years ago | [YT] | 30
MT Channel914
သဘာဝဘေးဆိုးကြီးတွေ
ကြုံတွေ့ရတဲ့အခါ
-----------
အလုပ်တခုမှာ ကံ ဥာဏ် ဝီရိယ သုံးခုပြည့်စုံမှသာ ပိုပြီးအရာရာအဆင်ပြေနိုင်မှာပါ။
ပရိတ်ပဋ္ဌာန်းတွေ ပူဇော်တာလည်း ပူဇော်တာပေါ့၊ သဘာဝဘေးကြောင့် ဒုက္ခတွေရောက်ကြတဲ့အခါလည်း ဥာဏ်နဲ့ ဝီရိယ ထုတ်ပြီး ကာကွယ်ကြဖို့ သင့်ပါတယ်။
ရာသီဥတုသတင်းကို အဆက်မပြတ်ပါစေနဲ့။
အကြောက်အလန့် မဖြစ်ပါစေနဲ့၊ အရာရာကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ပါ။
အရေးကြီးစာရွက်စာတမ်းတွေ သိမ်းဆည်းတာမျိုး တန်ဖိုးရှိပစ္စည်းတွေ သိမ်းဆည်းတာမျိုး
ကြာရှည်ခံအစား အသောက် ဆေးဝါးတွေ စုဆောင်းတာမျိုး တွေ ပြုလုပ်ပြီး
တကယ်အန္တရယ်ကျရောက်လာရင် ကြိုတင်ပြင်ဆင်သင့်တာတွေ ကြိုတွေးထားနိုင်ရပါမယ်။
(စီးပွားရေးဝိသမလောဘသားတွေရဲ့ သားကောင်းဖြစ်မသွားဖို့ ကိုယ့်အတွက်
ကိုယ့်မိသားစုအတွက် ဒုက္ခရောက်သူတွေကိုမျှဝေဖို့အတွက် လိုအပ်သလောက်ပဲ ဝယ်ကြဖို့လည်း အရေးကြီးလှပါတယ်။)
ကိုယ်က သဘာဝဘေးဒဏ်သိပ်မခံရလို့ ဘာမှမဖြစ်ပေမဲ့ တကယ့်ဘေးဒုက္ခတွေကြုံနေသူတွေကို ဘယ်လိုကူညီနိုင်မလဲ၊ ဘာတွေကူညီနိုင်မလဲ ၊ ဒါတွေလည်း ကြိုတင်ပြင်ဆင် စဥ်းစားထားဖို့ လိုအပ်လှပါတယ်။
ပရိတ်ပဋ္ဌာန်းပူဇော်တာက ကံအကျိုး မျှသာဖြစ်တယ်၊ ဥာဏ်ဝီရိယအကျိုးအတွက် အထက်ပါဖော်ပြတဲ့အကြောင်းတရားတွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်လှပါတယ်။
ခါတိုင်းနှစ်တွေနဲ့မတူတဲ့ သဘာဝဘေးဆိုး ကြီးတွေဟာ လူတွေထင်မှတ်ထားတဲ့
အခြေအနေတွေနဲ့ ဝင်ရောက်နိုင်တာမို့ အစစ အရာရာ ကံ ဥာဏ် ဝီရိယ သုံးပြီး ဖြေရှင်းကြဖို့ တိုက်တွန်းနိုးဆော်ပါရစေ။
ဦးမြင့်ခိုင်
2 years ago | [YT] | 30