Yarzawin - Min Ye' Myanmar
‘Cycle of Fifth ဆိုတာ ’ဘာလဲ၊ဘာ့ကြောင့် မှော်ဆန်နေတာလဲ?Chord တစ်ခုရယ်လို့ ဖြစ်ပေါ်လာဖို့ အခြေခံ note 3 ခု လိုပါတယ်၊1,3,5 ပေါ့ဗျာ၊ဒါက သိပြီးသားဖြစ်မယ်ထင်ပါတယ်၊1 က root note၊ 3 က major၊minor ကွဲစေတဲ့ Harmonic note,5 က ကျတော့ major,minor မကွဲစေတဲ့ Harmonic Note,perfect Fifth လို့လည်းခေါ်ပါတယ်၊(အလယ်က 3 ကို ဖြုတ်ပြီး chord တွေကို တီးမယ်ဆိုရင် major မဟုတ်၊minor လည်းမဟုတ်တဲ့ အသံရပါတယ်၊)Cycle of Fifth ဆိုတာ အဲ့ဒီ 1 , 5 တွေပဲစီထားတာပါ၊ဥပမာ - C က စရေးကြည့်မယ် ဆိုပါစို့1 C - 5 G ရပါတယ်၊G ကဆက်ရေးကြည့်ပါမယ်၊ G ကို 1ပြန်ယူရပါတယ်၊1 G - 5 D ရပါတယ်၊D က ဆက်ရေးကြည့်ပါမယ်၊1 D - 5 A ရပါတယ်၊အဲ့ဒီ အတိုင်း ဆက်သွားလိုက်ရင် ပုံထဲကအတိုင်း အပြင် cycle ကိုရပါတယ်၊အတွင်း Cycle က သက်ဆိုင်ရာ Chord တွေရဲ့ Relative minor တွေပါ၊(relative minor,major တွေအကြောင်း video နဲ့ ရှင်းပြခဲ့ဖူးပါတယ်)Cycle of Fifth ရဲ့ ထူးခြားချက်က အဲ့ဒီနည်းအတိုင်း စီသွားရင် 12 သံလုံး အကုန်ပြည့်ပြီး စက်ဝိုင်းတပါတ်အဖြစ် ပြန်လည်တယ်ဆိုတဲ့ အကြောင်းပါ၊ပုံထဲမှာကြည့်ပါ၊12 သံဆိုတာ keyboard မှာရှိသမျှ အဖြူရောအနက်ရော ခလုတ်တွေအကုန်လုံးကိုဆိုလိုတာပါ၊ဒီအတိုင်းအကုန်လျှောက်တီးရင်တော့ အသံကြောင်တွေပဲထွက်လာပါမယ်၊အစီအငေါ်မတည့်ပါဘူး၊ဒါပေမယ့် sequence တစ်ခုအနေနဲ့ အစဉ်တိုင်း၊အတွဲလိုက် တီးမယ်ဆိုရင်တော့ သီချင်းတစ်ပုဒ်ထဲမှာ 12 သံလုံး အကုန်ပါအောင် တီးလို့ရနေတယ်လို့ theory က ပြနေတာပါ။ကဲ မထူးဆန်းဘူးလား?ဒါ့ကြောင့်မှော်ဆန်တယ်လို့ ပြောနေရတာပါ။Cycle of Fifth ကို အတိအကျကြီးမဟုတ်ပဲ ရေးတေးတေးလောက် နားလည်ရင်တောင် ယနေ့ခေတ်ဂီတမှာ အတော်ကြီးအသုံးဝင်မှာအသေအချာပါပဲ၊ဒီ Theory ကို အခြေခံပြီး chromatic scale(12 သံစဉ် scale)ဆိုတာ ဖြစ်လာပါတယ်၊အဆင့်မြင့် jazz music တွေ ဖန်တီးတတ်ချင်ရင်၊မှော်ဆန်တဲ့ ဂီတတွေကို ဖန်တီးချင်ရင် မဖြစ်မနေလေ့လာရပါမည်၊ဒီနေရာမှာ ပြောချင်တာ တစ်ခုရှိပါသေးတယ်၊jazz music ဆိုလို့ တချို့ကတွေးကြမယ်၊ငါတို့ကတော့ Rock မို့၊pop မို့ ၊alternative တွေ RnB တွေ Hip Hop တွေ လုပ်တာမို့ ငါ့တို့နဲ့ မဆိုင်ပါဘူးဆိုပြီးပေါ့၊တကယ်က ဂီတမှာ ခေါင်းစဉ်တွေမရှိပါဘူး၊သံစဉ်တွေရယ်၊စည်းချက်တွေရယ်ပဲ ရှိပါတယ်၊jazz music လို့ပြောနေရခြင်းက note 12 ခုလုံး ထည့်သွင်းတီးခတ်ကြတာကို jazz music တွေထဲမှာပဲ တခါတခါတွေ့ရတတ်လို့ပါ။12 သံလုံးဆိုတော့ ရှိသမျှ ဂီတအမျိုးအစားတွေ အကုန်လုံးဟာ Jazz ဂီတရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုစီပါပဲ၊တချို့က ခြေ၊တချို့က လက်၊တချို့က ခေါင်း စသည်ဖြင့်ပေါ့ဗျာ၊Music လေ့လာတယ် ဆိုတာကလည်း တကိုယ်လုံးကိုလေ့လာနိုင်ရင်တော့ အကောင်းဆုံးပါပဲဟုသာ...အကြံပြုရင်း...💙ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံပါသည်၊#YarZaWin #musictheory #tutorial
1 year ago | [YT] | 66
Yarzawin - Min Ye' Myanmar
‘Cycle of Fifth ဆိုတာ ’ဘာလဲ၊ဘာ့ကြောင့် မှော်ဆန်နေတာလဲ?
Chord တစ်ခုရယ်လို့ ဖြစ်ပေါ်လာဖို့ အခြေခံ note 3 ခု လိုပါတယ်၊1,3,5 ပေါ့ဗျာ၊ဒါက သိပြီးသားဖြစ်မယ်ထင်ပါတယ်၊1 က root note၊ 3 က major၊minor ကွဲစေတဲ့ Harmonic note,5 က ကျတော့ major,minor မကွဲစေတဲ့ Harmonic Note,perfect Fifth လို့လည်းခေါ်ပါတယ်၊(အလယ်က 3 ကို ဖြုတ်ပြီး chord တွေကို တီးမယ်ဆိုရင် major မဟုတ်၊minor လည်းမဟုတ်တဲ့ အသံရပါတယ်၊)
Cycle of Fifth ဆိုတာ အဲ့ဒီ 1 , 5 တွေပဲစီထားတာပါ၊
ဥပမာ - C က စရေးကြည့်မယ် ဆိုပါစို့
1 C - 5 G ရပါတယ်၊
G ကဆက်ရေးကြည့်ပါမယ်၊ G ကို 1ပြန်ယူရပါတယ်၊
1 G - 5 D ရပါတယ်၊
D က ဆက်ရေးကြည့်ပါမယ်၊
1 D - 5 A ရပါတယ်၊
အဲ့ဒီ အတိုင်း ဆက်သွားလိုက်ရင် ပုံထဲကအတိုင်း အပြင် cycle ကိုရပါတယ်၊
အတွင်း Cycle က သက်ဆိုင်ရာ Chord တွေရဲ့ Relative minor တွေပါ၊(relative minor,major တွေအကြောင်း video နဲ့ ရှင်းပြခဲ့ဖူးပါတယ်)
Cycle of Fifth ရဲ့ ထူးခြားချက်က အဲ့ဒီနည်းအတိုင်း စီသွားရင် 12 သံလုံး အကုန်ပြည့်ပြီး စက်ဝိုင်းတပါတ်အဖြစ် ပြန်လည်တယ်ဆိုတဲ့ အကြောင်းပါ၊
ပုံထဲမှာကြည့်ပါ၊
12 သံဆိုတာ keyboard မှာရှိသမျှ အဖြူရောအနက်ရော ခလုတ်တွေအကုန်လုံးကိုဆိုလိုတာပါ၊
ဒီအတိုင်းအကုန်လျှောက်တီးရင်တော့ အသံကြောင်တွေပဲထွက်လာပါမယ်၊အစီအငေါ်မတည့်ပါဘူး၊
ဒါပေမယ့် sequence တစ်ခုအနေနဲ့ အစဉ်တိုင်း၊အတွဲလိုက် တီးမယ်ဆိုရင်တော့ သီချင်းတစ်ပုဒ်ထဲမှာ 12 သံလုံး အကုန်ပါအောင် တီးလို့ရနေတယ်လို့ theory က ပြနေတာပါ။ကဲ မထူးဆန်းဘူးလား?ဒါ့ကြောင့်မှော်ဆန်တယ်လို့ ပြောနေရတာပါ။
Cycle of Fifth ကို အတိအကျကြီးမဟုတ်ပဲ ရေးတေးတေးလောက် နားလည်ရင်တောင် ယနေ့ခေတ်ဂီတမှာ အတော်ကြီးအသုံးဝင်မှာအသေအချာပါပဲ၊
ဒီ Theory ကို အခြေခံပြီး chromatic scale(12 သံစဉ် scale)ဆိုတာ ဖြစ်လာပါတယ်၊အဆင့်မြင့် jazz music တွေ ဖန်တီးတတ်ချင်ရင်၊မှော်ဆန်တဲ့ ဂီတတွေကို ဖန်တီးချင်ရင် မဖြစ်မနေလေ့လာရပါမည်၊
ဒီနေရာမှာ ပြောချင်တာ တစ်ခုရှိပါသေးတယ်၊jazz music ဆိုလို့ တချို့ကတွေးကြမယ်၊ငါတို့ကတော့ Rock မို့၊pop မို့ ၊alternative တွေ RnB တွေ Hip Hop တွေ လုပ်တာမို့ ငါ့တို့နဲ့ မဆိုင်ပါဘူးဆိုပြီးပေါ့၊
တကယ်က ဂီတမှာ ခေါင်းစဉ်တွေမရှိပါဘူး၊သံစဉ်တွေရယ်၊စည်းချက်တွေရယ်ပဲ ရှိပါတယ်၊jazz music လို့ပြောနေရခြင်းက note 12 ခုလုံး ထည့်သွင်းတီးခတ်ကြတာကို jazz music တွေထဲမှာပဲ တခါတခါတွေ့ရတတ်လို့ပါ။
12 သံလုံးဆိုတော့ ရှိသမျှ ဂီတအမျိုးအစားတွေ အကုန်လုံးဟာ Jazz ဂီတရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုစီပါပဲ၊တချို့က ခြေ၊တချို့က လက်၊တချို့က ခေါင်း စသည်ဖြင့်ပေါ့ဗျာ၊
Music လေ့လာတယ် ဆိုတာကလည်း တကိုယ်လုံးကိုလေ့လာနိုင်ရင်တော့ အကောင်းဆုံးပါပဲဟုသာ...အကြံပြုရင်း...💙
ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံပါသည်၊
#YarZaWin #musictheory #tutorial
1 year ago | [YT] | 66