Dhamma Thuta

🌹🌹🌹ဉာဏ်စမ်းမေးခွန်း🌹🌹🌹


👉မြတ်စွာဘုရားကို ပထမဆုံး ဆွမ်းကပ်လှူဒါန်းခဲ့သူ အမည်က ဘာပါလဲ👇👇👇

1 year ago | [YT] | 1,089

Dhamma Thuta

🌹🌹🌹ဉာဏ်စမ်းမေးခွန်း🌹🌹🌹

ကာယကံ၊ ဝစီကံ၊ မနောကံ- ဆိုတဲ့ ကံသုံးပါးတို့တွင် ဘယ်ကံက အပြစ်အကြီးဆုံးပါလဲ။

1 year ago | [YT] | 3,934

Dhamma Thuta

🌹🌹🌹အားလုံးသော ဓမ္မမိတ်ဆွေများ ကျေးဇူးကြောင်း Youtube ကပေးတဲ့ Silver Botton ရောက်ရှိလာပါပြီ။

ဓမ္မချစ်ခင်သူတော်စင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ အစဥ်ထာဝရ ကျန်းမာချမ်းသာကြ၍ ကောင်းကျိုးချမ်းသာ လိုရာဆန္ဒမှန်သမျှပြည့်ဝ ပိုင်ဆိုင်နိုင်ကြပါစေ။

1 year ago | [YT] | 2,299

Dhamma Thuta

🌹🌹🌹ဉာဏ်စမ်းမေးခွန်း🌹🌹🌹

👉ဗုဒ္ဓဘာသာတို့ရဲ့ အထွဋ်အမြတ်ထားရာ သာသနာ့အလံကို တီထွင်ခဲ့သူမည်က ဘာပါလဲ👇👇👇

1 year ago | [YT] | 2,997

Dhamma Thuta

🌹🌹🌹ဉာဏ်စမ်းမေးခွန်း🌹🌹🌹

ဗုဒ္ဓမြတ်စွာဘုရားရှင်အား ခန္ဓာကိုယ်ဖြင့် အမိုးအကာပြုလုပ်ပေးခဲ့ဖူးတဲ့ နဂါးမင်းရဲ့ အမည်က ဘာပါလဲ။👇👇👇

1 year ago | [YT] | 3,538

Dhamma Thuta

🌹🌹🌹ဉာဏ်စမ်းမေးခွန်း🌹🌹🌹

ဂေါတမမြတ်စွာဘုရား၏ သာသနာတော်မှာ သက်တော်အရှည်ဆုံး ရဟန္တာမထေရ်မြတ်၏ အမည်က ဘာပါလဲ။

1 year ago | [YT] | 4,450

Dhamma Thuta

🌹🌹🌹ဉာဏ်စမ်းမေးခွန်း🌹🌹🌹

သိဒ္ဓတ္ထဘုရားလောင်းတောထွက်တုန်းက ကြာသင်္ကန်း ကပ်လှူတဲ့ ဗြဟ္မာကြီး၏အမည်က ဘာပါလဲ။

1 year ago | [YT] | 1,856

Dhamma Thuta

🌹🌹🌹ဉာဏ်စမ်းမေးခွန်း🌹🌹🌹

👇👇👇အရှင်အာနန္ဒာ မထေရ်မြတ်ဟာ မြတ်စွာဘုရားရဲ့ အလုပ်အကျွေးရာထူးကို မြတ်စွာဘုရား သက်တော် ဘယ်လောက်မှာ ရခဲ့တာပါလဲ👇👇👇

1 year ago | [YT] | 1,922

Dhamma Thuta

🌹🌹🌹သေရင် အေးတာပဲ ပြောတဲ့သူတွေ သေရင် မအေးဘူးနော်🌹🌹🌹


လောကဓံကို ရှောင်ကွင်းနိုင်တဲ့လူလည်းမရှိဘူး၊ လောကကြီးက ထွက်ပြေးလို့လည်းမရဘူး။

တချို့ကထင်တယ် လောကဓံနဲ့တွေ့လို့ လောကကြီးက ထွက်ပြေးရင် လွတ်မြောက်သွားမယ်၊ အဲဒီအတွေးမျိုး တွေးတဲ့သူက ဘာပြောသလဲဆိုရင် သေ-အေးတာပဲလို့ ပြောကြသေးတယ်နော် ဘယ်အေးမလဲ၊ သေတဲ့နောက်မှာ ပိုဆိုးဦးမယ်။

အခုရရှိထားတဲ့ လက်ရှိဘဝလေးက ဘုရားမှန်း, တရားမှန်း, သံဃာမှန်း သိသေးတယ်။ တရားအားထုတ်လို့ ရသေးတယ်။ သေသွားပြီးတဲ့နောက် ဘယ်ရောက်မှန်းလည်း မသိဘဲနဲ့ ဘယ်လိုလုပ် အေးမလဲနော်၊ မအေးနိုင်ဘူး။

နောက်ဘ၀ပိုပြီးတော့ စိတ်မအေးရသေးတယ်။ ဘာဖြစ်လို့ စိတ်မအေးရသလဲ? အာမခံမှ မရှိသေးတာပဲ။ ကိုယ့်မှာ အာမခံရှိချင်တယ်ဆိုရင် စိတ်ဓာတ်ကြံ့ခိုင်အောင်လုပ်ဖို့ပါပဲ။


#dhammathuta
#ပါချုပ်ဆရာတော်
#ပါမောက္ခချုပ်ဆရာတော်
#ဒေါက်တာနန္ဒမာလာဘိဝံသ
#တရားတော်များ
#တရားတော်

1 year ago | [YT] | 3,593

Dhamma Thuta

🌹🌹🌹လောကဓံဆိုတာ🌹🌹🌹

👉လူတွေက အဆိုးလောကဓံနဲ့ကြုံရင် လောကဓံနဲ့ကြုံလို့ဆိုပြီး ညည်းကြတယ်၊

👉ကောင်းတာလေးနဲ့တွေ့ပြီဆိုရင် မှိန်းနေတာ၊
လောကဓံမှန်းတောင် မသိဘူး၊ ပြောလည်းမပြောတော့ဘူး၊ အောင်မြင်ကြီးပွားနေရင် လောကဓံလို့မထင်ဘူး။ တကယ်တော့ အဲဒါလည်း လောကဓံပဲ။

👉အောင်မြင်ကြီးပွါးလာရင် စိတ်ဓာတ်တက်ကြွမှုတွေ၊ မာန်မာနတွေ ဖြစ်လာတယ်။
စိတ်ဓာတ်ဟာ တသမတ်တည်း တည်ငြိမ်နေတာမျိုးမဖြစ်ဘူး။

👉အေး....ငါလိုလူဇမ္ဗူမှာရှိသေးရဲ့လားလို့ထင်တယ်၊ လုပ်ချင်တာတွေ အကုန်လုပ်တယ်၊ ကိုယ်ရချင်တာတွေ အကုန်ရပြီးပျော်လိုက်တာ။ ဟော...စိတ်ဓာတ်တွေတက်ကြွ၊
ဘယ်သူ့ကိုမှတောင် လူမထင်ဘူး၊ ကိုယ်လုပ်ချင်တာ အကုန်ရတယ်ဆိုပြီး လောဘလောကဓံရလာပြီဆိုရင် မောက်မာလာတယ်၊ တက်ကြွလာတယ်။ ခြေဖျားထောက်လာကြတယ်။ ဒါဟာ လောကဓံမခံနိုင်တာလို့ခေါ်တယ်။ ဒါပေမယ့် အများစုက ရတာကို လောကဓံလို့ မထင်မှတ်ကြဘူး။


#ပါမောက္ခချုပ်ဆရာတော်
#ပါချုပ်ဆရာတော်
#တရားတော်များ
#တရား
#လောကဓံ

1 year ago (edited) | [YT] | 1,807