Dhamma Thuta

🌹🌹🌹သေရင် အေးတာပဲ ပြောတဲ့သူတွေ သေရင် မအေးဘူးနော်🌹🌹🌹


လောကဓံကို ရှောင်ကွင်းနိုင်တဲ့လူလည်းမရှိဘူး၊ လောကကြီးက ထွက်ပြေးလို့လည်းမရဘူး။

တချို့ကထင်တယ် လောကဓံနဲ့တွေ့လို့ လောကကြီးက ထွက်ပြေးရင် လွတ်မြောက်သွားမယ်၊ အဲဒီအတွေးမျိုး တွေးတဲ့သူက ဘာပြောသလဲဆိုရင် သေ-အေးတာပဲလို့ ပြောကြသေးတယ်နော် ဘယ်အေးမလဲ၊ သေတဲ့နောက်မှာ ပိုဆိုးဦးမယ်။

အခုရရှိထားတဲ့ လက်ရှိဘဝလေးက ဘုရားမှန်း, တရားမှန်း, သံဃာမှန်း သိသေးတယ်။ တရားအားထုတ်လို့ ရသေးတယ်။ သေသွားပြီးတဲ့နောက် ဘယ်ရောက်မှန်းလည်း မသိဘဲနဲ့ ဘယ်လိုလုပ် အေးမလဲနော်၊ မအေးနိုင်ဘူး။

နောက်ဘ၀ပိုပြီးတော့ စိတ်မအေးရသေးတယ်။ ဘာဖြစ်လို့ စိတ်မအေးရသလဲ? အာမခံမှ မရှိသေးတာပဲ။ ကိုယ့်မှာ အာမခံရှိချင်တယ်ဆိုရင် စိတ်ဓာတ်ကြံ့ခိုင်အောင်လုပ်ဖို့ပါပဲ။


#dhammathuta
#ပါချုပ်ဆရာတော်
#ပါမောက္ခချုပ်ဆရာတော်
#ဒေါက်တာနန္ဒမာလာဘိဝံသ
#တရားတော်များ
#တရားတော်

1 year ago | [YT] | 3,594