E ရယ် F ရယ်၊ B ရယ် C ရယ်ဟာ သီးသန့် အသေးစိတ်လေ့လာသင့်တဲ့ chord တွေပါ။ ဘာကြောင့်လဲ? ကျွန်တော်တို့ အသံ 7 သံချရေးကြည့်ရအောင်။ C _ D _ EF _ G _ A _ BC ဒို _ရေ _ မီဖာ_ဆို_လာ_ တီဒို 1 _ 2 _ 34 _ 5 _ 6 _ 71 ဒီအသံ တွေကို လူတွေဟာ သဘာဝတရားထဲကနေ ရှာတွေ့ခဲ့ကြတယ်။(ဖန်တီးခဲ့တာမဟုတ်ပါ) ဒီလိုရှာတွေ့တဲ့နေရာမှာ ဒို နဲ့ ရေ၊ရေ နဲ့ မီ၊ဖာ နဲ့ ဆို၊ဆို နဲ့ လာ၊လာ နဲ့ တီ၊ကြားမှာ ပြည့်ဝအသံ တစ်သံစီထပ်ရှိနေပြီး မီ နဲ့ ဖာ၊တီ နဲ့ ဒို ကြားမှာ တော့ အသံတစ်သံ ထပ်ရှိမနေတာကို သိရှိခဲ့ကြတယ်၊ (ကြည့်ရလွယ်အောင်( _ )တွေခံပေးထားပါတယ်) Piano မှာကြည့်မယ်ဆို အမဲခလုတ်တွေဟာ အဲ့ဒီ ကြားသံတွေ ဖြစ်ပြီး အဖြူခလုတ် နှစ်ခု ကပ်လျက်ဖြစ်နေနဲ့ နှစ်နေရာဟာ E နဲ့ F ရယ်၊B နဲ့ C ရယ်ပါ။ ပုံ(1)မှာကြည့်ပါ။ များသောအားဖြင့် basic chord composition တွေကိုစတင်သင်ပြရင် ဒီလိုသင်ကြားကြပါတယ်။ Theory လေ့လာတဲ့သူေတွဆိုသိပြီးသား ဖြစ်မှာမို့ အကျယ်မရှင်းတော့ပါဘူး၊ ပုံ(2)မှာကြည့်ပါ၊ C key ထဲမှာတီးမယ်ဆိုရင် Chord တွေအနေနဲ့ ဒါတွေကိုတွဲစပ်အသုံးပြုမယ်ဆို သီအိုရီအရပြေပျစ်တယ်လို့ ဆိုပါတယ်။ Theory 1 ( C D E F G A B) Maj min min Maj Maj min dim ကျွန်တော်အဓိကပြောချင်တာကတော့ ဒီမှာလာပါပြီ။ အဲ့ဒီလို တွဲစပ်တဲ့ အခါ E ၊F ရယ် B၊C ရယ်ကြားထဲမှာ အသံတစ်သံ ထပ်မရှိတော့တဲ့အတွက် E နဲ့ F ဟာ C key ထဲမှာ major ရော minor ရော ပြေပြစ်ေနတယ် ဆိုတဲ့အကြောင်း B နဲ့ C မှာ C ဟာလည်း C key ထဲမှာ Major ရော minor ရော ပြေပြစ်နေတယ်ဆိုတဲ့အကြောင်း တွေပါ။ (B dim အကြောင်းက diminished chord တွေအကြောင်း သီးသန့်ထပ်ရေးပေးပါမယ်) C key ထဲမှာ E major ရယ် F minor ရယ် သုံးထားတဲ့ သီချင်းတွေကို တွေ့ရလေ့ရှိပေမယ့် C key ထဲမှာ B dim ရယ် C minor ရယ်ကို သုံးထားတဲ့သီချင်းတွေကတော့ တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် အင်မတန်နည်းပါတယ်။ (ဒါက key modulation ကိုမဆိုလိုသေးပါဘူး) နောက်တစ်ခု ထူးခြားတာက E၊F ရယ် B၊C ရယ် အဲ့ဒီလေးသံ ကို Third note နေရာမှာ ပါနေတဲ့ chord တွေဖြစ်တဲ့(ပုံ2)D ရယ် G ရယ်ကပါ major ရော minor ရော C key ထဲမှာ ပြေပြစ်နေတယ်ဆိုတာပါ။ Theory 2 အချုပ်ဆိုရရင် C key ထဲမှာ C maj/min D maj/min E maj/min F maj/min G maj/min A maj/min B dim စတဲ့ chord တွေအားလုံး တွဲစပ် အသုံးပြုလို့ ပြေပျစ်ပါကြောင်း... နောက်တစ်ဆင့်အနေနဲ့ major နေရာမှာ major 7 minor နေရာမှာ minor 7 ဖြည့်စွက်အသုံးပြုခြင်းဖြင့် possiblity note တွေ ထပ်ထွက်လာပြီး တခြား key. အုပ်စုတွေထဲကို အထက်က theory 2 နှင့်တွဲစပ်ကာ အလွယ်တကူ modulate လုပ်နိုင်ခြင်းဖြင့် ကျယ်ပြန့်လှသော ဂီတသံစဥ်အသစ်အသစ်များအား ဖန်တီးနိုင်ကြပါစေ၊ စေတနာဖြင့်...
Yarzawin - Min Ye' Myanmar
ပါးမို့ရဲရဲ💙
1 month ago | [YT] | 2
View 0 replies
Yarzawin - Min Ye' Myanmar
ကောင်းတဲ့ဘက်မှာ အစွန်းရောက်တယ်(Live Session)
5 months ago | [YT] | 0
View 0 replies
Yarzawin - Min Ye' Myanmar
Behind 1990s💙ငယ်ငယ်ကအကြောင်းတွေ
6 months ago | [YT] | 1
View 0 replies
Yarzawin - Min Ye' Myanmar
ဝါဆို💙
10 months ago | [YT] | 3
View 0 replies
Yarzawin - Min Ye' Myanmar
‘ထိတွေ့ မှတ်တမ်းစဉ်’ (သို့) ‘ငါးနှလုံးသံ’
အသံတွေ တဗျစ်ဗျစ်မြည်နေတတ်တဲ့ ဦးနှောက်တလုံး
အငွေ့တွေကိုပဲ တောင့်တနေတတ်တဲ့ အဆုတ်တစုံနဲ့
တခါတခါ ခုန်နေသေးရဲ့လားလို့ ပြန်ပြန်စမ်းနေရတဲ့ နှလုံးသား...
လူတစ်လုံးရယ် ဂစ်တာတစ်ယောက်ရယ်
အပြန်အလှန် သံစဉ်တွေဖလှယ်ကြရင်း
ဆယ်စုနှစ် နှစ်ခုစာလောက်
ရင့်ပြီး ကျက်သွားတဲ့ အတွေ့အကြုံတွေ
ကုန်ပြီး မဆုံးနိုင်သေးတဲ့ဇွဲနဘဲကြီးကြီးနေ့ရက်တွေနဲ့
မအိပ်ဖြစ်ခဲ့တဲ့ညတွေ၊
ရောင်းပြီး စားပစ်လိုက်ရတဲ့ ဖန်တီးမှုတွေ နဲ့
အနုသယ ရင်တွင်းဖြစ် အထွေထွေ၊
အစာအိမ်ထဲ ရောက်ရောက်သွားတတ်တဲ့ ဦးနှောက်အရည်ညှစ်တွေ၊
ဒါတောင်...
လူတွေဟာ ငါးတစ်ကောင်မြင်နေရက်နဲ့
မကြားတကြားမေးချင်နေကြတုန်း
‘ ဒီကောင်ရေများကူးတတ်ပါ့မလားတဲ့’
ဪ...ကျွန်တော် အပျံသင်နေပါတယ်...
ဟုသာ။ ။
မင်းရဲမြန်မာ
#Yarzawin #MinYeMyanmar #Modern #poem
11 months ago | [YT] | 15
View 0 replies
Yarzawin - Min Ye' Myanmar
မိုးမကုန်ခင် အချိန်မှီ အခါမှီ ‘ခါတော်မှီ’ Jazz သီချင်းလေး💙Music Platform တွေပေါ်2013 က Released လုပ်ခဲ့ပါတယ်။
1 year ago | [YT] | 5
View 0 replies
Yarzawin - Min Ye' Myanmar
Chord Composition အကြောင်း
E ရယ် F ရယ်၊
B ရယ် C ရယ်ဟာ သီးသန့် အသေးစိတ်လေ့လာသင့်တဲ့ chord တွေပါ။
ဘာကြောင့်လဲ?
ကျွန်တော်တို့ အသံ 7 သံချရေးကြည့်ရအောင်။
C _ D _ EF _ G _ A _ BC
ဒို _ရေ _ မီဖာ_ဆို_လာ_ တီဒို
1 _ 2 _ 34 _ 5 _ 6 _ 71
ဒီအသံ တွေကို လူတွေဟာ သဘာဝတရားထဲကနေ ရှာတွေ့ခဲ့ကြတယ်။(ဖန်တီးခဲ့တာမဟုတ်ပါ)
ဒီလိုရှာတွေ့တဲ့နေရာမှာ ဒို နဲ့ ရေ၊ရေ နဲ့ မီ၊ဖာ နဲ့ ဆို၊ဆို နဲ့ လာ၊လာ နဲ့ တီ၊ကြားမှာ ပြည့်ဝအသံ တစ်သံစီထပ်ရှိနေပြီး မီ နဲ့ ဖာ၊တီ နဲ့ ဒို ကြားမှာ တော့ အသံတစ်သံ ထပ်ရှိမနေတာကို သိရှိခဲ့ကြတယ်၊
(ကြည့်ရလွယ်အောင်( _ )တွေခံပေးထားပါတယ်)
Piano မှာကြည့်မယ်ဆို အမဲခလုတ်တွေဟာ အဲ့ဒီ ကြားသံတွေ ဖြစ်ပြီး အဖြူခလုတ် နှစ်ခု ကပ်လျက်ဖြစ်နေနဲ့ နှစ်နေရာဟာ E နဲ့ F ရယ်၊B နဲ့ C ရယ်ပါ။
ပုံ(1)မှာကြည့်ပါ။
များသောအားဖြင့် basic chord composition တွေကိုစတင်သင်ပြရင် ဒီလိုသင်ကြားကြပါတယ်။
Theory လေ့လာတဲ့သူေတွဆိုသိပြီးသား ဖြစ်မှာမို့ အကျယ်မရှင်းတော့ပါဘူး၊
ပုံ(2)မှာကြည့်ပါ၊
C key ထဲမှာတီးမယ်ဆိုရင် Chord တွေအနေနဲ့ ဒါတွေကိုတွဲစပ်အသုံးပြုမယ်ဆို သီအိုရီအရပြေပျစ်တယ်လို့ ဆိုပါတယ်။
Theory 1
( C D E F G A B)
Maj min min Maj Maj min dim
ကျွန်တော်အဓိကပြောချင်တာကတော့ ဒီမှာလာပါပြီ။
အဲ့ဒီလို တွဲစပ်တဲ့ အခါ E ၊F ရယ် B၊C ရယ်ကြားထဲမှာ အသံတစ်သံ ထပ်မရှိတော့တဲ့အတွက်
E နဲ့ F ဟာ C key ထဲမှာ major ရော minor ရော ပြေပြစ်ေနတယ် ဆိုတဲ့အကြောင်း
B နဲ့ C မှာ C ဟာလည်း C key ထဲမှာ Major ရော minor ရော ပြေပြစ်နေတယ်ဆိုတဲ့အကြောင်း တွေပါ။
(B dim အကြောင်းက diminished chord တွေအကြောင်း သီးသန့်ထပ်ရေးပေးပါမယ်)
C key ထဲမှာ E major ရယ် F minor ရယ် သုံးထားတဲ့ သီချင်းတွေကို တွေ့ရလေ့ရှိပေမယ့်
C key ထဲမှာ B dim ရယ် C minor ရယ်ကို သုံးထားတဲ့သီချင်းတွေကတော့ တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် အင်မတန်နည်းပါတယ်။
(ဒါက key modulation ကိုမဆိုလိုသေးပါဘူး)
နောက်တစ်ခု ထူးခြားတာက E၊F ရယ် B၊C ရယ် အဲ့ဒီလေးသံ ကို Third note နေရာမှာ ပါနေတဲ့ chord တွေဖြစ်တဲ့(ပုံ2)D ရယ် G ရယ်ကပါ major ရော minor ရော C key ထဲမှာ ပြေပြစ်နေတယ်ဆိုတာပါ။
Theory 2
အချုပ်ဆိုရရင် C key ထဲမှာ
C maj/min
D maj/min
E maj/min
F maj/min
G maj/min
A maj/min
B dim
စတဲ့ chord တွေအားလုံး တွဲစပ် အသုံးပြုလို့ ပြေပျစ်ပါကြောင်း...
နောက်တစ်ဆင့်အနေနဲ့ major နေရာမှာ major 7
minor နေရာမှာ minor 7 ဖြည့်စွက်အသုံးပြုခြင်းဖြင့် possiblity note တွေ ထပ်ထွက်လာပြီး တခြား key. အုပ်စုတွေထဲကို အထက်က theory 2 နှင့်တွဲစပ်ကာ အလွယ်တကူ modulate လုပ်နိုင်ခြင်းဖြင့် ကျယ်ပြန့်လှသော ဂီတသံစဥ်အသစ်အသစ်များအား ဖန်တီးနိုင်ကြပါစေ၊
စေတနာဖြင့်...
Share လို့ရပါတယ်၊ပြန်ပြီးcopy ကူးမတင်ကြဖို့ မေတ္တာရပ်ခံပါတယ်။
#yarzawin #MinYeMyanmar #tutorial #chordProgression
1 year ago | [YT] | 22
View 1 reply
Yarzawin - Min Ye' Myanmar
သင့်ကိုယ်သင် သံစဉ်တွေအကုန်လုံးကို ကြားနိုင်တယ်ထင်ပါသလား?
တချို့က ချိုတာကြိုက်တယ်၊တချို့ကျတော့ ချဉ်ချဉ်စပ်စပ်လေး ကြိုက်ကြတယ်၊
ကျွန်တော်တို့ ကျတော့လည်း ဘယ်အရာမဆို လေးလေးပင်ပင်လေးရှိမှကြိုက်တတ်တဲ့သဘောရှိတယ်၊
အဲ့ဒီလိုပေါ့ဗျာ၊လူတွေဆိုတာက တစ်ယောက်နဲ့တစ်ယောက် အကြိုက်ခြင်းမတူနိုင်ကြဘူးလေ။
အကြိုက်ချင်းမတူတာကတော့ ပြဿနာမရှိသေးပါဘူး၊
ဒါပေမယ့် စပ်တဲ့အရာကို စပ်တာမှန်း၊ချိုတဲ့အရာကို ချိုတာမှန်း ၊ချဉ်တဲ့အရာကို ချဉ်တာမှန်း အမှန်အတိုင်း မဆုံးဖြတ်နိုင်သေးဘူးဆိုရင်တော့ နည်းနည်းပြဿနာရှိလာပါပြီ၊
ဂီတနဲ့ ပါတ်သက်ပြီးပြောစရာရှိတာကတော့ တချို့သီချင်းတွေအရမ်းကောင်းတယ်၊နားလည်းစွဲတယ်
ဒါပေမယ့်မပေါက်ဘူး၊
တချို့သီချင်းတွေကျတော့ သာမာန်လောက်နဲ့ လူကြိုက်အရမ်းများလာပြီး ပေါက်လာတယ်။
ဒါဟာဘာကြောင့်လည်း?
ကျွန်တော်ရိုးရိုးလေး ရှင်းပြပါမယ်။
Listener level သုံးခု ရှိပါတယ်။
1)Basic listener ဆိုတာက အခြေခံအကျဆုံး ဒို,ရေ,မီ,ဖာ note 7 ခုကိုတောင် သူတို့နားတွေကအစုံမကြားရပါဘူး၊များသောအားဖြင့်က မီ,ဖာ ကို note မကွဲပဲ တစ်သံပဲကြားကြတာမျိုး၊တီ နဲ့ ဒို ကိုလည်း နားထဲမသဲကွဲကြတာမျိုးတွေပေါ့၊
လွယ်လွယ်ပြောရရင် ကပ်ရပ်ဖြစ်နေတဲ့ note နှစ်လုံးကို သူတို့ကိုဖွင့်ပြရင် အတူတူပဲလို့ ကြားနေရတဲ့ သူတွေပါ။
Major scale သံစဉ်ခုနစ်လုံးကိုကိုတီးပြရင် သူတို့ကြားကြတာ ဒီလိုပါ။
တီးပြတာက ဒို၊ရေ၊မီ၊ဖာ၊ဆို၊လာ၊တီ၊ဒို
ကြားကြတာက ဒို၊ရေ၊မီ၊မီ၊ဆို၊လာ၊ဒို၊ဒို ဆိုတာမျိုးပေါ့၊
မြန်မာပြည်မှာ အများဆုံးက အဲ့ဒီလိုမျိုးbasic listener တွေပါ။(သီချင်းဆိုခိုင်းရင် များသောအားဖြင့် key မဝင်ကြပါဘူး)
2)Normal listener တွေကျတော့ အခြေခံnote 7 လုံးလည်းသေချာကြားရတယ်၊တချို့ကြား#noteလေးတွေပါရင်လည်း တချက်တချက်ခံစားမိတယ်ဆိုတာမျိုးပါ။သူတို့တွေကျတော့ သီချင်းနားထောင်ရတဲ့အရသာကို basic listener တွေထက်ပိုသိပြီး ကြိုက်နှစ်သက်ကြတဲ့သီချင်းအမျိုးအစားလည်းပိုများပါတယ်။
သာမာန်သီချင်းတစ်ပုဒ်ကို key ဝင်အောင်တော့ ကောင်းကောင်း ဆိုနိုင်ကြပါတယ်၊
ကမ္ဘာပေါ်မှာအများဆုံးက normal listener တွေပါ။
3) Advance listener တွေကျတော့ အခြေခံnote 7 ခုကို ကြားရတဲ့အပြင် ကြား note တွေကိုပါ သဲသဲကွဲကွဲကြားနေရတာမျိုးပါ၊သီချင်းထဲမှာ maj 7 min 7 လိုအသံမျိုးတွေပါရင်သဘောကျတယ်၊
Dominant 7 တွေ diminished တွေ sus 2,sus 4 လိုမျိုးအသံတွေ သီချင်းထဲမှာ အချိုးကျကျပေါင်းစပ်ထားရင် မကြိုက်ပဲမနေနိုင်ကြတဲ့သူမျိုးတွေပါ။
Music range ကျယ်တဲ့သီချင်းတွေကြိုက်ကြတယ်၊
သံစဉ်ထဲမှာပဲဖြစ်ဖြစ်၊စာသားထဲမှာပဲဖြစ်ဖြစ် လေးလေးနက်နက်ခံစားလို့ရတာ တခုခုပါမလာရင် နားထောင်လို့ မရတော့တဲ့ သူမျိုးတွေပေါ့၊
Advance listener တွေကတော့ မြန်မာပြည်တင်မဟုတ်ပါဘူး တစ်မ္ဘာလုံးအတိုင်းအတာနဲ့ကိုအနည်းဆုံးပါပဲ။အကြားအာရုံဟာ qualified ဖြစ်ပြီး အသံတွဲစပ်ထားမှုတွေကို ပြည့်ပြည့်ဝဝ ခံစားနိုင်ကြပါတယ်။
ကျွန်တော်အကြံပေးချင်တာက basic listener တွေအနေနဲ့ သူတို့မွေးကတည်းက အခုအချိန်ထိ သူတို့နားတွေက sensitive မဖြစ်လို့မကြားရတဲ့သံစဥ်တွေကို ကြားလာရအောင် earing scale ကို လေ့ကျင့်ပေးသင့်ပါတယ်။
YouTube မှာ အလွယ်တကူလေ့ကျင့်လို့ရတဲ့ video တွေအများကြီးရှိပါတယ်။(earing scale training လို့ရိုက်ရှာရင် အများကြီးတွေ့ရပါလိမ့်မယ်)
နီးစပ်ရာသူတွေကလည်း ကြုံရင်ကြုံသလိုဝိုင်းဝန်းပြောပြပေးကြဖို့တိုက်တွန်းပါတယ်။
သူတို့ မကြားရလို့၊မသဲကွဲလို့ တခါမှ မခံစားမိဖူးသေးတဲ့ note တွေရှိတယ်ဆိုတဲ့အကြောင်း၊ဒါတွေကို ကြားလာရအောင် earing scale training တွေ အလွယ်တကူ လေ့ကျင့်လို့ရတယ်ဆိုတဲ့ကြောင်းတွေပါ။
ဘယ်သူမဆို ဂီတကိုကြိုက်ကြတယ်မဟုတ်လား၊ကိုယ့်ရဲ့နားက အဆင့်မြင့်တဲ့ ဂီတတွေကိုအချိန်မရွေးခံစားဖို့ အသင့်ဖြစ်နေတယ်ဆိုရင်
လောကကြီးရဲ့ ခံစားစရာစည်းစိမ်၊အာရုံငါးပါးထဲက သောတာရုံ ကရမယ့် စည်းစိမ်ချမ်းသာကို ဂီတမှတဆင့်ပြည့်ပြည့်ဝဝကြီးခံစားလို့ရမည်ဖြစ်ပါကြောင်း...
စေတနာဖြင့်
#YarZaWin #MinYeMyanmar #tutorial #knowledge #theory
Share လို့ရပါတယ်၊ပြန်ပြီး copy ကူးမတင်ကြဖို့ မေတ္တာရပ်ခံပါတယ်
1 year ago | [YT] | 36
View 4 replies
Yarzawin - Min Ye' Myanmar
Audio သမားတွေဖတ်ဖို့....
Mixing Process
1)Level Balance
ပထမဦးဆုံးသီချင်းတစ်ပုဒ်ကို Mixing စဆွဲတော့မယ်ဆိုရင် Drum တွေ,Bass တွေ,Instrument တစ်လိုင်းချင်းစီနဲ့vocal တွေကို သင့်တင့်မျှတတဲ့ Level အနေအထားရအောင် ညှိယူရပါတယ်.
(Recording engineer တစ်ယောက်ဆိုရင် ဒီအဆင့်ကသိပြီးသားဖြစ်လို့ အကျယ်မရှင်းတော့ပါဘူး)
(သီချင်းတစ်ပုဒ်ရဲ့အရသာအပြည့်ရဖို့က ဒီနေရာကစပြီးအရေးကြီးပါတယ်)
2)Equalize Frenquency(ကြိမ်နှုန်းများညှိခြင်း)
Step (2) အကြောင်းမပြောခင် Frequency အကြောင်းအရင်ရှင်းပါမယ်.
Frequency ကိုမြန်မာလိုဘာသာပြန်ရင် ကြိမ်နှုန်း(သို့မဟုတ်)တုန်ခါနှုန်းပါ.
Unit က (Hz) ပါ.
၀တ္တုတစ်ခုနဲ့ တစ်ခု ထိမိရာမှ တုန်ခါလှိုင်းဖြစ်ပေါ်ပြီး လေထုကိုဖြတ်သန်းရာက ကျွန်တော်တို့နားစည်ကို လာရောက်ရိုက်ခတ်တဲ့အချိန်မှာ အသံကိုကြားရပါတယ်.
(Frequency လှိုင်း မဖြစ်ပေါ်ပဲအသံမထွက်ပါ)
လူတွေရဲ့အသံဟာလည်း အဆုတ်ထဲကလေဟာ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အသံအိုးကိုဖြတ်သန်းပြီး လေထုထဲသို့ frequency ထုတ်လွှတ်လို့ ကြားရတာပါ.
လူသားတွေရဲ့ နားစည်က freq 20Hz ကနေ 20,000Hz(20KHz) အတွင်းပဲကြားနိုင်ပါတယ်.
ဒါကြောင့်မို့ equalizer တွေရဲ့ setting ဟာ 20Hz to 20KHz အတွင်းပဲပေးထားတာပါ.
အသံသြသြ,အသံထူထူတွေဟာ freq အနိမ့်သံ(20Hz မှ 500Hz လောက်အတွင်း)ဖြစ်ပြီး အသံချွန်ချွန်စူးစူးတွေဟာ freq အမြင့်သံ(8KHz မှ 20KHz လောက်အတွင်း)ဖြစ်ပါတယ်.
500Hz မှ 8,000Hz(8KHz) လောက်အတွင်းကတော့ မာမာကျစ်ကျစ် ထွက်တဲ့အသံတွေဖြစ်ပြီး freq အလယ်အလတ်အတွင်းမှာရှိလို့ mid လို့ခေါ်ပါတယ်.
အဲ့ဒီတော့
သီချင်းတစ်ပုဒ်လုံးက ထွက်နေတဲ့ Frequency တွေရောထွေးမသွားစေဖို့ နဲ့ ကိုယ်လိုချင်တဲ့ Tone colour တွေရဖို့အတွက် အသံတစ်လိုင်းချင်းစီကို equalizer အမျိုးမျိုးအသုံးပြုပြီး Frequency range များကွဲပြားအောင် Cut လုပ်သင့်တာလုပ်ပြီး Boost လုပ်သင့်တာလုပ်ရပါတယ်.ဒါမှလည်း သီချင်းသံဟာ ကြည်ကြည်လင်လင်ရှိပြီး နားထောင်ကြည့်တဲ့အခါ တစ်လိုင်းချင်းရှင်းရှင်းလင်းလင်းကြားနေရမှာပါ.
Audio engineer တွေအနေနဲ့ equalizer နဲ့ freq သဘောတရားကို နားမလည်လို့မရပါဘူး.
3)Dynamics Control
Dynamic ဆိုတာက အသံလှိုင်းတစ်လှိုင်းရဲ့ အကျယ်ဆုံးအပိုင်းနဲ့ အတိုးဆုံးအပိုင်းရဲ့ level ကွာဟမှုကိုခေါ်တာပါ.
ဥပမာ guitar လိုင်းတစ်လိုင်းဆိုပါစို့..
Player တစ်ယောက်ဟာ ဘယ်လောက်ပဲတော်တော် သီချင်းတစ်ပုဒ်လုံးတီးရတဲ့နေရာမှ rythum ရိုက်ချက်တွေ level မညီကြပါဘူး.
(Guitar မှမဟုတ်ပါဘူး, software နဲ့တီးတဲ့ Drum kick တွေတောင်မှ နှစ်ချက်ဆက်တိုက်တီးတဲ့အခါမှာ ဒုတိယအချက်က အသံနည်းနည်းလျှံတက်ပါတယ်)
ဒီကွာဟမှုကို လျော့ချဖို့ compressor များကိုအသုံးပြုပြီး အတတ်နိုင်ဆုံး smooth ဖြစ်အောင် ထိန်းချုပ်ရပါမယ်.
Compressor ဆိုတာက သူ့ဆီကို၀င်လာတဲ့အသံလှိုင်းကို level တစ်ခုသတ်မှတ်ပေးပြီး အဲ့ဒီ level ထက်ကျော်လွန်လာတဲ့ signal မှန်သမျှကို အချိုးတစ်ခုထားပြီး ဖိချပေးတဲ့အရာဖြစ်ပါတယ်.
Compressor မှာ ပါ၀င်တဲ့အရာတွေကတော့ Threshold,Ratio,Attack and release ပါ.
Compressor ကဖိချဖို့အတွက်သတ်မှတ်ပေးရတဲ့ level ကို Threshold လို့ခေါ်ပြီး signal မိပြီးပြီးချင်း ဘယ်လောက်အကြာမှာဖိချမယ်,ဖိပြီးပြီးချင်းဘယ်လောက်အကြာမှာ ပြန်လွှတ်မယ် ဆိုတာကိုတော့ Attack and Release time နဲ့ ထိန်းချုပ်ပါတယ်.
Threshold ထက် ဘယ်လောက် db ကျော်လာရင် ဘယ်လောက် db ဖိချမယ်ဆိုတာကိုတော့ Ratio နဲ့သတ်မှတ်ပေးပါတယ်.
ပိုပြီးမြင်သာအောင် ဥပမာလေးနဲ့ရှင်းပါမယ်.
(Threshold -18, Ratio 3:1 ,Attack 10 ms ,release 15 ms)
(ကျွန်တော်က compressor ကို အထက်ပါ setting သတ်မှတ်ထားတယ်ဆိုပါဆို့.
ဒါဆိုရင်
သူ့ထဲ၀င်လာတဲ့အသံလှိုင်းရဲ့ level က -18db ထက် 3 db ကျော်လာတိုင်း 1 db ပဲထုတ်ပေးပြီး 2 db ကိုဖိချလိုက်တယ် ဆိုတဲ့အဓိပ္ပါယ်ရပါတယ်.
ဘယ်လိုဖိသလဲဆိုရင် signal မိပြီးပြီးခြင်း 10 ms ကြာတာနဲ့ဖိပြီး , ဖိပြီးပြီးခြင်း 15 ms အကြာမှာ compress ပြန်လွှတ်ပေးပါတယ်.)
(db = အသံရဲ့unit, ms = milli second)
(1 ms ဆိုတာ one second ကို အပုံတစ်ထောင်ပုံရင် တစ်ပုံပါ.)
သီချင်းတစ်ပုဒ်လုံးရဲ့ အသံတွေအကုန်လုံး ညက်ညက်ညောညော ဖြစ်စေဖို့ အသံတစ်လိုင်းချင်းဆီကို compressor အသုံးပြုပြီး လိုက်ဖက်မယ့် setting ကို ချိန်ညှိပေးရမှာဖြစ်ပါတယ်.
Step (4) အသံ၏ လားရာ အနီးအဝေး Reverb/Delay
Step (5) Stereo Imagine(Stereo Wideness)
(Speaker နှစ်လုံးရဲ့ Left နဲ့ right ကြား အသံပျံ့နှံ့မှုပမာဏ)
(6)Limiting and Mastering
Step (4,5,6) ကိုတော့ ဒီ post အခြေအနေကြည့်ပြီး နောက်မှ ဖြည်းဖြည်းခြင်းရေးတင်ပေးပါ့မယ်.
(2020 ခုနှစ်က personal FB account မှာရေးသားခဲ့ပြီး ဖြစ်ပါတယ်။)
တဆင့်ကူးယူဖော်ပြခြင်းမပြုဖို့မေတ္တာရပ်ခံပါတယ်
#YarZaWin #MinYeMyanmar #Audiotutorial #MixingProcess
1 year ago (edited) | [YT] | 26
View 2 replies
Yarzawin - Min Ye' Myanmar
‘Cycle of Fifth ဆိုတာ ’ဘာလဲ၊ဘာ့ကြောင့် မှော်ဆန်နေတာလဲ?
Chord တစ်ခုရယ်လို့ ဖြစ်ပေါ်လာဖို့ အခြေခံ note 3 ခု လိုပါတယ်၊1,3,5 ပေါ့ဗျာ၊ဒါက သိပြီးသားဖြစ်မယ်ထင်ပါတယ်၊1 က root note၊ 3 က major၊minor ကွဲစေတဲ့ Harmonic note,5 က ကျတော့ major,minor မကွဲစေတဲ့ Harmonic Note,perfect Fifth လို့လည်းခေါ်ပါတယ်၊(အလယ်က 3 ကို ဖြုတ်ပြီး chord တွေကို တီးမယ်ဆိုရင် major မဟုတ်၊minor လည်းမဟုတ်တဲ့ အသံရပါတယ်၊)
Cycle of Fifth ဆိုတာ အဲ့ဒီ 1 , 5 တွေပဲစီထားတာပါ၊
ဥပမာ - C က စရေးကြည့်မယ် ဆိုပါစို့
1 C - 5 G ရပါတယ်၊
G ကဆက်ရေးကြည့်ပါမယ်၊ G ကို 1ပြန်ယူရပါတယ်၊
1 G - 5 D ရပါတယ်၊
D က ဆက်ရေးကြည့်ပါမယ်၊
1 D - 5 A ရပါတယ်၊
အဲ့ဒီ အတိုင်း ဆက်သွားလိုက်ရင် ပုံထဲကအတိုင်း အပြင် cycle ကိုရပါတယ်၊
အတွင်း Cycle က သက်ဆိုင်ရာ Chord တွေရဲ့ Relative minor တွေပါ၊(relative minor,major တွေအကြောင်း video နဲ့ ရှင်းပြခဲ့ဖူးပါတယ်)
Cycle of Fifth ရဲ့ ထူးခြားချက်က အဲ့ဒီနည်းအတိုင်း စီသွားရင် 12 သံလုံး အကုန်ပြည့်ပြီး စက်ဝိုင်းတပါတ်အဖြစ် ပြန်လည်တယ်ဆိုတဲ့ အကြောင်းပါ၊
ပုံထဲမှာကြည့်ပါ၊
12 သံဆိုတာ keyboard မှာရှိသမျှ အဖြူရောအနက်ရော ခလုတ်တွေအကုန်လုံးကိုဆိုလိုတာပါ၊
ဒီအတိုင်းအကုန်လျှောက်တီးရင်တော့ အသံကြောင်တွေပဲထွက်လာပါမယ်၊အစီအငေါ်မတည့်ပါဘူး၊
ဒါပေမယ့် sequence တစ်ခုအနေနဲ့ အစဉ်တိုင်း၊အတွဲလိုက် တီးမယ်ဆိုရင်တော့ သီချင်းတစ်ပုဒ်ထဲမှာ 12 သံလုံး အကုန်ပါအောင် တီးလို့ရနေတယ်လို့ theory က ပြနေတာပါ။ကဲ မထူးဆန်းဘူးလား?ဒါ့ကြောင့်မှော်ဆန်တယ်လို့ ပြောနေရတာပါ။
Cycle of Fifth ကို အတိအကျကြီးမဟုတ်ပဲ ရေးတေးတေးလောက် နားလည်ရင်တောင် ယနေ့ခေတ်ဂီတမှာ အတော်ကြီးအသုံးဝင်မှာအသေအချာပါပဲ၊
ဒီ Theory ကို အခြေခံပြီး chromatic scale(12 သံစဉ် scale)ဆိုတာ ဖြစ်လာပါတယ်၊အဆင့်မြင့် jazz music တွေ ဖန်တီးတတ်ချင်ရင်၊မှော်ဆန်တဲ့ ဂီတတွေကို ဖန်တီးချင်ရင် မဖြစ်မနေလေ့လာရပါမည်၊
ဒီနေရာမှာ ပြောချင်တာ တစ်ခုရှိပါသေးတယ်၊jazz music ဆိုလို့ တချို့ကတွေးကြမယ်၊ငါတို့ကတော့ Rock မို့၊pop မို့ ၊alternative တွေ RnB တွေ Hip Hop တွေ လုပ်တာမို့ ငါ့တို့နဲ့ မဆိုင်ပါဘူးဆိုပြီးပေါ့၊
တကယ်က ဂီတမှာ ခေါင်းစဉ်တွေမရှိပါဘူး၊သံစဉ်တွေရယ်၊စည်းချက်တွေရယ်ပဲ ရှိပါတယ်၊jazz music လို့ပြောနေရခြင်းက note 12 ခုလုံး ထည့်သွင်းတီးခတ်ကြတာကို jazz music တွေထဲမှာပဲ တခါတခါတွေ့ရတတ်လို့ပါ။
12 သံလုံးဆိုတော့ ရှိသမျှ ဂီတအမျိုးအစားတွေ အကုန်လုံးဟာ Jazz ဂီတရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုစီပါပဲ၊တချို့က ခြေ၊တချို့က လက်၊တချို့က ခေါင်း စသည်ဖြင့်ပေါ့ဗျာ၊
Music လေ့လာတယ် ဆိုတာကလည်း တကိုယ်လုံးကိုလေ့လာနိုင်ရင်တော့ အကောင်းဆုံးပါပဲဟုသာ...အကြံပြုရင်း...💙
ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံပါသည်၊
#YarZaWin #musictheory #tutorial
1 year ago | [YT] | 66
View 4 replies
Load more