MT Channel914

🏵သမာဓိကြောင့် ခန္ဓာကိုယ်မှာ🏵
ဓာတ်တစ်မျိုးထွက်လာတယ် 🙏
=

🏵တော်တော်ကို သမာဓိကောင်းလာတဲ့
အချိန်ကျရင်တော့ ဝေဒနာ လုံးလုံး
ပျောက်သွားတာလည်း ရှိတယ်။ 🙏

🏵အဲလို ဝေဒနာပျောက်သွားရတဲ့ အကြောင်းတွေထဲမှာ အကြောင်းအများကြီး ရှိနိူင်တယ်။🙏

🏵သတိ သမာဓိကောင်းလာရင်
ဝေဒနာပျောက်သွားတယ်ဆိုတာ
သတိကြောင့် သမာဓိကြောင့်
ခန္ဓာကိုယ်မှာ ဓာတ်တစ်မျိုးထွက်လာတယ်။ 🙏

🏵ဒါကိုတော့ ဗမာပြည်မှာ သိပ်ပြော
လေ့ မရှိဘူး။ အနောက်နိူင်ငံတွေမှာတော့
သူတို့တွေက အမျိုးမျိုးစမ်းသပ်တတ်တဲ့
အလေ့အကျင့်ရှိတာကိုး။🙏

🏵တရားအားထုတ်လို့ သမာဓိကောင်းလာတဲ့လူရဲ့
ဒီသမာဓိ အားကောင်းနေတုန်းမှာ ဦးနှောက်ကနေပြန်ထွက်လာတဲ့ သွေးကို ယူပြီးတော့ ဓာတ်ခွဲကြည့်တဲ့အခါမှာ အဲဒီသွေးထဲမှာ🙏
' Endophin ' အင်ဒိုဖင်း ဆိုတဲ့ဓာတ်
တော်တော်များနေတာ တွေ့ရတယ်။
ဦးနှောက်က ဒီEndophinဓာတ်ကို
ထုတ်ပေးတယ်။🙏

🏵သာမန်လူတွေမှာလည်း
' အင်ဒိုဖင်း ' ဆိုတဲ့ ဓါတ်က ရှိတယ်။
အဲဒီ ' အင်ဒိုဖင်း ' ဓာတ် မထွက်လို့ရှိရင်
ဒီခန္ဓာကိုယ်ဟာ အချိန်ပြည့်
နာကျင်ကိုက်ခဲနေတောမှာပဲ။ 🙏

🏵အင်ဒိုဖင်းဆိုတာ
' Endogenenous Morphine ' ကို ပြောတာ။
' Endogenenous ' ဆိုတာ ခန္ဓာကိုယ် ကိုယ်တွင်းမှာဖြစ်တာ။
' Morphine ' ဆိုတာ
ဟော်မုန်းဓာတ်တစ်မျိုးရဲ့ နာမည်ပဲ။🙏

🏵ပြင်ပကလုပ်ထားတဲ့ Morphine နဲ့ မတူဘူး။
ပြင်ပက လူတွေလုပ်ထားတဲ့ မော်ဖင်း
' Morphine ' က ထိုင်းမှိုင်းတယ်၊
ငိုက်မြည်းတယ်။ 🙏

🏵ခန္ဓာကိုယ်တွင်းက သူ့အလိုလိုဖြစ်လာတာက
ထိုင်းမှိုင်းမှု ငိုက်မြည်းမှု မဖြစ်ဘူး။ 🙏

🏵နာကျင်မှုတွေ ပျောက်ပြီးတော့
ကြည်လင်ပြီးတော့
အေးချမ်းနေတဲ့ သဘောရှိတယ်။
ခန္ဓာကိုယ်ရော စိတ်ရော နှစ်ခုလုံးကို
ကြည်လင်ငြိမ်းချမ်းစေတယ်။🙏

🌳တရားအားထုတ်ရင် ဒီဓာတ်က ထွက်လာတာ။ 🙏

🌳ဒါတွေကအခု အနောက်နိူင်ငံမှာ
တရားအားထုတ်တဲ့သူတွေနဲ့ တွေ့ပြီးတော့ 🙏
Research တွေအများကြီးလုပ်လို့
တွေ့ရှိတဲ့အချက်တွေပါ။

🌳ဒီ Research တွေလည်း America မှာတော့ အမြဲတမ်းလိုလို လုပ်နေတယ်။

🌳ဒါရဲ့တန်ဖိုးကိုလည်း သူတို့သိလာတယ်။🙏

' 🌳အင်ဒိုဖင်း ' များများထွက်အောင် လုပ်လို့ရရင် ခန္ဓာကိုယ်မှာ အများကြီးအကျိုးရှိတယ်။ 🙏
စိတ်နဲ့ပက်သက်လို့လည်း
အကျိုးအများကြီးရှိတယ်ဆိုတာ သူတို့သိတယ်။ ခန္ဓာကိုယ်ရော စိတ်ရော
နှစ်ခုလုံးငြိမ်းချမ်းနေတဲ့ အတွက်ကြောင့်
ခန္ဓာကိုယ်မှာ (Stress) စိတ်ဖိစီးမှုတွေနည်းပြီး
(immunity) ခုခံစွမ်းအား ကောင်းလာတယ်။🙏

🌳ဒီ အင်ဒိုဖင်းထွက်တဲ့အချိန်မှာ
စိတ်ပင်ပန်းတာလုံးဝ မရှိတော့ဘူး။
တရားထိုင်လိုက်လို့ အင်ဒိုဖင်း ထွက်လာရင်
စိတ်ကျရောဂါ(depression) ပျောက်သွားရော။
အလွယ်ဆုံးပဲ။
ဆေးဝယ်သောက်စရာ မလိုဘူး။
အဲဒီ အင်ဒိုဖင်း level မြင့်လာတဲ့အခါ
ညောင်းတာ နာတာ လျော့သွားတယ်။

🌳အဲဒီ အင်ဒိုဖင်း level မြင့်လာဖို့ဆိုတာလည်းပဲ သမာဓိအား အတော်လေးကောင်းတဲ့အထိကို အားထုတ်ရမှာ။ 🙏

🌳ဝေဒနာပြင်းထန်လာလို့ သမာဓိမရဘူးလို့
ဒီလိုပြောပြီးတော့ ရပ်ထားလို့ မရဘူးနော်။🙏

🌳ဝေဒနာဖြစ်နေတာကိုပဲ
သိ သိ သိပြီးတော့ ဆက်သွားရမှာပဲ။ 🙏

🌳တကယ်ပဲ မခံနိူင်တဲ့အဆင့်ကို ရောက်ရင်တော့ သိပြီးတော့ ဖြည်းဖြည်း ပြင်ပါ။ 🙏

🌳ပြင်နေတုန်းမှာ ဝေဒနာရဲ့သဘာဝ
ပြောင်းသွားနေတာကို သိနေပါ ...🙏.. ။

Credit.. ..
🙏⚘ဆရာတော်ဦးဇောတိက🙏⚘
🙏⚘အ​ချေခံဝိပသာနာ🙏⚘

2 years ago | [YT] | 76