" Fragments of feeling "

တခုခု ကျန်ခဲ့စေချင်တဲ့စိတ်နဲ့
တယောက်ယောက်က ဖန်တီးလိုက်တဲ့ အနုပညာ....။


Mr. Wayl

ကျွန်တော့် Channel လေးမှာ အားပေးကြည့်ရှုနေတဲ့ ချစ်သောများကို ဒီနေ့ညအတွက် သတင်းကောင်းလေး တစ်ခု ကြေငြာချင်လို့ပါခင်ဗျာ။ ဒီနေ့ည မြန်မာစံတော်ချိန် ၇ နာရီ အချိန်လေးမှာ " Victory Spear ဒေါနအင်အား " ကမ်ပိန်းအတွက် ကျွန်တော် အပါအဝင် တော်လှန်ရဲဘော်တွေရဲ့ " တော်လှန်ကဗျာည " Live အစီအစဉ်လေးကို အောက်မှာ ပေးထားတဲ့ Facebook Page Link လေးကနေ လွှင့်ပေးမှာ ဖြစ်လို့ ချစ်သောများအားလုံး စောင့်မျှော်ကြည့်ရှုပေးကြရင်း " ကူနိုင်သူ ကူ " ကြပြီး " Share နိုင်သူတွေလည်း Share " ပေးကြဖို့ လေးစားစွာ တိုက်တွန်း ရင်း ည (၇)နာရီ ဆုံကြမယ်ဗျာ ...။

Facebook Like Link
www.facebook.com/share/v/17FkRsAyR1/

လေးစားစွာဖြင့်
Mr.Wayl Team

9 hours ago (edited) | [YT] | 222

Mr. Wayl

ကျွန်တော်တို့ Channel လေးအတွက် ဘဏ်ကိစ္စ အဆင်ပြေသွားပြီမို့ ဒီလလေးမှာတော့ ချစ်သောများခူးပေးခဲ့တဲ့ ပန်းလေးတွေကနေ မြေပြင်ဆီ အရောက်မွှေးနိုင်ခဲ့တဲ့ မှတ်တမ်းလေး တချို့ကို တင်ပြအပ်ပါတယ် ခင်ဗျာ။
ထပ်ပြီးတော့လည်း ကြိုးစားတင်ဆက်ပေးသွားမှာမို့ ဆက်လက်စောင့်ကြည့်အားပေးကြဖို့လည်း အမြဲဖိတ်ခေါ်နေလျက်ပါဗျာ့။

အခုရက်ပိုင်းမှာ တပ်ရင်းနဲ့ တပ်ခွဲက တာဝန်တွေနဲ့ အချိန်လုပြီး လုပ်နေရတာဖြစ်လို့ လိုအပ်ချက်လေးတွေ ရှိခဲ့ရင်လည်း နားလည်ပေးကြပါဦးခင်ဗျာ့။

နောက်ပိုင်းမှာ ဒီ့ထက် ပိုကောင်းအောင် ကြိုးစားတင်ဆက်သွားမှာ ဖြစ်ပြီး ခေတ္တရပ်နားထားတဲ့ မေတ္တာတုံ့ပြန်ခြင်းအစီအစဉ်ကိုလည်း ပြန်လည် ပြုလုပ်ပေးသွားမှာမို့ စောင့်မျှော်အားပေးကြပါဦးလို့ သတင်းကောင်းပါးလိုက်ပါတယ် ဗျာ။

လေးစားစွာဖြင့်
Mr. Wayl Team

4 weeks ago | [YT] | 890

Mr. Wayl

အခုရက်ပိုင်းတွေမှာ ဘဏ်အကောင့်ရဖို့ကြိုး
စားနေရတာရယ် ၊ တပ်ရင်းရဲ့တချို့အလုပ်တွေ
ကိုဝိုင်းကူပေးနေရတာရယ်ကြောင့် ချစ်ဆွေများ
ရဲ့ comment တွေကို ကျနော်replyမပြန်နိုင်ခြင်း
အတွက် အနူးအညွှတ်တောင်းပန်ပါတယ် ခင်ဗျာ

ယခုလ ဘဏ်အကောင့်အဆင်ပြေစွာချိတ်ဆက်
နိုင်တာနဲ့ ထုံးစံအတိုင်းကျနော့် စားမှုနေမှု ရပ်တည်
ရေးအတွက် စီစစ်စွာအသုံးပြုပြီး ကူနိုင်သမျှကို
မြေပြင်သို့အရောက်ပို့ဆောင် ပေးမည့်အကြောင်း
ကိုလည်း ကတိပြုပါတယ်ခင်ဗျာ...။

ချစ်သော ဝေးလ်

1 month ago | [YT] | 720

Mr. Wayl

ကျနော့်ရဲ့ Channel ကို အားပေးကြည့်ရှုနေကြတဲ့
ချစ်သော ပန်းပျိုးသူများအားလုံးကို အသိပေး စ
ရာလေး တခုရှိလို့ပါခင်ဗျာ..။

ပြီးခဲ့တဲ့ငါးလကျော်တုန်းက Channel ရဲ့ adsense
ကို US ကနေ ထိုင်းဘဏ်ပြောင်းပြီးချိတ်ခဲ့ပါတယ်
ဒီနေ့ကျနော်ရင်ဆိုင်နေရတဲ့ အခက်အခဲဟာ ကိုယ်
ပိုင် Bank အကောင့်မရှိတဲ့ ပြဿနာပါ ၊ ဒီလထဲမှာ
Channel နဲ့ချိတ်ဆက်ထားတဲ့ ထိုင်းဘဏ်အကောင့်
အပိတ်ခံရပါတယ် ၊ ဖြစ်ချင်တော့ ဘဏ် အကောင့်
ပိုင်ရှင်ဟာ ထိုင်းမှာမရှိတဲ့အတွက် အကောင့်ပြန်ပွင့်
ဖို့အတွက် လုပ်ဆောင်နိုင်စွမ်း မရှိသေးပါဘူး ..။

ပြန်ရဖို့မရဖို့အခြေအနေဟာလည်း မသေချာပါဘူး
အခုလတ်တလောမှာ ချိတ်ထားတဲ့ထိုင်းဘဏ် acc
ကိုဖြုတ်ပြီး တခြားထိုင်းဘဏ်အကောင့်တခုနဲ့ အ
စားထိုး ချိတ်ဆက်ရမှာပါ ၊ ရေရှည်အသုံးပြုရမယ့်
အကောင့်ဖြစ်တဲ့အတွက်လည်း ကိုယ်ပိုင် acc ဖြစ်
မှသာ အဆင်ပြေနိုင်မယ့်အခြေအနေမျိုးပါ....။

အဲ့ဒီအတွက်လည်း ကျနော်ကြိုးစားပြီး ရှာဖွေစုံ
စမ်းနေပေမယ့်လည်း အခုချိန်ထိအဆင်မပြေသေး
ပါဘူး ၊ဒါကြောင့်မို့ bank acc မရမချင်း ၊ channel
နဲ့ချိတ်ဆက်လို့ အဆင်မပြေမချင်း You Tube မှ လ
စဥ်ဝင်ငွေကို ဆိုင်းငံ့ထားရမှာ ဆိုတဲ့အကြောင်းကို
အသိပေးပြောကြားလိုပါတယ် ခင်ဗျာ...။

ချစ်သော
#ဝေးလ်

2 months ago (edited) | [YT] | 752

Mr. Wayl

ပြီးခဲ့တဲ့လက မြေပြင်ဆီ အရောက်မွှေးခဲ့တဲ့ ပန်းရနံ့လေးတွေရဲ့ အမှတ်အသားတွေက အခုမှ စုံတာမို့ ကျွန်တော့် Channel လေးကို အမြဲမပြတ် ပန်းခူးပေးနေကြတဲ့ ချစ်သောများအတွက် ပီတိအဟုန်တွေနဲ့ ရှေ့ဆက်ပြီး ခုန်နိုင်ကြစေဖို့ ခွန်အားလာပေးတာပါ ခင်ဗျာ။

ချစ်သောများရဲ့ နေ့စဉ် မပြတ်အားပေးမှုတွေကြောင့်သာ အခုလို ရပ်တည်ပြီး မွှေးပျံ့နိုင်တာမို့ အားလုံးကိုလည်း ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လျက်ပါ ခင်ဗျာ။

ချစ်ခင်လေးစား တန်ဖိုးထားစွာဖြင့်
Mr. Wayl Team

3 months ago | [YT] | 932

Mr. Wayl

ကျွန်တော်တို့ Channel လေးမှ တဆင့် ချစ်သောများရဲ့ ပေါင်းစုအားနဲ့ မြေပြင်ဆီ စီးဆင်းသွားတဲ့ ပန်းရနံ့လေးတွေ အကြောင်း သတင်းကောင်းပါးရင်း ဆက်ပြီး ဖိုက်ကြဖို့ အားဖြစ်စေချင်တာမို့ မှတ်တမ်းလေးတွေ တင်ပြလိုက်ရပါတယ်ဗျာ။

ဘယ်လို လိုအပ်ချက်တွေပဲရှိရှိ နားလည်ပြီး အမြဲမပြတ်အားပေးလာကြတဲ့ ချစ်သောများကိုလည်း အထူးကျေးဇူးတင်ရပါတယ်ခင်ဗျာ့။
ချစ်သောတို့အမြဲအားပေးနေလို့သာ ခုလိုစီးဆင်းခွင့်ရတာပါဗျာ။ ကျွန်တော်တို့လည်း ထပ်ပြီး ကြိုးစားသွားမှာ ဖြစ်သလို ချစ်သောတို့လည်း ဆက်ပြီး အားပေးနေကြလိမ့်မယ်ဆိုတာ ယုံကြည်နေလျက်ပါဗျာ။

လေးစားစွာဖြင့်
Mr. Wayl Team

4 months ago | [YT] | 1,077

Mr. Wayl

ကျွန်တော်တို့ အခုရက်ပိုင်း တခြားအလုပ်တွေရှိတာကြောင့် နေ့စဉ် ပုံမှန်ချိန်မှာ video အချိန်မီ မတင်ပေးနိုင်တာရော၊ မန့်တွေ သေချာမပြန်နိုင်သေးတာရော၊ ယခင်နားထားတဲ့ မေတ္တာတုံ့ပြန်ခြင်း အစီအစဉ် ကဏ္ဍလေး ပြန်စဖို့ ကြံ့ကြာနေရတာရော၊ video Edit ပိုင်းမှာ လိုအပ်ချက်လေးတွေ ရှိခဲ့တာမို့ နားလည်ခွင့်လွှတ်ပေးကြဖို့ ချစ်သောများကို တောင်းပန်ပါတယ် ခင်ဗျာ။ နောက်ရက်တွေမှာ ပိုကောင်းတဲ့ အစီအစဉ် အပြင်အဆင်တွေနဲ့ အကောင်းဆုံး တင်ဆက်ပေးသွားမှာမို့ အမြဲမပြတ်စောင့်ကြည့်ပေးပါဦးလို့ မေတ္တာရပ်ခံတောင်းဆိုချင်ပါတယ်ခင်ဗျာ့။

လေးစားစွာဖြင့်
Mr.Wayl Team

5 months ago | [YT] | 765

Mr. Wayl

ဒီနေ့ နားရက်လေး ဖြစ်ပေမယ့် ချစ်သောတို့ ပီတိတွေနဲ့ အားရှိသွားအောင်လို့ ဒီလ ဝင်ငွေထဲကနေ ချစ်သောတို့ နေ့စဉ်ခူးပေးနေတဲ့ ပန်းလေးတွေ မြေပြင်ဆီ အရောက်မွှေးနိုင်ခဲ့တဲ့ မှတ်တမ်းလေးတွေ တင်ပေးလိုက်ပါတယ်ဗျာ။

အားလုံးရဲ့ ခွန်အားတွေနဲ့ အားပေးမှုတွေကြောင့် ရလာတဲ့ ပီတိလေးတွေပါဗျာ့
Mr.Wayl Team အနေနဲ့လည်း ဆက်ပြီး ကြိုးစားသွားပါ့မယ်ဗျာ။

ချစ်ခင်လေးစား တန်ဖိုးထားစွာဖြင့်
Mr.Wayl Team

5 months ago | [YT] | 1,132

Mr. Wayl

ခုရက်ပိုင်းမှာတော့ ကျွန်တော်တို့ အဖွဲ့သားတွေ ကိုယ်တိုင်လည်း မပျော် ချစ်သောတို့လည်း ဝမ်းနည်းကြေကွဲမှုတွေ ရှိနေဆဲဖြစ်မှာမို့ '' မေတ္တာတုံ့ပြန်ခြင်း အစီအစဉ် " လေးကို ခေတ္တရပ်နား ဆိုင်းငံ့ထားပါရစေ ခင်ဗျာ။
ညနေ ပုံမှန်အချိန်မှာတော့ သရော်စာလေးတွေထက် ဆောင်းပါးလေးတွေကို တင်ဆက်ပေးသွားပါ့မယ်ဗျာ့။

လေးစားစွာဖြင့်
Mr.Wayl Team

6 months ago | [YT] | 939

Mr. Wayl

မနေ့က ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးဒဏ်ကြောင့် မြန်မာပြည်နေရာ အနှံ့အပြားမှာရော ပြည်ပရောက် မြန်မာလုပ်သားများစွာ ထိခိုက်ရသည့်အတွက်ရော ကျွန်တော်တို့ Mr.Wayl Team ရဲ့ မိသားစုဝင်အချို့မှာလည်း ထိခိုက် ပျက်စီးမှုတွေ ဖြစ်ခဲ့ရသည့်အတွက် များစွာ စိတ်နှလုံး ထိခိုက်ကြေကွဲရပါသောကြောင့် ယနေ့နှင့် မနက်ဖြန် အတွက် YouTube အစီစဉ်များကို ရပ်နားခွင့် ပြုပါခင်ဗျာ။
တနင်္လာနေ့အတွက် ပြန်စနိုင်အောင် ခွန်အားပြန်မွေးပါ့မယ် ခင်ဗျာ့။

မြန်မာပြည်ကြီး အမြန်အေးချမ်းပါစေ
မြန်မာပြည်သူ ပြည်သားများလည်း ကပ်ဘေး ဒုက္ခမျိုးစုံမှ အမြန်ဆုံးလွတ်မြောက်ပါစေ ဗျာ။

လေးစားစွာဖြင့်
Mr.Wayl Team

6 months ago | [YT] | 715