From Kaung Thant to Dear Daughters

ဖခင်ထံမှ သမီးများအတွက် အထူးချိုမြိန်သော ချစ်ခြင်းမေတ္တာ မက်ဆေ့ချ်လေးတွေပါ။
သမီးလေးတွေ လူသားတွေအကြောင်း နားလည်ဖို့။ ကြင်နာတတ်ဖို့၊ ချစ်ခင်တတ်ဖို့၊
ဘဝကို အရှုံးမပေးဘဲ နှလုံးရပ်သွားရင်တောင် ကြိုးစားရုန်းကန်ဖို့ ။
အောင်မြင်ပျော်ရွှင်အေးချမ်းတဲ့ ဘဝတစ်ခုကို ဖန်တီးတည်ဆောက်ဖို့
သင်ယူလေ့ကျင့်၊ လိုက်နာသင့်တာတွေကို ဖခင်တစ်ဉီးရဲ့စေတနာမျိုးနဲ့ ပြောပြပေးထားပါတယ်။

A special sweet love audio message for daughters from a father.
To understand ‌about humanity.
To be kind, loving, and compassionate.
To learn to try and struggle even when the heart stops not giving up on life.
To learn to create and build a successful, happy and peaceful life.



From Kaung Thant to Dear Daughters

ဘဝဆိုတာ
စားပွဲပေါ်တင်ထားတဲ့ ဖန်ခွက်တစ်လုံးလိုပဲ
အချိန်မရွေး ကျကွဲသွားနိုင်ပါတယ်။

တချို့ရေခဲရေသောက်မိလို့ သေကြသလို
တချို့ ရေချိုးခန်းထဲချော်လဲ
ခေါင်းကွဲသေတာမျိုးလည်း ရှိတာပါပဲ။

သေနေ့မစေ့သေးတဲ့သူများတော့
ကားတိုက်ခံရလည်းမသေ။

ဓါးထိုးခံရလို့ အူထွက်
ကျလာတာတောင်
မသေတဲ့သူရှိသေး။

#ဘဝကိုအရှုးမပေးနှလုံးသွေးရပ်သည့်တိုင်

9 months ago | [YT] | 5

From Kaung Thant to Dear Daughters

ခုတလော သေခြင်းတရားတွေ အနီးအနားမှာကြားနေရသည်။

ဥက္ကံမြို့က ကောင်းသန့်စာကြည့်တိုက်မှူး တာဝန်ယူဆောင်ရွက်နေတဲ့သူ
စာကြည့်တိုက်ပိတ်ပြီးအိမ်အပြန် လမ်းမှာတင်လဲကျပြီးဆုံးသွားသတဲ့။

ပြီးခဲ့တဲ့နှစ်ကလည်း ဆွေမျိုးနီးစပ်တော်တဲ့ မြေးကလေး ရုံးကိုလာကန်တော့လို့
သူလိုချင်တာလေးလိုက်ဝယ်ပေးလိုက်တယ်။

နှစ်ရက်လောက်နေတော့ ပိုးထိလို့ဆုံးပြီတဲ့။ စိတ်ထိခိုက်ခံစားခဲ့ရတယ်။

ကိုယ်လည်းဘယ်တော့လဲလို့ မကြာခဏတွေးမိတယ်။

သေခြင်းတရားဟာ အဆန်းအပြားမဟုတ် ကိုယ့်ဘေးနားမှာအမြဲရှိနေတဲ့
သဘာဝတရားပါပဲ။

ခုလက်ရှိအသက်နဲ့ နောက်ထပ် ၅ နှစ်လောက်နေရဦးမယ်ဆိုရင် ရက်သတ္တ ၂၅၀
လောက်ကျန်သေးတာပေါ့။

တစ်ပတ်ဆိုတာ ခဏလေးပဲလေ။ ဘာမှမကြာလိုက်ပါဘူး။

အသက် ၇၀ ကျော်တာနဲ့ ဇရာကထောင်းတော့တာပဲ။ သွေးတိုး၊ဆီးချို၊နှလုံးသွေးကြောကျဥ်း၊သွေးကင်ဆာတစ်မျိုးဖြစ်တဲ့ ဗီဇပွားသွေးပျစ်ရောဂါ စသဖြင့်
အမျိုးစုံကြိုးခုန်လာတော့တာပါပဲ။

သိပ်တော့လည်း ခေါင်းထဲမထည့်ဖြစ်ပါဘူး။ ကိုယ့်ရဲ့ပေါ့ဆမှုကြောင့် မသေရင်ပြီးတာပါပဲ။ ဘယ်လိုပဲဂရုစိုက်နေပါစေ။ နေရမဲ့သက်တန်းကုန်ရင် ဘာမဟုတ်တာနဲ့လည်းလျှောတာပါပဲ။ သေမှာထည့်စဥ်းစားနေရမှာမဟုတ်ပါဘူး။ ရှင်နေရတဲ့လက်ကျန်ရက်ကလေးမှာ လူ့လောကကို တတ်စွမ်းသမျှအကျိုးပြုသွားနိုင်ဖို့ပဲ။

ကိုယ့်အတွက် ဒါန၊သီလ၊ဘာဝနာပွားများရင်း ကုသိုလ်ထုပ်ကြီးကြီးရအောင်ထုပ်ပိုးနေပါတယ်။ သရဏဂုံ ၃ပါး။ဘုရားဂုဏ်တော် ၉ ပါးကိုအမြမပြတ်ရွတ်ဖတ်ပူဇော်ပြီး၊တတ်စွမ်းသမျှမေတ္တာပွားများနေပါတယ်။

သီလ၊သမာဓိ၊ပညာနဲ့ ဇရာကိုခုခံရင်း သေမင်းနဲ့စီးချင်းထိုးနိုင်ဖို့ လေ့ကျင့်နေပါတယ်။ ရခဲတဲ့လူ့ဘဝတန်ဖိုးကို အသေအချာသိလာတဲ့အခါ အကုသိုလ်အလုပ်မှန်
သမျှ မလုပ်မိအောင် ရှောင်ပါတယ်။

လူ့ဘဝဆိုတာရခဲပါတယ်။ ရလာတဲ့အခိုက်အတန့်လေးမှာ မကောင်းမှုရှောင်၊
ကောင်းမှုဆောင်၊စိတ်ကိုဖြူဖြူထားပြီး လူတစ်ဖက်သားကိုစာနာစိတ်ထား
သနားကူညီနိုင်အောင်ကြိုးစားပါတယ်။ တတ်စွမ်းသရွေ့ပေါ့။

ခုလိုအခါကြီးရက်ကြီးမှာ မမြဲတဲ့အနိစ္စတရားကို ဆင်ခြင်ပြီး ရခဲတဲ့လူ့ဘဝကို
အကျိုးရှိရှိ အသုံးချတတ်သွားဖို့ သတိပေးနိုးဆော်ချင်တာပါ။

ဆရာကြီးလုပ်မိတယ်ထင်ရင်တောင်းပန်ပါတယ်။ ကိုယ်နဲ့ထိတွေ့ဆက်ဆံခဲ့ကြဖူးသူများအပေါ် မသိလို့ မှားခဲ့ဖူးတာရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးဖို့ အနူးအညွှတ်တောင်းပန်ပါတယ်။

ဤစာဖတ်နေကြသူအားလုံး ကိုယ်ကျန်းမာစိတ်ချမ်းသာပြီးငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

10 months ago | [YT] | 10

From Kaung Thant to Dear Daughters

🔴အရေးကြီးတာ အရင်ထည့်🔴

🔰တစ်ခါတုန်းက တက္ကသိုလ်တစ်ခုမှာ ပါမောက္ခကြီးက သူ့တပည့်တွေကို သင်ခန်း စာတစ်ခုပေးသတဲ့။ ပေးပုံပေးနည်းက “ ဖန်ပုလင်းကြီးတစ်လုံးထဲကို ကွမ်းသီးလုံးအရွယ်ကျောက်ခဲတွေ အပြည့်ထည့်ထားတယ်။ တပည့်တွေကို ပြည့်ပြီလားလို့ မေးတယ်။ ပြည့်ပြီလို့တပည့်တွေကပြောတော့ ကျောက်စရစ်ခဲသေးသေးလေးတွေ ထပ်ထည့်တယ်။ ကျောက်စရစ်ခဲလေးတွေကို ဖန်ပုလင်းကြီးအပြည့် ထည့်လိုက်ပြီးတဲ့အခါ တပည့်တွေကို ပြည့်ပြီလားလို့မေးပြန်တယ်။ ပြည့်ပြီလို့ တပည့်တွေကဖြေတော့ သဲတွေပုလင်းအပြည့်ထပ်ထည့် ပြန်တယ်။ ပြည့်ပြီလား ဘာထပ်ထည့်လို့ရသေးလဲလို့ မေးတော့ တပည့်တွေက ဘာပြန်ဖြေရမှန်းမသိဖြစ်သွားတယ်။ အဲ့ဒီအချိန်မှာ ရေတွေထပ်လောင်းထည့်လိုက်တယ်။ ပုလင်းအပြည့်အထိပေါ့။

🔰ပြီးတော့မှ ဆရာက တပည့်တွေကို သင်ခန်းစာပေးတယ်။ တပည့်တို့ ဖန်ပုလင်းကြီးဟာ မင်းတို့ဘဝဆိုရင် ကျောက်ခဲတုံးတွေဟာ မင်းတို့ရဲ့ အလေးအနက်ထားရမယ့်အရာပဲ။ အလေးအနက်ထားရမယ့် အရာတွေကို အရင်ဖြည့်ပြီးမှ အခြားလိုအပ်တဲ့အရာတွေကို ဖြည့်မယ်ဆိုရင် ဘဝမှာ လိုချင်တာတွေ အများကြီးရမယ်။ ဒီလိုမှမဟုတ်ဘဲ ရေတွေ၊ သဲတွေ၊ ကျောက်စရစ်တွေအရင်ထည့်ပြီးမှ ကျောက်ခဲထည့်မယ်ဆိုရင် သူ့အတွက်နေရာကျန်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် အရေးကြီးတာအရင်ထည့်၊
နောက်ထပ် လိုအပ်တာတွေကို စီစဉ်တကျထည့် ဒါဆို ဘဝအတွက် လိုအပ်တာတွေ အကုန်ရမယ်လို့ ရှင်းပြသတဲ့။ သားသဘောပေါက်ရဲ့လား။

#ကောင်းသန့်
#သားအတွက်စကားလက်ဆောင်
#အောင်မြင်ရေးအတွေးစာစုများ
#ကောင်းသန့်စာပေ
#motivation
#aigenerated
#AI

10 months ago | [YT] | 5

From Kaung Thant to Dear Daughters

လူတိုင်းလိုလို စိတ်ချမ်းသာချင်ကြသည်။
လူ၏အခြေခံလိုအပ်ချက်လည်းဖြစ်ပါသည်။

သို့သော် မိမိထံတွင်ရှိနေသော မကောင်းသောအကျင့်စရိုက်များကိုတော့
ပြုပြင်ရကောင်းမှန်းမသိ။ ကိုယ့်ကိုယ်ကိုယ် လည်းထိုစရိုက်မျိုးရှိမည်မထင်။

လူသည် ကိုယ့်ကိုယ်ကိုယ်ဇတ်လိုက်ထင်ပြီး သူတစ်ပါးအပြစ်ကိုပဲ မြင်နေတတ်၏။

မိမိကိုယ်မိမိဆုံးမခြင်းဖြင့် ကိုယ့်ရဲ့မကောင်းတဲ့စရိုက်ကို ပြုပြင်ဆင်ခြင်နိုင်မှ စိတ်ငြိမ်းချမ်းမှုကို ရစေနိုင်ပါ၏။

#ဆရာကောင်းသန့်

10 months ago | [YT] | 10

From Kaung Thant to Dear Daughters

လူဆိုတာသေမျိုးဖြစ်ပေမဲ့
သေချင်တိုင်းလည်းသေလို့မရသလိုနေချင်တိုင်းလည်း နေလို့မရပါဘူး။

ကံဖြတ်တဲ့နေ့ သေကြတာတာပါပဲ။
သေတဲ့အခါ အသေလှဖို့ပဲ အရေးကြီးပါတယ်။

#အောင်မြင်ရေးအတွေးစာစုများ
#ကောင်းသန့်စာချစ်သူများ
#သားအတွက်စကားလက်ဆောင်
#ကောင်းသန့်စာပေ
#ကောင်းသန့်
#ဆရာကောင်းသန့်
#သမီးလေးဖတ်ဖို့

10 months ago | [YT] | 8

From Kaung Thant to Dear Daughters

ဘာကိစ္စပဲဖြစ်ဖြစ် ခုရေတွင်းတူး ခုရေကြည်သောက်ချင်လို့မရဘူးဆိုတာ
သိကြပါတယ်။

ဒါပေမဲ့ မလိုချင်ဘူး အခုသောက်ချင်တယ် အခုတူးဆိုတာမျိုးနဲ့ကြုံတွေ့တဲ့အခါ
ခိုင်ခန့်ကောင်းမွန်ခမ်းနားတဲ့ အရာမျိုးဖြစ်မလာနိုင်တော့ဘူးပေါ့။

ပြီးစလွယ်ဆောက်လိုက်ရတဲ့ ဝါးအိမ်မျိုးလေးပဲဖြစ်တော့မှာပေါ့။

ကြီးကျယ်တဲ့ အိပ်မက်တွေ တည်ဆောက်တဲ့အခါ ထိုင်စိတ်ကူးယဥ်နေလို့မရသလို
အခုချက်ချင်းပြီးလုပ်လို့လည်းမရပါဘူး။

အချိန်ယူပြီးတည်ဆောက်နိုင်ဖို့ ကိုယ်လုပ်နိုင်တာကစပြီး ဇွဲရှိရှိနဲ့ ဝိရိယထားလုပ်ဖို့
လိုအပ်ပါတယ်။

ဘာမဆိုအချိန်လိုတယ်။ စိတ်ရှည်သည်းခံပြီး လုပ်ကြဖို့ပါပဲ။

10 months ago | [YT] | 7

From Kaung Thant to Dear Daughters

ဘဝဆိုတာ
အရှုံးပေးဖို့မှမဟုတ်တာ။
မွေးလာကတည်းက
အော်ဟစ်ရုန်းကန်
ရှင်သန်လာခဲ့ရတာမဟုတ်လား။

မွေးကတည်းက
လက်နှစ်ချောင်းခြေနှစ်ချောင်း
ပါမလာခဲ့တဲ့ သူကလည်း
ဘဝကိုအရှုးမပေးစိတ်ဓါတ်နဲ့
ကမ္ဘာပတ်ပြီး ဟောပြောပို့ချခဲ့တယ်။

ဆွံအနားမကြားတဲ့
မျက်မမြင်အမျိုးသမီးကလည်း
စာအုပ်ရေးထုတ် သူ့အထုပ္ပတ္တိကို
ကမ္ဘာပတ်ပြီး ပြောပြခဲ့တယ်။

အကြောဝေဒနာသည်
မသန်မစွမ်းသိပ္ပံပညာရှင်ကလည်း
ဘီးတပ်ကုလားထိုင်ပေါ်မှာထိုင်ပြီး
နှစ်ပေါင်း ၅၅ နှစ်တိုင်အလုပ်လုပ်သွားခဲ့တယ်။

ဘဝဆိုတာ
အရှုံးပေးထွက်ပြေးဖို့မဟုတ်
ကြိုးစားရုန်းကန် အောင်ပွဲခံဖို့ပဲဆိုတာ
သူတို့ကနမူနာကောင်းတွေပါပဲ။

Never give up. ပါမိတ်ဆွေတို့........

10 months ago (edited) | [YT] | 4

From Kaung Thant to Dear Daughters

သား ...
လူတွေမကြိုက်တဲ့ မုန်းတီးကြတဲ့ လူမျိုးဆိုတာ ဘာလဲ။
ပထမအချက်က
သိပ်အတ္တကြီးတယ်။
ဘာလုပ်လုပ် သူ့ကိုယ်ကျိုးစီးပွားကြည့် ပြီးမှ ပြောဆိုလုပ်ကိုင်တတ်တယ်။
ဒုတိယအချက်က
အပြောတစ်မျိုး အလုပ်တစ်မျိုးလုပ်တတ်ပြီး သူ့စကားကို သူတာဝန်မယူတဲ့ သူမျိုးဖြစ်တယ်။ တတိယအချက်က
လူတွေအပေါ်မှာမရိုးသားဘူး ဟန်ဆောင်တယ်။ သူ့အကျိုးစီးပွားအတွက်
ဘာမဆို လိမ်ညာပြောဆို
လုပ်ကိုင်ရဲသူဖြစ်တယ်။
စတုတ္ထအချက်က သူ့ဘဝမြင့်တက်ဖို့ သူများဘဝကို ချနင်းဖို့ ဝန်မလေးတဲ့ လူမျိုးဖြစ်တယ်။
ပဉ္စမအချက်က လူလူချင်း အဆင့်အတန်းခွဲခြားပြီးမောက်မောက်မာမာပြောဆိုတတ်တဲ့သူမျိုးဖြစ်တယ်။

11 months ago | [YT] | 3

From Kaung Thant to Dear Daughters

လူအချို့က
နေစရာမရှိလို့လမ်းပေါ်မှာ
နေကြစားကြအိပ်ကြရတယ်။

လူအချို့က
နွေနေပူအောက်မှာ
ထမင်းတစ်လုပ်အတွက်
ပင်ပင်ပန်းပန်းရှာဖွေလုပ်ကိုင်စားသောက်
ကြရတယ်။

လူအချို့ကတော့
ပင်လယ်ကမ်းစပ်အရိပ်အောက်မှာအုန်းရည်သောက်၊ဗိုက်မှောက်ပြီး
အပန်းဖြေခွင့်ရနေကြတယ်။

မတူညီတဲ့ဘဝအခြေနေအကြောင်းတွေကို စာနာစိတ်နဲ့တွေးကြည့်မိတိုင်း ခေါင်းကိုက်တယ်။

မတွေးပဲ နေကြည့်ပေမဲ့
မျက်စိရှေ့အောက်တွေ့ပြန်တော့လည်း မပျော်တဲ့စိတ်
တွေ ပို နောက်ကြည့်သွားခဲ့တယ်။

ဒီတော့လည်း
နိုင်ငံသူနိုင်ငံသားအားလုံး
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဆင်းရဲခြင်းဘေး၊ကင်းစင်ဝေး၊ငြိမ်းအေးကြပါစေလို့သာ
ဆုမွန်ကောင်းတောင်းပေး
လိုက်ရပါတော့တယ်။

11 months ago | [YT] | 2