CNI TV Channel
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်သွားမည်၊ သမ္မတရှီနှင့် တွေ့မည် CNI News ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈ နိုင်ငံတော်လုံခြုံရေနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးမည်ဟု နေပြည်တော်က ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ မကြာမီရက်ပိုင်းအတွင်း တရုတ်နိုင်ငံသို့ အလုပ်သဘော ခရီးစဉ် သွားရောက်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Websiteတွင်ဖတ်ရှုရန်......cnimyanmar.com/index.php/political-2/politics-loca… #စစ်ရေးပြ #မြန်မာနိုင်ငံ #ရှီကျင့်ဖျင် #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #တရုတ် #နိုင်ငံရေး #CNImyanmar ပုံ - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ကို တွေ့ရစဉ်
5 hours ago | [YT] | 121
View 8 replies
ထိုင်းက လုပ်သားလိုအပ်ချက်အရ မြန်မာဒုက္ခသည်ကို အလုပ်လုပ်ခွင့်ပေး CNI New ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈ ထိုင်းနှင့်ကမ္ဘောဒီးယားကြား နယ်စပ်ပြဿနာကြောင့် နှစ်ဖက် စစ်ပွဲဖြစ်ပွားကာ ကမ္ဘောဒီးယားလုပ်သားများ ထွက် ခွာသွားကြ၍ လုပ်သားလိုအပ်ချက်အရ မြန်မာဒုက္ခသည်များအား အလုပ်လုပ်ကိုင်ခွင့်ပေးလာကြောင်း ပညာရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုက အလုပ်လုပ်နိုင်သည့် လူဦးရေ ၄၀,၀၀၀ ကျော်ကို ထိုင်းနိုင်ငံထဲတွင် တရားဝင် အလုပ်လုပ်ခွင့်ပြုရန် ထိုင်းအစိုးရဝန်ကြီးများအဖွဲ့က ဩဂုတ် ၂၆ ရက် အစည်းအဝေးတွင် သဘောတူ ခဲ့ခြင်းဖြစ်သည်။ Websiteတွင်ဖတ်ရှုရန်......cnimyanmar.com/index.php/local-news-2/local-busine… #မြန်မာနိုင်ငံ #ဒုက္ခသည် #ရွှေ့ပြောင်းလုပ်သား #ထိုင်း #စီးပွားရေး #CNImyanmar ပုံ - ထိုင်းနိုင်ငံရှိ မယ်လဒုက္ခသည်စခန်းကို ၂၀၁၄ ခုနှစ် ဂျူလိုင်လက တွေ့ရစဉ် (ဓာတ်ပုံ-ရိုက်တာ)
5 hours ago | [YT] | 32
View 1 reply
ရွေးကောက်ပွဲဆန့်ကျင်တာ တပ်အုပ်ချုပ်မှုကို ထောက်ခံခြင်းဖြစ်နေ CNI News ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈ တော်လှန်ရေး အင်အားစုများအနေဖြင့် ရွေးကောက်ပွဲကို ဆန့်ကျင်နေခြင်းက လက်ရှိ တပ်မတော်က နိုင်ငံကို အုပ်ချုပ်နေမှုကို ထောက်ခံသည့် သဘောလားဟု မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။ လက်ရှိတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်က ကျင်းပပေးမည့် ရွေးကောက်ပွဲကို KIA, KNU, AA, KNPP နှင့် အခြားတော်လှန်ရေးအဖွဲ့အစည်းများက လက်မခံကြောင်း ပြောဆိုထားသကဲ့သို့ ဆန့်ကျင် ကျော်လွှားကြရန် NUG ကလည်း တိုက်တွန်းထားသည်။ Websiteတွင်ဖတ်ရှုရန်......cnimyanmar.com/index.php/political-2/politics-loca… #အုပ်ချုပ်ရေး #ဗိုလ်မှူးကြီးခွန်ဥက္ကာ #မြန်မာ့တပ်မတော် #ရွေးကောက်ပွဲ #မြန်မာနိုင်ငံ #နိုင်ငံရေး #CNImyanmar ပုံ - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
6 hours ago | [YT] | 26
View 13 replies
သီရိလင်္ကာသမ္မတဟောင်း အာမခံဖြင့် ပြန်လွတ်လာ CNI International News ကိုလံဘို၊ ဩဂုတ် ၂၈ သီရိလင်္ကာတရားရုံးက နိုင်ငံပိုင်ဘဏ္ဍာငွေများကို အလွဲသုံးမှုစွဲချက်ဖြင့် ပြီးခဲ့သည့် သီတင်းပတ်က ဖမ်းဆီးခံ ခဲ့ရသည့် သမ္မတဟောင်း ရာနေးလ် ဝီကရီမီဆင်းဟီ (Ranil Wickremesinghe)အား ဩဂုတ် ၂၆ ရက်တွင် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။ အသက် ၇၆ နှစ်အရွယ် ဝီကရီမီဆင်းဟီသည် ဆေးရုံတင်နေချိန်တွင် ဗွီဒီယိုဆက်သွယ်မှုဖြင့် တရားရုံး၏ ကြားနာစစ်ဆေးမှုကို ခံယူခဲ့သည်။ Websiteတွင်ဖတ်ရှုရန်.......cnimyanmar.com/index.php/political-2/politics-loca… Source: CAN #ကုန်သွယ်ရေး #အာမခံ #သမ္မတ #သီရိလင်္ကာ #နိုင်ငံရေး #နိုင်ငံတကာ #CNIinternational #CNImyanmar ပုံ - သီရိလင်္ကာသမ္မတဟောင်း ရာနေးလ် ဝီကရီမီဆင်းဟီကို တွေ့ရစဉ်
6 hours ago | [YT] | 13
ယူရိုပါလိဂ်မှာ ပိုပြီးကောင်းအောင် ကြိုးစားမယ်လို့ မော်ရင်ဟို ပြော CNI Sport News ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈ ဖီနာဘာချီအသင်းဟာ ဘင်ဖီကာအသင်းကို ချန်ပီယံလိဂ် ပလေးအော့ဖ်အဆင့်မှာ အရေးနိမ့်ခဲ့ပြီးနောက် နည်းပြ မော်ရင်ဟိုက သူတို့ဟာ ယူရိုပါလိဂ်မှာ ပိုပြီးကောင်းမွန်တဲ့ ရလဒ်တွေရရှိအောင် ကြိုးစားသွားမယ်လို့ ပြောခဲ့ပါ တယ်။ မော်ရင်ဟိုက “ကျနော်တို့ဟာ လိဂ်ဖလားကို နှစ်အတော်ကြာအောင် မရရှိခဲ့တဲ့အတွက် ဒါက အမြဲတမ်း ရည်မှန်း ချက် ပန်းတိုင်ပါ။ ယူရိုပါလိဂ်က ကျနော်တို့ရဲ့ အလားအလာနဲ့ ပိုပြီးကိုက်ညီတဲ့ ပြိုင်ပွဲတစ်ခုပါ။ မနှစ်ကလည်း ယူရိုပါလိဂ်မှာ ကောင်းမွန်စွာ ကစားနိုင်ခဲ့ပေမယ့် ရိန်းဂျားစ်အသင်းကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရပါတယ်။ အခုနှစ် မှာ ဒီထက်ပိုပြီး ကောင်းမွန်အောင် ကြိုးစားသွားမှာပါ။ ယူရိုပါလိဂ်မှာ အသင်းကောင်းတွေရှိနေပြီး ပေါ်တိုအသင်း က အလွန်တောင့်တင်းပါတယ်”လို့ ပြောခဲ့တာပါ။ Websiteတွင်ဖတ်ရှုရန်......cnimyanmar.com/index.php/local-news-2/local-sport/… Source: Metro #မော်ရင်ဟို #ယူရိုပါလိဂ် #ဖီနာဘာချီအသင်း #အားကစား #နိုင်ငံတကာ #CNISport #CNImyanmar ပုံ - မော်ရင်ဟိုကို တွေ့ရစဉ်
7 hours ago | [YT] | 121
View 0 replies
လိဂ်ဖလားက ထွက်ရပြီးနောက် ကစားသမားတွေကို အာမိုရင် ဝေဖန် CNI Sport News ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈ ယူနိုက်တက်အသင်းဟာ ကာရာဘောင်းလိဂ်ဖလား ဒုတိယအဆင့်မှာ လိဂ်တူးကလပ် ဂရင်စဘီအသင်းကို အရေး နိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် နည်းပြအာမိုရင်က ကစားသမားတွေကို ဝေဖန်ခဲ့ပြီး အကောင်းဆုံး အသင်းက အနိုင်ရခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အာမိုရင်က “ကျနော်တို့ရဲ့ ပရိသတ်တွေကို ကျနော်တောင်းပန်ချင်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ကျနော့်ရဲ့ ကစားသမားတွေဟာ သူတို့လိုချင်နေတဲ့ အရာကို အသံကျယ်လောင်စွာ ပြောခဲ့တယ်လို့ ကျနော် ခံစားရပါတယ်။ အကောင်းဆုံးအသင်းက အနိုင်ရခဲ့တာဖြစ်ပြီး ကျနော်တို့ဟာ အပြောင်းအလဲလုပ်ဖို့ လိုအပ်မယ်ထင်ပါတယ်။ အခု အချိန်မှာ ကျနော်တို့ဟာ လာမယ့်ပွဲကို အာရုံစိုက်ပြီး စဉ်းစားမှုတွေ ပြုလုပ်ရပါမယ်။ ဒီနေ့ဘောလုံးပွဲက အလွန် မျှတပြီး အကောင်းဆုံးအသင်းက အနိုင်ရခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။ Websiteတွင်ဖတ်ရှုရန်.......cnimyanmar.com/index.php/local-news-2/local-sport/… Source: ESPN #ပရီးမီးယားလိဂ် #အာမိုရင် #ယူနိုက်တက်အသင်း #အားကစား #နိုင်ငံတကာ #CNISport #CNImyanmar ပုံ - ယူနိုက်တက်အသင်းကို တွေ့ရစဉ်
8 hours ago | [YT] | 56
အိန္ဒိယက ရေကာတာများ ဖွင့်ချပြီး ပါကစ္စတန်ကို သတိပေး CNI International News နယူးဒေလီ၊ ဩဂုတ် ၂၈ အိန္ဒိယ၏ ကက်ရှ်မီးယားဒေသတွင် မိုးများသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် အိန္ဒိယသည် ကက်ရှ်မီးယားဒေသ၏ မြစ်များပေါ်၌ တည်ဆောက်ထားသည့် အကြီးစားရေကာတာများ၏ ဂိတ်တံခါးများအားလုံးကို ဩဂုတ် ၂၇ ရက်က ဖွင့်ချခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။ ထိုကဲ့သို့ ရေကာတာများ ဖွင့်ချပြီးနောက် မြစ်အောက်ဘက်ပိုင်း ဒေသများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားနိုင် ကြောင်း အိမ်နီးချင်း ပါကစ္စတန်နိုင်ငံကို သတိပေးခဲ့သည်ဟုလည်း အိန္ဒိယအစိုးရ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။ Websiteတွင်ဖတ်ရှုရန်.......cnimyanmar.com/index.php/all-2/weather/31121-2025-… Source: ရိုက်တာ #ရေကာတာ #ပါကစ္စတန် #အိန္ဒိယ #ရာသီဥတု #သဘာဝဘေးအန္တရာယ် #နိုင်ငံတကာ #CNIinternational #CNImyanmar ပုံ - မုတ်သံမိုးကြောင့် မြစ်ရေတက်နေစဉ်
9 hours ago | [YT] | 29
အမျိုးသားအစောင့်တပ်ဖွဲ့က ဒေသခံများကို စိတ်အနှောင့်ယှက်ဖြစ်စေ CNI International News ဝါရှင်တန်၊ ဩဂုတ် ၂၈ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီတွင် ဖြန့်ကြက်ချထားသည့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များသည် ဝါရှင်တန် ဒေသခံများကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲများက ဩဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။ ထို့ပြင် ဝါရှင်တန် ဒေသခံများကြား ဆက်ဆံရေးကိုလည်း ထိခိုက်စေပြီး ထိုကဲ့သို့ ထိခိုက်ခဲ့သည့် ဆက်ဆံရေး များကို အနာဂတ်တွင် ပြန်လည်ထူထောင် ရမည်ဖြစ်ကြောင်း အရာရှိများက ပြောကြားခဲ့သည်။ Websiteတွင်ဖတ်ရှုရန်.......cnimyanmar.com/index.php/political-2/politics-loca… Source: အေပီ #အမျိုးသားအစောင့်တပ်ဖွဲ့ #ဝါရှင်တန် #အမေရိကန် #နိုင်ငံရေး #နိုင်ငံတကာ #CNIinternational #CNImyanmar ပုံ - အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂ ဦးကို တွေ့ရစဉ်
9 hours ago | [YT] | 10
ဗီယက်နမ်၏ မိုင်းတွင်းကို တရုတ် ထိန်းချုပ်မည့်အရေး စိုးရိမ် CNI International News ဟနွိုင်း၊ ဩဂုတ် ၂၈ ဗီယက်နမ်၏ တန်စတင် (tungsten) သတ္တုမိုင်းတွင်းနှင့် သတ္တုသန့်စင်သည့် စက်ရုံကို တရုတ်က ထိန်းချုပ် ဖွယ်ရှိသည့် အခြေအနေနှင့်ပတ်သက်ပြီး အမေရိကန်နှင့် အနောက်နိုင်ငံများမှ အရာရှိများ စိုးရိမ်နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။ ထိုသို့ ဖြစ်လာမည်ဆိုပါက တရုတ်နိုင်ငံ ပြင်ပရှိ အရေးကြီးသည့် အဓိကသတ္တု အရင်းအမြစ်ကို ဝယ်ယူရန် အဟန့်အတား ဖြစ်လာနိုင်မည့် အရေးအား အမေရိကန်နှင့် အနောက်နိုင်ငံများက စိုးရိမ်နေခြင်း ဖြစ်သည်ဟု နီးစပ်သည့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ Websiteတွင်ဖတ်ရှုရန်.......cnimyanmar.com/index.php/local-news-2/local-busine… Source: Reuters #အမေရိကန် #တရုတ် #မိုင်းတွင်း #ဗီယက်နမ် #စီးပွားရေး #နိုင်ငံတကာ #CNIinternational #CNImyanmar ပုံ - မိုင်းတွင်းတစ်ခုကို တွေ့ရစဉ်
9 hours ago | [YT] | 35
အမေရိကန်အသင်းလူစာရင်းထဲ ပူလီဆစ်ပြန်လည်ပါဝင် CNI Sport News ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈ အမေရိကန်အသင်းဟာ စက်တင်ဘာမှာယှဉ်ပြိုင်မယ့် ခြေစမ်းပွဲတွေအတွက် လူစာရင်းထုတ်ပြန်ခဲ့တာမှာ ပြီးခဲ့တဲ့ ရွှေဖလားပြိုင်ပွဲကို ပါဝင်ဖို့ငြင်းဆန်ခဲ့တဲ့ အေစီမီလန်အသင်းကြယ်ပွင့် ပူလီဆစ် အသင်းလူစာရင်းထဲ ပြန်လည် ပါဝင်လာခဲ့ပါတယ်။ ပူလီဆစ်ဟာ ပြီးခဲ့တဲ့ရာသီက အေစီမီလန်အသင်းအတွက် ပွဲပေါင်း ၅၀ ပါဝင်ကစားခဲ့တာကြောင့် အနားယူပြီး လန်းလန်းဆန်းဆန်းဖြစ်စေဖို့အတွက် ရွှေဖလားပြိုင်ပွဲကို ပါဝင်ကစားဖို့ ငြင်းဆန်ခဲ့တာပါ။ Websiteတွင်ဖတ်ရှုရန်.......cnimyanmar.com/index.php/local-news-2/local-sport/… Source:ChannelNewsAsia #ပူလီဆစ် #အမေရိကန် #အေစီမီလန် #cnisportnews #CNIMyanmar
14 hours ago | [YT] | 45
Load more
CNI TV Channel
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်သွားမည်၊ သမ္မတရှီနှင့် တွေ့မည်
CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈
နိုင်ငံတော်လုံခြုံရေနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးမည်ဟု နေပြည်တော်က ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ မကြာမီရက်ပိုင်းအတွင်း တရုတ်နိုင်ငံသို့ အလုပ်သဘော ခရီးစဉ် သွားရောက်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Websiteတွင်ဖတ်ရှုရန်......cnimyanmar.com/index.php/political-2/politics-loca…
#စစ်ရေးပြ #မြန်မာနိုင်ငံ #ရှီကျင့်ဖျင် #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #တရုတ် #နိုင်ငံရေး #CNImyanmar
ပုံ - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ကို တွေ့ရစဉ်
5 hours ago | [YT] | 121
View 8 replies
CNI TV Channel
ထိုင်းက လုပ်သားလိုအပ်ချက်အရ မြန်မာဒုက္ခသည်ကို အလုပ်လုပ်ခွင့်ပေး
CNI New
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈
ထိုင်းနှင့်ကမ္ဘောဒီးယားကြား နယ်စပ်ပြဿနာကြောင့် နှစ်ဖက် စစ်ပွဲဖြစ်ပွားကာ ကမ္ဘောဒီးယားလုပ်သားများ ထွက် ခွာသွားကြ၍ လုပ်သားလိုအပ်ချက်အရ မြန်မာဒုက္ခသည်များအား အလုပ်လုပ်ကိုင်ခွင့်ပေးလာကြောင်း ပညာရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုက အလုပ်လုပ်နိုင်သည့် လူဦးရေ ၄၀,၀၀၀ ကျော်ကို ထိုင်းနိုင်ငံထဲတွင် တရားဝင် အလုပ်လုပ်ခွင့်ပြုရန် ထိုင်းအစိုးရဝန်ကြီးများအဖွဲ့က ဩဂုတ် ၂၆ ရက် အစည်းအဝေးတွင် သဘောတူ ခဲ့ခြင်းဖြစ်သည်။
Websiteတွင်ဖတ်ရှုရန်......cnimyanmar.com/index.php/local-news-2/local-busine…
#မြန်မာနိုင်ငံ #ဒုက္ခသည် #ရွှေ့ပြောင်းလုပ်သား #ထိုင်း #စီးပွားရေး #CNImyanmar
ပုံ - ထိုင်းနိုင်ငံရှိ မယ်လဒုက္ခသည်စခန်းကို ၂၀၁၄ ခုနှစ် ဂျူလိုင်လက တွေ့ရစဉ် (ဓာတ်ပုံ-ရိုက်တာ)
5 hours ago | [YT] | 32
View 1 reply
CNI TV Channel
ရွေးကောက်ပွဲဆန့်ကျင်တာ တပ်အုပ်ချုပ်မှုကို ထောက်ခံခြင်းဖြစ်နေ
CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈
တော်လှန်ရေး အင်အားစုများအနေဖြင့် ရွေးကောက်ပွဲကို ဆန့်ကျင်နေခြင်းက လက်ရှိ တပ်မတော်က နိုင်ငံကို အုပ်ချုပ်နေမှုကို ထောက်ခံသည့် သဘောလားဟု မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်က ကျင်းပပေးမည့် ရွေးကောက်ပွဲကို KIA, KNU, AA, KNPP နှင့် အခြားတော်လှန်ရေးအဖွဲ့အစည်းများက လက်မခံကြောင်း ပြောဆိုထားသကဲ့သို့ ဆန့်ကျင် ကျော်လွှားကြရန် NUG ကလည်း တိုက်တွန်းထားသည်။
Websiteတွင်ဖတ်ရှုရန်......cnimyanmar.com/index.php/political-2/politics-loca…
#အုပ်ချုပ်ရေး #ဗိုလ်မှူးကြီးခွန်ဥက္ကာ #မြန်မာ့တပ်မတော် #ရွေးကောက်ပွဲ #မြန်မာနိုင်ငံ #နိုင်ငံရေး #CNImyanmar
ပုံ - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
6 hours ago | [YT] | 26
View 13 replies
CNI TV Channel
သီရိလင်္ကာသမ္မတဟောင်း အာမခံဖြင့် ပြန်လွတ်လာ
CNI International News
ကိုလံဘို၊ ဩဂုတ် ၂၈
သီရိလင်္ကာတရားရုံးက နိုင်ငံပိုင်ဘဏ္ဍာငွေများကို အလွဲသုံးမှုစွဲချက်ဖြင့် ပြီးခဲ့သည့် သီတင်းပတ်က ဖမ်းဆီးခံ ခဲ့ရသည့် သမ္မတဟောင်း ရာနေးလ် ဝီကရီမီဆင်းဟီ (Ranil Wickremesinghe)အား ဩဂုတ် ၂၆ ရက်တွင် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
အသက် ၇၆ နှစ်အရွယ် ဝီကရီမီဆင်းဟီသည် ဆေးရုံတင်နေချိန်တွင် ဗွီဒီယိုဆက်သွယ်မှုဖြင့် တရားရုံး၏ ကြားနာစစ်ဆေးမှုကို ခံယူခဲ့သည်။
Websiteတွင်ဖတ်ရှုရန်.......cnimyanmar.com/index.php/political-2/politics-loca…
Source: CAN
#ကုန်သွယ်ရေး #အာမခံ #သမ္မတ #သီရိလင်္ကာ #နိုင်ငံရေး #နိုင်ငံတကာ #CNIinternational #CNImyanmar
ပုံ - သီရိလင်္ကာသမ္မတဟောင်း ရာနေးလ် ဝီကရီမီဆင်းဟီကို တွေ့ရစဉ်
6 hours ago | [YT] | 13
View 1 reply
CNI TV Channel
ယူရိုပါလိဂ်မှာ ပိုပြီးကောင်းအောင် ကြိုးစားမယ်လို့ မော်ရင်ဟို ပြော
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈
ဖီနာဘာချီအသင်းဟာ ဘင်ဖီကာအသင်းကို ချန်ပီယံလိဂ် ပလေးအော့ဖ်အဆင့်မှာ အရေးနိမ့်ခဲ့ပြီးနောက် နည်းပြ မော်ရင်ဟိုက သူတို့ဟာ ယူရိုပါလိဂ်မှာ ပိုပြီးကောင်းမွန်တဲ့ ရလဒ်တွေရရှိအောင် ကြိုးစားသွားမယ်လို့ ပြောခဲ့ပါ တယ်။
မော်ရင်ဟိုက “ကျနော်တို့ဟာ လိဂ်ဖလားကို နှစ်အတော်ကြာအောင် မရရှိခဲ့တဲ့အတွက် ဒါက အမြဲတမ်း ရည်မှန်း ချက် ပန်းတိုင်ပါ။ ယူရိုပါလိဂ်က ကျနော်တို့ရဲ့ အလားအလာနဲ့ ပိုပြီးကိုက်ညီတဲ့ ပြိုင်ပွဲတစ်ခုပါ။ မနှစ်ကလည်း ယူရိုပါလိဂ်မှာ ကောင်းမွန်စွာ ကစားနိုင်ခဲ့ပေမယ့် ရိန်းဂျားစ်အသင်းကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရပါတယ်။ အခုနှစ် မှာ ဒီထက်ပိုပြီး ကောင်းမွန်အောင် ကြိုးစားသွားမှာပါ။ ယူရိုပါလိဂ်မှာ အသင်းကောင်းတွေရှိနေပြီး ပေါ်တိုအသင်း က အလွန်တောင့်တင်းပါတယ်”လို့ ပြောခဲ့တာပါ။
Websiteတွင်ဖတ်ရှုရန်......cnimyanmar.com/index.php/local-news-2/local-sport/…
Source: Metro
#မော်ရင်ဟို #ယူရိုပါလိဂ် #ဖီနာဘာချီအသင်း #အားကစား #နိုင်ငံတကာ #CNISport #CNImyanmar
ပုံ - မော်ရင်ဟိုကို တွေ့ရစဉ်
7 hours ago | [YT] | 121
View 0 replies
CNI TV Channel
လိဂ်ဖလားက ထွက်ရပြီးနောက် ကစားသမားတွေကို အာမိုရင် ဝေဖန်
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈
ယူနိုက်တက်အသင်းဟာ ကာရာဘောင်းလိဂ်ဖလား ဒုတိယအဆင့်မှာ လိဂ်တူးကလပ် ဂရင်စဘီအသင်းကို အရေး နိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် နည်းပြအာမိုရင်က ကစားသမားတွေကို ဝေဖန်ခဲ့ပြီး အကောင်းဆုံး အသင်းက အနိုင်ရခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “ကျနော်တို့ရဲ့ ပရိသတ်တွေကို ကျနော်တောင်းပန်ချင်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ကျနော့်ရဲ့ ကစားသမားတွေဟာ သူတို့လိုချင်နေတဲ့ အရာကို အသံကျယ်လောင်စွာ ပြောခဲ့တယ်လို့ ကျနော် ခံစားရပါတယ်။ အကောင်းဆုံးအသင်းက အနိုင်ရခဲ့တာဖြစ်ပြီး ကျနော်တို့ဟာ အပြောင်းအလဲလုပ်ဖို့ လိုအပ်မယ်ထင်ပါတယ်။ အခု အချိန်မှာ ကျနော်တို့ဟာ လာမယ့်ပွဲကို အာရုံစိုက်ပြီး စဉ်းစားမှုတွေ ပြုလုပ်ရပါမယ်။ ဒီနေ့ဘောလုံးပွဲက အလွန် မျှတပြီး အကောင်းဆုံးအသင်းက အနိုင်ရခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။
Websiteတွင်ဖတ်ရှုရန်.......cnimyanmar.com/index.php/local-news-2/local-sport/…
Source: ESPN
#ပရီးမီးယားလိဂ် #အာမိုရင် #ယူနိုက်တက်အသင်း #အားကစား #နိုင်ငံတကာ #CNISport #CNImyanmar
ပုံ - ယူနိုက်တက်အသင်းကို တွေ့ရစဉ်
8 hours ago | [YT] | 56
View 1 reply
CNI TV Channel
အိန္ဒိယက ရေကာတာများ ဖွင့်ချပြီး ပါကစ္စတန်ကို သတိပေး
CNI International News
နယူးဒေလီ၊ ဩဂုတ် ၂၈
အိန္ဒိယ၏ ကက်ရှ်မီးယားဒေသတွင် မိုးများသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် အိန္ဒိယသည် ကက်ရှ်မီးယားဒေသ၏ မြစ်များပေါ်၌ တည်ဆောက်ထားသည့် အကြီးစားရေကာတာများ၏ ဂိတ်တံခါးများအားလုံးကို ဩဂုတ် ၂၇ ရက်က ဖွင့်ချခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုကဲ့သို့ ရေကာတာများ ဖွင့်ချပြီးနောက် မြစ်အောက်ဘက်ပိုင်း ဒေသများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားနိုင် ကြောင်း အိမ်နီးချင်း ပါကစ္စတန်နိုင်ငံကို သတိပေးခဲ့သည်ဟုလည်း အိန္ဒိယအစိုးရ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
Websiteတွင်ဖတ်ရှုရန်.......cnimyanmar.com/index.php/all-2/weather/31121-2025-…
Source: ရိုက်တာ
#ရေကာတာ #ပါကစ္စတန် #အိန္ဒိယ #ရာသီဥတု #သဘာဝဘေးအန္တရာယ် #နိုင်ငံတကာ #CNIinternational #CNImyanmar
ပုံ - မုတ်သံမိုးကြောင့် မြစ်ရေတက်နေစဉ်
9 hours ago | [YT] | 29
View 0 replies
CNI TV Channel
အမျိုးသားအစောင့်တပ်ဖွဲ့က ဒေသခံများကို စိတ်အနှောင့်ယှက်ဖြစ်စေ
CNI International News
ဝါရှင်တန်၊ ဩဂုတ် ၂၈
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီတွင် ဖြန့်ကြက်ချထားသည့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များသည် ဝါရှင်တန် ဒေသခံများကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲများက ဩဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထို့ပြင် ဝါရှင်တန် ဒေသခံများကြား ဆက်ဆံရေးကိုလည်း ထိခိုက်စေပြီး ထိုကဲ့သို့ ထိခိုက်ခဲ့သည့် ဆက်ဆံရေး များကို အနာဂတ်တွင် ပြန်လည်ထူထောင် ရမည်ဖြစ်ကြောင်း အရာရှိများက ပြောကြားခဲ့သည်။
Websiteတွင်ဖတ်ရှုရန်.......cnimyanmar.com/index.php/political-2/politics-loca…
Source: အေပီ
#အမျိုးသားအစောင့်တပ်ဖွဲ့ #ဝါရှင်တန် #အမေရိကန် #နိုင်ငံရေး #နိုင်ငံတကာ #CNIinternational #CNImyanmar
ပုံ - အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂ ဦးကို တွေ့ရစဉ်
9 hours ago | [YT] | 10
View 0 replies
CNI TV Channel
ဗီယက်နမ်၏ မိုင်းတွင်းကို တရုတ် ထိန်းချုပ်မည့်အရေး စိုးရိမ်
CNI International News
ဟနွိုင်း၊ ဩဂုတ် ၂၈
ဗီယက်နမ်၏ တန်စတင် (tungsten) သတ္တုမိုင်းတွင်းနှင့် သတ္တုသန့်စင်သည့် စက်ရုံကို တရုတ်က ထိန်းချုပ် ဖွယ်ရှိသည့် အခြေအနေနှင့်ပတ်သက်ပြီး အမေရိကန်နှင့် အနောက်နိုင်ငံများမှ အရာရှိများ စိုးရိမ်နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုသို့ ဖြစ်လာမည်ဆိုပါက တရုတ်နိုင်ငံ ပြင်ပရှိ အရေးကြီးသည့် အဓိကသတ္တု အရင်းအမြစ်ကို ဝယ်ယူရန် အဟန့်အတား ဖြစ်လာနိုင်မည့် အရေးအား အမေရိကန်နှင့် အနောက်နိုင်ငံများက စိုးရိမ်နေခြင်း ဖြစ်သည်ဟု နီးစပ်သည့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
Websiteတွင်ဖတ်ရှုရန်.......cnimyanmar.com/index.php/local-news-2/local-busine…
Source: Reuters
#အမေရိကန် #တရုတ် #မိုင်းတွင်း #ဗီယက်နမ် #စီးပွားရေး #နိုင်ငံတကာ #CNIinternational #CNImyanmar
ပုံ - မိုင်းတွင်းတစ်ခုကို တွေ့ရစဉ်
9 hours ago | [YT] | 35
View 1 reply
CNI TV Channel
အမေရိကန်အသင်းလူစာရင်းထဲ ပူလီဆစ်ပြန်လည်ပါဝင်
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈
အမေရိကန်အသင်းဟာ စက်တင်ဘာမှာယှဉ်ပြိုင်မယ့် ခြေစမ်းပွဲတွေအတွက် လူစာရင်းထုတ်ပြန်ခဲ့တာမှာ ပြီးခဲ့တဲ့ ရွှေဖလားပြိုင်ပွဲကို ပါဝင်ဖို့ငြင်းဆန်ခဲ့တဲ့ အေစီမီလန်အသင်းကြယ်ပွင့် ပူလီဆစ် အသင်းလူစာရင်းထဲ ပြန်လည် ပါဝင်လာခဲ့ပါတယ်။
ပူလီဆစ်ဟာ ပြီးခဲ့တဲ့ရာသီက အေစီမီလန်အသင်းအတွက် ပွဲပေါင်း ၅၀ ပါဝင်ကစားခဲ့တာကြောင့် အနားယူပြီး လန်းလန်းဆန်းဆန်းဖြစ်စေဖို့အတွက် ရွှေဖလားပြိုင်ပွဲကို ပါဝင်ကစားဖို့ ငြင်းဆန်ခဲ့တာပါ။
Websiteတွင်ဖတ်ရှုရန်.......cnimyanmar.com/index.php/local-news-2/local-sport/…
Source:ChannelNewsAsia
#ပူလီဆစ် #အမေရိကန် #အေစီမီလန် #cnisportnews #CNIMyanmar
14 hours ago | [YT] | 45
View 0 replies
Load more