Yarzawin - Min Ye' Myanmar
Audio သမားတွေဖတ်ဖို့....Mixing Process1)Level Balanceပထမဦးဆုံးသီချင်းတစ်ပုဒ်ကို Mixing စဆွဲတော့မယ်ဆိုရင် Drum တွေ,Bass တွေ,Instrument တစ်လိုင်းချင်းစီနဲ့vocal တွေကို သင့်တင့်မျှတတဲ့ Level အနေအထားရအောင် ညှိယူရပါတယ်.(Recording engineer တစ်ယောက်ဆိုရင် ဒီအဆင့်ကသိပြီးသားဖြစ်လို့ အကျယ်မရှင်းတော့ပါဘူး)(သီချင်းတစ်ပုဒ်ရဲ့အရသာအပြည့်ရဖို့က ဒီနေရာကစပြီးအရေးကြီးပါတယ်)2)Equalize Frenquency(ကြိမ်နှုန်းများညှိခြင်း)Step (2) အကြောင်းမပြောခင် Frequency အကြောင်းအရင်ရှင်းပါမယ်.Frequency ကိုမြန်မာလိုဘာသာပြန်ရင် ကြိမ်နှုန်း(သို့မဟုတ်)တုန်ခါနှုန်းပါ.Unit က (Hz) ပါ. ၀တ္တုတစ်ခုနဲ့ တစ်ခု ထိမိရာမှ တုန်ခါလှိုင်းဖြစ်ပေါ်ပြီး လေထုကိုဖြတ်သန်းရာက ကျွန်တော်တို့နားစည်ကို လာရောက်ရိုက်ခတ်တဲ့အချိန်မှာ အသံကိုကြားရပါတယ်.(Frequency လှိုင်း မဖြစ်ပေါ်ပဲအသံမထွက်ပါ)လူတွေရဲ့အသံဟာလည်း အဆုတ်ထဲကလေဟာ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အသံအိုးကိုဖြတ်သန်းပြီး လေထုထဲသို့ frequency ထုတ်လွှတ်လို့ ကြားရတာပါ.လူသားတွေရဲ့ နားစည်က freq 20Hz ကနေ 20,000Hz(20KHz) အတွင်းပဲကြားနိုင်ပါတယ်.ဒါကြောင့်မို့ equalizer တွေရဲ့ setting ဟာ 20Hz to 20KHz အတွင်းပဲပေးထားတာပါ.အသံသြသြ,အသံထူထူတွေဟာ freq အနိမ့်သံ(20Hz မှ 500Hz လောက်အတွင်း)ဖြစ်ပြီး အသံချွန်ချွန်စူးစူးတွေဟာ freq အမြင့်သံ(8KHz မှ 20KHz လောက်အတွင်း)ဖြစ်ပါတယ်.500Hz မှ 8,000Hz(8KHz) လောက်အတွင်းကတော့ မာမာကျစ်ကျစ် ထွက်တဲ့အသံတွေဖြစ်ပြီး freq အလယ်အလတ်အတွင်းမှာရှိလို့ mid လို့ခေါ်ပါတယ်.အဲ့ဒီတော့ သီချင်းတစ်ပုဒ်လုံးက ထွက်နေတဲ့ Frequency တွေရောထွေးမသွားစေဖို့ နဲ့ ကိုယ်လိုချင်တဲ့ Tone colour တွေရဖို့အတွက် အသံတစ်လိုင်းချင်းစီကို equalizer အမျိုးမျိုးအသုံးပြုပြီး Frequency range များကွဲပြားအောင် Cut လုပ်သင့်တာလုပ်ပြီး Boost လုပ်သင့်တာလုပ်ရပါတယ်.ဒါမှလည်း သီချင်းသံဟာ ကြည်ကြည်လင်လင်ရှိပြီး နားထောင်ကြည့်တဲ့အခါ တစ်လိုင်းချင်းရှင်းရှင်းလင်းလင်းကြားနေရမှာပါ.Audio engineer တွေအနေနဲ့ equalizer နဲ့ freq သဘောတရားကို နားမလည်လို့မရပါဘူး.3)Dynamics ControlDynamic ဆိုတာက အသံလှိုင်းတစ်လှိုင်းရဲ့ အကျယ်ဆုံးအပိုင်းနဲ့ အတိုးဆုံးအပိုင်းရဲ့ level ကွာဟမှုကိုခေါ်တာပါ.ဥပမာ guitar လိုင်းတစ်လိုင်းဆိုပါစို့..Player တစ်ယောက်ဟာ ဘယ်လောက်ပဲတော်တော် သီချင်းတစ်ပုဒ်လုံးတီးရတဲ့နေရာမှ rythum ရိုက်ချက်တွေ level မညီကြပါဘူး.(Guitar မှမဟုတ်ပါဘူး, software နဲ့တီးတဲ့ Drum kick တွေတောင်မှ နှစ်ချက်ဆက်တိုက်တီးတဲ့အခါမှာ ဒုတိယအချက်က အသံနည်းနည်းလျှံတက်ပါတယ်)ဒီကွာဟမှုကို လျော့ချဖို့ compressor များကိုအသုံးပြုပြီး အတတ်နိုင်ဆုံး smooth ဖြစ်အောင် ထိန်းချုပ်ရပါမယ်.Compressor ဆိုတာက သူ့ဆီကို၀င်လာတဲ့အသံလှိုင်းကို level တစ်ခုသတ်မှတ်ပေးပြီး အဲ့ဒီ level ထက်ကျော်လွန်လာတဲ့ signal မှန်သမျှကို အချိုးတစ်ခုထားပြီး ဖိချပေးတဲ့အရာဖြစ်ပါတယ်.Compressor မှာ ပါ၀င်တဲ့အရာတွေကတော့ Threshold,Ratio,Attack and release ပါ.Compressor ကဖိချဖို့အတွက်သတ်မှတ်ပေးရတဲ့ level ကို Threshold လို့ခေါ်ပြီး signal မိပြီးပြီးချင်း ဘယ်လောက်အကြာမှာဖိချမယ်,ဖိပြီးပြီးချင်းဘယ်လောက်အကြာမှာ ပြန်လွှတ်မယ် ဆိုတာကိုတော့ Attack and Release time နဲ့ ထိန်းချုပ်ပါတယ်.Threshold ထက် ဘယ်လောက် db ကျော်လာရင် ဘယ်လောက် db ဖိချမယ်ဆိုတာကိုတော့ Ratio နဲ့သတ်မှတ်ပေးပါတယ်.ပိုပြီးမြင်သာအောင် ဥပမာလေးနဲ့ရှင်းပါမယ်.(Threshold -18, Ratio 3:1 ,Attack 10 ms ,release 15 ms)(ကျွန်တော်က compressor ကို အထက်ပါ setting သတ်မှတ်ထားတယ်ဆိုပါဆို့.ဒါဆိုရင်သူ့ထဲ၀င်လာတဲ့အသံလှိုင်းရဲ့ level က -18db ထက် 3 db ကျော်လာတိုင်း 1 db ပဲထုတ်ပေးပြီး 2 db ကိုဖိချလိုက်တယ် ဆိုတဲ့အဓိပ္ပါယ်ရပါတယ်.ဘယ်လိုဖိသလဲဆိုရင် signal မိပြီးပြီးခြင်း 10 ms ကြာတာနဲ့ဖိပြီး , ဖိပြီးပြီးခြင်း 15 ms အကြာမှာ compress ပြန်လွှတ်ပေးပါတယ်.)(db = အသံရဲ့unit, ms = milli second)(1 ms ဆိုတာ one second ကို အပုံတစ်ထောင်ပုံရင် တစ်ပုံပါ.)သီချင်းတစ်ပုဒ်လုံးရဲ့ အသံတွေအကုန်လုံး ညက်ညက်ညောညော ဖြစ်စေဖို့ အသံတစ်လိုင်းချင်းဆီကို compressor အသုံးပြုပြီး လိုက်ဖက်မယ့် setting ကို ချိန်ညှိပေးရမှာဖြစ်ပါတယ်.Step (4) အသံ၏ လားရာ အနီးအဝေး Reverb/Delay Step (5) Stereo Imagine(Stereo Wideness)(Speaker နှစ်လုံးရဲ့ Left နဲ့ right ကြား အသံပျံ့နှံ့မှုပမာဏ)(6)Limiting and MasteringStep (4,5,6) ကိုတော့ ဒီ post အခြေအနေကြည့်ပြီး နောက်မှ ဖြည်းဖြည်းခြင်းရေးတင်ပေးပါ့မယ်.(2020 ခုနှစ်က personal FB account မှာရေးသားခဲ့ပြီး ဖြစ်ပါတယ်။)တဆင့်ကူးယူဖော်ပြခြင်းမပြုဖို့မေတ္တာရပ်ခံပါတယ်#YarZaWin #MinYeMyanmar #Audiotutorial #MixingProcess
1 year ago (edited) | [YT] | 26
Yarzawin - Min Ye' Myanmar
Audio သမားတွေဖတ်ဖို့....
Mixing Process
1)Level Balance
ပထမဦးဆုံးသီချင်းတစ်ပုဒ်ကို Mixing စဆွဲတော့မယ်ဆိုရင် Drum တွေ,Bass တွေ,Instrument တစ်လိုင်းချင်းစီနဲ့vocal တွေကို သင့်တင့်မျှတတဲ့ Level အနေအထားရအောင် ညှိယူရပါတယ်.
(Recording engineer တစ်ယောက်ဆိုရင် ဒီအဆင့်ကသိပြီးသားဖြစ်လို့ အကျယ်မရှင်းတော့ပါဘူး)
(သီချင်းတစ်ပုဒ်ရဲ့အရသာအပြည့်ရဖို့က ဒီနေရာကစပြီးအရေးကြီးပါတယ်)
2)Equalize Frenquency(ကြိမ်နှုန်းများညှိခြင်း)
Step (2) အကြောင်းမပြောခင် Frequency အကြောင်းအရင်ရှင်းပါမယ်.
Frequency ကိုမြန်မာလိုဘာသာပြန်ရင် ကြိမ်နှုန်း(သို့မဟုတ်)တုန်ခါနှုန်းပါ.
Unit က (Hz) ပါ.
၀တ္တုတစ်ခုနဲ့ တစ်ခု ထိမိရာမှ တုန်ခါလှိုင်းဖြစ်ပေါ်ပြီး လေထုကိုဖြတ်သန်းရာက ကျွန်တော်တို့နားစည်ကို လာရောက်ရိုက်ခတ်တဲ့အချိန်မှာ အသံကိုကြားရပါတယ်.
(Frequency လှိုင်း မဖြစ်ပေါ်ပဲအသံမထွက်ပါ)
လူတွေရဲ့အသံဟာလည်း အဆုတ်ထဲကလေဟာ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အသံအိုးကိုဖြတ်သန်းပြီး လေထုထဲသို့ frequency ထုတ်လွှတ်လို့ ကြားရတာပါ.
လူသားတွေရဲ့ နားစည်က freq 20Hz ကနေ 20,000Hz(20KHz) အတွင်းပဲကြားနိုင်ပါတယ်.
ဒါကြောင့်မို့ equalizer တွေရဲ့ setting ဟာ 20Hz to 20KHz အတွင်းပဲပေးထားတာပါ.
အသံသြသြ,အသံထူထူတွေဟာ freq အနိမ့်သံ(20Hz မှ 500Hz လောက်အတွင်း)ဖြစ်ပြီး အသံချွန်ချွန်စူးစူးတွေဟာ freq အမြင့်သံ(8KHz မှ 20KHz လောက်အတွင်း)ဖြစ်ပါတယ်.
500Hz မှ 8,000Hz(8KHz) လောက်အတွင်းကတော့ မာမာကျစ်ကျစ် ထွက်တဲ့အသံတွေဖြစ်ပြီး freq အလယ်အလတ်အတွင်းမှာရှိလို့ mid လို့ခေါ်ပါတယ်.
အဲ့ဒီတော့
သီချင်းတစ်ပုဒ်လုံးက ထွက်နေတဲ့ Frequency တွေရောထွေးမသွားစေဖို့ နဲ့ ကိုယ်လိုချင်တဲ့ Tone colour တွေရဖို့အတွက် အသံတစ်လိုင်းချင်းစီကို equalizer အမျိုးမျိုးအသုံးပြုပြီး Frequency range များကွဲပြားအောင် Cut လုပ်သင့်တာလုပ်ပြီး Boost လုပ်သင့်တာလုပ်ရပါတယ်.ဒါမှလည်း သီချင်းသံဟာ ကြည်ကြည်လင်လင်ရှိပြီး နားထောင်ကြည့်တဲ့အခါ တစ်လိုင်းချင်းရှင်းရှင်းလင်းလင်းကြားနေရမှာပါ.
Audio engineer တွေအနေနဲ့ equalizer နဲ့ freq သဘောတရားကို နားမလည်လို့မရပါဘူး.
3)Dynamics Control
Dynamic ဆိုတာက အသံလှိုင်းတစ်လှိုင်းရဲ့ အကျယ်ဆုံးအပိုင်းနဲ့ အတိုးဆုံးအပိုင်းရဲ့ level ကွာဟမှုကိုခေါ်တာပါ.
ဥပမာ guitar လိုင်းတစ်လိုင်းဆိုပါစို့..
Player တစ်ယောက်ဟာ ဘယ်လောက်ပဲတော်တော် သီချင်းတစ်ပုဒ်လုံးတီးရတဲ့နေရာမှ rythum ရိုက်ချက်တွေ level မညီကြပါဘူး.
(Guitar မှမဟုတ်ပါဘူး, software နဲ့တီးတဲ့ Drum kick တွေတောင်မှ နှစ်ချက်ဆက်တိုက်တီးတဲ့အခါမှာ ဒုတိယအချက်က အသံနည်းနည်းလျှံတက်ပါတယ်)
ဒီကွာဟမှုကို လျော့ချဖို့ compressor များကိုအသုံးပြုပြီး အတတ်နိုင်ဆုံး smooth ဖြစ်အောင် ထိန်းချုပ်ရပါမယ်.
Compressor ဆိုတာက သူ့ဆီကို၀င်လာတဲ့အသံလှိုင်းကို level တစ်ခုသတ်မှတ်ပေးပြီး အဲ့ဒီ level ထက်ကျော်လွန်လာတဲ့ signal မှန်သမျှကို အချိုးတစ်ခုထားပြီး ဖိချပေးတဲ့အရာဖြစ်ပါတယ်.
Compressor မှာ ပါ၀င်တဲ့အရာတွေကတော့ Threshold,Ratio,Attack and release ပါ.
Compressor ကဖိချဖို့အတွက်သတ်မှတ်ပေးရတဲ့ level ကို Threshold လို့ခေါ်ပြီး signal မိပြီးပြီးချင်း ဘယ်လောက်အကြာမှာဖိချမယ်,ဖိပြီးပြီးချင်းဘယ်လောက်အကြာမှာ ပြန်လွှတ်မယ် ဆိုတာကိုတော့ Attack and Release time နဲ့ ထိန်းချုပ်ပါတယ်.
Threshold ထက် ဘယ်လောက် db ကျော်လာရင် ဘယ်လောက် db ဖိချမယ်ဆိုတာကိုတော့ Ratio နဲ့သတ်မှတ်ပေးပါတယ်.
ပိုပြီးမြင်သာအောင် ဥပမာလေးနဲ့ရှင်းပါမယ်.
(Threshold -18, Ratio 3:1 ,Attack 10 ms ,release 15 ms)
(ကျွန်တော်က compressor ကို အထက်ပါ setting သတ်မှတ်ထားတယ်ဆိုပါဆို့.
ဒါဆိုရင်
သူ့ထဲ၀င်လာတဲ့အသံလှိုင်းရဲ့ level က -18db ထက် 3 db ကျော်လာတိုင်း 1 db ပဲထုတ်ပေးပြီး 2 db ကိုဖိချလိုက်တယ် ဆိုတဲ့အဓိပ္ပါယ်ရပါတယ်.
ဘယ်လိုဖိသလဲဆိုရင် signal မိပြီးပြီးခြင်း 10 ms ကြာတာနဲ့ဖိပြီး , ဖိပြီးပြီးခြင်း 15 ms အကြာမှာ compress ပြန်လွှတ်ပေးပါတယ်.)
(db = အသံရဲ့unit, ms = milli second)
(1 ms ဆိုတာ one second ကို အပုံတစ်ထောင်ပုံရင် တစ်ပုံပါ.)
သီချင်းတစ်ပုဒ်လုံးရဲ့ အသံတွေအကုန်လုံး ညက်ညက်ညောညော ဖြစ်စေဖို့ အသံတစ်လိုင်းချင်းဆီကို compressor အသုံးပြုပြီး လိုက်ဖက်မယ့် setting ကို ချိန်ညှိပေးရမှာဖြစ်ပါတယ်.
Step (4) အသံ၏ လားရာ အနီးအဝေး Reverb/Delay
Step (5) Stereo Imagine(Stereo Wideness)
(Speaker နှစ်လုံးရဲ့ Left နဲ့ right ကြား အသံပျံ့နှံ့မှုပမာဏ)
(6)Limiting and Mastering
Step (4,5,6) ကိုတော့ ဒီ post အခြေအနေကြည့်ပြီး နောက်မှ ဖြည်းဖြည်းခြင်းရေးတင်ပေးပါ့မယ်.
(2020 ခုနှစ်က personal FB account မှာရေးသားခဲ့ပြီး ဖြစ်ပါတယ်။)
တဆင့်ကူးယူဖော်ပြခြင်းမပြုဖို့မေတ္တာရပ်ခံပါတယ်
#YarZaWin #MinYeMyanmar #Audiotutorial #MixingProcess
1 year ago (edited) | [YT] | 26